← Chapters

အခန်း ၁၇၀

Vol. 7 Ch. 170

အခန်း ၁၇၀

Vol. 7 Ch. 170

Chapter 170

ချောင်ထျန်းချန်က သူ့ရှေ့က ရေနွေးကြမ်းခွက်ကနေ ရေနွေးကြမ်းတစ်ငုံသောက်လိုက်ပြီး အဲ့ဒီနောက် ရှောင်ချီထျန်းဘက်ကိုလှည့်ကာ

"အဲ့ဒါက မကောင်းလို့လား"

ရှောင်ချီထျန်းက ပြုံးပြီး ခေါင်းရမ်းကာ

"မဟုတ်ပါဘူး ကောင်းပါတယ်"

ချောင်ထျန်းချန်က အရမ်းအေးတိအေးစက်နေတဲ့ လူမျိုးဖြစ်တယ်။သူက သူ့ရဲ့ညီအစ်ကိုကောင်းတွေရှေ့မှာတောင် အေးစက်ပြီးတော့ သူတို့လုပ်တဲ့ဘယ်အရာကမှ သူ့အာရုံကို မဆွဲဆောင်နိုင်ဘူး။အခု သူက ချစ်ရတဲ့လူရှိနေတော့ အပြောင်းအလဲက သိသာထင်ရှားပြီး သူ‌တို့တွေကလည်း အဲ့ဒါကို စိတ်ချမ်းသာတယ်။ဘာပဲဖြစ်ဖြစ် သူက တစ်ယောက်ထဲမဟုတ်တော့ဘူးလေ။

ချောင်ထျန်းချန်က ပြုံးပြီးခေါင်းငြိမ့်လိုက်တယ်။သူလည်းပဲ အခု သူ့ရဲ့ဘဝကို သဘောကျတယ်။

ရန်ကွေ့ပြန်သွားပြီးတဲ့နောက် သူမက ချက်ချင်းလီဝေ့ကို သွားရှာခဲ့ပေမယ့် သူ့ကို ဘယ်နေရာမှာမှ ရှာမတွေ့ပေ။အချိန်တော်ကြာရှာပြီးတဲ့နောက် လီဝေ့က ကျွေ့ဟုန်စားသောက်ဆိုင်မှာဆိုတာ သိလိုက်ရသည်။အဲ့ဒီနေရာက ဆောင်ကြာမြိုင်ဖြစ်ပြီးတော့ ညစ်ညမ်းတဲ့အမျိုးသမီးတွေ ပြည့်နှက်နေတာဖြစ်သည်။

သူမရဲ့ယောကျာ်းက အဲ့လိုနေရာမျိုးကို သွားတယ်ဆိုတာ တွေးမိတော့ ယင်ကောင်တစ်ကောင်မြိုချလိုက်ရသလို ခံစားရတယ်:ခံစားချက်က သည်းမခံနိုင်စရာဘဲ။

ပိုပြီးတော့ အရေးကြီးတာက အဲ့ဒီနေရာက မိန်းမတွေက သစ္စာရှိတာနဲ့အရှက်သိက္ခာကို ဂရုမစိုက်ကြဘူး။သူတို့အင်္ကျီလက်တွေထဲမှာ ယောကျာ်းတွေကိုလှည့်စားဖို့ လှည့်ကွက်များစွာရှိတယ်။ရန်ကွေ့ရဲ့ယောကျာ်းကသာ သူတို့ဆီမှာ လှည့်စားခံလိုက်ရရင် သူမ အတော်လေး အရှက်ရမှာ။

ဒါကိုတွေးမိပြီးတော့ ရန်ကွေ့က လီဝေ့ရဲ့ဇနီးသည် ကျုံးယွဲ့ကို‌တွေ့ဖို့ သူမရဲ့ အိမ်တော်ကို သွားခဲ့သည်။

ရန်ကွေ့က ကိုယ်လုပ်တော်တစ်ယောက်ပဲဖြစ်တယ် ဒါကြောင့် သူမယောကျာ်းရဲ့ကိစ္စတွေမှာ ဝင်စွက်ဖက်လို့မရနိုင်ဘူး။ဒါပေမယ့် ကျုံးယွဲ့ကတော့ ကွာခြားတယ်။သူမက သူ့ရဲ့ ဇနီးသည်လေ။သူမရဲ့ခင်ပွန်းက ဆောင်ကြာမြိုင်ကိုသွားတာ စိတ်ပူသင့်တယ်လေ ဟုတ်တယ်မလား?

