← Chapters

အခန်း ၁၆၄

Vol. 7 Ch. 164

အခန်း ၁၆၄

Vol. 7 Ch. 164

Chapter 164

လီဝေ့က ရန်ကွေ့ကို ပြုံးပြီးကြည့်လိုက်တယ်။သူ့လက်တွေက ရန်ကွေ့ရင်သားတွေကို ဖြည်းဖြည်းချင်း ဆုပ်ကိုင်လိုက်ပြီး

"မင်းက ကိုယ်နဲ့နှစ်ယောက်တည်းရှိရတာကို အဲ့လောက်သဘောကျမှန်း ကိုယ်မသိခဲ့ပါ့လား"

"ဟင်းးး"

လီဝေ့နဲ့ လက်ထပ်ထားတဲ့ရက်တွေအတွင်းမှာ ရန်ကွေ့က လီကွေ့ရဲ့သာမန်လှုပ်ရှားမှုတွေနဲ့ အတော်လေးရင်းနှီးနေပြီ ဖြစ်သည်။ဒါကြောင့် သူပြောတာနားထောင်ပြီး သူ့ကို ညို့ငင်စွာနဲ့ မော့ကြည့်လိုက်သည်။

လီဝေ့က ရန်ကွေ့ရဲ့ လက်ရှိ အပြုအမူကို နှစ်ခြိုက်တယ်။သူက သူမမေးစေ့ကို လှမ်းကိုင်လိုက်ပြီး သူမကို နမ်းလိုက်တယ်။

"မင်းက ဒီလောက်လိုချင်နေမှတော့ ဒါဆို ကိုယ်က မင်းလိုချင်တာကို အလိုလိုပေးရမှာပေါ့"

သခင်မချန်း ပြန်ရောက်လာတဲ့အချိန် သူမက တမင်တကာ ခိုးနား‌ထောင်တာ မဟုတ်ရင်တောင်မှ ရန်ကွေ့အခန်းကနေလာတဲ့ ငြီးသံတွေကို ကြားနေရသည်။

အဲ့ဒါကြားတဲ့အခါမှာ သူမ တကယ့်ကို စိတ်ကျေနပ်သွားသည်။

သူတို့တွေ ပြီးသွားကြတဲ့အခါမှာတော့ အဝတ်အစားတွေပြန်ဝင်ကြသည်။အဲ့ဒီအချိန်မှာ သခင်မချန်းက မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေတာဖြစ်သည်။ရန်ကွေ့ရဲ့မျက်နှာက ပုံမှန်မဟုတ်စွာနဲ့ နီမြန်းနေခဲ့သည်။

လီဝေ့ရဲ့ မျက်လုံးတွေထဲမှာလည်း ရှက်ရွံမှုကို ထင်ရှားစွာ မြင်တွေ့နိုင်သည်။

မကြာခင်မှာပဲ ရန်ကွေ့က အကြံတစ်ခုရသွားသည်။

လီဝေ့က အရာရာမှာ တော်တဲ့လူတစ်ယောက်ဖြစ်ပေမယ့် သူက အနည်းငယ် ကာမစိတ်ကြီးသည်။သူမ ဝန်မခံချင်ပေမယ့်လည်း နင်းမုန့်ယောင်က တကယ့်ကို လှသည်။အထူးသဖြင့် သူမမှာ မသေမျိုးလိုအလှမျိုး ရှိနေသည်။လီဝေ့ သူမကို မြင်တဲ့အခါကျရင် သေချာပေါက် ကြိုက်သွားမှာဖြစ်သည်။

နင်းမုန့်ယောင်ရဲ့ ဖြူစင်မှုကိုသာ လီဝေ့က အတင်းအကြပ် ရယူလိုက်မယ်ဆိုရင် ချောင်ထျန်းချန်က သူ အခု နင်းမုန့်ယောင်ကို ဆက်ဆံနေတဲ့အတိုင်း ဆက်ဆံနိုင်ပါဦးမလား?

