အခန်း ၁၆၇
Vol. 7 Ch. 167
Chapter 167
ရန်ကွေ့က သူမဘေးနားက ဟောင်းနွမ်းနေတဲ့အဝတ်တွေဝတ်ထားတဲ့ အစေခံရဲ့ လက်မောင်းကို ဆွဲလိုက်သည်။ရန်ကွေက အစေခံရဲ့ လက်မောင်းကို ထိုးစိတ်ပြီး နာကျင်တာကြောင့် မျက်ခုံးတွန့်သွားသည်။
"နာတယ်"
"နာကျင်တာက တစ်ခုထဲသော နည်းလမ်းပဲ။အဲ့ဒီမြေခွေးမက ငါ့လူကို မြူဆွယ်ရဲတယ်ပေါ့လေ။ငါ သူ့(မ)ကို သေအောင် လုပ်ပစ်မယ်"
အစေခံကောင်မလေးက ရန်ကွေ့ရဲ့ ရက်စက်တဲ့အကြည့်ကိုတွေ့ပြီး ကြောက်ရွံ့တုန်လှုပ်သွားကာ မလှုပ်ရဲတော့ပေ။
ကြောက်နေတဲ့ ကောင်မလေးကိုကြည့်ပြီး ရန်ကွေ့က ရွံသလို မောင်းထုတ်လိုက်သည်။
သခင်မချန်းက သူမရဲ့ စိတ်တိုနေတဲ့ သမီးကိုကြည့်ပြီး မတတ်နိုင်ဘဲ မျက်မှောင်ကြုတ်သွားကာ
"ဘာဖြစ်လို့လဲ"
"အမေ သမီးအရမ်းစိတ်တိုနေတယ်"
"ဘာဖြစ်တာလဲ။ဘာလို့ ငါ့သားမက်က ထွက်သွားတာလဲ။သူဒီမှာ ရက်နည်းနည်းလောက်နေမယ်လို့ ပြောထားတယ် မဟုတ်ဘူးလား"
သူမက ပွဲလုပ်ပြီး ပြဖို့တောင် စီစဉ်ထားတာ။သူ ထွက်သွားလိမ့်မယ်လို့ ဘယ်သူသိမှာလဲ?
ဘာဖြစ်တာလဲဆိုတဲ့ အကြောင်းကို ပြောတော့ ရန်ကွေ့က ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
"အမေ့ ဒါတွေအကုန်လုံးက နင်းမုန့်ယောင်အပြစ်တွေပဲ!အဲ့ဒီ မြေခွေးမပဲ!"
"အမ် ဒါက နင်းမုန့်ယောင်နဲ့ ဘာဆိုင်လို့လဲ"
သခင်မချန်းက မျက်မှောက်ကြုတ်ပြီး မေးလိုက်သည်။
ရန်ကွေ့က သူမ နှုတ်ခမ်းတွေကို ကိုက်လိုက်ပြီး သခင်မချန်းကို သူမအကြံအစည်အကြောင်း ပြောပြလိုက်သည်။
သခင်မချန်းက ခဏလောက် တိတ်သွားပြီး ရန်ကွေ့ရဲ့ခေါင်းကို လက်ညိုးနဲ့ထိုးလိုက်ပြီး
"နင်ဘာတွေ တွေးနေတာလဲ?လီဝေ့က နင့်ကို လုံးဝ သဘောကျသွားအောင် နင်မလုပ်နိုင်သေးဘူး ပြီးတော့ မှီခိုရမယ့် ကလေးလည်း မရှိဘူး။နင် ဘာလို့ ဒီလိုအရာမျိုးကို လုပ်ရတာလဲ။ ဒါက သူနင့်ကို အလိုလိုက်ဂရုစိုက်တာတွေကို ရပ်သွားစေတယ်ဟဲ့။ဘာလို့ ဒီလောက် မိုက်မဲရတာလဲ"
ဒီ မိုက်မဲတဲ့သမီးကြောင့်ပဲ သူမ သေရမှာပဲ။သူမသာ ကိုယ်ဝန်ရှိနေလို့ ဒါမျိုးလုပ်တယ်ဆိရင် သခင်မချန်းက ဘာမှပြောမှာ မဟုတ်ဘူး။ဒါပေမယ့် ဒီကောင်မလေးက ကိုယ်ဝန်မရှိဘဲနဲ့ ဒါမျိုးကို လုပ်ပစ်လိုက်တယ်။သခင်မချန်း ဒေါသထွက်နေရပြီ။
