← Chapters

အခန်း ၁၇၁+၁၇၂

Vol. 7 Ch. 171+172

အခန်း ၁၇၁+၁၇၂

Vol. 7 Ch. 171+172

Chapter 171+172

171

လီဝေ့က သူ့အိမ်ကို ပြန်လာပြီးတဲ့နောက် သူ့ဆီလာတဲ့ မိန်းမတွေရဲ့ အမွှေးနံ့သာအားလုံးကို ဆေးကြောပစ်လိုက်ပြီး သူ့ဇနီးရဲ့ခြံဝင်းဆီ သွားခဲ့သည်။၎င်းက သူ့ရဲ့ အကျင့်ပဲဖြစ်သည်။သူ အပြင်ဘက်မှာ ဘယ်လောက်ပဲ အပျော်ရှာခဲ့ပါစေ သူအိမ်ပြန်လာတဲ့အခါကျရင် သူ့ဇနီးကိုတွေ့ပြီး သူမနဲ့စကားပြောတာဖြစ်သည်။

သူခြံဝင်းထဲကို ဝင်လာတဲ့အချိန် ကျုံးယွဲ့က မျက်မှောင်ကြုတ်နေပြီး ရန်ကွေ့ကိုအပြစ်တင်နေတာ တွေ့လိုက်ရသည်။သူက အသာလေး မျက်ခုံးပင့်ပြီး ကျုံးယွဲ့ဆီ လျှောက်သွားကာ

"ဘာဖြစ်တာလဲ?ဒေါသမထွက်ပါနဲ့ ကိုယ့်သားကို ထိခိုက်သွားလိမ့်မယ်"

"ရှင် ပြန်လာပြီပဲ"

"အင်း ဘာဖြစ်ကြတာလဲ"

လီဝေ့ ကြမ်းပြင်ပေါ်မှာ ထိတ်လန့်စိုးရိမ်နေတဲ့ ပုံစံနဲ့ ဒူးထောက်နေတဲ့ ရန်ကွေ့ကို လက်ညှိုးထိုးပြလိုက်သည်။

ကျုံးယွဲ့က အကူအညီမဲ့သလို လီဝေ့ကို ကြည့်လိုက်ပြီး

"သူ့(မ)အမေအိမ်ကနေ ပြန်ရောက်လာပြီးတော့ ဘယ်သူ့ဆီကနေ သတင်းကြားလာလဲဆိုတာ ကျွန်မလည်း သေချာမသိပါဘူး။ဒါပေမယ့် ရှင်က ကျွေ့ဟုန်ဆိုင်မှာလို့ သူ(မ)ကပြောတယ်။အဲ့ဒါနဲ့ သူ(မ)က ကျွန်မကို ရှင့်ကိုပြန်ခေါ်ဖို့ ပြောနေတာ"

"မင်းကို အဲ့ဒါ ဘယ်သူပြောလဲ" လီဝေ့ရဲ့မျက်နှာက ချက်ချင်းဆိုးရွားသွားတယ်။

သူ ကျွေ့ဟုန်စားသောက်ဆိုင်ကို သွားတဲ့အကြောင်းကို ကျုံးယွဲ့က ဟိုးအရင်ကတည်းက သိထားပေမယ့် သူက အဲ့လိုနေရာတွေမှာ အရှုပ်တွေမလုပ်ဘူးဆိုတာသိတော့ ဘာမှမပြောတော့ပေ။သူမသဝန်တိုပေမယ့်လည်း သူမက သူ့ကို အများကြီး မနှောင့်ယှက်ပေ။အဲ့ဒါ‌ကြောင့်လည်းပဲ သူက ကျုံးယွဲ့ကို အရမ်းကောင်းကောင်းမွန်မွန် ဆက်ဆံတာဖြစ်သည်။

အခု ကိုယ်လုပ်တော်သာသာက သူ့ရဲ့အလုပ်ကို နှောင့်ယှက်ရဲတယ်ပေါ့လေ။သူမ ဘယ်လိုလုပ် ဒေါသမထွက်ဘဲနေမှာလဲ။

"ကျွန်မ.....ကျွန်မ အဲ့လိုမဟုတ်....."

