← Chapters

အခန်း ၁၅၈

Vol. 7 Ch. 158

အခန်း ၁၅၈

Vol. 7 Ch. 158

Chapter 158

ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို မျက်လုံးပြူးကာ စိုက်ကြည့်လိုက်ပြီး

"မင်းဘာကိုဆိုလိုတာလဲ"

"ဧကရာဇ်လော်က ဘယ်လိုလူလဲဆိုတာ ရှင်သိလား"

နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို အလေးအနက်မေးလိုက်တယ်။

"သူက ရည်ရွယ်ချက်ရှိပြီး လုပ်နိုင်စွမ်းမရှိတဲ့သူပဲလေ"

ချောင်ထျန်းချန်က အထင်သေးစွာနဲ့ပြောလိုက်တယ်။

နင်းမုန့်ယောင်က ခေါင်းငြိမ့်လိုက်ပြီး

"မှန်တယ် ဒါပေမယ့် သူ့လက်အောက်က မင်းသားတွေက သာမန်မဟုတ်ဘူး။သူတို့သာ တကယ် စစ်တိုက်ဖို့အကြံအစည်ရှိတယ်ဆိုရင် ပထမဆုံး ပစ်မှတ်ဖြစ်လာမယ့် ‌ဖြစ်နိုင်ချေအများဆုံး နိုင်ငံက ရှောင်ပဲ။ပြီးတော့ ချောင်ကျန်းဟုန်က ရာထူးကရပ်ဆိုင်းခံလိုက်ရပြီ သူတို့သာ အဲ့ဒါပေါ်မှာ အခွင့်ကောင်းယူလိုက်ရင်.........."

သူမ စကားတွေက ရှင်းလင်းပြီးတော့ ချောင်ထျန်းချန် သဘောပေါက်တယ်။သူက အသာလေး မျက်စိမှေးလိုက်ပြီး သူ့စိတ်ထဲ အတွေးတစ်ခုဝင်လာခဲ့တယ်။

အဲ့ဒီနောက် သူက နင်းမုန့်ယောင်ကို ငုံ့ကြည့်ပြီး မေးလိုက်တယ်။

"ယောင်ယောင် မင်းကိုယ့်ကို တစ်ခုလောက် ကူညီပေးလို့ရလား"

"ဘာလဲ"

"ကိုယ့်ကိုကူညီပြီးတော့ အိမ်နီးနားချင်းတိုင်းပြည်တွေရဲ့ လှုပ်ရှားမှုတွေကို စုံစမ်းပေးပါ။ဧကရာဇ်ကလည်း သေချာပေါက် စုံစမ်းနေလောက်တယ်ဆိုပေမယ့် မင်းရဲ့ထုန်ပေါင်ကျိုက်လောက်တော့ အသေးစိတ်မယ်မထင်ဘူး"

ထုန်ပေါင်ကျိုက်က တိုင်းပြည်တိုင်းကို ဖြန့်ကျက်ထားတာဖြစ်သည်။သူမက သတင်းရဖို့အတွက် တမင်တကာ စုံစမ်းနေစရာမလိုပေ။တစ်ယောက်ယောက်ကိုလွှတ်လိုက်တာနဲ့ သူမလိုချင်တဲ့သတင်းကို ရပြီဖြစ်သည်။ဒါ့အပြင် ထုန်ပေါင်ကျိုက်က သတင်းအချက်အလက်တွေ တရားမဝင်ရောင်းတဲ့နေရာဖြစ်သည်။

နင်းမုန့်ယောင်က ခဏလောက်စဉ်းစားနေခဲ့ပြီး ခေါင်းငြိမ့်လိုက်သည်။

"ကောင်းပြီလေ ကျွန်မရှင့်အတွက် အချက်အလက်ကို လွယ်လွယ်လေးယူပေးမယ်"

ငါးရက်ကြာပြီးနောက် နင်းမုန့်ယောင်က သူမလက်ထဲမှာ စက္ကူတစ်ထပ်ကိုင်လာခဲ့ပြီး ချောင်ထျန်းချန်ကို အရေးကြီးတဲ့အမူအရာနဲ့ ပေးလိုက်သည်။

"ထျန်းချန် တစ်ချက်ကြည့်ကြည့်"

