အခန်း ၁၈၁+၁၈၂
Vol. 8 Ch. 181+182
Chapter 181+182
181
ချောင်ထျန်းချန်က နင်းမုန့်ယောင်ကိုင်ထားတာကနေ ရုန်းထွက်လိုက်ပြီး သူမကို သူ့လက်မောင်းတွေထဲမှာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။သူက ခေါင်းငုံ့ကာ သူမရဲ့နဖူးကို နမ်းလိုက်သည်။
"ကိုယ်မင်းကို အမြဲတမ်း အရမ်းကိုကောင်းကောင်းဆက်ဆံပေးမှာ"
"ကျွန်မရှင့်ကို ယုံတယ်"
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ပြီး ၎င်းက လင်းလော်ကို အနည်းငယ် အရှက်ရသွားစေသည်။သူက တကယ်ပဲ နင်းမုန့်ယောင် စောနကပြောသလို မလုပ်နိုင်ပေ။ဒါဆို သူ့မှာ သူမကို သူနဲ့အတူနေအောင် တောင်းဆိုဖို့ ဘယ်လိုအရည်အချင်းတွေရှိလို့လဲ?
"လင်းလော် ရှင့်မှာရှင့်မိသားစုရှိတယ်။ရှင် ဒီနေရာမှာ ရှိမနေသင့်ဘူး။ပြန်ပါတော့ ပြီးရင် ဒီနေရာကို ထပ်မလာပါနဲ့တော့"
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို ဆုပ်ကိုင်လိုက်ပြီး လင်းလော်ကို လေးလေးနက်နက် ပြောသည်။
"မင်း တကယ်ပဲ ကိုယ့်ကို မမြင်ချင်တော့ဘူးလား"
နင်းမုန့်ယောင်က ခေါင်းငြိမ့်ပြီး
"ကျွန်မ နောက်ထပ် အဖတ်ဆယ်မရအောင်ပျက်စီးမဲ့ကိစ္စမျိုး မလိုချင်တော့ဘူး။ပြီးတော့ ကျွန်မတို့နှစ်ယောက်ကြားမှာ ဘာမှပြောစရာမရှိတော့ဘူး။ထျန်းချန်က ရှင့်ကို သဘောမကျဘူး။ကျွန်မက ရှင့်ကြောင့် သူမပျော်ရွှင်ရအောင် မလုပ်ချင်ဘူး"
လင်းလော်က သူ့ကိုယ်သူ ရယ်လိုက်တယ်။အဲ့တော့ အဲ့ဒီ ယောကျာ်းကြောင့်ပေါ့လေ။သူမက ဒီလို အဓိပ္ပာယ်မရှိတာတွေပြောတာ ဒီယောကျာ်းကြောင့်ပေါ့။
"ဟားဟား မင်းက သူနဲ့ ဒီနေရာမှာ သာမန်ဘဝမျိုးနေချင်တာပေါ့လေ?ငါက အဲ့လိုဖြစ်ခွင့်ပြုမယ်လို့ မင်းထင်နေလား"
သူ သူမကို မပိုင်ဆိုင်ရရင် ဘယ်သူမှ မရစေရဘူး။အဲ့ဒါက အရင်ကတည်းက ဒီအတိုင်းပဲဖြစ်ပြီးတော့ အခုထိလည်း အတူတူပဲ။သူ့မှာ သာမန်လူတွေဆီမှာ မရှိတဲ့ ရာထူးနဲ့အခွင့်အရေး၊လုပ်ပိုင်ခွင့်တွေရှိတယ် ဒါကြောင့် သူတို့ကို ဖိနှိပ်ဖို့ဆိုတာ သူ့အတွက် အလွယ်လေးပဲ။
"ဟေး တံခါးမှာ ဘယ်သူရောက်နေလဲဆိုတာ ငါကြည့်ပါရစေဦး။အိုးးး ဘာလို့လဲ အဲ့ဒါ လင်းလော် မဟုတ်ဘူးလား ဖခင်လောင်းလေးလေ?မင်းက ငါ့အစ်ကိုနဲ့ခယ်မအိမ်မှာ ဘာလုပ်နေတာလဲ"
နင်းမုန့်ယောင်ယောင် ပြန်ပြောတော့မယ့် အချိန်မှာပဲ ရှောင်ချီထျန်းရဲ့အသံက ရုတ်တရက် သူတို့ဘေးနားကနေ ထွက်ပေါ်လာခဲ့သည်။