ဒါကို စိတ်ထဲမှာတွေးပြီးတော့ ရန်ကွေ့က မြန်မြန်လျှောက်သွားတယ်။သူမရောက်တဲ့အချိန် ကျုံးယွဲ့ကို အစေခံတွေက ဆေးဖက်ဝင်စွပ်ပြုတ်တိုက်နေတာဖြစ်သည်။

ဒီမြင်ကွင်းက ရန်ကွေ့ကို မနာလိုဖြစ်သွားစေတယ်။သူမကို ခစားဖို့ အစေခံတစ်ယောက်ပဲရှိပေမယ့် ကျုံးယွဲ့မှာတော့ အများကြီးရှိတယ်။အစေခံခေါင်းဆောင်ကိုဖယ်ထားလိုက်ရင်တောင်မှပေါ့။

"သခင်မလေး"

ရန်ကွေ့က သူမရဲ့မနာလိုမှုကို ထိန်းချုပ်ပြီး ကျုံးယွဲ့ကို နှုတ်ဆက်လိုက်တယ်။

ကျုံးယွဲ့က ရန်ကွေ့ကို အသာလေးကြည့်လိုက်ပြီး အဲ့ဒီနောက် သူမလက်ထဲက ခွက်ကိုဘေးချကာ သူမနှုတ်ခမ်းထောင့်ကို လက်ထဲက လက်ကိုင်ပုဝါနဲ့သုတ်လိုက်ပြီး အဲ့ဒီနောက်

"ထလို့ရပြီ"

ကျုံးယွဲ့က အမှန်အတိုင်းပြောရရင် ရန်ကွေ့ကို မမုန်းပေ ဒါပေမယ့် သူမကို လုံးဝ သဘောမကျဘူး။သူမ ရန်ကွေ့ကို မမုန်းတာက နာခံတတ်လို့ပဲဖြစ်တယ်။ရန်ကွေ့က သူမခင်ပွန်းကို ကောင်းကောင်းဆက်ဆံတယ်ဆိုတာ ‌အစေခံတွေဆီက ကြားရတာကြောင့် သူမ(ရန်ကွေ့)ကို အများကြီး စိတ်အနှောင့်အယှက်မပေးပေ။အဲ့ဒီအကြည့်ကပဲ ရန်ကွေ့ကိုအမြဲတမ်း မသက်မသာဖြစ်စေတယ်။

"သခင်မလေးကို ကျေးဇူးတင်ပါတယ်" ရန်ကွေ့က ကြမ်းပြင်ပေါ်ကနေ မတ်တပ်ရပ်ရင်း ကျုံးယွဲ့ကိုပြောလိုက်သည်။

"မင်းမှာ တစ်ခုခုပြောစရာရှိတယ်ဆိုရင် ပြောလေ"

ကျုံးယွဲ့က သူမရဲ့ သနားစရာကောင်းတဲ့ အသွင်အပြင်ကို ဘာတုံ့ပြန်မှုမှ မရှိပေ။ဘယ်လိုပဲဖြစ်ဖြစ် သူမက ယောကျာ်းတစ်ယောက်မှမဟုတ်တာ။အပြင်လူတစ်ယောက်ရဲ့ အမြင်ကနေဆိုရင် ရန်ကွေ့က အနိုင်ကျင့်ခံနေရတယ်လို့ သူတို့တွေ အထင်မှားသွားနိုင်တယ်။

"ကျွန်မကြားတာ သင့်ရဲ့ခင်ပွန်းက...."

ရန်ကွေ့က ခက်ခက်ခဲခဲပြောပြီးတော့ အတော်ကြာတဲ့အထိ ဘာမှဆက်မပြောပေ။

ကျုံးယွဲ့က စိတ်ရှုပ်လာတာကြောင့် အမိန့်ပေးလိုက်သည်။

"သူ ဘာဖြစ်လို့လဲ"

"လူတွေကပြောကြတယ် သူ.....ကျွေ့ဟုန်ဆိုင်ကို သွားတယ်တဲ့"

ရန်ကွေ့က ကျုံးယွဲ့ကို စိတ်ပူနေတဲ့ပုံစံနဲ့ ဂရုတစိုက်ကြည့်လိုက်သည်။

ကျုံးယွဲ့က အသာလေးမျက်စိမှေးလိုက်ပြီး ရန်ကွေ့ကို စိုက်ကြည့်ကာ

"မင်းက အတော်လေး သတင်းနှံနှံ့စပ်စပ်ရှိတာပဲ။ငါက ဒီနေရာမှာ အချိန်အကြာကြီးရှိနေခဲ့တာတောင်မှ ဒီအကြောင်းကို မသိရဘူး။အခုမှ မင်းအမေအိမ်ကနေ ပြန်လာတဲ့မင်းက ငါ့ယောကျာ်းဘယ်မှာရှိနေလဲဆိုတာ ရှင်းရှင်းလင်းလင်း သိနေတာပဲ"

