← Chapters

အခန်း ၁၆၃

Vol. 7 Ch. 163

အခန်း ၁၆၃

Vol. 7 Ch. 163

Chapter 163

ဘာမှလုပ်စရာမရှိတဲ့အချိန်မှာဆိုရင်လည်း ချောင်ထျန်းချန်က နင်းမုန့်ယောင်ဘေးနားကပ်နေရတာ ကြိုက်‌တယ်။သူမပြောတဲ့ စီးပွားရေးနဲ့မိသားစု အကြောင်းတွေကို နားထောင်တယ်။သူမရဲ့ နူးညံ့တဲ့အသံလေးက ချောင်ထျန်းချန် နားထောင်ခဲ့ဖူးသမျှထဲမှာ အချိုမြိန်ဆုံးပဲ။

"ရှင်ဘာကြည့်နေတာလဲ"

နင်းမုန့်ယောင်က လှည့်လာပြီး ချောင်ထျန်းချန်က သူမကို ပြုံးပြီးစိုက်ကြည့်နေတာ တွေ့လိုက်ရတယ်။

အကြည့်တစ်ချက်က နင်းမုန့်ယောင်ကို ရင်ခုန်သွားစေတယ်။

"ဘာမှမဟုတ်ပါဘူး။ရုတ်တရက် ဒီလိုဘဝမျိုးက တကယ့်ကိုကောင်းတာပဲဆိုပြီး ခံစားမိလို့"

အရင်တုန်းက ဘဝရဲ့အဓိပ္ပာယ်ကို သူမသိခဲ့ပေ။သူ့ကိုယ်သူထုံကျင်သွားအောင်လို့ အရာမျိုးစုံနဲ့မကြာခဏပြုလုပ်ခဲ့ပြီး ပိုင်ရှန်းရွာကို ရောက်ပြီးတဲ့နောက်မှာတောင်မှ သူ့ရဲ့ကွက်လပ်ကိုဖြည့်ဖို့ လုပ်စရာတွေရှာနေခဲ့သည်။

ဒါပေမယ့် နင်းမုန့်ယောင်နဲ့ သိပြီးတဲ့နောက် နေ့တိုင်း သူကိုယ်သူ ဒုက္ခရောက်အောင် ဘယ်လိုလုပ်ရမလဲဆိုပြီး မတွေးဖြစ်တော့ပေ။သူ သူမနဲ့ရှိနေသရွေ့ အချိန်တွေက ကုန်တာအရမ်းမြန်တယ်။တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပြီးတော့ သူက အဲ့ဒါကို သတိတောင်မထားမိဘူး။

နင်းမုန့်ယောင်က ကြောင်သွားပြီး ပြီးမှ ရယ်လိုက်တယ်။မှန်တယ် ဘဝကတကယ်ပဲကောင်းမွန်တယ်။

ရန်ကွေ့ကတော့ နင်းမုန့်ယောင်ဆီပြန်မသွားခင် သူမအိမ်မှာ ရက်နည်းနည်းလောက်နေဖို့ စီစဉ်ထားသည်။သူမက နင်းမုန့်ယောင်ကို ဘယ်လိုပြန်ပြီး တိုက်ခိုက်ရမလဲဆိုတာ စီစဉ်နေရင်း အချိန်ကုန်ဆုံးခဲ့သည်။ဘယ်သူသိမှာလဲ လူတစ်ယောက်ရောက်လာတာက သူမရဲ့ အကြံအစည်ကို အနှောင့်အယှက်ဖြစ်သွားစေပြီး အဲ့ဒီလူကလည်း ရန်ကွေ့ရဲ့ခင်ပွန်း ခရိုင်တရားသူကြီးရဲ့သမက် လီဝေ့ဖြစ်နေသည်။

"ကွေ့အာ ကိုယ်မင်းကိုလာကြိုတာ!"

