အခန်း ၁၇၃
Vol. 7 Ch. 173
Chapter 173
ဒါက ဘယ်လိုပဲကြည့်ကြည့် တကယ့်ကို ထူးဆန်းတယ်။ဒါပေမယ့် အဆုံးမှာတော့ လဲ့အန်းက ၎င်းကို လက်ခံလိုက်ပါတယ်။
ဘာပဲဖြစ်ဖြစ် သူက ချောင်ထျန်းချန်နဲ့နင်းမုန့်ယောင်ကြားက အပြန်အလှန်ဆက်ဆံမှုကို မြင်ဖူးတဲ့လူတစ်ယောက်ပဲလေ။အရင်တုန်းက သူတို့တွေ စေ့စပ်လိုက်တယ်ဆိုတာ သူကြားတယ် အဲ့ဒါကြောင့် နောက်ဆုံးမှာ သူတို့လက်ထပ်တာက သဘာဝကျပါတယ်။
"ငါတို့တွေ ငါတို့ရဲ့ဆရာအတွက် မင်္ဂလာလက်ဖွဲ့ပြင်ထားရမယ်" လဲ့အန်းက သူ့မေးစေ့ကို ပွတ်ပြီး ပြောလိုက်သည်။
"ဟုတ်တယ်"
သူတို့အားလုံးက ဘယ်လိုလက်ဆောင်ပေးမယ်ဆိုတာကို သဘောတူလိုက်ကြပြီး ရှောင်ချီထျန်းက ချောင်ထျန်းချန်ရဲ့အိမ်ကို တန်းထွက်လာခဲ့သည်။
"ဘာလို့လဲ မင်းက အလျင်လိုတဲ့လူမဟုတ်ဘူးလေ"
ဘေးနားမှာ မင်္ဂလာဝတ်စုံချုပ်ဖို့အနီရောင်ပိုးထည်အုပ်ကို ကိုင်ထားပြီး ရပ်နေတဲ့ နင်းမုန့်ယောင်ကို ကြည့်ကာ ရှောင်ချီထျန်းက ဝမ်းပန်းတနည်းပြောလိုက်သည်။
"မင်း မနာလိုနေတာလား" ချောင်ထျန်းချန်က ရှောင်ချီထျန်းကို ပမာမခန့်ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။
သူ့မင်္ဂလာပွဲက သူနဲ့ဘာဆိုင်လို့လဲ?
"မုန့်ယောင် မင်း သူ့ကို ထိန်းသင့်တယ်"
ရှောင်ချီထျန်း နားပူသွားပြီ။မကြာခင် လက်ထပ်တော့မယ့် ယောကျာ်းတစ်ယောက်နဲ့ဆက်ဆံရတာ တကယ့်ကို ခက်ခဲတာပဲ။
နင်းမုန့်ယောင်က ကူကယ်ရာမဲ့သလို သူမလက်တွေကို ဝှေ့ရမ်းလိုက်ပြီး
"သူက ထိန်းလို့မရတော့ဘူး"
သူမ သူ့ကို လက်ထပ်ဖို့ သဘောတူလိုက်ကတည်းက သူက အရူးတစ်ယောက်နဲ့တူလာပြီး တစ်နေ့လုံး ရယ်နေတော့တာပဲ။သူက ဘေးနားမှာ ထိုင်ပြီးတော့တောင် အင်္ကျီချုပ်တာကို ပြီးတဲ့အထိ အကြင်နာတွေလွန်ပြီး ကြည့်နေတာကြောင့် သူမကတော့ သူ့ကို အိပ်မက်ကနေနှိုးလာအောင် ရေကန်ထဲ ပစ်ချချင်သွားတယ်။
"သူက ဘယ်လိုလုပ် ဒီလိုဖြစ်သွားတာလဲ"
ရှောင်ချီထျန်းက ချောင်ထျန်းချန်ရဲ့ ကလေးကလားပုံစံကို စိတ်ရှုပ်ထွေးစွာနဲ့ ကြည့်လိုက်သည်။သူ မတတ်နိုင်ပေမယ့် ပြောရဦးမယ်
"ငါ သူ့ရဲ့ အေးတိအေးစက်ပုံစံကိုပဲ ပိုပြီးရင်းနှီးတယ်"
ချောင်ထျန်းချန်က သူ့ကို စူးရှတဲ့အကြည့်တစ်ချက်နဲ့ ကြည့်လိုက်ပြီး