အဲ့ဒီနောက် ရှောင်ချီထျန်းက လူယုတ်မာပြုံးပြုံးပြီး ထွက်လာတာကို မြင်လိုက်ရသည်။
လင်းလော်ရဲ့ တောင့်တင်းသွားတဲ့ အမူအရာကိုကြည့်ပြီး ချောင်ထျန်းချန်က လှောင်လိုက်သည်။
"အရှင်မင်းသား"
လင်းလော်မှာ မြင့်မားတဲ့အာဏာပိုင်ဆိုင်ထားတယ်ဆိုတာ မှန်တယ် ဒါပေမယ့် သူ့ရဲ့မောက်မာမှူက ရှောင်ချီထျန်းရဲ့ရှေ့မှာ ဘာမှမဟုတ်ပေ။ရှောင်ချီထျန်းက ဧကရာဇ်ရဲ့ အချစ်ဆုံး ညီပဲဖြစ်တယ်။
ရှောင်ချီထျန်းက လင်းလော်ကို ခဏကြည့်လိုက်ပြီး
"လင်းလော် အရင်တုန်းက မင်းနဲ့ငါ့ခယ်မရဲ့ ဆက်ဆံရေးကဘာလဲဆိုတာကို ငါဂရုမစိုက်ဘူး ဒါပေမယ့် အခု သူ(မ)က ငါ့အစ်ကိုနဲ့စေ့စပ်ထားတာ ပြီးတော့ သူတို့က လက်ထပ်ကြတော့မှာ။ငါ့ခယ်မက မင်းကိုတောင် အဲ့အကြောင်းပြောသေးတယ်လေ။မင်းက သူတို့ကို ပြဿနာရှာတယ်လို့ ငါကြားရင် ဒါဆိုရင်တော့ မင်းကို နောက်ကျောပေးလို့ ငါ့ကို အပြစ်မတင်နဲ့ပေါ့"
"ဟုတ်ကဲ့ပါ အရှင့်သား"
လင်းလော်က ဆန္ဒမရှိပေမယ့်လည်း သူ သဘောတူလိုက်ရသည်။
သူ ပြဿနာမရှာနိုင်တာက တစ်ခြားလူတွေ မလုပ်နိုင်ဘူးလို့ မဆိုလိုပေ။
ချောင်ထျန်းချန်က လင်းလော်ရဲ့ လိုလိုလားလားမရှိတဲ့ ပုံစံကိုကြည့်ပြီး အနည်းငယ် သည်းမခံနိုင်တော့သလို ခံစားရကာ
"မင်းက ဆက်ခံသူပဲ အမတ်မင်းမဟုတ်ဘူး"
"အမတ်မင်း ဟုတ်ဟုတ်မဟုတ်ဟုတ် ငါကမင်းထက် ရာထူးမြင့်နေတုန်းပဲ"
လင်းလော်က ရှောင်ချီထျန်းရဲ့ လက်အောက်ရောက်နေတာနဲ့ပဲ ဘာကိစ္စ ချောင်ထျန်းချန်ဆီကပါ အထင်သေးခံရမှာလဲ။
ရှောင်ချီထျန်းက လင်းလော်ကိုကြည့်ကာ ပြုံးလိုက်ပြီး
"အမှန်အတိုင်းပြောရရင် ထျန်းချန်ရဲ့ရာထူးက မင်းထက်ပိုပြီးတော့ မြင့်တယ်။မင်းကိုယ့်ကိုကိုယ်ပြန်ကြည့်တာ ပိုကောင်းလိမ့်မယ်။မဟုတ်ရင် မင်းမိသားစု ဒုက္ခရောက်သွားရောက်လိမ့်မယ်။ငါကတော့ အဲ့ဒါက မကောင်းဘူးလို့ ထင်တယ်"
ဘယ်သူကမှ ချောင်ထျန်းချန်ရဲ့ရာထူးကို အစားမထိုးနိုင်ပေ အမတ်ချုပ်တောင်မှ သူ့ကို အစားမထိုးနိုင်တာ ဒီအမွေဆက်ခံသူကတော့ ပြောမနေနဲ့တော့။
"အမွေဆက်ခံသူ သင့်ဇနီး မကြာခင်မီးဖွားပါတော့မယ်"
လင်းလော် ရှက်ရွံ့နေတုန်းမှာပဲ တစ်စုံတစ်ယောက်က ရုတ်တရက် သူ့ဘေးနားပေါ်လာပြီး စိုးရိမ်တကြီးနဲ့ သူ့နားထဲကို တိုးတိုးလေးပြောလိုက်သည်။
လင်းလော်က မျက်မှောင်ကြုတ်သွားပြီး သိသိသာသာကို စိတ်ရှုပ်သွားတယ်။အဲ့ဒီမိန်းမက အခု ဘာလိုချင်ပြန်ပြီလဲ?