လီဝေ့က တံခါးကနေဝင်ဝင်လာချင်း အော်ပြောလိုက်သည်။ထိုဟာက သူရန်ကွေ့ကို အရမ်းဂရုစိုက်တယ်ဆိုတာ သိသာသည်။ဒါက သခင်မချန်းကို ဂုဏ်ယူရစေတယ်။သူမသမီးကသာ ဒီအခွင့်အရေးကိုအသုံးချပြီး သူနဲ့ကလေးရအောင်လုပ်လိုက်လို့ကတော့ ပိုတောင်ကောင်းသေးတယ်။ဒါကိုတွေးမိရုံနဲ့ သခင်မချန်းမျက်နှာက ပြုံးဖြီးလာသည်။

သူမအကြံအစည်ကို နက်နက်ရှိုင်းရှိုင်းစဉ်းစားနေတဲ့ ရန်ကွေ့က သူ့အသံကိုကြားလိုက်ပြီး နောက်ဆုံးမှာ သူမမျက်နှာပေါ်မှာ အပြုံးတစ်ခုပေါ်လာခဲ့သည်။

"ရန်ကွေ့က သူ(မ)အခန်းထဲမှာ"

သခင်မချန်းက ချိုအီနေတဲ့အသံနဲ့ ပြောလိုက်သည်။

လီဝေ့က သခင်မချန်းကို တစ်ချက်ကြည့်လိုက်ပြီး မျက်ဝန်းတွေထဲက လှောင်ပြောင်ရိပ်တွေနဲ့ အသာလေး ခေါင်းငြိမ့်လိုက်သည်။ဒါပေမယ့် သခင်မချန်းက သူ့ကို မဖတ်နိုင်ပေ။

"မင်းဒီရောက်လာတယ်ဆိုမှတော့ မပြန်ခင် ရက်နည်းနည်းလောက်နေသွားပါ့လား" သခင်မချန်းက စိုးရိမ်စွာမေးလိုက်သည်။

သူမက လီဝေ့ကို ရက်နည်းနည်းလောက် နေစေချင်ပြီး သူမသမီးက လူကောင်းနဲ့လက်ထပ်သွားတယ်ဆိုတာ ရွာကလူတွေကို မြင်စေချင်သည်။သူ့ရဲ့ကိုယ်လုပ်တော်ဆိုရင်တောင်မှပဲ သဘောကျတယ်။

သူမက ချောင်ထျန်းချန်က မြို့ဝန်ရဲ့သားနဲ့ယှဉ်ရင်ဘာမှမဟုတ်ဘူးဆိုတာ လူတိုင်းကို သိစေချင်သည်။

လီဝေ့က အသာလေးမျက်ခုံးတွန့်သွားပြီး အိမ်ကို တစ်ချက်ကြည့်လိုက်တယ်။သူဘာမှမပြောပေမယ့် လုံးဝ ရွံတယ်။

သူက သူ့မိသားစုမှာ တစ်ဦးတည်းသောသားပဲ။ဘယ်လိုလုပ်ဒီလိုနေရာမျိုးမှာနေနိုင်မှာလဲ?ဒါက ရန်ကွေ့ရဲ့အိမ်ဆို‌ရင်တောင်မှ သူ့ကိုယ်သူ ဒါမျိုးမလုပ်နိုင်ပေ။

သူရန်ကွေ့ကို သဘောကျတာက သူမက ပိုပြီး နာခံတတ်လို့ပဲ။

ရန်ကွေ့က သူမအခန်းအပြင်ကိုကြည့်လိုက်ပြီး လီဝေ့ရဲ့ စိတ်မရှည်တဲ့ပုံစံကို သတိထားမိလိုက်တယ်။သူမက အခန်းထဲကနေ ပြေးထွက်သွားပြီး

"အချစ် ရှင်ရောက်လာတယ်။ဘာလို့ဘာမှမပြောရတာလဲ"

ရန်ကွေ့က သူ့ဆီ အမြန်ပြေး‌လာတာ‌မြင်တော့ သူက မျက်တောင်ခတ်လိုက်ပြီး နောက်ဆုံးသူမခါးကို ဖက်လိုက်သည်။