"မင်း စကားမပြောရင်တောင် ဘယ်သူမှ မင်းကို အနေတယ်လို့မထင်ဘူး"
ရှောင်ချီထျန်းက ရယ်လိုက်ပြီး
"ဒါပဲလေ မင်းက ဒီလိုပဲဖြစ်နေသင့်တာ"
"ငါမင်းနဲ့မတွေ့တာ တော်တော်ကြာသွားပြီကို မင်းက အခုထိ အရင်အတိုင်းပဲ"
နူးညံ့တဲ့အသံတစ်ခုက တံခါးကနေပေါ်ထွက်လာခဲ့သည်။
သူတို့သုံးယောက်က တစ်ပြိုင်နက်ထဲ လှမ်းကြည့်လိုက်ကြသည်။အဲ့ဒီနေရာမှာ ရပ်နေတဲ့ အနီရောင်ဝတ်စုံနဲ့ လူကိုမြင်တဲ့အချိန်မှာ
"သောက်ကျိုးနည်း မင်းက ဒီကို ဘာလာလုပ်တာလဲ"
"မင်းတောင်လာလို့ရမှတော့ ဘာလို့ ငါက မရရမှာလဲ"
ထိုလူက အထဲကို ဝင်လာခဲ့ပြီး ရှောင်ချီထျန်းရှေ့မှာရပ်ကာ ပြုံးပြီး မေးလိုက်သည်။
ရှောင်ချီထျန်းက ချောင်ထျန်းချန်ကို လှည့်ကြည့်ပြီး
"ထျန်းချန် မင်း ဒီ မကောင်းတဲ့ကောင်ကို ဖိတ်ထားတာလား"
"ရှောင်ချီထျန်း မင်း ဘာပြောလိုက်တာလဲ"
ထိုလူရဲ့ မျက်လုံးတွေက လှုပ်ရှားသွားပေမယ့် မျက်နှာကတော့ သိမ်မွေ့နူးညံ့နေတုန်းဖြစ်သည်။ဒါပေမယ့် ရှောင်ချီထျန်းကတော့ သူ့ကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။
"ဘာမှမပြောဘူး"
"သူပြောတာ မင်းက မကောင်းတဲ့ကောင်တဲ့"
ချောင်ထျန်းချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး သူ့ကြည့်ရတာ ရှောင်ချီထျန်း ကံမကောင်းတာကို ပျော်နေပုံရသည်။
ရှောင်ချီထျန်းက အံကြိတ်ပြီး ချောင်ထျန်းချန်ဘက်ကိုလှည့်ကာ
"မင်း စကားမပြောရင် သေသွားမှာမလို့လား"
"ဟင့်အင်း"
"ဆရာ ဒါ ကျွန်တော်တို့ရဲ့ အစ်မကြီးလား"
အနီရောင်နဲ့လူက ရှောင်ချီထျန်းကို အေးအေးဆေးဆေးကြည့်လိုက်ပြီး အဲ့ဒီနောက် သူမရဲ့ မင်္ဂလာဝတ်စုံချုပ်နေတဲ့ နင်းမုန့်ယောင်ကို ကြည့်လိုက်သည်။
ဟုတ်တယ် ဒီအမျိုးသမီးက အများကြီး ဆွဲဆောင်မှုမရှိပေမယ့် သူမက လုံးဝလှတယ် ပြီးတော့ သူမရဲ့ ပုံစံက နတ်သမီးတစ်ပါးနဲ့တူတယ်။
"ဟုတ်တယ်။ယောင်ယောင် ဒါ ကိုယ်တို့ရဲ့ စစ်ရေးအကြံပေး လင်းဇီရို။လင်းဇီရို ဒါ ငါ့ရဲ့သတို့သမီးလောင်း နင်းမုန့်ယောင်"
ချောင်ထျန်းချန်က နှစ်ယောက်ကို မိတ်ဆက်ပေးလိုက်သည်။
"တွေ့ရတာ ဝမ်းသာပါတယ်နော်"
"မိန်းကလေး နေကောင်းရဲ့လား?ဒါက သင်နဲ့ဆရာ့အတွက် လက်ဖွဲ့ပါ"
သူက စားပွဲပေါ်ကို သေတ္တာတစ်လုံးတင်ပေးလိုက်တယ်။
