အခန်း ၁၆၀
Vol. 7 Ch. 160
Chapter 160
လက်ထဲကရတနာနဲ့ဆိုရင် ရှောင်နိုင်ငံက တစ်ခြားနိုင်ငံတွေရဲ့ သတင်းတွေကို အလွယ်လေးရနိုင်တယ်။
"မင်းပြောတာဟုတ်တယ်။ငါ ထျန်းချန်နဲ့လည်း ဆွေးနွေးပြီးသွားပြီ။သူက နင်းမုန့်ယောင်ကို အကူအညီတောင်းပြီး စောင့်ကြည့်ခိုင်းလိမ့်မယ်"
ရှောင်ချီဖုန်းက လုံးဝစိတ်အေးသွားပြီ ဖြစ်သည်။
ရှောင်ချီဖုန်းရဲ့စိတ်ထဲမှာ ချောင်ထျန်းချန်က ရှောင်ချီထျန်းနဲ့ အတူတူပဲဖြစ်သည်။သူက သူ့ရဲ့ညီအစ်ကိုကောင်းတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ တကယ့်ညီအရင်းတစ်ယောက်လိုမျိုး ယုံကြည်တာဖြစ်သည်။
"အရှင်မင်းကြီးလည်း တစ်ခုခုဖြစ်လာခဲ့ရင် ကာကွယ်လို့အောင် ကြိုတင်ပြင်ဆင်ထားတာတွေ လုပ်သင့်တယ်"
"စိတ်မပူပါနဲ့။ဘာလုပ်ရမလဲဆိုတာ ငါသိတယ်"
ရှောင်ချီဖုန်းက ခေါင်းငြိမ့်လိုက်တယ်။သတင်းကိုသိပြီးတဲ့နောက်မှာ သူက စောင့်ပြီးတော့ ဘာမှမလုပ်ပဲ မနေနိုင်ဘူး။
ရှောင်ချီထျန်းက စိတ်သက်သာရာရစွာနဲ့ ခေါင်းငြိမ့်လိုက်ပြီး
"ဒါဆိုရင်တော့ ကျွန်တော်စိတ်အေးသွားပါပြီ"
ချောင်ထျန်းချန်က ပိုင်ရှန်းရွာကို အမြန်ပြန်လာခဲ့တယ်။သူက နင်းမုန့်ယောင်ကို ရေကန်ဘေးက အသစ်ဆောက်ထားတဲ့ အဆောင်မှာ တွေ့ခဲ့တယ်။မြန်မြန်လျှောက်သွားပြီးတော့ သူမကို ပွေ့ဖက်ပစ်လိုက်တယ်။
"ယောင်ယောင် ကျေးဇူးတင်ပါတယ်"
နင်းမုန့်ယောင်ရဲ့ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး ချောင်ထျန်းချန်ကိုလှည့်ကြည့်ကာ
"ရှင် ပြန်လာပြီလား"
"အင်း....ကိုယ်ပြန်လာပြီ"
ရိုးရှင်းတဲ့စကားလေးက ချောင်ထျန်းချန်ရဲ့ နှလုံးသားကို ပျော့ပျောင်းနူးညံ့သွားစေတယ်။အရင်တုန်းက အဲ့ဒါကို သူအမြဲကြားချင်နေခဲ့မိတယ်ဆိုပေမယ့် အခု သူမပြောလာတဲ့အချိန်အထိ တစ်ခါမှ အခွင့်အရေးမရခဲ့ဘူး။၎င်းက သူ့နှလုံးသားကို ငြိမ်သက်သွားစေတယ်။
"အခြေအနေဘယ်လိုရှိလဲ"
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို ထိုင်ခုံတစ်လုံးနဲ့ ထိုင်ခိုင်းလိုက်ပြီး အလေးအနက်မေးလိုက်သည်။
"ဧကရာဇ်ကိုတော့ သတင်းပေးပြီးသွားပြီ ဒါပေမယ့် ယောင်ယောင် တစ်ဖက်နိုင်ငံတွေရဲ့ လှုပ်ရှားမှုကိုစောင့်ကြည့်ဖို့အတွက် ကိုယ်တို့မင်းအကူအညီလိုနေသေးတယ်။ချီဖုန်းက နိုင်ငံတိုင်းကို သူလျှိုတွေလွှတ်ထားတယ်ဆိုပေမယ့် အခုက လှုပ်ရှားဖို့ကောင်းတဲ့အချိန် မဟုတ်ဘူး"
ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို ဒါပြောပြဖို့ ပြန်တွေးမနေဘူး ဘာလို့လဲဆိုတော့ အခုသူတို့က လင်မယားတွေဖြစ်နေကြပြီပဲလေ။
နင်းမုန့်ယောင်က ခေါင်းငြိမ့်လိုက်ပြီး
"ရတယ် အဲ့ဒါက ဒုက္ခမများပါဘူး"
"ကိုယ်စိတ်အေးသွားရပြီ။ယောင်ယောင် ကျေးဇူးတင်ပါတယ်"
ချောင်ထျန်းချန်က နင်းမုန့်ယောင် ဘာတွေတွေးနေလဲဆိုတာ သိတယ်။သူမက တိတ်ဆိတ်ငြိမ်သက်တဲ့ ဘဝလေးတစ်ခုကိုပဲ လိုချင်ပြီးတော့ ဒီအာဏာလုပွဲတွေမှာ ဝင်မပါချင်ဘူး။ဒါပေမယ့် သူ့အတွက်ကြောင့်နဲ့ သူမက ကူညီပေးခဲ့တယ်။သူ့ကိုယ်သူပဲ အပြစ်တင်ရမယ်။
နင်းမုန့်ယောင်က သူမရဲ့လက်တွေကို ဆုပ်ကိုင်ထားတဲ့ ချောင်ထျန်းချန်ရဲ့ လက်ကိုပုတ်လိုက်ပြီး
"အများကြီးတွေးမနေပါနဲ့။တိုင်းပြည်ရဲ့ဗိုလ်ချုပ်တစ်ယောက်အနေနဲ့ စစ်ပွဲတွေကနေ ဘေးထွက်နေလို့မဖြစ်ဘူးဆိုတာ ကျွန်မသိပါတယ်။ကျွန်မလုပ်ပေးနိုင်တာဆိုလို့ ရှင့်ကို ကူပြီး စုံစမ်းပေးတာနဲ့ သတင်းအသစ်တွေပေးတာပဲရှိတာလေ"
သူမ တတ်နိုင်သလောက် သူ့ကို အကောင်းဆုံး ကူညီရမှာပဲ။
ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်တယ်။သူမက တကယ့်ကို ယောကျာ်းတိုင်းလိုချင်ကြတဲ့ ဇနီးမယားမျိုးပဲ။
"ယောင်ယောင် ကျေးဇူးတင်ပါတယ်ကွာ"
မင်းကိုယ့်အတွက် လုပ်ပေးခဲ့တဲ့အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။
"ကျွန်မကိုကျေးဇူးတင်ဖို့မလိုပါဘူး"
နင်းမုန့်ယောင်က ခေါင်းခါလိုက်တယ်။သူမက သူ သူမနဲ့သူစိမ်းတစ်ယောက်လိုမျိုး ပြုလုပ်နေတာ မလိုချင်ဘူး။
"ကောင်းပြီ ဒီတစ်ကြိမ်ပဲထားပါတော့" ချောင်ထျန်းချန် ခေါင်းငြိမ့်လိုက်သည်။
စုံတွဲက ရေကန်ဘေးမှာထိုင်နေခဲ့ပြီး မကြာခင်ဖူးပွင့်လာတော့မယ့် ကြာပန်းတွေကို ကြည့်နေခဲ့သည်။မကြာခင်မှာပဲ ရေကန်ထဲက ကြာပန်းတွေက သေချာပေါက် ပွင့်လာတော့မှာဖြစ်သည်။အဲ့ဒီအခါကျရင် ဒီရေကန်ကလည်း လှလာတော့မယ် မဟုတ်လား?
သူတို့နှစ်ယောက် တရင်းတနှီးနဲ့ပူးကပ်ပြီး ထိုင်နေကြတုန်း ကျန်းချွမ်ရောက်လာကာ
"သခင်လေး၊သခင်မလေး"
"ဦးလေးကျန်း ဘာဖြစ်လို့လဲ?ဦးလေးကြည့်ရတာ စိုးရိမ်နေတဲ့ပုံနဲ့"
နင်းမုန့်ယောင်က ကျန်းချွမ်ကို ထူးဆန်းစွာ ကြည့်လိုက်တယ်။ဘာတွေများဖြစ်လို့ သူ့ကို ဒီလောက် စိုးရိမ်ပူပန်စေရတာပါလိမ့်?
