← Chapters

အခန်း ၁၆၈

Vol. 7 Ch. 168

အခန်း ၁၆၈

Vol. 7 Ch. 168

Chapter 168

သူပြောတာနားထောင်ပြီးတော့ လူအုပ်ကြီးက ဘာတွေဖြစ်နေလဲဆိုတာ သဘောပေါက်သွားကြတယ်။ဒါက အသရေဖျက်မှုပဲ။ပြီးတော့ ဒီအတွဲက အရမ်းချစ်ကြပြီး ဘယ်နေရာမှာပဲဖြစ်ဖြစ် အမြဲတမ်း အတူတူရှိနေကြတာ။တစ်ယောက်ယောက်က သူတို့ကို စွပ်စွဲတယ်ဆိုတာ လက်မခံနိုင်စရာပဲ။

"ရန်ကွေ့ ငါပြောမယ် နင်လည်း သိပ်မဆိုးတဲ့လူနဲ့ လက်ထပ်ထားတာပဲလေ တစ်ခြားလူတွေကို လျှောက်ပြီး စွပ်စွဲတာမျိုးတွေ မလုပ်သင့်ဘူး"

"ဟုတ်တယ်။မင်းဘာလို့ မုန့်ယောင်ကို ပြဿနာရှာရတာကို ကြိုက်နေရတာလဲ?သူ(မ)က မင်းကို ရန်စတာမျိုး ဘာတစ်ခုမှမလုပ်ပဲနဲ့"

လူကြီးအချို့က ဝေဖန်ကြပြီးတော့ အမေနဲ့သမီးက သူတို့ပြောဖို့ပြင်လာတဲ့ စကားလုံးတွေကို မေ့ကုန်ကြသည်။

နင်းမုန့်ယောင်က ရန်ကွေ့ကို ညှိုးငယ်စွာကြည့်လိုက်ပြီး

"ငါ နင့်ကို ဘယ်လိုရန်စမိလို့ နင်က ငါ့ကို တောက်လျှောက်ပြဿနာတွေရှာနေရတာလဲဆိုတာ တကယ့်ကို မသိတော့ဘူး"

"ဟုတ်တယ်။ဒီက မိန်းကလေးကွေ့ မင်း ကိုယ်ကျင့်တရားရှိရှိ နေသင့်တယ်"

"နင်တို့အားလုံး ပါးစပ်ပိတ်ထား!လိုက်ပြီးကျိန်ဆဲနေတာကို ရပ်လိုက်တော့"

ရန်ကွေ့ စိတ်တိုနေတယ်။အခုဆို သူမက အဆင့်အတန်းရှိတဲ့ လူတစ်ယောက် ဖြစ်နေပြီ။သူမကို မပျော်ရွှင်အောင်လုပ်တဲ့ ဘယ်သူမဆို သူမက သူတို့ကို ပျဉ်ပြားနဲ့ရိုက်ခိုင်းလို့ရတယ်။

လင်ကျစ်ကျစ်က ရန်ကွေ့ကို ကြည့်ကာ ပြုံးလိုက်ပြီး

"အိုး??ငါတို့ တကယ်ပဲ အရမ်း‌ကြောက်နေပါပြီနော်"

"ဟုတ်တယ်ဟေ့!ငါတို့ကို ကြည့်ပါဦး!ငါတို့ အရမ်းကြောက်နေပြီ"

လူအုပ်ကြီးက ရန်ကွေ့ရဲ့အဓိပ္ပာယ်ကို နားလည်တယ်ဆိုတာ ထင်ရှားသည်။

သူမက မြို့ဝန်ရဲ့သားကို ကိုယ်လုပ်တော်အနေနဲ့ လက်ထပ်တာ မဟုတ်လို့လား?အဲ့ဒါက ဘာများ အံ့ဩစရာကောင်းနေလို့လဲ?

ချောင်ထျန်းချန်က ဘေးနားမှာရပ်ပြီး နင်းမုန့်ယောင်ကို ကြည့်နေခဲ့သည်။သူက ဘာတစ်ခုမှ မပြောဘဲ နင်းမုန့်ယောင်ကိုသာ ချစ်ခင်မြတ်နိုးတဲ့အကြည့်နဲ့ ကြည့်နေခဲ့ပြီး တစ်စက္ကန့်တောင်မှ သူ့အကြည့်တွေက မရွေ့သွားခဲ့ပေ။