"အဲ့လိုမဟုတ်ရင် ဘာလဲ" လီဝေ့က ရန်ကွေ့ကို အေးစက်စွာ ကြည့်လိုက်သည်။

"ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့။ကျွန်မမှာ တစ်ခြားရည်ရွယ်ချက် မရှိပါဘူး။ကျွန်မက ရှင့်ကို ပြောစရာရှိလို့ပါ"

ရန်ကွေ့က ပျာယာခတ်ပြီး လက်တွေဝှေ့ရမ်းကာ သူမကိုယ်သူမ အမြန်ရှင်းပြဖို့ ကြိုးစားသည်။

လီဝေ့က နှာခေါင်းရှုံ့လိုက်ပြီး တိတ်နေခဲ့သည်။တစ်ဖက်က အစေခံခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်ပြီး

"သခင်လေး သူ(မ)က သခင်လေးရဲ့ကိုယ်လုပ်တော်ပါ။သခင်လေးရဲ့ အစေခံတစ်ယောက်အနေနဲ့ ကျွန်မဝင်ပြောသင့်တဲ့နေရာ မဟုတ်ပါဘူး ဒါပေမယ့် သူ(မ)လုပ်ခဲ့တာက ရမ်းကားလွန်းပါတယ်။သူ(မ)က သခင်ကြီးနဲ့သခင်မကြီးရှေ့မှာ ဒီလိုပြောလိုက်ရင် ဘယ်လိုလုပ်မလဲ။ကိုယ်လုပ်တော်တစ်ယောက်က ဘယ်လိုလုပ် အဲ့လောက်ရဲတင်းရတာလဲ?တစ်ခြားလူတွေသာ ဒီအကြောင်းကို သိသွားကြရင် သူတို့က ကျွန်မတို့မိသားစုက စည်းမျဉ်းစည်းကမ်းမရှိဘူးလို့ ပြောကြမှာ သေချာပါတယ်"

လီဝေ့က သူမကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။

"အဖွားမင် ကျေးဇူးပြုပြီး သူ့(မ)ကို ကောင်းကောင်းသင်ကြားပေးပါဦး"

အစေခံခေါင်းဆောင်မင်က ကျုံးယွဲ့ကိုယ်ဝန်စရှိကတည်းက သူမရဲ့ဘေးနားမှာနေဖို့ လီဝေ့ရဲ့အမေက ပို့ထားတာဖြစ်သည်။ရန်ကွေပြောတာနားထောင်ပြီး သူမကို ဒေါသထွက်သွားစေသည်။

"ဟုတ်ကဲ့ သခင်လေး"

"ယွဲ့အာ အထဲမှာ စကားပြောကြရအောင်" လီဝေ့က ကျုံးယွဲ့ရဲ့လက်ကို တွဲလိုက်ပြီး အိမ်ထဲကို အတူတူဝင်သွားကာ ရန်ကွေ့ကို လုံးဝ ဉပေက္ခာပြုထားခဲ့သည်။

ရန်ကွေ့က ထွက်သွားတဲ့ လီဝေ့နဲ့ကျုံးယွဲ့ကို စိုက်ကြည့်နေခဲ့သည်။ရက်အနည်းငယ်အတွင်း အခြေအနေတွေ ဘာလို့ ဒီလိုပြောင်းလဲသွားရတာလဲဆိုတာ သူမ မသိတော့ပေ။

"ရှင့်ရဲ့ လှပြီးတော့ဆွဲဆောင်မှုရှိတဲ့ ကိုယ်လုပ်တော်ကို ဂရုမစိုက်တော့ဘူးလား"

