အခန်း ၁၆၁
Vol. 7 Ch. 161
Chapter 161
ဧကရာဇ်နန်းတက်ပွဲက လေးနက်တဲ့အကြောင်းအရာဖြစ်တာကြောင့် နင်းမုန့်ယောင်နဲ့ချောင်ထျန်းချန် နှစ်ယောက်လုံးက ထိုအကြောင်းပြောနေတာ ရပ်လိုက်ကြသည်။သူတို့က တော်ဝင်ရုံးတော်နဲ့မသက်ဆိုင်တာကြောင့် နန်းတက်ပွဲက သူတို့နဲ့ ဘာမှမဆိုင်ပေ။
"မင်း လမ်းလျှောက်ထွက်ချင်လား"
"ရတယ်လေ တောင်ပေါ်သွားကြမလား"
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို သူမရဲ့ တောက်ပတဲ့မျက်ဝန်းတွေနဲ့ ကြည့်လိုက်တယ်။
သူမ အဲ့နေရာကို မသွားဖြစ်တာ အတော်ကြာနေပြီ။
ချောင်ထျန်းချန်က အနည်းငယ် ကူကယ်ရာမဲ့ခံစားလိုက်ရပေမယ့် သူကပဲ လမ်းလျှောက်ထွက်ဖို့ အကြံပေးတဲ့လူဖြစ်တာကြောင့်
"သွားကြတာပေါ့"
သူတို့က အိမ်ထဲကို ပြန်ဝင်သွားပြီး လေးနဲ့မြှားတွေယူခဲ့သည်။နင်းမုန့်ယောင်က ခြင်းတောင်းတစ်ခုကို ကိုင်ဆွဲထားကာ နှစ်ယောက်သား တောင်ပေါ်ကို အတူတူတက်သွားကြသည်။
လမ်းတစ်လျှောက်လုံး နင်းမုန့်ယောင်က သူမခူးချင်တဲ့အရာတွေကို ခူးပြီး ချောင်ထျန်းချန်ကတော့ အမဲလိုက်ခဲ့သည်။တစ်နေ့တာကုန်ဆုံးပြီးတဲ့နောက် သူတို့အိမ်ပြန်သယ်ဖို့ အများကြီးရလာခဲ့သည်။
နင်းမုန့်ယောင် ခြင်းတောင်းထဲမှာ အသီးအရွက်တွေနဲ့သစ်သီးအချို့ပြည့်နှက်နေခဲ့သည်။ချောင်ထျန်းချန်က ရစ်ငှက်တွေအများကြီး၊ယုန်တွေနဲ့သမင်ကို အမဲလိုက်နိုင်ခဲ့သည်။
အချိန်နောက်ကျလာပြီဖြစ်တာကြောင့် နှစ်ယောက်လုံး တောင်အောက်ကို ဆင်းလာခဲ့ကြသည်။သူတို့တွေ တောင်ခြေကိုရောက်တဲ့အချိန် သူတို့ရဲ့အိမ်တံခါးဝမှာ လှပတဲ့ ရထားလုံးတစ်စီး ရပ်ထားတာကို တွေ့လိုက်ရသည်။
သူတို့မျက်လုံးတွေထဲ သံသယတွေနဲ့ အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြတယ်။ဘယ်သူများဖြစ်နိုင်မလဲ?ရှောင်ချီထျန်းလား?
မဟုတ်ဘူး အဲ့ဒါမဟုတ်ဘူး။သူက ဒီကိုလာတိုင်း အမြဲတမ်း သူ့ဘာသာသူ မြင်းစီးပြီးလာတာ ဒီလိုရထားလုံးနဲ့မဟုတ်ဘူး။
စိတ်ထဲ စနိုးစနောင့်ဖြစ်စွာနဲ့ သူတို့က ခြံထဲကို ဝင်သွားလိုက်သည်။သူတို့တွေ တံခါးကနေဝင်လာတဲ့အချိန် ပိုးဖဲသားဝတ်စုံဝတ်ထားတဲ့ ရန်ကွေ့က အဲ့နားမှာရပ်နေတာကို တွေ့လိုက်ရသည်။ချင်းရွှယ်နဲ့အခြားအစေခံတွေက ဒေါသထွက်နေပုံရသည်။
ရန်ကွေ့က နင်းမုန့်ယောင်လာတာကို မြင်တော့ သူမအမူအရာက ချက်ချင်းပြောင်းသွားတယ်။အထူးသဖြင့် ချောင်ထျန်းချန်ကို မြင်တဲ့အခါမှာဖြစ်တယ်။သူမ မျက်ဝန်းတွေထဲမှာ လူသတ်ချင်စိတ်တွေ ရှိနေတယ်။
"နင် ဒီကို ထပ်လာပြီး ဘာလုပ်ပြန်တာလဲ"
နင်းမုန့်ယောင်က စိတ်မရှည်စွာ မေးလိုက်သည်။
ရန်ကွေ့က ဟွန့်ခနဲ နှာခေါင်းရှုံ့လိုက်ပြီး
"နင်းမုန့်ယောင် အခု ငါက မြို့ဝန်ရဲ့တရားဝင်သားနဲ့ လက်ထပ်ထားတာ။ငါ့ကို သာမန်အတိုင်း ပြန်မပြောချင်စမ်းနဲ့"
နင်းမုန့်ယောင်က မျက်ခုံးပင့်လိုက်ပြီး
"နင်ကလား?ကောင်းပြီလေ ဒါဆိုလည်း ဂုဏ်ပြုပါတယ်"
သူမရဲ့ ထေ့ငေါ့တဲ့အသံက ရန်ကွေ့ကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်။သူမက ဘာလို့ လုံးဝ ဂရုမစိုက်ရတာလဲ?