ချောင်ထျန်းချန်က စာရွက်တွေကိုယူလိုက်ပြီး ကြည့်ကြည့်လိုက်တယ်။သူပိုပြီး ဖတ်မိလေ ပိုပြီး အံ့အားသင့်လာရ‌လေပဲ။တိုင်းပြည်အများစုက တကယ်ကြီး တိတ်တဆိတ် စတင်လှုပ်ရှားဖို့ လုပ်နေကြတာပဲ။သူတို့မျက်လုံးထဲမှာ ရှောင်တိုင်းပြည်က စစ်ဖြစ်ထားတာမကြာသေးဘူး။တိုင်းပြည်ဘဏ္ဍာတိုက်က လစ်လပ်နေပြီး ကြီးမားတဲ့စစ်ပွဲတွေကို ပံ့ပိုးပေးနိုင်မှာ မဟုတ်တာကြောင့် ဒီအခွင့်အရေးကိုယူပြီးတော့ ရှောင်တိုင်းပြည်ကို တိုက်ခိုက်ချင်နေကြတာပဲ။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ချောင်ထျန်းချန်က လွန်ခဲ့တဲ့နှစ်တွေမှာ တော်ဝင်ရုံးတော်ကို ဘာမှမမေးခဲ့ပေ။သတင်းအများစုက အပိတ်ခံထားရသည်၊ဒါကြောင့် အခု သူတစ်ချက်ကြည့်ကြည့်တော့ အရမ်း အံ့ဩသွားရတာဖြစ်သည်။

သူမက ချောင်ထျန်းချန်ရဲ့ပုခုံးကို ခပ်ဖွဖွပုတ်ပေးလိုက်ပြီး စိတ်ပူစွာနဲ့ ပြောလိုက်သည်။

"ထျန်းချန် ရှင်......"

"ကိုယ် အဆင်ပြေတယ်။တကယ်တော့ ရှောင်တိုင်းပြည်ရဲ့ဘဏ္ဍာတိုက်က အတော်လေးလုံလောက်တယ်။မင်းသိတာပဲ စီးပွားရေးဆိုရင် ချီထျန်းက ဉာဏ်ကြီးရှင်ပဲလေ။ပြီးတော့ သူက ဒီနှစ်တွေအတွင်းမှာ ပိုက်ဆံအများကြီးရှာထားနိုင်ခဲ့တယ်။သူရှာတဲ့ ပိုက်ဆံရဲ့ သုံးပုံနှစ်ပုံကို ဘဏ္ဍာတိုက်ကို လှူတာလေ။ပြီးတော့ သူက မင်းနဲ့ပူးပေါင်းတာကနေ အများကြီး ရလိုက်သေးတယ်"

ချောင်ထျန်းချန်က ပြုံးလိုက်တယ်။ရှောင်တိုင်းပြည်က အမြဲတမ်း အဆင်သင့်ပြင်ထားပြီးသားပဲ။သူတို့က ဘယ်တုန်းက လုံးဝမလုပ်ပဲနေလို့လဲ?

သူပြောတာနားထောင်ပြီး နင်းမုန့်ယောင်က စိတ်သက်သာသွားတယ်။ဒါပေမယ့် သူ့လက်ထဲက သတင်းအချက်အလက်ကိုကြည့်ပြီး သူမက မေးလိုက်တယ်။

"အမ်း......ရှင် ဒါကို ပို့ချင်လား"

"အင်း လုပ်ချင်တယ်"

"အဲ့ဒါဆို မင်း......"

"ရှောင်ချီထျန်းက ကျွန်မအကြောင်း စုံစမ်းပြီးနေတာမလို့ စိုးရိမ်ရတယ်။ဒါ့အပြင် ကျွန်မက ရှင်နဲ့စေ့စပ်ထားတာလေ။ရှင်နဲ့ မကြာခင်လက်ထပ်တော့မယ့်လူပဲ။သူ့မျက်လုံးထဲမှာ ကျွန်မတို့က ရှေ့တန်းမှာပဲ ဒါကြောင့် သူတို့ကိုပေးသိလိုက်တာ ဘာပြဿနာမှမရှိဘူး။တစ်ခုခုဖြစ်လာခဲ့ရင် ကျွန်မကူညီလို့ရတာပဲလေ မဟုတ်ဘူးလား"

စစ်ပွဲမစတင်သေးသရွေ့ အရာအားလုံးကအဆင်ပြေတယ်။အကယ်၍ စစ်ဖြစ်ခဲ့ရင် ထုန်ပေါင်ကျိုက်က တစ်ခြားတိုင်းပြည်တွေကနေ ဆုတ်ခွာသွားရင် သူတို့ရဲ့ စီးပွားရေးအဆင့်က ကျဆင်းသွားမှာပဲ။

သူတို့ရဲ့ စီးပွားရေး အကြပ်အတည်းဖြစ်သွားရင် ဘာဖြစ်မလဲ?ဦးနှောက်ရှိတဲ့ ဘယ်သူမဆို အဖြေကိုသိတယ်။

"ယောင်ယောင် ဒီကိစ္စက အရမ်းအရေးကြီးတာမလို့ ကိုယ်ခဏပြန်ရလိမ့်မယ်"

သူက ဒီကိစ္စကို တစ်ခြားလူလက်ထဲ လွှဲမပေးနိုင်ပေ။သူကိုယ်တိုင် သွားဖို့လိုတယ်။

နင်းမုန့်ယောင်က ထိုအကြောင်းကို စဉ်းစားလိုက်ပြီး အဲ့ဒီနောက် ခေါင်းငြိမ့်ကာ

"ရှင်သွားပါ ဒါပေမယ့် ဂရုစိုက်နော်"