ကျုံးယွဲ့က သူတို့အိမ်ထဲဝင်ဝင်ချင်း လီဝေ့ကို မေးလိုက်သည်။

"အဲ့မှာ ဘာဂရုစိုက်စရာ ရှိလို့လဲ?သူ(မ)က ကိုယ့်ကို လှည့်စားရဲတယ် သူ(မ)ကို သင်ခန်းစာပေးသင့်တယ်" လီဝေ့က စိတ်တိုစွာ ပြောလိုက်သည်။

ကျုံးယွဲ့က မျက်ခုံးပင့်လိုက်ပြီး

"ရှင်ပြောတာ ဘာအဓိပ္ပာယ်လဲ"

သူ့လက်တွေနဲ့ သူမရဲ့ခါးကိုပွေ့ဖက်လိုက်ပြီး လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက သူရန်ကွေ့ရဲ့အိမ် သွားတဲ့အချိန် ဖြစ်ခဲ့တဲ့ကိစ္စတွေကို သူမကို ပြောပြလိုက်သည်။သူ စုံစမ်းမိတဲ့ အကြောင်းတွေကိုလည်း သူမကို ပြောပြသည်။

"နင်းမုန့်‌ယောင်က သာမန်အမျိုးသမီးတစ်ယောက် မဟုတ်ဘူး။သူ(မ)ဘေးနားက လူကဆို ပိုပြီးတောင် မရိုးရှင်းသေးတယ်။ပြီးတော့ ရန်ကွေ့က အဲ့ဒီနေ့တုန်းက ကိုယ့်ကိုတမင်တကာ အဲ့နေရာကို ခေါ်သွားတာ။သူ(မ)ရဲ့ ရည်ရွယ်ချက်က အရမ်းသိသာတယ်" လီဝေ့က မျက်မှောင်ကြုတ်လိုက်တယ်။

သူက အလှလေးတွေကို ကြိုက်တယ်ဆိုပေမယ့် အရူးတစ်ယောက်မဟုတ်ပေ။အဲ့ဒီနေ့တုန်းက ရန်ကွေ့က အရမ်းသိသာတယ်။သူမက မရည်ရွယ်ဘူးလို့ပြောရင်တောင် သူမယုံဘူး။

"အဲ့ဒီမိန်းမက လှလား" ကျုံးယွဲ့က သိချင်စွာ မေးလိုက်သည်။

လီဝေ့က ခေါင်းငြိမ့်လိုက်ပြီး "သူ(မ)ရဲ့မျက်နှာက အလှဆုံးတော့ မဟုတ်ဘူး ဒါပေမယ့် သူ(မ)ရဲ့ စိတ်နေစိတ်ထားက ထူးခြားတယ်"

"တကယ်လား" ကျုံးယွဲ့က မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး သူသဘောကျသွားတာကို မအံ့ဩတော့ပေ။

လီဝေ့က နှာခေါင်းရှုံ့လိုက်တယ်။ကျုံးယွဲ့ကို ပွေ့ဖက်ပြီးတော့ သူ့လက်ကို သူမရဲ့ဗိုက်ပေါ်တင်ကာ

"အဲ့အကြောင်း ထပ်မပြောနဲ့တော့။ကိုယ်အဲ့အကြောင်းစဉ်းစားလိုက်တိုင်း စိတ်တိုရတယ်။ကိုယ်သာ သူ(မ)ကို တကယ်အပြစ်လုပ်မိလိုက်ရင် အကျိုးဆက်တွေက ဘယ်လောက်ဆိုးမလဲဆိုတာ ကိုယ်မသိဘူး"

"ဒါဆို အဲ့ဒီအကြောင်း မတွေးနဲ့တော့ပေါ့"

"ဒါပေါ့" သူက အရူးမဟုတ်ဘူးလေ။

"သူ(မ)ကိုယ်သူ(မ) ဘယ်သူလို့ ထင်နေတာလဲ" ကျုံးယွဲ့က မျက်မှောင်ကြုတ်သွားတယ်။လီဝေ့သာ တစ်ခုခုဖြစ်သွားရင် ရန်ကွေ့အတွက် ဘာများကောင်းလို့လဲ?