"ငါ ပြန်စဉ်းစားတာသာ မှန်မယ်ဆိုရင် သူ့မိန်းမက ခရိုင်တရားသူကြီးရဲ့သမီးနော်"
ချောင်ထျန်းချန်က ဘေးနားမှာရပ်နေပြီး ပြောလိုက်သည်။
နင်းမုန့်ယောင်က အနည်းငယ် အံ့ဩသွားပြီး
"ဒါဆို နင်က သူ့ရဲ့ ကိုယ်လုပ်တော်ပေါ့"
'ကိုယ်လုပ်တော်'ဆိုတဲ့ စကားလုံးက ရန်ကွေ့အတွက် အရှက်ရစရာဖြစ်သည်။သူမ မြို့ဝန်ရဲ့သားကို လက်ထပ်နိုင်ခဲ့တာက သူ့ဇနီးက ကိုယ်ဝန်ရှိနေတာကြောင့်ဖြစ်ပြီး ရန်ကွေ့က နောက်ခံမရှိတဲ့ လှပတဲ့မိန်းကလေးတစ်ဦးဖြစ်နေတာကြောင့် ဖြစ်သည်။သူမအစ်ကိုက စာသင်သားတစ်ယောက်ဆိုပေမယ့် အခုထိ ဘာတိုးတက်မှုမှ မရှိသေးပေ။
ရန်ကွေ့လိုလူမျိုးတွေက အရာရှိတွေနဲ့သူတို့ဇနီးတွေ ထိန်းချုပ်ရတာ ပိုပြီး လွယ်ကူစေသည်။
ဒါပေမယ့် ရန်ကွေ့နဲ့သူမမိသားစုတွေက ဒါကို ဂုဏ်ယူစရာတစ်ခုလို့ ခံစားကြရတယ် ဘာကြောင့်လဲဆိုတော့ ရန်ကွေ့က အာဏာရှိတဲ့လူတစ်ယောက်ရဲ့ ကိုယ်လုပ်တော်ဖြစ်သွားပြီး သာမန်လူရဲ့ ကိုယ်လုပ်တော်မဖြစ်တာကြောင့်ပဲ။
သူမလက်ထပ်လိုက်တာကိုသိတဲ့ ရွာကလူတွေကတောင် သူမကို မနာလိုနေကြသေးတယ်။သေချာတာက အဲ့ဒါက ရန်ကွေ့ရဲ့အမြင်တစ်ခုတည်းပဲ။
ပြောကြတာရှိတယ်;လူတစ်ယောက်က ဆင်းရဲသားရဲ့မိန်းမလုပ်ရတာထက် သူဌေးတစ်ယောက်ရဲ့ ကိုယ်လုပ်တော်ပဲ ဖြစ်လိုက်မယ်တဲ့။လူတစ်ချို့အတွက်တော့ ချမ်းသာတဲ့လူတစ်ယောက်ကို လက်ထပ်ပြီး သူ့ရဲ့ ကိုယ်လုပ်တော်ဖြစ်လာရတာက ကိစ္စကောင်းတစ်ခုပဲဖြစ်တယ်။ဒါပေမယ့် လူတိုင်းက တူညီတဲ့ အတွေးအမြင်ရှိကြတာ မဟုတ်ပေ။အများစုက ချမ်းသာတဲ့လူနဲ့လက်ထပ်ပြီး ကိုယ်လုပ်တော်ဖြစ်ရတာက ကောင်းတဲ့အရာမဟုတ်ဘူးလို့ ယုံကြည်ကြသေးတယ်။နောက်ဆုံးမှာ ကိုယ်လုပ်တော်တစ်ယောက်အနေနဲ့ သူမ အပြစ်ပေးခံရနိုင်တယ်၊အရိုက်ခံရနိုင်တယ် ဒါမှမဟုတ် တစ်ခြားလူဆီကိုတောင် အချိန်မရွေး ရောင်းစားခံလိုက်ရနိုင်တယ်။
