← Chapters

အခန်း ၁၆၂

Vol. 7 Ch. 162

အခန်း ၁၆၂

Vol. 7 Ch. 162

Chapter 162

နင်းမုန့်ယောင်က ခြေလှမ်းအနည်းငယ် လှမ်းပြီးတဲ့နောက် ရန်ကွေ့ဘက်ကို ပြန်လှည့်ကြည့်လိုက်တယ်။ သူမနှုတ်ခမ်းတွေက နတ်ဆိုးတစ်ကောင်လိုပြုံးလိုက်ပြီး

"ရန်ကွေ့ ငါ့အိမ်ကသေးသေးလေးရယ်။နင့်လိုမျိုး လေးစားဖို့ကောင်းတဲ့လူကို ပေးဖို့နေရာမရှိဘူး။နင်ဘာလို့ နင်လာခဲ့တဲ့နေရာကိုပဲ ပြန်မသွားတာလဲ?ငါ့မှာလုပ်စရာတွေ အများကြီးရှိသေးတယ် ဒါဆို ငါနင့်ကို လိုက်မပို့တော့ဘူးနော်။ချင်းရွှယ် ငါတို့့ရဲ့ဧည့်သည်တွေကို ပြန်ပို့ပေးလိုက်"

"ဟုတ်ကဲ့ သခင်မလေး"

ချင်းရွှယ်က ရည်ရည်မွန်မွန်ပြုံးနေတဲ့ မျက်နှာနဲ့ ရန်ကွေ့ဆီလျှောက်သွားပြီး

"ဒီကကိုယ်လုပ်တော် ကျွန်မနောက်ကို လိုက်ခဲ့ပေးနိုင်မလားရှင့်"

ရန်ကွေ့ရဲ့ အသက်ရှူနှုန်းတွေက ပြင်းထန်လာပြီး နောက်ဆုံးမှာ ဒေါသတကြီး ထွက်သွားခဲ့သည်။

ရန်ကွေ့နားမှာရပ်နေတဲ့ အစေခံကောင်မလေးက ရန်ကွေ့ရဲ့ ဒေါသထွက်နေတဲ့မျက်နှာကို တွေ့လိုက်ပြီး သူမ တစ်ခုခုမှားပြောမိသွားပြီဆိုတာ အလိုလို သိလိုက်သည်။သူမက အမြန် ရန်ကွေ့နောက်ကို လိုက်သွားခဲ့သည်။

ရန်ကွေ့ထွက်သွားပြီးတဲ့နောက် ချင်းရွှယ်က နှာခေါင်းရှုံ့လိုက်သည်။

"သူ့(မ)ကိုယ်သူ ဘယ်သူလို့ ထင်နေတာလဲ။အကိုင်းအခက်တွေပေါ်မှာ ပျံနေတဲ့ ဖီးနစ်ငှက်လို့ထင်နေတာလား"

"တော်လောက်ပြီ။အဲ့ဒါက သူတို့ရဲ့ကိစ္စ ငါတို့နဲ့ဘာမှမဆိုင်ဘူး"

ချင်းရွှယ်တုံ့ပြန်ပုံကိုကြည့်ပြီး အဖွားချင်က မျက်မှောင်ကြုတ်လိုက်တယ်။

ဒီတစ်ခေါက်တော့ ရန်ကွေ့ရဲ့အဆုံးသတ်က ပျက်စီးပြီပဲ။သခင်လေးကသာလျှင် အကောင်းဆုံးပဲ။

ချင်းရွှယ်က နှုတ်ခမ်းတွေ မဲ့ရွဲ့ပြီးတော့ အိမ်ထဲကို ကူညီဖို့ဝင်သွားခဲ့သည်။

ရန်ကွေ့ အိမ်ပြန်ရောက်ပြီးတဲ့နောက် သူမရဲ့နောက်က အစေခံကောင်မလေးကို ကြည့်လိုက်သည်။သူမရဲ့လက်ကိုမြှောက်ကာ အစေခံမလေးကို ပါးရိုက်ပစ်လိုက်သည်။သူမက ဒေါသတကြီးနဲ့ ကြည့်လိုက်ပြီး

"နင် စကားကို ဘယ်လိုပြောရမလဲဆိုတာ မသိရင် ပါးစပ်ပိတ်ထား"

သူမက ကိုယ်လုပ်တော်မဟုတ်ဘူး။အရာရှိသားရဲ့ ဒုတိယအမျိုးသမီးပဲ။ဇနီးတစ်ယောက်က ဘယ်လိုလုပ် ကိုယ်လုပ်တော်တစ်ယောက်နဲ့ နှိုင်းလို့ရမှာလဲ?