လီဝေ့က ဟွန့်ခနဲ အသံပြုလိုက်ပြီး

"ရန်ကွေ့က ချောင်ထျန်းချန်ကို ကြိုက်ဖူးတယ် ဒါပေမယ့် သူက သူ(မ)ကို မကြိုက်ဘူးလေ။သူ(မ)ကိုယ့်ရဲ့ ကိုယ်လုပ်တော်ဖြစ်လာပြီးတော့ သူတို့ထက်သာတယ်လို့ ခံစားသွားရတာနေမှာပေါ့။အဲ့ဒါကြောင့် သူ(မ)က ကိုယ့်ရဲ့ အဆင့်အတန်းကိုအသုံးချပြီး အဲ့ဒီလူနှစ်ယောက်ကို ကိုင်တွယ်ချင်တာ။သူ(မ)လုပ်ဖို့ ကြိုးစားတာက ကိုယ့်ကိုအသုံးချပြီး နင်းမုန့်ယောင်ကို ဖျက်ဆီးဖို့ပဲ"

ရန်ကွေ့က ချောင်ထျန်းချန်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အထောက်အထားကို မသိပေ။သူမသာ သူတို့ကို တကယ်တစ်ခုခုလုပ်ပစ်လိုက်ရင် သူတို့တွေက ဘာမှ ပြောရဲမှာမဟုတ်တော့ဘူးလို့ တွေးပြီး ဒီလိုအကြံရလာတာဖြစ်သည်။

သူမ မသိခဲ့တာက ချောင်ထျန်းချန်ရဲ့ သရုပ်မှန်က မရိုးရှင်းပေ။

ကျုံးယွဲ့က စိတ်တိုစွာနဲ့ မျက်မှောင်ကြုတ်လိုက်ပြီး

"သူ(မ)က ဘာအဓိပ္ပာယ်လဲ?သူ(မ) အဲ့လိုလုပ်နေတာက ကျွန်မတို့ကို ထိခိုက်မှာ မဟုတ်ဘူးလား"

172

"မင်း အဲ့အကြောင်းကို စိုးရိမ်စရာမလိုပါဘူး။အခု မင်းလုပ်ရမှာက ကိုယ့်ကိုကိုယ် ကောင်းကောင်းဂရုစိုက်ပြီး ကိုယ့်ကို သားလေးတစ်ယောက် ပေးဖို့ပဲ "

လီဝေ့က ကျုံးယွဲ့ကို နမ်းလိုက်တယ်။သူမကို ဘယ်လို ဒေါသထွက်တာမျိုးမှ မရှိစေချင်ဘူး။

"ရှင်က ယောကျာ်းလေးလို့ပဲ ပြောနေတာ မိန်းကလေးဖြစ်နေရင် ဘယ်လိုလုပ်မလဲ"

ကျုံးယွဲ့က စိတ်တိုပြီး ပြောလိုက်သည်။

သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက တကယ်တော့ အတော်လေး နီးကပ်သည်။တစ်ခုထဲသော ပြဿနာက သူ့ရဲ့အပြင်မှာ ပွေရှုပ်တဲ့ အကျင့်ဖြစ်သည်။

"သမီးတစ်ယောက်ကလည်း ကောင်းပါတယ်။ကိုယ်တို့တွေ သမီးရပြီးသွားရင် သားတစ်ယောက်ရဖို့ ထပ်လုပ်လို့ရတာပဲလေ" လီဝေ့က တွန့်ဆုတ်ခြင်းမရှိ ပြောလိုက်သည်။

"ရှင် ရန်ကွေ့ကို ဘာလုပ်မယ် စီစဉ်ထားလဲ"

