အခန်း ၁၇၄
Vol. 7 Ch. 174
Chapter 174
ရှောင်ချီထျန်းက ချောင်ထျန်းချန်ဘေးကို လျှောက်သွားပြီး သူ့ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်တယ်။သူက သင်္ကာမကင်းဖြစ်စွာနဲ့
"နင်းမုန့်ယောင်ပြောတာ အမှန်ပဲလား?မင်းက ဟင်းဘယ်လိုချက်ရလဲဆိုတာ သိရုံတင်မကဘူး မုန့်တွေပါ လုပ်သေးတယ်ပေါ့လေ"
ဘယ်လိုပဲဖြစ်ဖြစ် ရှောင်ချီထျန်းက ၎င်းကို မယုံကြည်နိုင်ဘူး။
ဟုတ်တယ် သူ မယုံကြည်လို့ဆိုပြီး တစ်ယောက်မှ အပြစ်တင်လို့မရဘူး ဘာလို့လဲဆိုတော့ ဒါက သူတို့သိထားတဲ့ ချောင်ထျန်းချန် မဟုတ်ပေ။
ချောင်ထျန်းချန်က ယောကျာ်းပီသတဲ့ လူမျိုးဖြစ်တယ်။သူက မီးဖိုချောင်ထဲသွားပြီး စားစရာတွေချက်ပြုတ်တယ်ဆိုတာကို ယုံကြည်ဖို့က နတ်ပြည်ကိုသွားရတာထက် ပိုပြီးခက်ခဲသေးတယ်။ဒါက အကြားမှားတာပဲဖြစ်ရမယ် ဟုတ်တယ်မလား?
"မင်းက အဲ့ဒါနဲ့ပတ်သက်ပြီး ပြောစရာရှိလို့လား"
ချောင်ထျန်းချန်က မျက်မှောင်ကြုတ်ကာ ရှောင်ချီထျန်းဘက် လှည့်လိုက်သည်။ဟင်းချက်ပြီးတော့ မုန့်တွေလုပ်တာက ဘာများမှားနေလို့လဲ?မင်းက ဒီလိုကြီးကြီးမားမား တုံ့ပြန်နေဖို့ လိုလို့လား?
ရှောင်ချီထျန်းက သူ့ခေါင်းကို အမြန်ရမ်းလိုက်ပြီး
"မဟုတ်ပါဘူး ငါတွေးနေတာက နင်းမုန့်ယောင်က မင်းပုံရိပ်ထိခိုက်မှာစိုးလို့ ဒါကိုပြောတာလားလို့"
"ငါလည်း အဲ့ဒါအမှန်လို့ထင်တယ်" လင်းဇီရိုက ခေါင်းငြိမ့်လိုက်ပြီး ရှောင်ချီထျန်းရဲ့စကားတွေကို ထောက်ခံလိုက်သည်။
"တွေ့လား ငါတစ်ယောက်ထဲ အဲ့လိုတွေးနေတဲ့လူ မဟုတ်ဘူး အဲ့တော့........မင်း ငါတို့ကို မြည်းကြည့်ခိုင်းရင် ငါတို့မင်းကို ယုံမယ်လေ" ရှောင်ချီထျန်းက ပျော်ရွှင်စွာပြုံးလိုက်ပြီး ကခုန်နေခဲ့သည်။
ချောင်ထျန်းချန်က ရှောင်ချီထျန်းရဲ့ အရှက်မရှိတဲ့ပုံစံကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး
"မင်း အခုထိ အိပ်ပျော်နေတုန်းလား"
သူ့ကိုယ်သူ ဘယ်သူလို့ထင်နေတာလဲ?သူ့အတွက် ချက်ပေးရမှာထက် သတ်ပဲသတ်ပစ်လိုက်မယ်။
"အာ.....ငါတို့က ညီအစ်ကိုတွေလေကွာ"
"အဲ့တော့" ချောင်ထျန်းချန် ဂရုမစိုက်ဘူး။ငါတို့က ညီအစ်ကိုတွေဖြစ်တော့ရော ဘာဖြစ်လဲ?ညီနောင်တစ်ယောက်က ဇနီးသည်နဲ့ ယှဉ်နိုင်လို့လား?