အစေခံကောင်မလေးက အောက်ငုံ့သွားပြီး သူမမျက်ဝန်းတွေက အထင်သေးမှုတွေနဲ့ ပြည့်နေသည်။ပထမဇနီးသည်က ရန်ကွေ့ကို ဒုတိယဇနီးအဖြစ် အသိအမှတ်တောင်မပြုဘူး။ရန်ကွေ့ကသာ သူမကိုယ်သူမ ဒုတိယဇနီးအဖြစ် ကြေညာနေတာကိုသာ သိသွားခဲ့ရင် သူမကိုသေချာပေါက် သင်ခန်စားပေးမှာ။

ဘာပဲဖြစ်ဖြစ် အမှန်တကယ်လည်း ရန်ကွေ့ရဲ့မိသားစုက အရေးပါနေတာမဟုတ်ပေ။အဲ့ဒါကို သူမက ဒုတိယဇနီးဖြစ်ချင်နေသေးတယ်။ရူးမိုက်စွာနဲ့အိပ်မက်မက်နေတာပဲ။

ရန်ကွေ့က အစေခံကောင်မလေးရဲ့ 'ငါသိနေတယ်'ဆိုတဲ့ ပုံစံကိုကြည့်ပြီး မှုန်ကုတ်ကုတ်နဲ့ အေးစက်စွာ မေးလိုက်သည်။

"နင့်မျက်နှာအမူအရာက ဘာအဓိပ္ပာယ်လဲ"

အစေခံကောင်မလေးက ရန်ကွေ့ကို အပြစ်ကင်းစင်တဲ့ ပုံစံနဲ့ ကြည့်လိုက်ပြီး

"မမလေးဘာပြောတာလဲဆိုတာ ကျွန်မမသိပါဘူး"

"နင့်ကို ဒီနေရာလွှတ်လိုက်တာနဲ့ပဲ ငါကနင့်ကို ဆိုးဆိုးရွားရွာ မဆက်ဆံရဲဘူးလို့ ထင်မနေနဲ့နော်"

ရန်ကွေ့က ဒေါသတကြီး သတိပေးလိုက်သည်။

အစေခံကောင်မလေးကို ပထမဇနီးက ပို့လိုက်တာဖြစ်တယ်။သူမပြော‌တာတော့ သူမ(ရန်ကွေ့)ကို ပြုစုခစားဖို့ပေါ့ ဒါပေမယ့် တကယ်ကတော့ သူမကို ထိန်းချုပ်ဖို့ပဲ။ဒါကြောင့် ရန်ကွေ့က ဒီကောင်မလေးကို လုံးဝမကြိုက်ပေ။သူမက တစ်နေ့လုံး သူမ(အစေခံ)ကို ဆူပူရိုက်နှက်ပစ်နိုင်တယ်။

အစေခံရဲ့မျက်ဝန်းတွေထဲမှာ မုန်းတီးမှုတွေ ဖြတ်သန်းသွားတယ်။ဒီမိန်းမက ဘယ်လောက်အထိ ဆက်ပြီး မောက်မာနေနိုင်ဦးမလဲဆိုတာ သူမ ကြည့်ချင်သေးတယ်။

သခင်မချန်းက သူမသမီးရဲ့ ဒေါသထွက်နေတဲ့ ပုံစံကိုတွေ့ပြီး မျက်မှောင်ကြုတ်ကာ

"ဘာဖြစ်လာတာလဲ"

"အမေ မနှောင့်ယှက်နဲ့။သမီး နင်းမုန့်ယောင်ကို သာမန်ဘဝမှာ နေခွင့်မပြုဘူး။သမီးကို ရန်စထားတဲ့အတွက် နောင်တရအောင် လုပ်ပြမယ်"

ရန်ကွေ့က အံကြိတ်ပြီး ပြောလိုက်သည်။

သူမက မတတ်နိုင်ဘဲ နင်းမုန့်ယောင်ရဲ့ သူမအပေါ်ကြည့်တဲ့ မထီမဲ့မြင်အကြည့်ကို တွေးနေမိတယ်။

နင်းမုန့်ယောင်က ကုန်သည်တစ်ယောက်ပဲဖြစ်တယ် ပြီးတော့ သူမလက်ထပ်မယ့် ယောကျာ်းကလည်း မုဆိုးတစ်ယောက်ပဲ။အဲ့လိုအကြည့်မျိုးနဲ့လာကြည့်ရအောင် သူမကိုယ်သူမ ဘယ်သူလို့ထင်နေလဲ?

