← Chapters

အခန်း ၁၆၅

Vol. 7 Ch. 165

အခန်း ၁၆၅

Vol. 7 Ch. 165

Chapter 165

ဒီအခိုက်အတန့်မှာ ရန်ကွေ့ရဲ့ လက်ထဲက လက်ကိုင်ပုဝါက တွန့်ကြေလာခဲ့တယ်။သူမစိတ်ထဲ အရမ်းမုန်းနေပြီး မနာလိုမှုက သူမမျက်နှာပေါ်မှာ ရှင်းရှင်းလင်းလင်းကြီးကို ဖော်ပြ‌နေတယ်။

"အချစ်" သူမ အကြိမ်များစွာ ခေါ်ပေမယ့် လီဝေ့က မဖြေခဲ့ပေ။သူမက ရုတ်တရက် မကျေမနပ်ဖြစ်လာခဲ့သည်။သူမရဲ့အသံက နဂို ချိုသာတဲ့အသံကနေ ဒေါသထွက်တဲ့အသံဆီ ပြောင်းလဲသွားသည်။

လီဝေ့က ရန်ကွေ့ကို စောင်းကြည့်လိုက်ပြီး

"မင်း အရင်ပြန်နှင့်။ငါ အဲ့ဒီမိန်းကလေးကို ငါ့ဘာသာ သွားကြည့်လိုက်ဦးမယ်"

"ကျွန်မ..." ရန်ကွေ့က ကြောင်သွားပြီး ပြောစရာ စကားကင်းမဲ့သွားတယ်။အခု ကိုယ်မလိုက်တဲ့ကျောက်တုံးက ကိုယ့်ခြေထောက်ပေါ် ပြန်ပြုတ်ကျတယ်ဆိုတဲ့ အဓိပ္ပာယ်ကို သူမ သိသွားပြီ။

"မင်း ဘာလို့ ဒီမှာ ရှိနေသေးတာလဲ"

လီဝေ့က ရန်ကွေ့ကို မကျေနပ်သလို ပြောလိုက်တယ်။ရန်ကွေ့သာ သူ့နားမှာ ရပ်နေရင် အလှလေးက သေချာပေါက် သူ့ကို လျစ်လျှူရှုထားမှာ ဒါကြောင့် ရန်ကွေ့ ထွက်သွားတာ ပိုကောင်းတယ်။

ရန်ကွေ့က ငိုချလုနီးပါး ဖြစ်သွားသည်။သူမမျက်နှာက မကျေနပ်တာကို ဖော်ပြနေပေမယ့် လီဝေ့က သူမကို ဂရုမစိုက်ပေ။ရန်ကွေ့က ပြန်လှည့်ပြီး အိမ်ဘက်ဆီကို ပြေးထွက်သွားခဲ့သည်။

သူမ ထွက်သွားပြီးတဲ့နောက် လီဝေ့က စိတ်အေးသွားသည်။သူ့ကိုယ်သူ ကြည့်ကောင်းအောင် ပြင်လိုက်ရင်း အိမ်နှစ်အိမ်ဆီကို လျှောက်သွားလိုက်သည်။

သူက နင်းမုန့်ယောင် ဝင်သွားတဲ့အိမ်ဆီကို လျှောက်သွားပြီး ပိတ်ထားတဲ့ တံခါးကို ခေါက်လိုက်သည်။

ထိုအချိန်မှာ နင်းမုန့်ယောင်က ချောင်ထျန်းချန်အိမ်ကို သန့်ရှင်းရေး လုပ်ပေးနေတာ ဖြစ်သည်။သူမက တံခါးခေါက်သံကြားလိုက်ရပြီး မျက်မှောင်ကြုတ်သွားသည်။ချောင်ထျန်းချန်သာဆိုရင် သူက တံခါးခေါက်မှာ မဟုတ်ပေ။ဒါဆို ဘယ်သူများလဲ.......

