အခန်း ၁၅၉
Vol. 7 Ch. 159
Chapter 159
နှစ်အတော်ကြာ ထွက်သွားပြီးတဲ့နောက် နောက်ဆုံးတော့ ဒီနေ့မှာ ချောင်ထျန်းချန်က ထိတ်လန့်အံ့ဩစရာကောင်းတဲ့ သတင်းနှစ်ခုနဲ့ ပြန်လာခဲ့သည်။။
တစ်ခုက တိုင်းပြည်တွေကြား အင်အားဖြန့်ဖြူးတာက နေရာတစ်ခုအထိ ရောက်နေပြီဖြစ်သည်။ဧကရာဇ်ဖြစ်တဲ့ ရှောင်ချီဖုန်းတောင်မှ ၎င်းရဲ့ သုံးပုံနှစ်ပုံကို မသိပေ။နောက်ထပ်သတင်းကတော့ တိုင်းပြည်တိုင်းမှာရှိနေတဲ့ ထုန်ပေါင်ကျိုက်ရဲ့ပိုင်ရှင်က သူ့ရဲ့ညီအစ်ကိုကောင်းရဲ့ သတို့သမီးလောင်း နင်းမုန့်ယောင်ဖြစ်နေခဲ့သည်။
"ထျန်းချန် သူ(မ)က ဘယ်လိုလူမျိုးလဲ"
ရှောင်ချီဖုန်းက အခုတော့ သံသယဝင်နေရပြီ။နင်းမုန့်ယောင်က သာမန်မိန်းမတစ်ယောက်ပဲလေ ဒါဆို သူမက ဘယ်လိုလုပ် ထုန်ပေါင်ကျိုက်လိုမျိုး ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းကြီးရဲ့ ပိုင်ရှင်ဖြစ်နေရတာလဲ?
စီးပွားရေးနယ်ပယ်ထဲမှာ ညီငယ်တစ်ယောက်ရှိတာကြောင့် ထုန်ပေါင်ကျိုက်က ဘယ်လောက် လွှမ်းမိုးထားနိုင်လဲဆိုတာ သူသိတယ်။နှစ်တိုင်း ထုန်ပေါင်ကျိုက်က အခွန်တွေအများကြီးရပြီး သူရရှိတာထက် သုံးပုံနှစ်ပုံပိုများတယ်။ပြီးတော့ ဒါကလည်း ရှောင်တိုင်းပြည်မှာပဲဖြစ်သေးတယ်။
နင်းမုန့်ယောင်က ရှောင်တိုင်းပြည်ရဲ့စီးပွားရေးကို အခြေခံအားဖြင့် ထိန်းချုပ်ထားတယ်ဆိုတာ သိသာတယ်။သူမသာ စိတ်ပြောင်းသွားခဲ့ရင်........
"အရှင်မင်းကြီး စိတ်ချပါ။မုန့်ယောင်က အဲ့လိုမတွေးပါဘူး။ကျွန်တော့်ကြောင့်သာမဟုတ်ရင် သူ(မ)က ဒီထဲ ဝင်ပါမှာမဟုတ်ဘူး"
ချောင်ထျန်းချန်က ရှောင်ချီဖုန်းရဲ့ စိုးရိမ်ပူပန်မှုတွေကို နားလည်တယ် အဲ့ဒါကြောင့်ပဲ သူ လူကိုယ်တိုင်လာခဲ့တာ။
ရှောင်ချီဖုန်းက ထိုအကြောင်းကို စဉ်းစားကြည့်လိုက်တယ်။မှန်တယ်။ချောင်ထျန်းချန်ကသာ သူမရဲ့ သတို့သားလောင်းမဟုတ်ဘူးဆိုရင် ထုန်ပေါင်ကျိုက်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ပိုင်ရှင်က ဘယ်သူလဲဆိုတာ သူသိမှာမဟုတ်ဘူး။
အခု ရှောင်ချီဖုန်းက ဒီအကြောင်းကို သိသွားပြီ ဒါကြောင့် သူ နင်းမုန့်ယောင်နဲ့ ချောင်ထျန်းချန်ကို တစ်ခုခု ထိခိုက်အောင် မလုပ်သရွေ့ ရှောင်တိုင်းပြည်နဲ့ ထုန်ပေါင်ကျိုက်က တစ်ဦးနဲ့တစ်ဦး ငြိမ်းချမ်းရေးရမယ်ဆိုတာ သဘောပေါက်တယ်။
စစ်ပွဲသာစတင်ခဲ့ရင် သူမက သေချာပေါက် ချောင်ထျန်းချန်ကို ထားသွားမှာမဟုတ်ဘူး ဒါကြောင့် သူတို့ရဲ့ တိုင်းပြည်ဘဏ္ဍာတိုက် ခမ်းခြောက်သွားရင်တောင်မှ စစ်သားတွေ အစာရေစာ မလောက်ငှမှာ သူစိတ်ပူဖို့မလိုဘူး။