"အမေ့ကလေးလေးရယ် အခုချိန်မှာ သမီးအတွက် အရေးကြီးဆုံးကိစ္စက ကလေးရဖို့ပဲ။သမီးသာ သားယောကျာ်းလေးရရင် သမီးခင်ပွန်းက ပိုပြီးတော့ လေးစားလာမှာ"

သခင်မချန်းက နင်းမုန့်ယောင်ပေါ်မှာထားတဲ့ သူမသမီးရဲ့အမုန်းကို နားလည်တယ် ဒါပေမယ့် အခုက အဲ့ဒါပြောဖို့ အချိန်မဟုတ်ဘူး။

အခု ပထမဇနီးက ကိုယ်ဝန်ရှိနေတယ် ဒါက သူမသမီးအတွက် အကောင်းဆုံး အခွင့်အရေးပဲ။ရန်ကွေ့သာ သမက်ရဲ့နှလုံးသားကို သေချာဆုပ်ကိုင်ထားနိုင်သရွေ့ အရာအားလုံးက အဆင်ပြေလိမ့်မယ်။

"အမေ သမီးဘာလုပ်ရမလဲဆိုတာ သိပါတယ်"

ရန်ကွေ့က ခေါင်းငြိမ့်လိုက်တယ်။သခင်မချန်း ဘာကိုဆိုလိုလဲဆိုတာ သူမသဘောပေါက်တယ်။

သူမလည်း ကလေးလိုချင်ပေမယ့် တစ်ချိန်ထဲမှာပဲ နင်းမုန့်ယောင်ကို ကိုင်တွယ်ချင်သေးတယ်။ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ သူမအဲ့အကြောင်းကို စဉ်းစားရမယ်။အတိုချုပ်ပြောရမယ်ဆိုရင် သူမနဲ့နင်းမုန့်ယောင် နှစ်ယောက်ထဲက တစ်ယောက်ပဲ ရှိနေရမယ်။

ဒါပေမယ့် နောက်ဆုံးမှာ အဲ့ဒါကြောင့်ပဲ သူမရဲ့သေခြင်းတရားကို ဦးတည်သွားရပြီး သူမခင်ပွန်းရဲ့မိသားစုကိုတောင် ဒုက္ခရောက်စေခဲ့မယ်ဆိုတာကို ရန်ကွေ့မသိပေ။

မီးဖိုချောင်ထဲမှာ ချောင်ထျန်းချန်က နင်းမုန့်ယောင် အချိုပွဲတွေလုပ်နေတာကို ကြည့်နေခဲ့သည်။သူမချက်ပြုတ်တာကို မြင်ရတဲ့အခါတိုင်း သူပျော်ရွှင်မှုကို ခံစားရသည်။

"မင်းဘာလို့ ကိုယ့်ကို မသင်ပေးတာလဲ"

"ကောင်းပြီလေ" နင်းမုန့်ယောင်က ပြုံးပြီး ခေါင်းငြိမ့်လိုက်သည်။

သူက အချိန်ရသရွေ့ နင်းမုန့်‌ယောင်ဘေးမှာရပ်ပြီးတော့ သူ့ကို ဘယ်လိုချက်ပြုတ်ရမယ် ဒါမှမဟုတ် အချိုပွဲဘယ်လိုလုပ်ရမလဲဆိုတာ သင်ခိုင်းတယ်။

ချောင်ထျန်းချန်ရဲ့ အချက်အပြုတ်စွမ်းရည်က တစ်ခြားစားဖိုမှူးကြီးတွေနဲ့ မယှဉ်နိုင်ဘူးဆိုပေမယ့် သူက အခုဆို တစ်ခြားယောကျာ်းတွေထက်တော့ အများကြီး ပိုတော်တယ်။

"အရသာရှိတယ်" ချောင်ထျန်းချန်က တစ်ကိုက်ကိုက်ကြည့်လိုက်ပြီး ကျေနပ်စွာ ပြောလိုက်သည်။

"ခြံထဲမှာ osmanthus ပန်းတွေ ပွင့်တဲ့အခါကျရင် ကျွန်မရှင့်အတွက် ချိုပြီးအရသာရှိတဲ့ osmanthus ကိတ်လုပ်ပေးမယ်"

နင်းမုန့်ယောင်က သူမလုပ်ထားတဲ့ အစားအစာကိုာချောင်ထျန်းချန်က ကျေနပ်အားရမှုရှိနေတာတွေ့တော့ အရမ်းပျော်သွားတယ်။

"ဟုတ်ပြီ"

အဖွားချင်က အပြင်ဘက်မှာ မတ်တပ်ရပ်နေပြီး သူတို့ပြောတာကို နားထောင်နေခဲ့သည်။သူမက မတတ်နိုင်ဘဲ ပြုံးလိုက်တယ်။ဒီနှစ်ယောက်က တကယ့်ကို ချိုမြိန်တာပဲ။

#####

Osmanthus ပုံကိုအောက်မှာထည့်ပေးမယ်နော်။

All Chapters