သူမက ဒါကို အချိန်ကာလတစ်ခုအထိ မကြာခဏ လုပ်နေခဲ့သည်။သူ သူ့ကိုယ်လုပ်တော်ဆီမှာ အချိန်ကြာကြာနေလိုက်တဲ့အခါတိုင်း သူမက များစွာသော အကြောင်းပြချက်တွေသုံးပြီး သူ့ကိုပြန်ခေါ်ပြီး အဲ့ဒါက အမြဲတမ်း သူမဗိုက်ထဲက ကလေးပဲဖြစ်တယ်။
"အမွေဆက်ခံသူ......."
"သွားကြမယ်" လင်းလော်က အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့မြင်းဆီလှည့်ကာ အမြန်ထွက်သွားခဲ့သည်။ဒီတစ်ခေါက်တော့ သူက နင်းမုန့်ယောင်ကိုတောင် ပြန်မလှည့်ကြည့်တော့ပေ။
နောက်မှာကျန်နေခဲ့တဲ့ အခြားလူက ရှောင်ချီထျန်းကို ဦီးညွှတ်ပြီးတော့ ထွက်သွားခဲ့သည်။
"ကောင်းပြီ အထဲဝင်ရအောင်"
ချောင်ထျန်းချန်က တဖြည်းဖြည်းပျောက်ကွယ်သွားတဲ့ သူတို့ရဲ့ ပုံရိပ်တွေကို တစ်ချက်ကြည့်လိုက်သည်။အမှန်အတိုင်းပြောရရင် တစ်ယောက်ယောက်ထက်ပိုပြီး အာဏာရှိတာက တစ်ခါတစ်ရံမှာ အတော်လေးတော့ကောင်းတယ် အနည်းဆုံးတော့ လိုအပ်လာတဲ့အခါ အဲ့ဒါက တစ်ခြားလူတွေကို ဖိအားပေးနိုင်တယ်လေ။
"စိတ်မပူပါနဲ့ ဘာမှဖြစ်မှာမဟုတ်ဘူး" ရှောင်ချီထျန်းပြုံးပြလိုက်သည်။
အစတုန်းကတော့ နင်းမုန့်ယောင်က လင်းလော်နဲ့စကားပြောနေတာကြားတဲ့အတွက် သူတို့တွေ မကျေမနပ်ဖြစ်သွားကြပေမယ့် နင်းမုန့်ယောင်ပြောတာနားထောင်ပြီးတဲ့နောက် စိတ်အေးသွားကြသည်။
စုံတွဲကြားထဲက ဆက်ဆံရေးက အရမ်းကိုနီးစပ်ပြီး လင်းလော်နဲ့နင်းမုန့်ယောင်ကြားထဲမှာ တစ်ခုခုရှိခဲ့ရင်တောင်မှ ဘာဖြစ်လဲ?အဲ့ဒါတွေအားလုံးမှာ အတိတ်မှာကျန်ခဲ့ပြီ။သူမက အခု ချောင်ထျန်းချန်နဲ့ရှိနေပြီလေ။
ဒါ့အပြင် ချောင်ထျန်းချန်က လင်းလော်ရဲ့တည်ရှိမှုအကြောင်းကို အစောကြီးကတည်းက သိထားတယ်ဆိုတာသူတိူ့ယုံတယ် ဒါကြောင့် သူတို့တွေ သူ့အတွက် စိတ်ပူပေးဖို့မလိုပေ။
182
ချောင်ထျန်းချန်က သက်ပြင်းချပြီး နင်းမုန့်ယောင်ကို အိမ်ထဲ ပြန်ခေါ်လာခဲ့သည်။မနက်ခင်းအစောကြီးမှာ ပြဿနာရှာဖို့ အိမ်ကိုတံခါးလာခေါက်တဲ့လူရှိတာက တကယ့်ကို စိတ်ရှုပ်ဖို့ကောင်းတယ်။
သူတို့တွေထိုင်ပြီးတဲ့နောက် အိမ်ထဲက ဧည့်သည်တွေက သူတို့ကို ဆက်တိုက်ကြည့်နေခဲ့သည်။အဲ့ဒီနောက် လင်းဇီရိုက နောက်ဆုံးမှာတော့ ပြောလာခဲ့သည်။
