အခန်း ၁၅၇
Vol. 7 Ch. 157
Chapter 157
ရှောင်ချီထျန်းကအရင်တုန်းက နင်းမုန့်ယောင်ရဲ့ လျှို့ဝှက်တဲ့ဘဝကို စုံစမ်းခဲ့ဖူးတယ်။သူမစကားတွေကို နားထောင်ပြီးတော့ သူထင်တာကို အတည်ပြုလိုက်တယ်။ဒီလိုဆိုမှတော့ ဧကရာဇ်က အားသာနေပြီ။
ရှောင်ချီထျန်းဘက်ကိုလှည့်ပြီး နင်းမုန့်ယောင်က ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်
"ရှောင်ချီထျန်း ရှင် ကျွန်မကို အဲ့ဒီတွက်ချက်နေတဲ့မျက်လုံးတွေနဲ့ကြည့်နေတာ ရပ်လိုက်တော့"
ရှောင်ချီထျန်းက နင်းမုန့်ယောင်ကို အာရုံစိုက်နေတာကြောင့် အနည်းငယ် အိုးတို့အန်းတန်းဖြစ်သွားပြီး ရယ်လိုက်ကာ
"အိုးး ဘာမှမဟုတ်ပါဘူး။ထျန်းချန် ဘယ်လိုဇနီးမျိုးကို လက်ထပ်ခဲ့တာပါလိမ့်လို့ စဉ်းစားနေတာ"
"ရှင်မကြာခင်သိရပါလိမ့်မယ်"
နင်းမုန့်ယောင်က မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး အမှန်အတိုင်းပြောလိုက်သည်။
ရှောင်ချီထျန်းက တစ်ချက်ကြည့်ကာ ပြုံးလိုက်ပြီး
"ဒါဆို ငါစောင့်ကြည့်နေဦးမယ်"
ချောင်ထျန်းချန်ကို သတိပေးပြီးတဲ့နောက် ရှောင်ချီထျန်းက နောက်ထပ်နေရာတစ်ခုကို သွားခဲ့သည်။သူ ပိုင်ရှန်းရွာကိုလာခဲ့တဲ့ သဲလွန်စတွေကို ဖုံးကွယ်ထားဖို့ဖြစ်သည်။နောက်ပြီးတော့ သူက ဒီနေရာမှာ လုပ်ငန်းအချို့ရှိတယ်။သူက ဒိကိုလာပြီး အဲ့ဒါတွေစစ်ဆေးတာဆိုရင် ဘာမှမှားနေတာမရှိတော့ဘူးလေ မဟုတ်ဘူးလား?
ရှောင်ချီထျန်းထွက်သွားပြီးတဲ့နောက် နင်းမုန့်ယောင်က သူမနောက်ခံအကြောင်းကို ချောင်ထျန်းချန်နဲ့ပြောဖို့ စီစဉ်လိုက်သည်။
သူမက သူမကိုင်ဆောင်ထားတဲ့ ကျောက်စိမ်းပြားကို ထုတ်လိုက်ပြီး ချောင်ထျန်းချန်ကို ပြလိုက်သည်။
"ဒါက ဘာကို ကိုယ်စားပြုလဲဆိုတာ ရှင်သိလား"
ချောင်ထျန်းချန်က ကျောက်စိမ်းပြားကို ကြည့်လိုက်တယ်။၎င်းပေါ်မှာ "ထုန်" ဆိုပြီး စာလုံးထွင်းထုထားတယ်။
"ထုန်ပေါင်ကျိုက်"(Tong Bao Zhai)
"ဟုတ်တယ် ဒါက ထုန်ပေါင်ကျိုက်ရဲ့ ပိုင်ရှင်အစစ်အမှန်ကို ကိုယ်စားပြုတယ်"
နင်းမုန့်ယောင်က ခေါင်းငြိမ့်လိုက်တယ်။
ချောင်ထျန်းချန်က အံ့ဩသွားတယ်။သူမက ထုန်ပေါင်ကျိုက်ရဲ့နောက်ကွယ်က ပိုင်ရှင်တဲ့လား?
