အခန်း ၁၇၅
Vol. 7 Ch. 175
Chapter 175
ချောင်ထျန်းချန်နဲ့ကျန်တဲ့လူတွေက ချောင်ထျန်းယွီလိုလူမျိုးကို သဘောမကျပေ။ဘာကြောင့်လဲဆိုတော့ သူ့လိုလူမျိုးတွေက သူတို့ရဲ့ ရည်ရွယ်ချက်ပျောက်ဆုံးပြီး ချောင်ကျန်းဟုန်ရဲ့အမိန့်ကို နာခံဖို့တစ်ခုတည်းသာ သိကြတာဖြစ်သည်။
ချောင်ထျန်းချန်က မျက်မှောင်ကြုတ်သွားပြီး "ချောင်ထျန်းယွီလား"
"ဟုတ်တယ်။ရိုးရိုးသားသားပြောရရင် ချောင်ကျန်းဟုန်က ချောင်ထျန်းယွီကို ရုပ်သေးရုပ်ဖြစ်လာအောင် ဘယ်လိုမျိုးလုပ်လိုက်လဲဆိုတာ ငါတို့တော်တော်လေး သိချင်မိတယ်"
လင်းဇီရိုနဲ့ရှောင်ချီထျန်းနှစ်ယောက်လုံး ခေါင်းခါလိုက်ကြသည်။
ချောင်ထျန်းချန်က နှာခေါင်းရှုံ့လိုက်ပြီး
"ဘာဖြစ်နိုင်ဦးမှာလဲ?လူတစ်ယောက်ကိုထိန်းချုပ်ဖို့ နည်းလမ်းတွေ အများကြီးရှိတယ်"
သူက မူးယစ်ဆေးဝါး ဒါမှမဟုတ် တစ်ခြားနည်းလမ်းတွေ သုံးနိုင်တယ်။၎င်းက သူ့ရဲ့ ရည်မှန်းချက်တွေကို ရယူပေးနိုင်သရွေ့ သူက ဘာမဆိုလုပ်မှာ ဖြစ်တယ်။
ချောင်ထျန်းယွီက တကယ်ပဲ သူ့ကို လိုလိုလားလားနဲ့ နာခံခဲ့တာလား?ချောင်ထျန်းယွီက သူ့ကိုထိန်းချုပ်ထားတဲ့ လက်ကို ဖယ်ရှားပစ်ချင်တယ်ဆိုတာ ချောင်ထျန်းချန်ယုံတယ်။
"မင်းဘာကိုဆိုလိုတာလဲ"
"သူက ဘယ်လိုလူမျိုးလို့ မင်းတို့ထင်လဲ"
ချောင်ထျန်းချန်က သူတို့နှစ်ယောက်ကို ဘာမှမဖြစ်သလို မေးလိုက်သည်။သူက ချောင်ထျန်းယွီလာတဲ့အချက်ကို လုံးဝ စိတ်မပူပေ။
ရှောင်ချီထျန်းနဲ့လင်းဇီရို နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အဲ့ဒီနောက် တစ်ပြိုင်တည်း ပြန်ဖြေလိုက်ကြသည်။
"သူက အရမ်းအရည်အချင်းရှိတဲ့ လူတစ်ယောက်ပဲ"
"ဟုတ်တယ် သူက အရမ်းအရည်အချင်းရှိတယ်။ဒါဆို ဘာလို့ သူ့လိုမျိူး အရည်အချင်းရှိတဲ့လူတစ်ယောက်က လိုလိုလားလားနဲ့ လက်အောက်ခံအဖြစ် နေရတာလဲ" ချောင်ထျန်းချန်က ငေါ့တော့တော့ ပြောလိုက်သည်။
မဟုတ်မှ ချောင်ထျန်းယွီက စတင်ပုန်ကန်နေပြီဆိုတာကို ချောင်ကျန်းဟုန် သတိမပြုမိတာဖြစ်မယ်။
"ငါသိပြီ.....ဒါဆို ဒီတစ်ခေါက် သူလာတာက......."