နင်းမုန့်ယောင်က အသာလေး မျက်ခုံးပင့်သွားပြီး သေတ္တာကို ဖွင့်ကြည့်လိုက်သည်။အထဲမှာ အရမ်းကြည့်ကောင်းတဲ့ ကျောက်စိမ်းတစ်စုံရှိနေသည်။
"ကျေးဇူးတင်ပါတယ်"
"ရပါတယ်။ဒါပေမယ့် မိန်းကလေး ကျွန်ဝောာ်တို့ရဲ့ အေးစက်စက်ဆရာနဲ့ မျက်နှာချင်းဆိုင်ရတာ ဘယ်လိုခံစားရလဲ?သူ့ကို ဘယ်လိုလုပ် သည်းခံနိုင်တာလဲ?သင်လည်းသိမှာပါ သူက တစ်နေ့လုံးနေလို့မှာ စကားငါးခွန်းပြည့်အောင် မပြောတဲ့လူမျိုးလေ"
လင်းဇီရိုက အရမ်းသိချင်မိတယ်။
ချောင်ထျန်းချန်က သူတို့နဲ့ရှိတဲ့အချိန်ဆို အမြဲတမ်း တိတ်ဆိတ်နေတာ။သူတို့အားလုံးက သူတစ်ယောက်ထဲ အထီးကျန်စွာနဲ့အသက်ကြီးသွားရမယ်လို့ ထင်ထားကြတာ။ဒါပေမယ့် သူက လက်တောင်လက်ထပ်တော့မယ်လို့ ဘယ်သူက မျှော်လင့်ထားမှာလဲ။ဒါက သူတို့အတွက် သတင်းကြီးပဲ။
နင်းမုန့်ယောင်က နားမလည်သလို လင်းဇီရိုကို ကြည့်လိုက်ပြီး
"သူက အရမ်းကောင်းပါတယ်" သူမနဲ့ရှိတဲ့အချိန်ဆို စကားတွေအများကြီး ပြောတယ်။
"အရမ်းကောင်းတာလား?ဘယ်လိုကောင်းတာလဲ"
နင်းမုန့်ယောင်က အဲ့အကြောင်းကို စဉ်းစားပြီး လေးလေးနက်နက် ပြောလိုက်တယ်
"သူက ကျွန်မအတွက် ဟင်းချက်ပေးတယ်၊မုန့်တွေလုပ်ပေးတယ် ပြီးတော့ ကျွန်မလိုချင်တာမှန်သမျှ ပေးသေးတယ်"
နင်းမုန့်ယောင် ပြောလိုက်တဲ့စကားကြောင့် လူနှစ်ယောက်က ချောင်ထျန်းချန်ကို ထူးဆန်းသလို ကြည့်လိုက်ကြတယ်။
"မင်းအတွက် ချက်ပြုတ်ပေးတာလား"
"မုန့်တွေလည်း လုပ်ပေးသေးတယ်ပေါ့လေ"
ရှောင်ချီထျန်းနဲ့လင်းဇီရိုက လုံးဝ မယုံဘူး။ချောင်ထျန်းချန်လို သန်သန်မာမာ ယောကျာ်းကြီးတစ်ယောက်က ဘယ်လို ဟင်းချက်ရမလဲဆိုတာ သိတယ်ပေါ့လေ။ပြီးတော့ မုန့်တွေလုပ်တယ်တဲ့လား?အဲ့ဒါ လိမ်နေတာပဲဖြစ်ရမယ် ဟုတ်တယ်မလား?
"မိန်းကလေး ကျွန်တော်တို့ဆရာ လုပ်ပေးတဲ့ မုန့်တွေက စားလို့ရတာ သေချာရဲ့လား" လင်းဇီရိုက သံသယဖြစ်စွာနဲ့မေးလိုက်သည်။
နင်းမုန့်ယောင်က ခေါင်းငြိမ့်လိုက်ပြီး
"သူတို့က စားကောင်းတယ် ပြီးတော့ အရမ်းအရသာရှိတယ်"
စားလို့ရတာလား?ပြီးတော့ အရသာရှိတယ်ပေါ့လေ? လင်းဇီရိုက သူနားကြားမှားတာလားဆိုတာ သေချာအောင် စစ်နေရတယ်။
#####
ဒီအခန်းလေးသဘောကျ ထျန်းချန်စွာနေတာ😂