"ခယ်မလေး သိချင်လို့မေးပါဦးမယ်။မင်းနဲ့လင်းလော်ရဲ့ဆက်ဆံရေးက ဘာလဲ"
နင်းမုန့်ယောင်က မန်ထိုကိုတစ်ကိုက်ကိုက်လိုက်ပြီး ခေါင်းငြိမ့်ကာ
"အင်း ကျွန်မနဲ့သူက ကျွန်မအသက်ဆယ်နှစ်တုန်းက တွေ့ခဲ့တာလေ။အဲ့ဒီအချိန်တုန်းက သူက ကျွန်မကို အရမ်းကောင်းပေးမယ်။သူက ကျွန်မကို ကိုယ်ခံပညာသင်ပေးပြီးတော့ အိမ်ဆောက်ဖို့ ကူညီပေးခဲ့တယ်။နောက်ကျတော့ ပန်းထိုးတဲ့မိန်းမတစ်ယောက်ဆီကနေ ကျွန်မပန်းထိုးသင်ခဲ့တယ်လေ။အဲ့ဒါပြီးတော့ ကျွန်မကိုယ်ကျွန်မ ရပ်တည်နိုင်အောင် လုပ်ခဲ့တယ်။ကျွန်မတို့က ငယ်သူငယ်ချင်းတွေလို့ ပြောလို့ရတာပေါ့"
"အဲ့ဒါပြီးတော့ ဘာဆက်ဖြစ်လဲ" လင်းဇိရိုက တကယ့်ကို သိချင်နေတယ်။
"အဲ့နောက် သူက ကျွန်မကို လက်ထပ်မယ်လို့ပြောခဲ့တယ် ကျွန်မလည်း အဲ့လိုပဲ ထင်ခဲ့တာ။ဒါပေမယ့် မနှစ်တုန်းက သူက ရှောင်မိသားစုရဲ့အမွေဆက်ဆံသူ ရှောင်ကျီရွှမ်းနဲ့ လက်ထပ်ချင်တယ်လေ အဲ့တော့ ကျွန်မကို သူ့ဒုတိယမိန်းမလုပ်ဖို့ပြောတယ်။နောက်တော့ ကျွန်မလည်း မြို့တော်ကအိမ်ကို မီးရှို့ခဲ့ပြီးတော့ ဒီကို ရောက်လာတော့တာပဲ"
နင်းမုန့်ယောင်က အတိုချုပ်ရှင်းပြလိုက်သည်။
ရှောင်ချီထျန်းနဲ့ချောင်ထျန်းချန် နှစ်ယောက်လုံးက နင်းမုန့်ယောင်က ထုန်ပေါင်ကျိုက်ရဲ့ ပိုင်ရှင်ဆိုတာကို သိထားကြသည်။သူမက လင်းလော်အတွက် အများကြီး လုပ်ပေးခဲ့ပေမယ့် သူက အဲ့အကြောင်းကို ဘာတစ်ခုမှ မသိခဲ့ပေ။ပြီးတော့ သူမကို သူ့ရဲ့ ဒုတိယဇနီးလုပ်မယ်လို့တောင် ပြောခဲ့သေးတယ်။
နင်းမုန့်ယောင်ကို သူတို့နားလည်သလောက်ဆိုရင် သူမကို ဒုတိယဇနီးလုပ်တာက စော်ကားလိုက်တာပဲ။သူမက အိမ်ကို မီးရှို့ပြီး မြို့တော်ကနေထွက်လာကာ ဒီနေရာကိုရောက်လာတာက အံ့ဩစရာမဟုတ်ပေ။
ထွက်သွားတဲ့ နည်းလမ်းတစ်ခုတည်းကသာ သူမ အေးချမ်းတဲ့ဘဝမှာ နေနိုင်သည်။
"သူက မင်းဒီနေရာမှာဆိုတာကို ဘယ်လိုလုပ် သိသွားတာလဲ"
"ချီထျန်းနဲ့ အကျိုးတူပူးပေါင်းပြီးတော့ သူက ဝိုင်တွေကို သူ့စားသောက်ဆိုင်မှာ စရောင်းတယ်လေ။ကျွန်မဒီဝိုင်တွေကို ချက်တတ်တယ်ဆိုတာ လင်းလော်ကသိထားတယ်။"