အဲ့အကြောင်းကို ဘယ်လိုပဲတွေးပါစေ သူတို့တွေမှာ အားသာချက်ရှိတယ်ဆိုတာ ထင်ရှားတယ်။
"ထျန်းချန် မင်းဒီကိစ္စကို ဘယ်လိုစဉ်းစားထားလဲ"
ရှောင်ချီဖုန်းက သူ့စိတ်ထဲက ကိစ္စကို နောက်ပို့ထားလိုက်ပြီး ချောင်ထျန်းချန်ကို လေးလေးနက်နက်ကြည့်လိုက်တယ်။
ချောင်ထျန်းချန်က မျက်လုံးတွေ မှေးကျဉ်းသွားကာ ရှောင်ချီဖုန်းကို စိုက်ကြည့်ပြီး
"ကျွန်တော် တိုင်းပြည်တွေကို အရင်စောင့်ကြည့်မယ်။ဒီကိစ္စကို ယောာင်ယောင့်ကို အကူအညီတောင်းလို့ရတယ်။ပြီးတော့ အရှင်မင်းကြီး တစ်ခုခုလှုပ်ရှားလိုက်ရင် သူတို့ကို မတော်တဆ သတိပေးသလို ဖြစ်သွားလိမ့်မယ်"
"ဖြစ်နိုင်ချေရှိတယ်"
ရှောင်ချီဖုန်းက ၎င်းကို စဉ်းစားကြည့်လိုက်သည်။
တိုင်းပြည်တိုင်းက အခြားတိုင်းပြည်ကိုစောင့်ကြည့်ဖို့ သူလျှိုတွေ ပြင်ဆင်ပြီး လွှတ်ကြပေမယ့် နင်းမုန့်ယောင်သာဆိုရင်တော့ ဘာပြဿနာမှ ရှိမှာမဟုတ်ပေ။ဘာပဲဖြစ်ဖြစ် သူမက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လေ။
"ယောင်ယောင်ကပြောသေးတယ် ချောင်ကျန်းဟုန်ကို စောင့်ကြည့်ဖို့ လူတွေလွှတ်ထားရင် ကောင်းမယ်တဲ့"
"ဘာအတွက်လဲ"
"အပြစ်ပေးပြီးတော့ ချောင်ကျန်းဟုန်က အဲ့လောက် အလေးအနက်ထားနေမှာ မဟုတ်တော့ဘူး။ဒါကြောင့် တစ်ခြားတိုင်းပြည်တွေကသာ ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ စိတ်ကူးထားရင် သူတို့က သူ့ကို အရင်သွားရှာကြမှာပဲ"
ချောင်ထျန်းချန်က ချောင်ကျန်းဟုန်က သူ့အတွက် သူစိမ်းတစ်ယောက်လိုမျိုးပဲ ပြောလိုက်သည်။
ရှောင်ချီဖုန်းက ခေါင်းငြိမ့်လိုက်ပြီး
"ငါ လူလွှတ်ပြီး သူ့ကို စောင့်ကြည့်ခိုင်းထားလိုက်မယ်။မင်းအဲ့ဒါကို စိုးရိမ်စရာမလိုဘူး"
"ကောင်းပါပြီ" ချောင်ထျန်းချန်က ခေါင်းငြိမ့်လိုက်ပြီး "ဒါဆို အခု ကျွန်တော်သွားတော့မယ်"
"ဘာလို့လောနေတာလဲ"
"အမ်းးး ကျွန်တော်အကြာကြီးနေရင် သံသယဝင်စရာ ဖြစ်သွားလိမ့်မယ်။ပြီးတော့ ကျွန်တော် ယောင်ယောင့်ဘေးနားနေပြီး ကူညီပေးရမှာတွေ ရှိသေးတယ်"
ချောင်ထျန်းချန်က ရှောင်ချီဖုန်း ဘာကိုဆိုလိုလဲဆိုတာသိပေမယ့် ငြင်းပယ်လိုက်တယ်။
ဒါကြောင့် ရှောင်ချီဖုန်းက မတတ်နိုင်တော့ဘဲ သူ့ကို သွားခွင့်ပြုလိုက်ရသည်။
ချောင်ထျန်းချန် ထွက်သွားပြီးတဲ့နောက် ရှောင်ချီဖုန်းက ရှောင်ချီထျန်းကို ခေါ်လိုက်သည်။နင်းမုန့်ယောင်နဲ့ထုန်ပေါင်ကျိုက်ရဲ့ ပတ်သက်မှုကိုသိပြီးတော့ ရှောင်ချီထျန်းက အံ့ဩသွားခဲ့သည်။
အဲ့ဒီအမျိုးသမီးက ဘယ်လောက်တောင် အရည်အချင်းရှိလိုက်လဲ?