နင်းမုန့်ယောင်က ရန်ကွေ့နဲ့ရှိနေခဲ့တဲ့ ယောကျာ်းကို စဉ်းစားမိသွားသည်။သူမမျက်လုံးတွေထဲမှာ စက်ဆုပ်မှုတွေ ပေါ်လာခဲ့သည်။

သူမ ဒါကို ‌စဉ်းစားနေတုန်းမှာပဲ တံခါးကို အပြင်ကနေဖွင့်လိုက်ပြီး လီဝေ့က အထဲဝင်လာခဲ့သည်။

လီဝေ့ကိုမြင်တော့ နင်းမုန့်ယောင်ရဲ့ မျက်နှာက ချက်ချင်း အေးစက်သွားသည်။

လီဝေ့က အစကတော့ ဖွင့်ဝင်လာဖို့ စိတ်ကူးမရှိပေမယ့် ဘယ်သူသိမှာလဲ သူတံခါးခေါက်ပြီးတော့ တစ်ယောက်မှ လာမဖွင့်ပေးဘူးလေ။ဒါကြောင့် အထဲဝင်ဖို့ သူ့ဘာသာ ဆုံးဖြတ်လိုက်တယ်။

သူ့လုပ်ရပ်တွေက စောနက သူမြင်ခဲ့တဲ့ မိန်းကလေးကို ဒေါသဖြစ်သွားစေတာတော့ စိတ်မကောင်းစရာပဲ။

ဒါပေမယ့် သူမရဲ့ ဒေါသထွက်နေတဲ့ပုံစံကတောင် သူ့ကို မတူညီတဲ့ ခံစားချက်မျိုးပေးပြီး သူမကို ပိုပြီး သဘောကျသွားစေတယ်။

"မိန်းကလေး ကျွန်တော့်နာမည်က လီဝေ့ပါ...."

"ရှင့်ဘာသာ ရန်ဝေ့ ဖြစ်ဖြစ် လီဝေ့ ဖြစ်ဖြစ် ကျွန်မ ဂရုမစိုက်ဘူး။ကျွန်မ မျက်စိရှေ့ကနေသာ အခုချက်ချင်း ထွက်သွားပါ"

နင်းမုန့်ယောင်က သူများအိမ်ထဲ အတင်းဝင်လာရဲတဲ့ ဒီလို အရှက်မဲ့တဲ့လူမျိုးကို တစ်ခါမှ မတွေ့ဖူးပေ။

လီဝေ့ရဲ့ အမူအရာက တောင့်တင်းသွားတယ်။သူက မျက်မှောင်ကြုတ်သွားတယ်။သူ့ဘဝမှာ ဘယ်တုန်းကမှ ဒီလိုပုံစံနဲ့ ဆက်ဆံတာ မခံရဖူးဘူး။

"မိန်းကလေး ကျွန်တော့်မှာ တစ်ခြား ရည်ရွယ်ချက်မရှိပါဘူး။ရေလေးတစ်ခွက်လောက် သောက်ချင်လို့ပါ"

လီဝေ့က သင့်လျော်တဲ့ အကြောင်းပြချက် ပေးလိုက်သည်။

ဒါပေမယ့် နင်းမုန့်‌ယောင်က သူ့ကို အရူးတစ်ယောက်လို ကြည့်လိုက်ပြီး

"ရှင်က ရေသောက်ချင်တာလား?ရှင်က ရန်ကွေ့နဲ့ လက်ထပ်ထားတဲ့တစ်ယောက် မဟုတ်ဘူးလား?သူ့(မ)အိမ်က ရှင်သောက်ဖို့ ရေတစ်ခွက်တောင် မရှိဘူးလား?ရှင် အကြောင်းပြချက်တွေ ပေးချင်တယ်ဆိုလည်း အနည်းဆုံးတော့ ပိုပြီးအဓိပ္ပာယ်ရှိတဲ့ဟာ ပြောဦးမှပေါ့။ရှင်အခု မထွက်သွားဘူးဆိုရင် သတိထားတာ ပိုကောင်းတယ်။ကျွန်မရှင့်ကို ပိုင်နက်ကျူးကျော်မှုနဲ့ တိုင်ပစ်မယ်"

နင်းမုန့်ယောင်က သူနဲ့ရန်ကွေ့ရဲ့ ပတ်သက်မှုကို သိနေတယ်ဆိုတာ လီဝေ့သိတော့ သူမက အဲ့ဒါနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေတာလို့ တွေးပြီး အမြန် ဖြည့်ပြောလိုက်တယ်။

"သူ(မ)နဲ့ ကိုယ့်ရဲ့ ပတ်သက်မှုက......."