ရန်ကွေ့က လီဝေ့ရဲ့နင်းမုန့်ယောင်အပေါ် စွဲလမ်းမှုကို မြင်ပြီးတဲ့နောက် သူမရဲ့လုပ်ရပ်တွေကို နောင်တရနေပြီဖြစ်သည်။ပြီးတော့ အခု သူမ ပိုပြီးတော့တောင် ၎င်းကို နောင်တရသေးသည်။
ကိစ္စတွေက ဘယ်လိုလုပ် ဒီလို ဖြစ်သွားရတာလဲ?သူမ အရင်တုန်းက ထိုအကြောင်းကို မစဉ်းစားခဲ့မိဘူး အခုတော့ နောင်တရဖို့ နောက်ကျလွန်းသွားပြီ။
"အမေ သမီးဘာလုပ်သင့်လဲ" ရန်ကွေ့က မသေမချာနဲ့မေးလိုက်တယ်။
"နင် အခုမှပဲ စိုးရိမ်ရကောင်းမှန်း သိတယ်ပေါ့လေ....ဒါဆို နင်ဘာလို့ အဲ့ဒါကို လုပ်လိုက်သေးလဲ"
သခင်မချန်းက သူမမသမီးကို စိတ်တိုစွာနဲ့ စိုက်ကြည့်လိုက်တယ်။
"အမေ......"
"တော်တော့......အခု လီဝေ့ကို ရပ်ခိုင်းဖို့မဖြစ်နိုင်ဘူးဆိုတာ ငါသိတယ်။သူက သူ(မ)ကို စွဲလမ်းနေပြီ"
သခင်မချန်းက ရန်ကွေ့ကို ခွဲခြမ်းဖို့ ကူညီပေးတယ်။
ရန်ကွေ့ ဒါကိုသိတာပေါ့။သူမသိချင်တာက ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုပဲ။
သခင်မချန်းက ဘာမှမပြောခင် အတော်ကြာအောင် စဉ်းစားနေခဲ့ပြီး
"ငါတို့ ဒီစကားကို ရွာသားတွေဆီ ဖြန့်ပစ်ရမယ်။ဒါပေမယ့် ဒီအကြောင်းပြောနေတဲ့အချိန် နင်က နစ်နာသူနေရာမှ ရှိနေရမှာနော်။သဘောပေါက်လား"
ရန်ကွေ့က ထိုအကြောင်းကို စဉ်းစားကြည့်ပြီး သဘောပေါက်တယ်။ဒီနည်းလမ်းနဲ့ဆိုရင် ရွာသားတွေက နင်းမုန့်ယောင်ကို အရှက်မရှိဘူးလို့ ထင်သွားကြရုံတင်မကဘဲ နင်းမုန့်ယောင်ရှေ့မှာ လီဝေ့ကို ပိုပြီး ရွံရှာသွားအောင် လုပ်နိုင်ပြီး သူ့ကို ကြိုက်မှာ မဟုတ်တော့ဘူး။ဒီလိုသာဆိုရင် သူမက လီဝေ့နောက်ကို လွယ်လွယ်နဲ့ လိုက်မှာ မဟုတ်တော့ဘူး။ပြီးတော့ ဒီအချိန်အတွင်းမှာ ရန်ကွေ့ကတော့ ကိုယ်ဝန်ရပြီး လီဝေ့ရဲ့အချစ်ကို နောက်တစ်ကြိမ် ထပ်ရလိမ့်မယ်။အဆုံးထိ သူ နင်းမုန့်ယောင်ကို လိုချင်တယ်ဆိုရင်တောင်မှ သူမက သူ့ကို ရအောင် ကူညီပေးလိုက်မယ်။ဘယ်သူသိမှာလဲ။သူမ လီဝေ့ရဲ့ချစ်မြတ်နိုးမှုကို ပိုပြီးတော့တောင် ရသွားနိုင်သေးတယ်။
ဒီလိုစဉ်းစားပြီး ရန်ကွေ့က သဘောတူတဲ့အနေနဲ့ ခေါင်းငြိမ့်လိုက်သည်။