"သူက ချောင်ကျန်းဟုန်ရဲ့ အမိန့်ကိုနာခံပြီးတော့ ဒီကိုလာလိမ့်မယ်။ဒါပေမယ့် ငါ့ဆီက တစ်ခုခုမကြားရမချင်း သူဘာမှ အလျင်စလိုလုပ်မှာမဟုတ်ဘူး။နောက်ပြီးတော့ ချောင်ကျန်းဟုန်က အသုံးမဝင်ဘူးလေ မဟုတ်ဘူးလား?"
ချောင်ကျန်းဟုန်က ဗိုလ်ချုပ်တစ်ယောက်မဟုတ်တော့ပေ ပြီးတော့ ချောင်ထျန်းယွီက သူ့ကို အသုံးချပြီးတော့ ရာထူးတက်ချင်သည်။အမှန်အတိုင်းပြောရရင် အထက်ကိုတက်နိုင်တာနဲ့ပဲ ထိန်းချုပ်မှုကို ဖယ်ထုတ်ဖို့ဆိုတာ မဖြစ်နိုင်ပေ။ဒါ့အပြင် ချောင်ထျန်းယွီက ချောင်ကျန်းဟုန်ရဲ့သားမဟုတ်ဘူးဆိုတဲ့ ထင်ကြေး ချောင်ထျန်းချန်မှာ ရှိနေသည်။
မဟုတ်ရင် ချောင်ကျန်းဟုန်ရဲ့ကလေးအများစုက ချောင်ထျန်းယွီနဲ့ မယှဉ်နိုင်ကြပေ။အဲ့ဆို ဘာလို့ အဆုံးကျ ချောင်ထျန်းယွီက ချောင်ကျန်းဟုန်ရဲ့ ရုပ်သေးရုပ်ဖြစ်လာရတာလဲ?
ဟုတ်တာပေါ့ ဒါတွေအားလုံးက ချောင်ထျန်းချန်ရဲ့ ယူဆချက်တွေပဲ။
ရှောင်ချီထျန်းရဲ့မျက်နှာက ဖြူဖျော့သွားပြီး ချောင်ထျန်းချန်ကို ကြည့်လိုက်တယ်။သူက အဝေးရောက်နေတာ ကြာပြီမဟုတ်ဘူးလား?ဘယ်လိုလုပ် ဒီလောက် ရှင်းရှင်းလင်းလင်း သိနေတာလဲ?
"ထျန်းချန် မင်း စိတ်မပူဘူးလား"
"ငါက အဲ့လောက် စိတ်ပူမနေပါဘူး။ရောက်လာမယ့်အရာက ရောက်လာမှာပဲလေ။ငါအရင်ကလည်း ပြောဖူးသားပဲ ယောင်ယောင်က ငါ့အားနည်းချက်မဟုတ်ဘူး"
နင်းမုန့်ယောင်မှာ သူမကိုယ်သူမ မာနရှိတယ်။သူ နင်းမုန့်ယောင်နဲ့ နီးစပ်လာတဲ့အချိန်မှာ သူမကို ညီတူညီမျှဆက်ဆံတယ်။သူ့ရဲ့စိတ်ပူမှုက သူမပေါ်မှာထားတဲ့ ချစ်ခြင်းမေတ္တာနဲ့ဂရုစိုက်မှုကြောင့်ပဲ။
နင်းမုန့်ယောင် အမှန်တကယ်ပဲ လိုချင်နေသရွေ့ ဒီခြံဝင်းငယ်လေးက ဘယ်သူမှ ဖောက်ထွင်းလို့မရနိုင်တဲ့ သံပုံးတစ်ခု ဖြစ်သွားနိုင်သည်။
ရှောင်ချီထျန်းက ပြောစရာစကားကင်းမဲ့သွားတယ်။ဒါပေမယ့် ထုန်ပေါင်ကျိုက်အကြောင်းကို တွေးမိတဲ့အချိန်မှာ သူ့မှာချက်ချင်း ဘာမှ ပြောစရာမရှိတော့ပေ။ထုန်ပေါင်ကျိုက်မှာ အစွမ်းအစရှိတဲ့လူတွေ အများကြီးရှိတယ်။ပြီးတော့ နင်းမုန့်ယောင်အနားမှာလည်း အများကြီးရှိတယ်။ဖြစ်နိုင်တာက သူမက နှောင့်ယှက်မခံချင်တာပဲ ဖြစ်ရမယ်။
"သဘောပေါက်ပြီ"
လင်းဇီရိုက သူတို့ တစ်ယောက်နဲ့တစ်ယောက် ပြောနေကြတာကို စောင့်ကြည့်နေပြီး ရုတ်တရက် မကျေမနပ်ခံစားလိုက်ရတယ်။
"မင်းတို့နှစ်ယောက် ငါပြောဦးမယ်။မင်းတို့ဘာအကြောင်းပြောနေလဲဆိုတာ ငါအခုထိ သဘောမပေါက်သေးဘူး"
သူက အခုလေးတင်ပဲ စိုးရိမ်နေခဲ့တာ မဟုတ်ဘူးလား?ဘယ်လိုလုပ် ချက်ချင်း သဘောပေါက်သွားတာလဲ?