"အချစ် အပြင်သွားပြီး လမ်းလျှောက်ကြမလား"

ဒါကို တွေးမိပြီးတော့ ရန်ကွေ့က လီဝေ့ကို ရှက်ရွံစွာမေးလိုက်သည်။

လီဝေ့က ခေါင်းငြိမ့်လိုက်သည်။

ရန်ကွေ့က လီဝေ့ကို ရွာထဲခေါ်သွားခဲ့သည်။အဲ့ဒီမှာ ရှူခင်းကကောင်းသည်။

လီဝေ့က အဝေးကနေ လှမ်းမြင်ရတဲ့ တောင်ခြေက မတူညီတဲ့အိမ်နှစ်လုံးကို သတိထားမိသွားသည်။သူက မတတ်နိုင်ဘဲ သိချင်စွာ မေးလိုက်သည်။

"အဲ့မှာ ဘယ်သူတွေနေတာလဲ"

"အာ....ရွာက မိဘမဲ့ကောင်မလေးရဲ့ အိမ်လေ"

ရန်ကွေ့က ရိုးရိုးပဲ ရှင်းပြလိုက်သည်။

"အိုး...သူ(မ)က ဘယ်လိုပုံစံရှိလဲ"

လီဝေ့က မျက်ခုံးတစ်ဖက်ပင့်ပြီး မေးလိုက်သည်။

ရန်ကွေ့က လီဝေ့ကို မကျေမနပ်ကြည့်လိုက်ပြီး

"အချစ် ရှင် ကျွန်မကို ရှင့်မိန်းမအဖြစ် ရပြီးနေပြီကို နောက်ထပ်တစ်ယောက် ရှာနေသေးတာလား"

ရန်ကွေ့ရဲ့အမူအရာကိုကြည့်ပြီး လီဝေ့က ရယ်လိုက်သည်။

သူက ရန်ကွေ့ရဲ့မေးစေ့ကိုမကာ ပြင်းပြင်းထန်ထန် နမ်းလိုက်ပြီး "အိုး....မင်းက သဝန်တိုနေတာလား"

ရန်ကွေ့က နှာခေါင်းရှုံ့လိုက်တယ်။သူမရဲ့ နူးညံ့တဲ့ပုံစံက ဒေါသထွက်နေတာနဲ့ မတူပေ အဲ့ဒီအစား သူမက အလိုလိုက်ခံထားရတဲ့ ကလေးတစ်ယောက်လို ပြုမူနေတာဖြစ်သည်။

လီဝေ့ တစ်ခုခု ပြောဖို့လုပ်နေတုန်း အပြာဖျော့ရောင်ဝတ်စုံနဲ့ မိန်းကလေးတစ်ယောက် လမ်းလျှောက်ထွက်လာခဲ့သည်။

အပြာဖျော့ရောင်ဝတ်စုံက လှပတဲ့ပန်းတွေနဲ့ ပန်းထိုးထားပြီး သူမဆံပင်ကို ပေါ့ပေါ့ပါးပါး အစိမ်းရင့်ရောင်ဆံထိုးနဲ့ ဆံထိုးထိုးထားသည်။

သူမက သူအရင်တုန်းကတွေ့ဖူးတဲ့ မိန်းမတွေနဲ့ မတူပေ။သူမက တောထဲက နတ်သမီးတစ်ပါးလိုပဲ။

လီဝေ့က သူမကို တမေ့တမော ငေးကြည့်နေမိပြီး သူ့ဘေးနားမှာ ချိုသာတဲ့ကိုယ်လုပ်တော်တစ်ယောက် ရှိတယ်ဆိုတာ လုံးဝမေ့သွားခဲ့သည်။

ရန်ကွေ့က လီဝေ့ နင်းမုန့်ယောင်ကို ငေးကြည့်နေတဲ့ပုံစံကို မကျေနပ်ပေမယ့်လည်း စိတ်ထဲမှာတော့ အရမ်းပျော်ရွှင်နေခဲ့သည်။

လီဝေ့က မြို့ဝန်ရဲ့သားဖြစ်တာကြောင့် ဘယ်သူမှ သူလုပ်ချင်တာလုပ်တာကို မတားနိုင်ဘူး။နင်းမုန့်ယောင် နင်ဘာဆက်လုပ်မလဲဆိုတာ ငါကြည့်ချင်သေးတယ်?နင် သူ့ကို တကယ်ပဲ ငြင်းပယ်နိုင်ရဲ့လား?