"ဒါဆို အမေ သမီးတို့ အဲ့လိုလုပ်ကြရအောင်"
"အခု ငါနဲ့လာခဲ့"
သခင်မချန်းက ရန်ကွေ့ကို အိမ်ထဲကနေ ဆွဲခေါ်သွားသည်။
ထွက်လာပြီးတဲ့နောက် သခင်မချန်းက နင်းမုန့်ယောင်က ဘယ်လောက်အရှက်မဲ့တယ်၊စေ့စပ်ထားပြီးသားကို သူ့သားမက်ကို မြူဆွယ်ဖြားယောင်းတယ်၊ သူမ ဘယ်လောက်ဒေါသဖြစ်နေတယ်ဆိုတာကို မျက်ရည်မကျဘဲ ငိုကြွေးကာ ပြောနေခဲ့သည်။
ရန်ကွေ့က သူမနှုတ်ခမ်းကို ကိုက်လိုက်ပြီး မျက်ရည်တွေရစ်ဝိုင်းလာကာ သူမက နစ်နာသူပုံစံလို ဖြစ်နေသည်။မသိနားမလည်တဲ့ လူတွေကပဲ အဲ့လိုထင်ကြတာဖြစ်သည်။
ဖြတ်သွားဖြတ်လာတွေက သူတိူ့တွေ အုတ်အော်သောင်းနင်း လုပ်နေတာကို မြင်တော့ မတတ်နိုင်ဘဲ မေးလိုက်သည်။
"မင်းပြောတော့ နင်းမုန့်ယောင်က မင်းသားမက်ကို မြူဆွယ်တယ်ဆို။ထူးဆန်းလိုက်တာ။ဒီနေ့ နင်းမုန့်ယောင်ကို တစ်ယောက်မှ ရွာထဲမှာ မမြင်မိပါဘူး။ဒါဆို သူ(မ)က မင်းသားမက်ကို ဘယ်လို မြူဆွယ်လိုက်တာလဲ"
သခင်မချန်းရဲ့ မျက်ရည်တွေနဲ့ ငြီးငြူသံက ရပ်တန့်သွားသည်။ဘယ်လိုပြန်ဖြေရမလဲဆိုတာ သူမ မသိပေ။
ဒါကို မြင်တော့ ရန်ကွေ့က သူတို့ရဲ့အကြံအစည် ပျက်ဆီးသွားမှာ စိုးရိမ်တာကြောင့် ချက်ချင်းပဲ အသံတိုးတိုးနဲ့ ရှင်းပြလိုက်တယ်
"ကျွန်မယောကျာ်းကို ရွာထဲလိုက်ပတ်ပြတာပါ ပြီးတော့....."
ရန်ကွေ့က သူမ စကားတွေကို ဆုံးအောင် မပြောဘဲ မရှင်းမလင်းထားလိုက်သည်။
၎င်းက နင်းမုန့်ယောင်က သူတိူ့ဆီကို တမင်တကာ ရောက်လာပြီး သူမယောကျာ်းကို မြူဆွယ်တယ်လို့ အဓိပ္ပာယ်ရသွားလိမ့်မယ်။
လူတွေက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်။နင်းမုန့်ယောင်က ဒီလိုအရာမျိုးကို လုပ်လိမ့်မယ်လို့ သူတို့ မယုံကြဘူး။
နင်းမုန့်ယောင်နဲ့ချောင်ထျန်းချန်က ရွာကို အတူတူရောက်လာကြပြီး ရန်ကျူးရဲ့အိမ်ကို အသားယူသွားပေးသည်။လမ်းမှာ တစ်ယောက်ယောက်က နင်းမုန့်ယောင် မကောင်းကြောင်းပြောနေတာကို ကြားလိုက်ရပြီး အသံက အရမ်းကို ရင်းနှီးနေသည်။
ချောင်ထျန်းချန်ရဲ့ အကြည့်တွေက အေးစက်သွားပြီး
"ယောင်ယောင်က တစ်နေ့လုံး ငါနဲ့အမြဲရှိနေတာ။မင်းယောကျာ်းကို မြူဆွယ်တယ်လို့ပြောတယ်နော် သက်သေပြစမ်းပါ"