လင်းလော်က နင်းမုန့်ယောင်က ဝိုင်ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာ သိတယ် ဒါကြောင့် ဝိုင်လုပ်တာကသာမန်ကိစ္စလိုပဲ။အစတုန်းက သူမက ဒါတွေကို ထုန်ပေါင်ကျိုက်မှာ မလုပ်ဘူး ဘာကြောင့်လဲဆိုတော့ လင်းလော်က ထိုအကြောင်းကို ရှာတွေ့သွားမှာ စိုးရိမ်ခဲ့တာကြောင့် ဖြစ်တယ်။အခု အဲ့ဒါက ထက်မြတ်တဲ့ ဆုံးဖြတ်ချက်ဖြစ်သွားပုံရတယ်။
ရှောင်ချီထျန်းက မျက်ခုံးတစ်ဖက်ပင့်လိုက်တယ်။အဲ့ဒီအချိန်တုန်းက သူမနဲ့ချောင်ထျန်းချန်က တစ်ယောက်ကိုတစ်ယောက် ခံစားချက်ရှိနေကြပြီဖြစ်သည်။ဒါကြောင့် သူမက လင်းလော် သူမကိုရှာတွေ့မှာကို မစိုးရိမ်ခဲ့ပေ။ဖြစ်နိုင်တာက အဲ့ဒါကြောင့်ပဲ နင်းမုန့်ယောင်က သူနဲ့ အကျိးတူပူးပေါင်းခဲ့ပုံရသည်။
"ရှင်တို့အားလုံးက ဘာဖြစ်နေကြတာလဲ"
လူတိုင်းက သူမကို ထူးဆန်းတဲ့အကြည့်တွေနဲ့ စိုက်ကြည့်နေတာကို မြင်ရတော့ နင်းမုန့်ယောင်က မေးလိုက်သည်။
လင်းဇီရိုက ပြုံးပြီးတော့ "ခယ်မလေး ငါတို့မင်းကို သနားလို့ပါ။မင်းလိုမျိုး လူကောင်းတစ်ယောက်က ဘယ်လိုလုပ် ဒီလို လူနဲ့ဆုံရတာလဲ"
လင်းဇီရိုရဲ့အဖိုးတန် အမူအရာကိုကြည့်ပြီး နင်းမုန့်ယောင်က ရယ်လိုက်ကာ
"ဒီကမ္ဘာကြီးမှာ အသက်ရှင်ပြီးတော့ ဘယ်သူကများ မကောင်းတဲ့လူတွေနဲ့ မဆုံဖူးလို့လဲ?ပြီးတော့ အဲ့ဒါကြောင့်သာမဟုတ်ရင် ကျွန်မ ထျန်းချန်နဲ့ ဆုံခဲ့မှာ မဟုတ်ဘူးလေ" ဒါက အမှန်ပဲ ဖြစ်တယ်။
လူတိုင်းမှာ တူညီတဲ့အတွေးရှိကြသလိုပဲ အတိတ်ကို သူတို့ရဲ့ စိတ်ထဲကနေ လွှင့်ထုတ်ပစ်လိုက်သည်။
ဒါပေမယ့် နင်းမုန့်ယောင်က အခန်းထဲက အမျိုးသားတွေကိုကြည့်ပြီး ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ပြောလိုက်သည်။
"လက်ထပ်တော့မယ့် အမျိုးသမီးတစ်ယောက်ကို ပြန်ရဖို့ကြိုးစားတာက ဆိုးရွားတဲ့ကိစ္စပဲ။ရှင်တို့တွေ သူ့လိုမျိုး မကောင်းတဲ့ယောကျာ်းတစ်ယောက် ဖြစ်မလာတာ ပိုကောင်းမယ်နော်"
ထိုအချိန်မှာ လင်းဇီရိုနဲ့အခြားလူတွေက သူတို့ရဲ့ ယာဂုကို စားနေကြတာဖြစ်သည်။နင်းမုန့်ယောင်စကားတွေကိုကြားတော့ ယာဂုသီးသွားကြပြီး