"မစိုးရိမ်ပါနဲ့"

ချောင်ထျန်းချန် မထွက်သွားခင် နင်းမုန့်ယောင်က သူ့ကို ရုပ်ဖျက်ပေးလိုက်တယ် ဒါဆို သူ့ကို မမှတ်မိနိုင်တော့ဘူး။

‌‌ချောင်ထျန်းချန် ထွက်သွားပြီးတဲ့နောက် နင်းမုန့်ယောင်က သက်ပြင်းချလိုက်တယ်။သူမမျက်လုံးတွေထဲမှာ ခါးသက်မှုတွေနဲ့ ပြည့်နှက်နေတယ်။အစတုန်းကတော့ သူမက ဒီကိစ္စကနေ ဘေးထွက်နေချင်ခဲ့တာ ဒါပေမယ့် အခု ကြည့်ရတာတော့ မဖြစ်နိုင်တော့ဘူး။ဒါပေမယ့် သူမရဲ့ ရွေးချယ်မှုကို နောင်တမရပေ။ချောင်ထျန်းချန် ထွက်သွားပြီးတဲ့နောက် နင်းမုန့်ယောင်က သက်ပြင်းချလိုက်တယ်။သူမမျက်လုံးတွေထဲမှာ ခါးသက်မှုတွေနဲ့ ပြည့်နှက်နေတယ်။အစတုန်းကတော့ သူမက ဒီကိစ္စကနေ ဘေးထွက်နေချင်ခဲ့တာ ဒါပေမယ့် အခု ကြည့်ရတာတော့ မဖြစ်နိုင်တော့ဘူး။ဒါပေမယ့် သူမရဲ့ ရွေးချယ်မှုကို နောင်တမရပေ။

ပေကျင်းကို ပြန်လာပြီးတဲ့နောက် ချောင်ထျန်းချန်က နန်းတော်ထဲကို သွားပြီး ရှောင်ချီဖုန်းနဲ့ တိတ်တဆိတ် တွေ့ဆုံခဲ့သည်။

သူက ချောင်ထျန်းချန်ကိုတွေ့တော့ စိတ်လှုပ်ရှားလာခဲ့ပြီး

"မင်း ပြန်လာပြီ"

"အရှင်မင်းကြီး"

"ထပါ မင်း ယဉ်ကျေးနေဖို့မလိုဘူး"

ရှောင်ချီဖုန်းက အမြန် သူ့စားပွဲကနေ အောက်ဆင်းသွားလိုက်ပြီး ချောင်ထျန်းချန်ကို ထဖို့ ကူပေးလိုက်တယ်။၎င်းက သူ့စိတ်ထဲမှာ ချောင်ထျန်းချန်က ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာ သိသာတယ်။

ချောင်ထျန်းချန်က မတ်တပ်ရပ်ပြီးတဲ့နောက် စာရွက်တစ်ထပ်ကို ထုတ်ယူလိုက်ပြီး လေးလေးနက်နက်နဲ့ပြောလိုက်တယ်

"အရှင်မင်းကြီး ဒါကို တစ်ချက်ကြည့်ကြည့်ရပါမယ်"

ရှောင်ချီဖုန်းက သိချင်စွာနဲ့ စာရွက်တွေကို ယူလိုက်တယ်။၎င်းကိုဖတ်ပြီးတဲ့နောက် သူ့မျက်နှာက ချက်ချင်း ဖြူဖျော့လာခဲ့တယ်။သူက ချောင်ထျန်းချန်ကို တင်းမာစွာကြည့်လိုက်ပြီး

"ထျန်းချန် မင်းဒါကို ဘယ်ကရလာတာလဲ"

"ယောင်ယောင်က ဒီသတင်းရဖို့ ကျွန်တော့်ကိုကူညီပေးခဲ့တာ"

ချောင်ထျန်းချန်က ရိုးရိုးသားသား ပြန်ဖြေလိုက်တယ်။

"နင်းမုန့်‌ယောင်လား"

"ဟုတ်တယ် သူ(မ)က ထုန်ပေါင်ကျိုက်ရဲ့ ပိုင်ရှင်ပဲ။သူ(မ)က အကယ်၍စစ်ဖြစ်ခဲ့ရင် လက်နက်အတွက်ပူစရာမလိုဘူးဆိုပြီး ကျွန်တော့်ကိုပြောတော့ သူ့သရုပ်မှန်ကို မေးခဲ့တာ။နောက်ဆုံးတော့ ကျွန်တော်က သူ(မ)ကို စုံစမ်းပေးဖို့ အကူအညီတောင်းလိုက်ပြီး ဒါက စုံစမ်းမှုရဲ့ ရလဒ်ပဲ"

All Chapters