သူတို့နှစ်ယောက်က ဒီလိုမျိုး တရင်းတနှီးနဲ့ ချစ်ခင်နေပြီဆိုပေမယ့် သူတို့တွေက အခုထိ လက်ထပ်ဖို့လိုသေးတာကြောင့် ဒါက မသင့်လျော်တာ ဖြစ်ကောင်းဖြစ်နေနိုင်တယ်။ဒါပေမယ့် သူတို့နှစ်ယောက်က မိဘမဲ့တွေဆိုတာ စဉ်းစားကြည့်လိုက်တော့ သူတို့ဆက်ဆံရေးကောင်းတာက မဆိုးပေ။ဘာပဲဖြစ်ဖြစ် သူတို့က အနှေးနဲ့အမြန် လက်ထပ်ကြမှာပဲလေ။

ရန်ကွေ့က အေးစက်စက်ပြုံးလိုက်ပြီး ချောင်ထျန်းချန်ကို စိုက်ကြည့်ကာ

"ရှင်က အခုထိ သူ့(မ)အတွက် ကူပြောပေးနေသေးတာပေါ့လေ။တကယ့်ကို လောဘကြီးတဲ့ မြေခွေးမပဲ။သူ(မ)က ကျွန်မယောကျာ်းကို မြူဆွယ်လား မမြူဆွယ်ဘူးလားဆိုတာ ချောင်ထျန်းချန် ရှင်အဲ့အကြောင်းကို အရှင်းဆုံးပဲလေ"

"မင်းက ယောင်ယောင်က မင်းယောကျာ်းကို မြူဆွယ်တယ်လို့ပဲ ဆက်တိုက်ပြောနေတာ ဒါဆို သက်သေထုတ်ပြလေ"

‌ချောင်ထျန်းချန်က ချုံပုတ်ကိုကွေ့ပတ်ရိုက်မနေတော့ဘဲ တိုက်ရိုက်ပဲ မေးလိုက်သည်။ချုံပုတ်ကိုကွေ့ပတ်ရိုက်မနေတော့ဘဲ တိုက်ရိုက်ပဲ မေးလိုက်သည်။

ရန်ကွေ့ နင်သွားတယ်။သက်သေလား?သူမမှာ ဘာမှ ပြစရာမရှိဘူးလေ။

"အဲ့ဒါဘာလဲ?မင်း တစ်ခုမှ ထုတ်မပြနိုင်ဘူးလား?မင်း မလုပ်နိုင်ရင် ပါးစပ်ပိတ်လိုက်တော့"

ချောင်ထျန်းချန်က ရန်ကွေ့က ရွံ့ရှာစွာနဲ့ ကြည့်လိုက်သည်။ဒီမိန်းမကိုဆိုရင် သူအတော်လေး ရွံရှာစက်ဆုပ်တယ်။

ရန်ကွေ့က ချောင်ထျန်းချန်ကို စူးစူးစိုက်စိုက်ကြည့်လိုက်တယ်။အဲ့ဒီအမူအရာက အတော်လေးကို ဆိုးရွားနေပြီ။

"ချောင်ထျန်းချန် ရှင်ဒါကိုနောင်တရလိမ့်မယ်"

ရန်ကွေ့က ချောင်ထျန်းချန်ကို စိုက်ကြည့်နေခဲ့ပြီး သခင်မချန်းရဲ့လက်ကိုလှမ်းရိုက်ကာ အိမ်ပြန်သွားခဲ့သည်။

သူမ သမီးထွက်သွားတာကို ကြည့်ပြီး သူမသာ ဆက်နေနေရင် အရှက်ကွဲရလိမ့်မယ်ဆိုတာ သိတာ‌ကြောင့် သခင်မချန်းကလည်း နောက်ကနေလိုက်ပြီး အိမ်ပြန်သွားခဲ့သည်။လူတွေရဲ့ အပြစ်တင်ရှုံ့ချမှုက သူမမျက်နှာကို စပ်ဖျင်းနေစေသည်။

သူမသမီးက ခြံဝင်းထဲမှာ ဒေါသတကြီးနဲ့ စိတ်ဆင်းရဲစွာ ထိုင်နေတာကိုမြင်တော့ သခင်မချန်းရဲ့နှလုံးသားက နာကျင်သွားပြီး

"အမေတို့ နည်းလမ်းရှိဦးမှာပါ။မစိုးရိမ်ပါနဲ့"

ရန်ကွေ့က သဘောတူတဲ့အနေနဲ့ ဟမ်းလို့အသံပြုလိုက်ပြီး ဘာမှမပြောပေ။

အခွင့်အရေးလား?သူမ ဒီ အခွင့်အရေးလို့ခေါ်တဲ့ဟာကို လိုချင်တယ် ဒါပေမယ့် သူမ ပိုပြီးလိုချင်တာက နင်းမုန့်ယောင်က သူမ‌ခြေထောက်အောက်မှာ ဝပ်တွားခယလာဖို့ပဲ။