"မင်း...."
နင်းမုန့်ယောင်က ဘေးနားမှာထိုင်နေပြီး သူတို့သုံးယောက် ရန်ဖြစ်တာကို ကြည့်နေလိုက်တယ်။သူမက ပြုံးလိုက်တယ်။သူတို့ရဲ့ဆက်ဆံရေးက တကယ့်ကို ရင်းနှီးကြတာပဲ။
နေ့ခင်း သူတို့တွေ ထမင်းအတူတူစားကြတဲ့အချိန်မှာ ရှောင်ချီထျန်းနဲ့လင်းဇီရိုက စားပွဲပေါ်က အစားအသောက်တွေကိုသာ စိုက်ကြည့်နေခဲ့သည်။နောက်ဆုံးတော့ လင်းဇီရိုက ဝမ်းနည်းစွာနဲ့ ပြောလိုက်သည်။
"အိုက်ယား......ဆရာသာ ဒါကိုလုပ်ခဲ့ရင်"
"မင်း ဝမ်းလျှောမှာမကြောက်ဘူးလား" ရှောင်ချီထျန်းက ထမင်းတစ်လုတ်ယူပြီး ပြောလိုက်သည်။
လင်းဇီရိုက ပြုံးလိုက်ပြီး "ငါ မင်းအရင်စားတာကို စောင့်မယ်လေ။မင်းဘာမှမဖြစ်ဘူးဆိုရင် ငါစားမှာပါ"
ချောင်ထျန်းချန်က သူတို့ကို အာရုံစိုက်ဖို့ အတော်လေးပျင်းနေခဲ့သည်။သူက နင်းမုန့်ယောင်အတွက် ဟင်းပွဲအချို့ရွေးထည့်ပေးလိုက်ပြီး သူ့ထမင်းကိုစားကာ ထိုနှစ်ယောက်ကို လုံးဝလျစ်လျှူရှုထားလိုက်သည်။
စုံတွဲရဲ့ချစ်ခင်ရင်းနှီးမှုက ရှောင်ချီထျန်းနဲ့လင်းဇီရိုတို့ကို မျက်တောင်မခတ်ကြည့်တဲ့အထိ ဖြစ်သွားစေတယ်။ချောင်ထျန်းချန်က သူတို့ကို အနည်းငယ် စိတ်မရှည်ဖြစ်လာပြီ ဖြစ်သည်။သူက ထမင်းပန်းကန်လုံးကို စားပွဲပေါ်ဆောင့်ချလိုက်ပြီး ဒေါသထွက်စွာ ပြောလိုက်သည်။
"မင်းတို့ စားဖို့အစီအစဉ်မရှိဘူးဆိုရင် ထွက်သွားကြ"
"ငါတို့စားမှာ ငါတို့စားမှာနော် ငါတို့အခုစားပြီ"
နှစ်ယောက်သား တညီတညွှတ်တည်းပြောလိုက်ကြသည်။
ချောင်ထျန်းချန်က ကူကယ်ရာမဲ့သလို ဆက်ပြီးတော့
"မင်းတို့စားလို့ပြီးသွားရင် ငါ့ဆီကနေ တတ်နိုင်သမျှ ဝေးဝေးကိုထွက်သွားကြ။ဒီနေရာကိုလာပြီး ငါတို့ကို မနှောင့်ယှက်နဲ့"
"ဆရာ မင်းသူငယ်ချင်းတွေကို အဲ့လောက်မတင်းကြပ်ပါနဲ့လား"
လင်းဇီရိုက စိတ်မကောင်းဖြစ်သွားတဲ့ပုံစံနဲ့ ချောင်ထျန်းချန်ကို ကြည့်လိုက်သည်။
ချောင်ထျန်းချန်က မျက်ခုံးပင့်လိုက်ပြီး
"မရဘူး" ဆိုပြီး ခပ်ပြတ်ပြတ် ပြောလိုက်သည်။