ထုန်ပေါင်ကျိုက်က လွန်ခဲ့တဲ့ခုနစ်နှစ်က ကမ္ဘာပေါ်မှာ စပြီးပေါ်ထွက်လာခဲ့သည်။သူတို့လုပ်တဲ့အရာတွေက အများကြီးရှိပြီး လူတစ်ယောက်က သူတို့ဆီကနေ သတင်းအချက်အလက်တွေဝယ်ကာ စီးပွားရေးလုပ်နိုင်သည်။
ထုန်ပေါင်ကျိုက်က ထူးခြားတဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ရုံသာမကပဲ စုပေါင်းနာမည်လည်းဖြစ်သေးသည်။ဒီစီးပွားရေးရဲ့နောက်ကွယ်မှာ ရောင်းဝယ်ဖောက်ကားမှု မျိုးစုံလုပ်ကြသည်။
ဆန်ဆိုင်တွေ၊အသင့်ဝတ်အင်္ကျီဆိုင်တွေ၊လက်ဖက်ရည်ဆိုင်တွေ၊ကြွေထည်ပစ္စည်းဆိုင်တွေ၊စားသောက်ဆိုင်တွေနဲ့ အခြားလုပ်ငန်းတွေလုပ်သည်။၎င်းက စဉ်းစားမိသမျှလုပ်ခဲ့ပြီး ပြည်မကြီးတစ်ခုလုံး ပျံ့နှံ့သွားတဲ့ စီးပွားရေးလုပ်ငန်းဖြစ်သည်။
ဒီလုပ်ငန်းရဲ့နောက်ကွယ်က ပိုင်ရှင်က တကယ်တော့ သူ့ရဲ့စေ့စပ်ထားတဲ့လူဖြစ်နေတယ်ဆိုတာက အရမ်းအံ့ဩဖို့ကောင်းလွန်းတယ်။
"ထျန်းချန် ကျွန်မရှင့်ကို ဒါပြောပြတယ်ဆိုတာက မကောင်းတဲ့အတွေးတွေ မခန့်မှန်းစေချင်လို့ပဲ။ကျွန်မက ဒီလုပ်ငန်းကို လင်းလော်ရဲ့အကျိုးအတွက်လုပ်ခဲ့တာ။ကျွန်မထင်ခဲ့တာက ကျွန်မထိပ်ဆုံးမှာရပ်နေနိုင်သရွေ့ ကျွန်မကသူ့အတွက် တွဲဖက်ဖြစ်နိုင်တယ်ဆိုပြီးပေါ့။ဒါပေမယ့် လက်တွေ့အစစ်အမှန်ကို ကျွန်မကို နာအောင်ရိုက်ချသွားတာပဲ"
နင်းမုန့်ယောင်က သူမကိုယ်သူမ လှောင်ရယ်လိုက်သည်။
နင်းမုန့်ယောင်ကို သူ့ရင်ခွင်ထဲ ထွေးပွေ့လိုက်ပြီး ချောင်ထျန်းချန်က မျက်ခုံးပင့်ကာ
"မင်းသာ သူနဲ့အတူတူရှိသွားရင်တော့ ကိုယ်ကငိုနေရတော့မှာ"
ဒါကိုကြားတော့ နင်းမုန့်ယောင်က မတတ်နိုင်ဘဲ ပြုံးလိုက်ပြီး
"ရှင်က ဒါကိုပြောရဲသေးတယ်"
"ဘာလို့မရရမှာလဲ?ယောင်ယောင် ကိုယ်မင်းအတိတ်ကို ဂရုမစိုက်ဘူး။ကိုယ်က မင်းရဲ့အနာဂတ်မှာပဲ အတူတူရှိနေချင်တာ"
သူမက အရမ်းအရည်အချင်းရှိတယ်။သူမကို တန်ဖိုးမထားခဲ့တာက လင်းလော်ရဲ့ ဆုံးရှုံးမှုကြီးပဲ။ချောင်ထျန်းချန်က သူ့ရဲ့ အမြင်ကောင်းတာကို ဂုဏ်ယူတယ်။နင်းမုန့်ယောင်ကို သူ့ဘေးနား ပိုင်ဆိုင်ခွင့်ရထားလို့။သူမက အရည်အချင်းရှိရုံတင်မကဘူး ချမ်းသာတဲ့အမျိုးသမီးတစ်ယောက်လည်းဖြစ်နေသေးတယ်။
သူက နင်းမုန့်ယောင်ပုခုံးပေါ် ခေါင်းတင်လိုက်ပြီး သူ့ခေါင်းနဲ့သူမကို အသာလေးပွတ်သပ်ကာ
"ယောင်ယောင် နောက်ကျရင် ကျေးဇူးပြုပြီး ကိုယ့်ကိုစောင့်ရှောက်ပေးပါဦးနော်"