အဲ့ဒီလူကိုသာ ဝပ်တွားအောင်လုပ်လိုက်ရင် ဒါက သေချာပေါက်ကို စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စပဲ။

"အမေ့ရဲ့ချစ်သမီးလေး သူ့(မ)မှာ စီးပွားရေးရှိတယ် မဟုတ်လား"

သခင်မချန်းက ရုတ်တရက် ဒါကို စဉ်းစားမိသွားသည်။

"သမီးသိတယ်လေ။အဲ့တော့ ဘာဖြစ်လို့လဲ"

"ကွေ့အာ သမီးဘာလို့ ဒီလောက်တုံးနေရတာလဲ?အမေ‌ပြောမယ် သူ(မ)သာ စီးပွားရေးလုပ်ချင်တယ်ဆိုရင် ဘယ်သူ့ကို အရင် ဖြတ်သန်းရမှာလဲ" သခင်မချန်းက သတိပေးလိုက်သည်။

ရန်ကွေ့က ၎င်းကိုစဉ်းစားလိုက်ပြီး သခင်မချန်းပြောတဲ့အဓိပ္ပာယ်ကို သဘောပေါက်သွားတယ်။ဟုတ်တယ်။နင်းမုန့်ယောင်သာ တစ်ခုခုလုပ်ချင်ရင် ခွင့်ပြုချက်လိုမှာပဲ။သူမသာ လီဝေ့က သူမကို ကူညီနေသရွေ့ ဒါဆို သူမပြန်ပြီး လက်စားမချေနိုင်ဘူးလား?

"အမေ သမီး အခု ဘာလုပ်ရမလဲဆိုတာ သိသွားပြီ"

"ဒါဆို သမီး ဒီမှာအေးအေးဆေးဆေးနေသင့်တယ် အမေ သမီးအတွက် အကြံလေးဘာလေး စဉ်းစားပေးဦးမယ်။အချိန်ကျလာတဲ့အခါကျ သမီးပြန်သွားရင် ကိစ္စပြီးဖို့ ပိုလွယ်ကူလိမ့်မယ်"

သူမက နင်းမုန့်ယောင်နဲ့ချောင်ထျန်းချန်ကို ဖျက်ဆီးပစ်ချင်တယ်။ဒီနည်းလမ်းနဲ့ဆိုရင် သူတို့မိသားစုတစ်ခုထဲကပဲ ပိုင်ရှန်းရွာမှာ အချမ်းသာဆုံးဖြစ်လိမ့်မယ်။

ချမ်းသာတဲ့မိသားစု တစ်ခုဆို လုံလောက်ပြီ။နှစ်ခုက အရမ်းများလွန်းတယ်။

ရန်ကွေ့က အစက ချက်ချင်းပြန်သွားချင်ပေမယ့် အဆုံးမှာတော့ သူမက မပြန်ခင် ရက်အနည်းငယ်လောက် ထပ်နေဖို့ ဆုံးဖြတ်လိုက်သည်။သူမက ဒီရက်တွေမှာ လီဝေ့က နင်းမုန့်ယောင်ကို ဘယ်လောက်ဂရုစိုက်မလဲဆိုတာ ကြည့်ချင်သေးသည်။

သူမလုံးဝ မထင်ထားခဲ့တာက လီဝေ့က အိမ်ပြန်ရောက်တဲ့အချိန်မှာ နင်းမုန့်ယောင်နဲ့ချောင်ထျန်းချန်ရဲ့ နောက်ခံကို စုံစမ်းခဲ့သည်၊တစ်ခုခု မသင်္ကာစရာကောင်းတာရှိတာကို သူခံစားမိသည်။

စုံစမ်းမှုအရ သူတို့နှစ်ယောက်လုံးက မြို့တော်ကဖြစ်ပြီး မြို့တော်မှာ ချောင်မျိုးရိုးနဲ့မိသားစုက တစ်ခုထဲရှိသည်။ချောင်ထျန်းချန်က အဲ့ဒီမိသားစုနဲ့ ပတ်သက်မှု ရှိမရှိဆိုတာ သူမသေချာပေ။သူ(ချောင်ထျန်းချန်)ကသာ အမှန်တကယ် ပတ်သက်နေတယ်ဆိုရင်တော့ သူ့တစ်မိသားစုတစ်ခုလုံး ရှေ့ထားရင်တောင်မှ လုံလောက်ဦးမှာ မဟုတ်ဘူး။

All Chapters