"အရင်ဆုံး အဖွားမင် သူ(မ)ကို သင်ခန်းစာပေးပါစေဦး။ပြီးရင်တော့ ကိုယ်သူ့ကို ကိုင်တွယ်လိုက်မယ်။ဒါပေမယ့် သူ(မ)ကသာ ပြဿနာရှာဖို့ အစီအစဉ်ရှိနေသေးတယ်ဆိုရင်တော့ ရက်စက်လို့ဆိုပြီး ကိုယ့်ကို အပြစ်တင်လို့မရဘူး"

သူက ချစ်စရာကောင်းတဲ့စိတ်နှလုံးသားရှိတဲ့ အမျိုးသမီးတွေကို နှစ်ခြိုက်တာဖြစ်ပြီး ရပိုင်ခွင့်တွေလုပ်တဲ့ မိန်းမမျိုးကို မဟုတ်ပေ။

ကျုံးယွဲ့မှာ သူ့မှာ ကိုယ်ပိုင်အကြံရှိတာသိတော့ သူ့ကိုဆက်ပြီး မမေးတော့ပေ။သူမက ရန်ကွေ့ကို လုံးဝ ရွံနေပြီဖြစ်သည်။

ရန်ကွေ့က လီဝေ့ကိုဆွဲဆောင်ပြီး နင်းမုန့်ယောင်ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ စဉ်းစားနေတုန်းဖြစ်သည်။ဒါပေမယ့် သိပ်မကြာခင်မှာပဲ အဖွားမင်က သူမကို ဆွဲခေါ်သွားပြီး စည်းကမ်းအကြောင်း သင်ခန်းစာပေးသည်။ရန်ကွေ့က ကြောက်လန့်ပေမယ့် မငြင်းဆန်နိုင်ပေ။

လီဝေ့က လက်လျှော့လိုက်ပြီ ဖြစ်ပေမယ့် ရန်ကွေ့က အဲ့ဒါကို မသိပေ။သူမက လီဝေ့ကိုသာ အသုံးချနေချင်သည်။

ရှောင်ချီထျန်းရောက်လာပြီး ချောင်ထျန်းချန်ရဲ့ လက်ထပ်ပွဲအကြောင်းပြောသွားကတည်းက ချောင်ထျန်းချန်က ဒီရက်တွေမှာ အဲ့အကြောင်းကိုပဲ တွေးနေတာ ဖြစ်သည်။

"ရှင် ဒီရက်တွေမှာ ဘာတွေလုပ်နေတာလဲ"

နင်းမုန့်ယောင်က ချောင်ထျန်းချန် ငေးမောနေတာကို မြင်တော့ မတတ်နိုင်ဘဲ သူ့ခေါင်းကိုပုတ်ကာ ရယ်လိုက်သည်။

ချောင်ထျန်းချန်က သူ့ခေါင်းပေါ်က သူမလက်ကို ဆုပ်ကိုင်ကာ ဖယ်လိုက်ပြီး

"ယောင်ယောင် ကိုယ်တို့လက်ထပ်ကြဖို့ကို မင်းဘယ်လိုထင်လဲ"

လွတ်အောင်လုပ်နေတဲ့ နင်းမုန့်ယောင်က ရပ်တန့်သွားပြီး ချောင်ထျန်းချန်ကို လေးလေးနက်နက် ကြည့်ကာ

"ရှင်က ဘာလို့ လက်ထပ်ချင်တာလဲ?ရှောင်ချီထျန်းပြောသွားတာကြောင့်လား"

"အဲ့ဒါလည်း သေးသေးလေးပါတာပေါ့ ဟုတ်တယ်။တစ်ခြားအကြောင်းပြချက်ကတော့ ကိုယ်မင်းနဲ့ အမှန်တကယ်ကို လက်ထပ်ချင်တယ်"