ရန်ကွေ့က ကျုံးယွဲ့စကားပြောတဲ့လေသံကနေ ဘာတွေတွေးနေလဲဆိုတာ မခန့်မှန်းနိုင်ပေ။

"သခင်မလေး ကျွန်မ အဲ့လိုမဆိုလိုပါဘူး"

"အိုး?ဒါဆို မင်းက ဘာကို ဆိုလိုတာလဲ" ကျုံးယွဲ့က မျက်ခုံးပင့်လိုက်တယ်။

ရန်ကွေ့က သူမနှုတ်ခမ်းတွေကိုကိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"အဲ့လိုနေရာမျိုးမှာ လူကောင်းတွေ ရှိပါ့မလား?ကျွန်မက သူအလှည့်စားခံရမှာ စိုးရိမ်လို့ပါ"

ကျုံးယွဲ့က လှောင်ရယ်ရယ်လိုက်ပြီး "ပြီးတော့ရော"

"သခင်မလေး သူ့ကို ပြန်မခေါ်သင့်ဘူးလား" ရန်ကွေ့က အနည်းငယ် ရှက်ရွံ့နေပြီး စိတ်မသက်မသာဖြစ်နေတဲ့ ပုံစံနဲ့ပြောလိုက်သည်။

ကျုံးယွဲ့က အေးစက်စက် ပြုံးလိုက်ပြီး

"ငါ့ယောကျာ်းကို ရှာနေတဲ့လူက မင်းလေ။ဒါပေမယ့် မင်းက ငါ့ကို အသုံးချဖို့ လုပ်နေတာလား?ရန်ကွေ့ ဒီလိုလုပ်ဖို့ မင်းကို ဘယ်သူက သတ္တိတွေပေးလိုက်တာလဲ"

ငါက တုံးအပြီးတော့ မျှော်လင့်ချက်မဲ့နေတယ်လို့ သူမက တကယ်ထင်နေတာလား?ငါက သူမရဲ့စကားတွေကနေ လှည့်စားခံလိုက်ရမယ်လို့ တွေးနေတာလား?

ကျုံးယွဲ့ နဲ့လီဝေ့ လက်ထပ်တဲ့အချိန်မှာ သူက ဘယ်လိုလူမျိုးလဲဆိုတာ သူမသိထားပြီးသားဖြစ်သည်။သူက ကျွေ့ဟုန်လိုမျိုး နေရာတွေကို သွားရတာ သဘောကျပေမယ့် ဘယ်တော့မှ ရှုပ်မလာခဲ့ပေ။

လီဝေ့ပြောသလိုပဲ အဲ့လိုနေရာတွေက သူ့ရဲ့ ကစားကွင်းပဲ။သူက မိန်းမတွေအများကြီးကို ကြိုက်တယ်ဆိုပေမယ့် ယောကျာ်းတွေအများကြီးနဲ့ရှိတဲ့ မိန်းမတွေကိုတော့ မကြိုက်ပေ။

ဒါကြောင့် ကျုံးယွဲ့က လီဝေ့ကို ကောင်းပေးပြီး လီဝေ့ကလည်း သူမကို ကောင်းကောင်း ဂရုစိုက်ပေးသည်။

"သခင်မ‌လေး ကျွန်မအဲ့လိုမရည်ရွယ်ပါဘူး"

ရန်ကွေ့က အမြန်ရှင်းပြလိုက်ပေမယ့် ထိတ်လန့်သွားတယ်။သူမ အမှားလုပ်မိပြီလား?ကျုံးယွဲ့က ဒေါသထွက်ပြီးတော့ သူ့ကို ပြန်ခေါ်ဖို့ တစ်ယောက်ယောက်ကို လွှတ်သင့်တာ မဟုတ်ဘူးလား?

ဘာပဲဖြစ်ဖြစ် အဲ့လိုဖြစ်သွားရင် လီဝေ့က သေချာပေါက် ကျုံးယွဲ့ကို စိတ်ပျက်သွားမှာပဲ။ပြီးတော့ ရန်ကွေ့က လီဝေ့ရဲ့နှစ်သက်မှုကို ရယူနိုင်မယ့် အခွင့်အရေးရပြီ။ဒါက ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ပစ်တာပဲ။

All Chapters