"ရှင်နဲ့သူ့(မ)ကြားက ကိစ္စတွေကို ကျွန်မ စိတ်မဝင်စားဘူး။အခုချက်ချင်း ထွက်သွား။ရှင့်အဖေကလည်း သူဂုဏ်ယူရတဲ့ သူ့သားက တစ်ယောက်ယောက်အိမ်ထဲကို ကျူးကျော်ပြီးဝင်တာသိရင် ပျော်မှာမဟုတ်လောက်ဘူး"

လီဝေ့က အရည်အချင်းရှိတဲ့ လူတစ်ယောက်ဖြစ်ပြီး ဝောာ်ဝင်စာမေးပွဲမှာ အောင်မြင်ခဲ့တဲ့ စာဖြေသူ တစ်ယောက်ဖြစ်သည်။ဒီနှစ် သူက နန်းတော်စာမေးပွဲမှာ အမှတ်အမြင့်ဆုံးကို ရရှိဖို့ မျှော်မှန်းထားသည်။သူ အမြင့်ဆုံးကို မရရင်တောင်မှ အရာရှိတစ်‌ယောက် ဖြစ်လာနိုင်သေးသည်။သူ့အဖေက အမြဲတမ်း သူ့ကို အရမ်းဂုဏ်ယူနေတာဖြစ်သည်။အဲ့ဒါ‌ကြောင့်ပဲ သူ့သားရဲ့ တဏှာရမ္မက်ကြီးတာကို မျက်စိတစ်ဖက်ပိတ်ပေးထားတာ ဖြစ်သည်။သူ့အတွက်တော့ သူ့သားက ပညာရေးကနေ မလွဲချော်သွားသရွေ့ အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး အများကြီး ဂရုမစိုက်ပေ။

နင်းမုန့်ယောင်က သူ့အဖေကို အသုံးချပြီး သူ့ကို ဖိအားပေးတာကို ကြားရတော့ လီဝေ့က မျက်မှောင်ကြုတ်လိုက်တယ်။ကြည့်ရတာ ဒီမိန်းကလေးက သာမန်ရွာသူတစ်ယောက် ဖြစ်ပုံမရပေ။

ချောင်ထျန်းချန် တောင်ပေါ်ကနေ ပြန်လာတဲ့အချိန် သူ့တံခါးရှေ့မှာ ယောကျာ်းတစ်ယောက်ရပ်နေကြီး နင်းမုန့်ယောင်က စက်ဆုပ်ရွံရှာတဲ့ပုံပေါ်နေတာကို တွေ့လိုက်ရသည်။

သူက နင်းမုန့်ယောင်ဆီ အမြန်သွားပြီး သူမရဲ့ တွန့်ချိုးနေတဲ့ မျက်ခုံးတွေကို ပွတ်သပ်ကာ

"ဒီမှာ ဘာတွေဖြစ်နေတာလဲ။မင်းက ဘာလို့ အရမ်း ဒေါသထွက်နေရတာလဲ"

"ကျူးကျော်လာတဲ့လူရှိတယ်လေ"

နင်းမုန့်ယောင်က သေချာမရှင်းပြပေမယ့် ချောင်ထျန်းချန် သဘောပေါက်သည်။

လီဝေ့ဘက်ကို လှည့်လိုက်ပြီး သူ့မျက်လုံးတွေက မကျေမနပ်ဖြစ်နေကာ

"ဒီအရူးက ဘယ်ကနေ ရောက်လာတာလဲ"

သူက အရူးတစ်ယောက်ပဲ မဟုတ်ဘူးလား?သူ့ကို မကြိုဆိုတဲ့ အိမ်ရှေ့မှာ ရပ်နေသေးတယ်။သူက ပြဿနာရှာနေတာပဲ။

လီဝေ့ရဲ့ အမူအရာက ဆိုးရွားသွားပြီး ချောင်ထျန်းချန်ကို စိုက်ကြည့်လိုက်တယ်။ဒီယောက်ျားနဲ့ အလှလေးရဲ့ ပတ်သက်မှုက ဘာလဲ?သူတို့က ဘာလို့ အရမ်း ရင်းနှီးနေရတာလဲ?

"ထျန်းချန် ကျွန်မ ဒီလူကို မမြင်ချင်ဘူး။ကျွန်မလေ သူ့ရဲ့ ရွံစရာကောင်းတဲ့ မျက်လုံးတွေကို ကြည့်ပြီး ဖောက်ထုတ်ပစ်ချင်တယ်"

သူမ အမုန်းဆုံးက တစ်ခြားလူတွေက သူမကို ဒီလို ရွံစရာကောင်းတဲ့ အကြည့်နဲ့ လာကြည့်တာကိုပဲ။

ချောင်ထျန်းချန်က ခေါင်းငြိမ့်လိုက်ပြီး သူမ ပုခုံးကို ပုတ်ကာ

"စိတ်လျှော့နော်"

All Chapters