"ချီထျန်း နင်းမုန့်ယောင်က ငါတို့ကိုခြိမ်းခြောက်လာနိုင်မယ်လို့ ထင်လား"
ရှောင်ချီဖုန်းက စိုးရိမ်နေခဲ့သည်။
ရှောင်ချီထျန်းက ခေါင်းရမ်းလိုက်ပြီး
"မဖြစ်ဘူး ကျွန်တော်တို့နဲ့ ထျန်းချန်ရဲ့ဆက်ဆံရေးက အရင်အတိုင်းရှိနေသရွေ့ သူ(မ)က ကျွန်တော်တို့ကို ခြိမ်းခြောက်လာမှာမဟုတ်ဘူး။အရှင်မင်းကြီးက ထျန်းချန်က သစ္စာဖောက်လိမ့်မယ်လို့ ထင်နေလို့လား"
"ဘယ်ဟုတ်ပါ့မလဲ" ရှောင်ချီဖုန်းရဲ့ မသိစိတ်ကနေ ပြောလိုက်တယ်၊
သူက ဘယ်သူ့ကိုမဆို သံသယဝင်နိုင်တယ် ဒါပေမယ့် ချောင်ထျန်းချန်ကိုတော့ ဘယ်တော့မှ သံသယဝင်မှာမဟုတ်ဘူး။သူတို့နှစ်ယောက်က ကလေးဘဝတည်းက အတူတူကြီးပြင်းလာကြတာလို့ ပြောလို့ရတယ်။ထျန်းချန်သာ သု့အသက်ကို အကြိမ်များစွာ မကယ်တင်ခဲ့ဘူးဆိုရင် သူ အခု ဒီနေရာမှာ ရှိနေနိုင်မှာ မဟုတ်ဘူး။
ထပ်ပြောရရင် ချောင်ထျန်းချန်သာ သစ္စာမရှိဘူးဆိုရင် ပေကျင်းကို လူကိုယ်တိုင်လာပြီး သူ့ကို ဒီကိစ္စသတင်းပေးမှာမဟုတ်ဘူး။တကယ်တော့ သူ(ထျန်းချန်)က သူ(ချီဖုန်း) နင်းမုန့်ယောင်ကို အထင်လွဲသွားမှာကို စိုးရိမ်နေခဲ့တာ။သူ့ကြောင့်သာမဟုတ်ရင် နင်းမုန့်ယောင်ကို ဒီကိစ္စထဲ ပါခိုင်းမှာမဟုတ်ဘူး။
"မှန်တယ် အဲ့ဒါကြောင့် ကျွန်တော်တို့တွေ နင်းမုန့်ယောင်ကို စိတ်ပူဖို့မလိုဘူး။ဘာပဲဖြစ်ဖြစ် သူ(မ)ရဲ့ တည်ရှိမှုက ကျွန်တော်တို့အတွက် ကြီးမားတဲ့ခွန်အားပဲလေ"
ရှောင်ချီထျန်းက ခွဲခြမ်းစိတ်ဖြာပြသည်။
ဒီစုံစမ်းမှုလိုပဲ ထုန်ပေါင်ကျိုက်က ဗျူဟာကောင်းတွေရှိတယ်ဆိုတာ သူသိတယ်။သူတို့ရဲ့ လိုအပ်ချက်တွေပြည့်မှီသရွေ့ သတင်းတွေကို အလွယ်လေးဝယ်လို့ရတယ်။ပုံမှန် သူတို့လက်ထဲ ဆုပ်ကိုင်မထားနိုင်နဲ့ လျှို့ဝှက်ချက်တွေတောင်မှ ထုန်ပေါင်ကျိုက်ရဲ့ ဆုပ်ကိုင်မှုကနေ ပြေးမလွတ်ဘူး။