သူ့ဘဝကို သူမနဲ့ နေသွားချင်တယ်။သူတို့ စေ့စပ်ပြီးတဲ့အချိန်ကတည်းက သူတို့က နေ့ဘက်ဆို အမြဲတမ်း အတူတူရှိနေပေမယ့် သူ မကျေနပ်နိုင်သေးပေ။

သူက သူမနားကို ဒီထက်ပိုပြီး နီးကပ်ချင်တယ်။သူမကို ညမှာ ထားမသွားချင်ဘူး။သူမ သူ့ရဲ့လက်မောင်းတွေထဲ ရှိတဲ့အချိန်တိုင်း ပိုပြီးတော့ ကြာကြာ ဖက်ထားချင်တယ်။

နင်းမုန့်ယောင်က သူ့ရဲ့လေသံကနေ အလေးအနက်ထားမှုကို သိနိုင်ပြီး ရယ်မောကာ

"ကောင်းပြီလေ အဲ့ဒါကို ကျွန်မရှင့်ဆီ အပ်ထားလိုက်မယ်"

"တကယ်လား" ချောင်ထျန်းချန်က စိတ်လှုပ်ရှားစွာနဲ့ မတ်တပ်ရပ်လိုက်သည်။သူ့မျက်လုံးတွေက တောက်ပနေကာ နင်းမုန့်ယောင်ကို စိုက်ကြည့်နေပြီး နင်းမုန့်ယောင်တောင်မှ ကြာကြာအကြည့်မခံနိုင်တော့ပေ။

နင်းမုန့်ယောင်က ခေါင်းငြိမ့်လိုက်ပြီး "အင်း တကယ်ပြောတာ"

နင်းမုန့်ယောင်ရဲ့ သဘောတူညီချက် ရပြီးတဲ့နောက် ချောင်ထျန်းချန်က စိတ်လှုပ်ရှားစွာနဲ့ လေလိုမျိူး အမြန်ပြေးထွက်သွားတာကြောင့် နင်းမုန့်ယောင်က မတတ်နိုင်ဘဲ နှုတ်ခမ်းကိုလက်နဲ့အုပ်ထားလိုက်သည်။(ပြောချင်တာက အံအားသင့်လို့ ဝါးဆိုပြီးဖြစ်သလို ပါးစပ်ကိုလက်နဲ့အုပ်ပြီးတော့လေ 🫢ဒါလေးနဲ့ဆင်တယ် လုပ်တဲ့ပုံစံက)

ချင်းရွှယ်နဲ့ကျန်တဲ့လူတွေက သူတို့ပြောတာကို ကြားကြသည်။

သူတို့ရဲ့ သခင်မလေးက လက်ထပ်တော့မှာ ဖြစ်တဲ့အတွက် သူတို့တွေ ကောင်းကောင်းပြင်ဆင်ထားရမယ်။

ဒါကို တွေးမိပြီးတော့ သူတို့က အခြားလူတွေကို သတင်းဖြန့်လိုက်သည်။သူတို့သခင်မလေးရဲ့ မင်္ဂလာပွဲက အခမ်းနားဆုံးနဲ့အစည်ကားဆုံး ဖြစ်နေရမယ်။

ချင်းကျူးက ဘာမှမလုပ်ပေ သူမက သူတို့ရဲ့အကောင်းဆုံး အနီရောင်ပိုးထည်ကို ပို့ပေးဖို့ လူတွေကို ပြောလိုက်သည်။သူမက နင်းမုန့်ယောင်အတွက် မင်္ဂလာဝတ်စုံချုပ်ပေးဖို့ ရည်ရွယ်ထားသည်။

ချောင်ထျန်းချန် ရန်ကျူးရဲ့အိမ်ကို ပြေးလာတဲ့အချိန် ရန်ကျူးက ရေသောက်နေတာဖြစ်ပြီး ချောင်ထျန်းချန်ကြောင့် အံ့ဩသွားသည်။သူ့ပါးစပ်ထဲက ရေသီးသွားပြီး အော်လိုက်သည်။

"ဘုရားရေ ထျန်းချန် မင်းဘာဖြစ်လာတာလဲ!ငါ့ကို အဲ့လို မခြောက်လို့ မရဘူးလား!"