ရန်ကွေ့ရဲ့ခန္ဓာကိုယ်က အနည်းငယ် တောင့်တင်းသွားပြီး အဲ့ဒီနောက် သူ့လက်မောင်းတွေထဲ အသာလေးမှီချကာ သူ့အဝတ်တွေကို ဆုပ်ကိုင်လိုက်သည်။ဒါပေမယ့် ဘယ်လိုပဲကြည့်ကြည့် သူတို့ပုခုံးချင်းယှဉ်ပြီး ရပ်နေတဲ့ပုံက တစ်ခုခုထူးဆန်းနေတာကို ခံစားမိသည်။ဒါပေမယ့် သခင်မချန်းကတော့ သူမသမီးအတွက်ပျော်နေတုန်းဖြစ်သည်။

အပြင်မှာရပ်နေကြတဲ့လူတွေက ရန်ကွေ့ရဲ့အပြုအမူကိုကြည့်ပြီး စော်ကားသလို ခံစားလိုက်ရသည်။သူတို့က အနည်းငယ်တီးတိုးပြောနေကြပြီး သူတို့ရဲ့အိမ်တွေဆီပြန်သွားကြသည်။သခင်မချန်းက ပျော်ရွှင်နေတာနဲ့ပဲ တစ်ခြားလူတွေက သူမနဲ့အတူတူခံစားရတယ်လို့ မဆိုလိုဘူးလေ။

လီဝေ့က ရန်ကွေ့ရဲ့မေးစေ့ကိုပင့်လိုက်ပြီး အသာလေး ပြောလိုက်တယ်

"ကိုယ်မင်းကိုအိမ်မှာမတွေ့ဘူးလေ အဲ့ဒါကြောင့် လာခဲ့တာ"

"အချစ် ကျွန်မမိသားစုနဲ့ ရက်နည်းနည်းလောက် နေချင်တယ်။အဲ့ဒါအဆင်ပြေရဲ့လားဟင်"

ရန်‌ကွေ့က လီဝေ့ကို မော့ကြည့်လိုက်တယ်။သူမပုံစံက အနည်းငယ် မသက်မသာဖြစ်နေတယ်။

လီဝေ့က သူမမျက်လုံးထဲက မသက်မသာဖြစ်မှု‌ကို တွေ့ရသည်။ပြီးနောက် သူ့မျက်နှာပေါ်က အပြုံးဖျော့ဖျော့က ပိုမိုကြီးမားလာပြီး

"မင်းကဒီမှာ ရက်နည်းနည်းလောက်ဆက်နေချင်သေးတယ်ဆိုမှတော့ နေကြတာပေါ့"

ရန်ကွေ့က ပျော်သွားတယ်။သူမက အမြန်ခေါင်းငြိမ့်လိုက်ပြီး

"ကျေးဇူးတင်ပါတယ် အချစ်"

လီဝေ့က ရန်ကွေ့ရဲ့နားနားကို ကပ်သွားပြီး သူမရဲ့နားသီးကို ဖြည်းဖြည်းချင်း ကိုက်လိုက်သည်။

"ကိုယ့်ကိုပြန်ပေးတဲ့အနေနဲ့ ဘာလုပ်ပေးရမယ်ဆိုတာ မင်းသိတယ်မလား"

"အချစ် ရှင် အရမ်းဆိုးတာပဲ" ရန်ကွေ့က ရှက်သွားခဲ့တယ်။

သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် အီစီကလီလုပ်နေတာကိုကြည့်ပြီး သခင်မချန်းက ပိုပြီးတော့တောင် ကျေနပ်သွားသေးတယ်။ကိစ္စတွေက ဒီလိုဖြစ်သင့်တာပဲ။သူမသမီးက သူ့ကို လက်ထဲမှာ ထိန်းချုပ်ထားနိုင်ဖို့ နည်းလမ်းအားလုံးကို အသုံးပြုသင့်တယ်။

ရန်ကွေ့က သူမအမေကို အချက်ပြလိုက်ပြီး သခင်မချန်းက ခေါင်းငြိမ့်လိုက်သည်။

"အိုးးငါကတော့နော်။မင်းတို့နှစ်ယောက် ဆက်နေနေကြဦးနော်။အမေ အသားလေးဘာလေးသွားဝယ်လိုက်ဦးမယ်"

ပြောရင်းနဲ့ သခင်မချန်းက သူမနောက်က သရဲလိုက်သလို ပြေးထွက်သွားခဲ့သည်။

All Chapters