နင်းမုန့်ယောင်က ချောင်ထျန်းချန်ဆီ သွားဖို့လုပ်နေတုန်း ရုတ်တရက် သူမကို မကောင်းတဲ့အကြည့်နဲ့ကြည့်နေတာကို ခံစားလိုက်ရသည်။

သူမ လှည့်ကြည့်လိုက်တဲ့အခါမှာ ရန်ကွေ့နဲ့ယောကျာ်းတစ်ယောက်က သိပ်မဝေးတဲ့နေရာမှာ ရပ်နေကြတာကို တွေ့လိုက်ရသည်။ထိုယောကျာ်းက သူမကို ရွံရှာဖွယ်ကောင်းတဲ့ မျက်လုံးတွေနဲ့ ကြည့်နေခဲ့သည်။

စက်ဆုပ်မှုက သူမမျက်ဝန်းတွေထဲ ဖြတ်သန်းသွားပြီး ခြေလှမ်းတွေကို မြန်ပစ်လိုက်သည်။သိပ်မကြာလိုက်ပဲ သူမက ချောင်ထျန်းချန်ရဲ့အိမ်ထဲကို ဝင်သွားခဲ့သည်။

နင်းမုန့်ယောင် ထွက်သွားပြီးတဲ့နောက် လီဝေ့က အံ့ဩမှင်သက်နေခဲ့တာ ရန်ကွေ့က သူ့ကို အဆက်မပြတ်ခေါ်နေတဲ့အထိ ဖြစ်သည်။

"သူ(မ) မလှဘူးလား"

"လှတယ်။လုံးဝကို နတ်သမီးပဲ"

လီဝေ့က နင်းမုန့်ယောင်ရှိခဲ့တဲ့ နေရာကို မျက်တောင်မခတ် စိုက်ကြည့်နေခဲ့သည်။

ခုနက အမျိးသမီးနဲ့ နှိုင်းယှဉ်လိုက်ရင် သူဘယ်တုန်းကမှ သူမလောက်လှတဲ့ အမျိုးသမီးမျိုး တစ်ခါမှ မတွေ့ခဲ့ဖူးပေ။

ရန်ကွေ့အတွက်ကတော့ စောနကအထိ လှတယ်လို့ ခံစားနေရတာက နင်းမုန့်ယောင်နဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်ပေ။

ခုနက မိန်းကလေးကို သူသိချင်တယ်။ပုံစံအနေအထားကို တစ်ချက်ကြည့်လိုက်တာနဲ့တင် ဒီလို ရွာမျိုးမှာနေရတာ သူမအတွက် သနားစရာကောင်းတယ်။သူ အဲ့ဒီ မိန်းမလှလေးကို ပိုင်ဆိုင်ရမယ်။

ရန်ကွေ့က အသာလေး မျက်မှောင်ကြုတ်သွားတယ်။ဒါက သူမလိုချင်တာဆိုပေမယ့် သူမ ယောကျာ်းက တစ်ခြားမိန်းမတစ်‌ယောက်ကို ကျေနပ်နေတာ မြင်ရတော့ အတော်လေး မပျော်မရွှင်ဖြစ်ရတယ်။

"အချစ် ပြန်ကြရအောင်"

ရန်ကွေ့ရဲ့ အစီအစဉ်က အောင်မြင်သွားပြီ ဖြစ်တာကြောင့် သူမ ကြာကြာ ဆက်မနေချင်တော့ပေ။နင်းမုန့်ယောင်က တကယ့်ကို မြေခွေးမပဲ။သူမက စေ့စပ်ပြီးသားကို တစ်ခြားလူရဲ့ ခင်ပွန်းကို ခိုးချင်နေသေးတယ်။

All Chapters