"ခယ်မလေး ငါတို့ ဒီအကြောင်းကို မပြောလို့ရမလား"
"ဘာလို့လဲ?ရှင်တို့အားလုံးက နောက်ဆုံးကျ လက်ထပ်ကြမှာပဲလေ"
နင်းမုန့်ယောင်က သူတို့ကို အပြစ်ကင်းစင်စွာ ကြည့်လိုက်သည်။
လင်းဇီရိုက ရှုံ့မဲ့ပြီး တိတ်ဆိတ်နေခဲ့သည်။
သူတို့က စစ်စခန်းထဲမှာ နေ့တိုင်းနေရပြီး လက်ထပ်ဖို့အတွက် တစ်စုံတစ်ယောက်ကို ရှာဖို့တောင် အချိန်မရှိတာ ဘယ်လိုလုပ် သူများမိန်းမတွေကို သွားပြီး လှည့်စားပတ်သက်ဖိ့ အချိန်ရှိပါ့မလဲ?စစ်သားတွေက သစ္စာအရှိဆုံး ယောကျာ်းတွေပဲ၊သူတို့က ဘယ်လိုလုပ် သူတို့ဇနီးသည်တွေကို ဆိုးဆိုးရွားရွား ဆက်ဆံမှာလဲ?
သူတို့တွေ စားတဲ့ပုံစံကိုကြည့်ပြီး နင်းမုန့်ယောင်က ဝမ်းသာသွားသည်။
နင်းမုန့်ယောင်ရဲ့ ရုတ်တရက်အပြုံးက လင်းဇီရိုနဲ့တစ်ခြားအမျိုးသားတွေကို စိတ်ဆိုးသွားစေပြီး
"မင်း ဘယ်လိုလုပ် ငါတို့ကို ရန်လုပ်နေရတာလဲ"
နင်းမုန့်ယောင်က အပြစ်မရှိတဲ့ပုံနဲ့ မျက်တောင်ခတ်လိုက်ပြီး
"ကျွန်မလုပ်မိလို့လား"
"မလုပ်ဘူး"
သူတို့တွေ မပြောခင် ချောင်ထျန်းချန် အရင်ပြောလိုက်တယ်။ဒါပေမယ့် သူပြောလိုက်တာက တစ်ခြားလူတွေကို သူတို့ရဲ့အစားအစာတွေ နောက်တစ်ခါ သီးသွားစေတယ်။
"ဆရာ သိပ်ရှက်စရာကောင်းနေတာ မဟုတ်ဘူးလား"
လင်းဇီရိုက ဒီနေရာမှာ သုံးရက်တာနေပြီးတော့ ကျရှုံးလုနီးပါးပဲ။သူတို့ရဲ့ဆရာက အများကြီး ပြောင်းလဲသွားပြီ။သူ့အချစ်ကိုဖော်ပြတဲ့ပုံစံက တအားသိသာပြီးတော့ သူတို့ကို မျက်ကွယ်ပြုထားတာပဲ။
"ရှင်တို့လည်း မိန်းမတစ်ယောက်ရှာပြီးတော့ ရှင်တို့ချစ်ခင်နေတာကို ကျွန်မတို့ရှေ့ပြလို့ရသားပဲ"
နင်းမုန့်ယောင်က သူမရဲ့မနက်စာကို ဖြည်းဖြည်းစားရင်း ပြုံးကာ ပြောလိုက်သည်။သူမ မျက်နှာပေါ်က စိတ်အေးလက်အေးပုံစံကိုကြည့်ပြီး လင်းဇီရိုက သူမကို တကယ် ဖြတ်ရိုက်ချင်သွားတယ်။
သူ့ကိုယ်သူ ဘာလို့ ဒုက္ခရှာရမှာလဲ?ဒီစကားသာ ဆက်ပြောရင် နင်းမုန့်ယောင်က သူ့အတွက် မိန်းမတစ်ယောက်ရှာပေးလိမ့်မယ်ဆိုတာ သူအာမခံရဲတယ်။ပြီးတော့ သူတစ်ယောက်မှ မလိုချင်ရင် ငြင်းလို့ရမှာလား?