"မိန်းကလေးက မင်းကို ဘယ်လိုများသည်းခံလဲဆိုတာ ငါစဉ်းစားလို့ကိုမရဘူး" လင်းဇီရိုက သူနားမလည်နိုင်ဖြစ်နေတာကို ဖော်ထုတ်ခဲ့သည်။
နင်းမုန့်ယောင်က သူတို့တွေ သူမကို စကားဝိုင်းထဲ ဆွဲထည့်လာတာကိုကြည့်ပြီး အကူအညီမဲ့သလို ခံစားလိုက်ရသည်။
"ရှင်တို့ ရှင်တို့ကိစ္စပြောကြလေ ကျွန်မကို ရှင်တို့စကားဝိုင်းထဲ ဆွဲထည့်နေတာ ရပ်ပေးပါ့လား"
"မိန်းကလေး ကျွန်တော့်က တစ်ခြားအဓိပ္ပာယ်နဲ့ပြောတာ မဟုတ်ပါဘူး" လင်းဇီရိုက အမြန်ပြန်ဖြေလိုက်သည်။
"ကျွန်မသိပါတယ်" နင်းမုန့်ယောင်က အကူအညီမဲ့စွာနဲ့ ပြန်ပြောလိုက်တယ်။နောက်ဆုံးမှာ သူမက ချင်းရွှယ်နဲ့တစ်ခြားလူတွေနဲ့အတူ ငါးကန်ကိုလိုက်သွားပြီး သူတို့ယောကျာ်းလေးတွေအတွက် နေရာပေးခဲ့သည်။
နင်းမုန့်ယောင်ထွက်သွားတာကို ကြည့်ပြီးတဲ့နောက် ချောင်ထျန်းချန်က မေးလိုက်သည်။
"ပြော မင်း ဒီကို ကိုယ်တိုင်ကိုယ်ကျရောက်လာတာ ဘာဖြစ်လို့လဲ"
လင်းဇီရိုက ခဏလောက် ကြောင်သွားပြီး အဲ့ဒီနောက် ရယ်ကာ အေးစက်စက် ပြုံးလိုက်သည်။
လင်းဇီရိုရဲ့ အမူအရာကိုကြည့်ပြီးတော့ တစ်ခုခုဖြစ်နေပြီဆိုတာ ချောင်ထျန်းချန် သိလိုက်သည်။
"ပြောစမ်းပါ"
"ဆရာ မင်းရဲ့မင်္ဂလာဆောင်ကို အရမ်းကြီးကျယ်ခမ်းနားအောင် မလုပ်တာ ပိုကောင်းမယ်လို့ထင်တယ်"
ချောင်ထျန်းချန်က မျက်မှောင်ကြုတ်သွားတယ်။သူက ဘာကိုဆိုလိုတာလဲ?မင်္ဂလောင်ဆောင်ကို အရမ်းကြီးကျယ်ခမ်းနားအောင် မလုပ်နဲ့ဆိုတာ ဘာအဓိပ္ပာယ်လဲ?
"ဒီတစ်ခေါက် ချောင်ကျန်းဟုန်လွှတ်လိုက်တဲ့လူက ချောင်ထျန်းယွီပဲ။သူက ချောင်ထျန်းယွီကို မင်းကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရအောင်ပြန်ခေါ်လာဖို့ အမိန့်ပေးထားတယ်။သူ မင်းကို ပြန်ပေးဆွဲရမယ်ဆိုရင်တောင်မှ သူက လုပ်မှာပဲ"
လင်းဇီရိုက ရှင်းပြလိုက်သည်။
ချောင်ထျန်းယွီက အတော်လေး အရည်အချင်းရှိပေမယ့် ကံမကောင်းစွာနဲ့ပဲ သူ့အရည်အချင်းကို ချောင်ကျန်းဟုန်က လုံးဝဂရုမစိုက်ခဲ့ဘူး။အဆုံးမှာတော့ ချောင်ထျန်းယွီက ချောင်ကျန်းဟုန်အတွက် လက်ကိုင်တုတ်သာသာပဲ။