"ဘာလို့လဲဆိုတော့ မင်းက တုံးနေတာကိုး"
"မင်း...."
"ဆရာ ကျွန်တော်တို့ရောက်ပြီ"
နှစ်ယောက်သား ရန်ဖြစ်နေတုန်း လဲ့အန်းက လူတစ်စုနဲ့ဝင်လာခဲ့သည်။သူတို့ကအနည်းဆုံး ဆယ်ယောက်လောက်တော့ ရှိသည်။
ချောင်ထျန်းချန်က ရုတ်တရက်ကြီး သူ့အိမ်ထဲကို လူတွေအများကြီး ဝင်လာတာမြင်တော့ မကျေနပ်ဖြစ်သွားတယ်။မျက်မှောင်ကြုတ်ပြီးတော့ စိတ်တိုစွာနဲ့ ပြောလိုက်တယ်။
"မင်းတို့ ဘာမှလုပ်စရာ မရှိကြဘူးလား?မင်းတို့အားလုံး ဒီကို ဘာလာလုပ်ကြတာလဲ"
လဲ့အန်းက အောင့်သက်သက်ပြုံးလိုက်ပြီး
"ဆရာ သင်ပဲမင်္ဂလာဆောင်တော့မယ်လို့ မပြောဘူးလား?အဲ့ဒါကြောင့် ကျွန်တော်တို့က ဆရာများအကူအညီလိုမလားဆိုပြီး လာကြည့်ကြတာ။မင်္ဂလာပွဲအတွက်ပြင်ဆင်ရတာက ပင်ပန်းတယ်လေ မဟုတ်ဘူးလား။သေချာပေါက်ကို အကူအညီလိုမှာပဲ ဟုတ်တယ်မလား"
သူတို့အားလုံး ရောက်ခါစရှိသေးတယ် မောင်းတော့မထုတ်လောက်ဘူးမလား?အဲ့လိုဆို သူအရမ်းရက်စက်တာပဲနော်!
ချောင်ထျန်းချန်က သူတို့ကို ခပ်တည်တည်ကြည့်လိုက်ပြီး
"မင်းတို့က တအားစောနေတယ်"
လဲ့အန်းနဲ့ကျန်တဲ့လူတွေက ချောင်ထျန်းချန်ကို အပြစ်မရှိသလို ကြည့်လိုက်ကြပြီး
"ကျွန်တော်တို့ စောစောလာလို့ဆိုပြီး အပြစ်တင်လို့မရဘူးလေ။ဆရာက ဘယ်အချိန်မင်္ဂလာဆောင်မယ်ဆိုတာ ရှင်းအောင်မှ မပြောထားတာ"
ချောင်ထျန်းချန်က လဲ့အန်းကို မျက်ခုံးပင့်ကြည့်လိုက်ပြီး
"အဲ့တော့ အခုက ငါ့အမှားပေါ့လေ"
လဲ့အန်းက သူ့ခေါင်းကို အမြန်ရမ်းလိုက်တယ်။သူက ဘယ်လိုလုပ် ဒါက ချောင်ထျန်းချန်ရဲ့အမှားဆိုပြီး ပြောရဲပါ့မလဲ?သူ မနက်ဖြန်ကိုတွေ့ရဖို့ အသက်ရှင်ချင်သေးတယ်နော်!