"ဒါ ကျွန်တော်တို့ လင်တိုင်းပြည်ကနေ ရလာတဲ့ သတင်းပါ။အခုလေးတင်ရောက်လာတာ"
ကျန်းချွမ်က သူ့လက်ထဲက စာကို လှမ်းပေးလိုက်သည်။
နင်းမုန့်ယောင်က ဖတ်ကြည့်လိုက်ပြီး သူမစိတ်ထဲ မေးခွန်းတွေဖြစ်သွားတယ်။လင်တိုင်းပြည်ရဲ့ မင်းသားတွေက ဘာလုပ်နေကြတာလဲ?
"ထျန်းချန် ရှင်တစ်ချက်ကြည့်ကြည့်"
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို စာကမ်းပေးလိုက်တယ်။
၎င်းကိုဖတ်ပြီးတဲ့နောက် သူက မျက်မှောင်ကြုတ်သွားပြီး နောက်ဆုံးမှာ
"သူတို့ဒါကိုလုပ်ရတဲ့ရည်ရွယ်ချက်က ကိုယ်တို့ကို စိတ်ရှုပ်ထွေးအောင်လုပ်ဖို့ ဖြစ်နေမှာပဲ စိုးရတယ်"
နင်းမုန့်ယောင်က အဲ့အကြောင်းကို စဉ်းစားပြီးတော့ ကျန်းချွမ်ကိုကြည့်ကာ
"ဦးလေးကျန်း ဒီသတင်းကို ဖြန့်လိုက်ပြီးတော့ ဒါက တကယ်အမှန်ဟုတ်မဟုတ် သူတို့ကို စုံစမ်းခိုင်းလိုက်ပါ"
"ဟုတ်ကဲ့ သခင်မလေး"
ကျန်းချွမ်က အမြန်ထွက်သွားခဲ့ပြီး နင်းမုန့်ယောင်က ရေကန်ဘေးမှာ ထိုင်နေခဲ့တုန်းဖြစ်သည်။
"ကြီးမားတာတစ်ခုခုဖြစ်လာတော့မယ်လို့ ခံစားမိနေတယ်"
"သဘောတူတယ် အဲ့ဒါက မကြာတော့ဘူး"
"Hmm?"
"ချီဖုန်းရဲ့ မောင်းမဆောင်ထဲမှာ ကိုယ်လုပ်တော်တွေ အများကြီးမရှိဘူး။ပြီးတော့ သူတို့အားလုံးကလည်း သူမင်းသားဘဝထဲက လူတွေပဲ။အမတ်တွေက နန်းတက်ပွဲအတွက်စနေပြီ။ကိုယ်ခန့်မှန်းတာသာမမှားရင် သူ့ရဲ့ ပထမဇနီးသည်ကို လက်ယာအမတ်ချုပ်မိသားစုဆီကနေ ရွေးလိမ့်မယ်"
"ရှင်ပြောတာက သူနန်းတက်တဲ့အခါကျရင် တစ်ခြားတိုင်းပြည်ကလူတွေလည်း လာမှာပေါ့"
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို အံ့အားသင့်စွာနဲ့ ကြည့်လိုက်တယ်။
ချောင်ထျန်းချန်က ခေါင်းငြိမ့်လိုက်ပြီး
"ဟုတ်တယ် ကိုယ်ယုံကြည်ချက်ရှိတယ်။ဧကရာဇ်နန်းတက်ပွဲက ကြီးမားတဲ့ပွဲအခမ်းအနားပဲ ပြီးတော့ တစ်ချိန်ထဲမှာလည်း တော်ဝင်ပွဲဖြစ်သေးတယ်။လူတွေအများကြီး လာကြမှာပဲ"
"ကျွန်မသိပြီ"
နင်းမုန့်ယောင်က ခေါင်းငြိမ့်လိုက်တယ် ဒါပေမယ့် ဒါက သူမနဲ့ နည်းနည်းပဲသက်ဆိုင်တယ်လို့ ခံစားမိတာကြောင့် ဆက်မမေးတော့ပေ။