"ဒါပေါ့ ရှင်စိတ်ထဲမထားရင်ပေါ့"
ပြုံးနေရင်းနဲ့ သူမက သူ့ပါးကိုလှမ်းပြီး ပွတ်သပ်လိုက်တယ်။
ဗိုလ်ချုပ်တစ်ယောက်အတွက် သူ့ကို ဂရုစိုက်ပေးစေချင်တယ်လို့ ပြောတာကို အခြားလူတွေရယ်ကြမှာ သူလုံးဝမကြောက်ဘူး။
"လင်းလော်သာ မင်းရဲ့ပုံစံအစစ်အမှန်ကိုသိသွားရင် သူသေချာပေါက် သူ့ရဲ့ဆုံးဖြတ်ချက်ကို နောင်တရမှာပဲ" ချောင်ထျန်းချန်က ပျော်ရွှင်စွာပြောလိုက်သည်။
သူမက သူ့ကို မျက်လုံးစွေကြည့်လိုက်ပြီး
"ဒါဆို သူနောင်တရတော့ ဘာဖြစ်လဲ"
နင်းမုန့်ယောင်က မျက်ခုံးတစ်ဖက်ပင့်ပြီး ထိုအကြောင်းကို စဉ်းစားကြည့်လိုက်တယ်။သူနောင်တရမယ်ဆိုတာ အမှန်ပဲ ဒါပေမယ့် အဲ့ဒါက သူတို့ရဲ့ဆက်ဆံရေးနဲ့ဘာမှ အဆက်အဆံမရှိဘူး။
ချောင်ထျန်းချန်က အလေးအနက်ခေါင်းငြိမ့်လိုက်ပြီး
"ဒါပေါ့ မှန်တယ်၊အဲ့ဒါက ကိုယ်တို့နဲ့ဘာမှမဆိုင်ဘူး"
"ဟုတ်တာပေါ့ အိုးး ဒါပေမယ့် ကျွန်မက ဒီနေရာက ဘဝလေးကို ပိုပြီးသဘောကျနေသေးတယ်"
နင်းမုန့်ယောင်က ပုခုံးတွန့်လိုက်တယ်။သူမက ချမ်းသာတဲ့ဘဝကို မကြိုက်ပေ။သူမ အဲ့ဒီလုပ်ငန်းတွေအားလုံးကိုလုပ်ခဲ့တာက သူမရဲ့ နေ့စဉ်ခက်ခဲတဲ့ဘဝကြီးကို ဖြတ်ကျော်နိုင်ဖို့ဖြစ်ပြီး လင်းလော်အတွက်ပဲဖြစ်တယ်။ကံမကောင်းစွာနဲ့ပဲ အဲ့ဒါတွေအားလုံးက အလကားဖြစ်သွားခဲ့တယ်။
သူမအမြင်မှာတော့ သူမမှာအဲ့ဒီစွမ်းဆောင်မှုတွေမရှိဘူးဆိုရင်တောင်မှ ချောင်ထျန်းချန်လို ဗိုလ်ချုပ်တစ်ယောက်က သူမကို စွန့်ပစ်သွားမှာမဟုတ်ပေ။
"အနာဂတ်ကျ စစ်ဖြစ်လာခဲ့ရင် ရှင်လက်နက်တပ်ဆင်ဖို့ စိုးရိမ်နေစရာမလိုတော့ဘူး"
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို လေးလေးနက်နက်ပြောလိုက်သည်။
လာမယ့်နှစ်တွေမှာ စစ်ဖြစ်မှာမဟုတ်ဘူးဆိုတဲ့ အကြောင်းကိုသူမသိထားပေမယ့် ဘာတွေဖြစ်မလဲဆိုတာ ဘယ်သူမှ အမှန်တကယ် မသိနိုင်ဘူးလေ။
သူမက အခု ရှောင်တိုင်းပြည်မှာနေနေတာဖြစ်တယ်။လော်တိုင်းပြည်က ဧကရာဇ်က လူလတ်ပိုင်းအရွယ်ရှိသေးတယ်။နောက်လာမယ့်ဧကရာဇ်တွေက အရွယ်ရောက်ပြီးသားတွေပဲ။ဧကရာဇ်လော်မှာလည်း ကြီးမားတဲ့ရည်မှန်းချက်တွေရှိတယ်။ဒါကြောင့် သူ့မှာ စစ်ပွဲစတင်ဖို့ ရည်ရွယ်ချက်ရှိတာ သေချာတယ်။ဘာပဲဖြစ်ဖြစ် ရှောင်တိုင်းပြည်ကိုသိမ်းပိုက်ဖို့က ဧကရာဇ်လော်အမြဲတမ်းဖြစ်ချင်တဲ့ဆန္ဒပဲ။