သူဌေးရဲ့မိန်းမက ကိုယ်လုပ်တော်ကို နှစ်သက်ရင်တော့ ဘာပြဿနာမှမရှိပေ။ဆန့်ကျင်ဘက်သာဖြစ်ခဲ့ရင် ကိုယ်လုပ်တော်က ပစ်မှတ်ထားခံရမှာ ဖြစ်ပြီး အဲ့ဒါဆို ဒုက္ခအကြီးကြီး ရောက်မှာဖြစ်တယ်။
"နင်ငါ့ကို မနာလိုနေတာလား"
နင်းမုန့်ယောင်က ရန်ကွေ့ကို ရယ်ချင်သလို ကြည့်လိုက်တယ်။နင်းမုန့်ယောင် စေ့စပ်ထားတဲ့လူက ဗိုလ်ချုပ်ကြီးလေ။ချောင်ထျန်းချန်က ပြန်မသွားဘူးဆိုပေမယ့် အဆင့်ခုနစ်လောက်ပဲရှိတဲ့ အရာရှိနဲ့ယှဉ်လိုက်ရင် ဗိုလ်ချုပ်ကြီးတစ်ယောက်က ပြဿနာအိုးကို အလွယ်လေး ကျော်သွားနိုင်တယ်။အဲ့ဒါကို ရန်ကွေ့က သူဒီနေရာမှာပေါ်လာတာ အကြံကောင်းများထင်နေလား?ပြီးတော့ နင်းမုန့်ယောင်က သူမကို မနာလိုတာလားလို့တောင် မေးလိုက်သေးတယ်။သူမဦးနှောက်က တစ်ခုခုများ မှားနေတာလား?ဘယ်လိုလုပ် အဲ့လို အဓိပ္ပာယ်မရှိတာတွေ ပြောနိုင်ရတာလဲ?
"နင့်ခေါင်းက တကယ်ပဲ တစ်ခုခု ပြဿနာရှိနေတာဖြစ်ရမယ်"
နင်းမုန့်ယောင်က သူမခေါင်းကိုရမ်းလိုက်ပြီး သနားစွာနဲ့ သက်ပြင်းချလိုက်သည်။
"နင် တကယ် ရဲတင်းတာပဲ!ငါတို့သခင်ရဲ့ ကိုယ်လုပ်တော်ကို ဘယ်လိုလုပ် ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲရတာလဲ"
နင်းမုန့်ယောင် နှုတ်ခမ်းက အနည်းငယ် တွန့်ချိုးသွားတယ်။ဘယ်ကနေ နောက်ထပ် ငတုံးတစ်ယောက်ရောက်လာတာလဲ?
ရန်ကွေ့က အဲ့စကားကို မကြိုက်ပေ။အဲ့ဒီတားမြစ်စကားလုံးကိုပြောတာ ရန်ကွေ့က သူမကို အဝေးကို မရောင်းစားဘူးလို့ သေချာနေလို့လား?
သေချာတာပေါ့ ရန်ကွေ့ရဲ့မျက်နှာက အစေခံပြောလိုက်တာကြောင့် မည်းမှောင်လာခဲ့တယ်။ဟေးးဒါပေမယ့်နော် အဲ့မျက်နှာအရောင်က သူမနဲ့တကယ်ကြည့်ကောင်းတယ်။
နင်းမုန့်ယောင်က ရန်ကွေ့ကို လျစ်လှူရှုထားလိုက်ပြီး
"ထျန်းချန် အထဲဝင်ရအောင်။ကျွန်မရှင့်အတွက် စားကောင်းတာတွေ ချက်ပေးမယ်"
"ကောင်းသားပဲ"
ချောင်ထျန်းချန်က ဒီနေရာမှာနေပြီးတော့ ရန်ကွေ့ရဲ့ သရဲနဲ့တူတဲ့မျက်နှာကို မကြည့်ချင်တာကြောင့် နင်းမုန့်ယောင်နောက်လိုက်ကာ အိမ်ထဲဝင်သွားခဲ့သည်။