ချောင်ထျန်းချန်က နည်းနည်းရှက်သလို ခံစားရပြီး နေရခက်စွာနဲ့ သူ့နှာခေါင်းကို ပွတ်လိုက်သည်။အဲ့ဒီနောက် သူက ရန်ကျူးရဲ့နောက်ကျောကို မြန်မြန်ပုတ်ပေးလိုက်ပြီး

"ဦးလေး ကျွန်တော် စိတ်လှုပ်ရှားနေတာ မတွေ့ဘူးလား"

"မင်းက ဘာလို့ စိတ်လှုပ်ရှားနေတာလဲ" ရန်ကျူးက မျက်လုံးလှိမ့်လိုက်သည်။

"ယောင်ယောင်က ကျွန်တော့်ကို လက်ထပ်ဖို့ သဘောတူလိုက်ပြီ။ကျွန်တော်က ဦးလေးနဲ့ဒေါ်လေးကို ကူညီပေးဖို့ မေးချင်လို့ ကျွန်တော်တို့ကလည်း ပြင်ဆင်တာတွေအကြောင်းကို အများကြီး မသိဘူးလေ"

ချောင်ထျန်းချန်က ရှက်ပြီးစိတ်လှုပ်ရှားနေခဲ့သည်။

ဒါကိုကြားတော့ ရန်ကျူးက အကူအညီမဲ့သလို ခေါင်းရမ်းလိုက်တယ်။အဲ့တော့ ဒါကြောင့် သူက အရမ်းပျော်နေတာပေါ့လေ။

"ကောင်းပြီ မင်းတို့နှစ်ယောက်လက်ထပ်ဖို့ နေ့ကောင်းရက်သာရွေးဖို့ ငါသူ(မ)ကို ပြောလိုက်မယ်။လက်ထပ်တာက ကိစ္စကြီးမလို့ သေသေချာချာ စီစဉ်သင့်တယ်"

ချောင်ထျန်းချန်က ခေါင်းငြိမ့်လိုက်တယ်။ဒါပေါ့ သူ့ရဲ့အမျိုးသမီးက အကောင်းဆုံးတွေနဲ့ပဲ ထိုက်တန်တယ်။

အိမ်ပြန်လာပြီးတဲ့နောက် သူက သူ့ညီအစ်ကိုတွေဆီ စာတစ်စောင်ရေးလိုက်ပြီး သူလက်ထပ်တော့မယ့်အကြောင်း သူတို့ကို ပြောလိုက်သည်။

ရှောင်ချီထျန်းနဲ့ရှောင်ချီဖုန်း နှစ်ယောက်လုံးက စာကိုရရှိတဲ့အချိန်မှာ ဘာစကားမှမပြောနိုင်‌တော့ဘဲ အံ့ဩသွားကြသည်။သူ လှုပ်ရှားတာ နည်းနည်းလေးများ အရမ်း မြန်မနေဘူးလား?

သူ အဲ့ကိုသွားခဲ့တာ ရက်အနည်းငယ်ပဲ ရှိသေးတာ မဟုတ်ဘူးလား?အခု ဒီမှာ သူ့အတွက် မင်္ဂလာဆောင်ဖိတ်စာရှိနေပြီ။

လဲ့အန်းနဲ့ကျန်တဲ့လူတွေက အအံ့ဩဆုံး ဖြစ်သည်။သူတို့ရဲ့ အေးစက်တဲ့ဆရာက လက်ထပ်တော့မှာလား?ဒါက တိုင်ဖွန်းထက်တောင် ယုံကြည်ဖို့ ခက်ခဲသေးတယ်။

All Chapters