အခန်း ၁၈၃+၁၈၄
Vol. 8 Ch. 183+184
Chapter 183+184
နင်းမုန့်ယောင်က လင်းဇီရိုကို အချိန်တော်ကြာ ကြည့်နေခဲ့တယ်။သူမမျက်လုံးတွေ သူ့ပေါ်မှာရှိတာကို ခံစားမိတော့ ဆံပင်မွှေးတွေ ထောင်လာပြီး
"ခယ်မလေး ကျေးဇူးပြုပြီး ငါ့ကို အဲ့ဒီအကြည့်ကြီးနဲ့မကြည့်ပါနဲ့။တကယ်ကြောက်ဖို့ကောင်းတယ်"
"ကျွန်မက ကြောက်ဖို့ကောင်းလို့လားဟင်" နင်းမုန့်ယောင်က အပြစ်ကင်းစင်စွာ မေးလိုက်သည်။
"မဟုတ်ပါဘူး လုံးဝမဟုတ်ဘူး။မင်းက အရမ်းလှတယ်"
ဒါပေမယ့် မင်းရဲ့အကြည့်ကတော့ အရမ်းကြောက်ဖို့ကောင်းတယ်ဟ။မင်းမှာ အကြံအစည်တွေရှိတာ သေချာတယ် ဒီလောက်သိသာနေဖို့မလိုပါဘူး။
ချောင်ထျန်းချန်က သူမဘေးနားမှာ ထိုင်နေပြီး သူမ လင်းဇီရိုကို စနေတာကို ကြည့်နေသည်။အဲ့ဒါက အတော်လေး စိတ်ဝင်စားဖို့ကောင်းသည်။
အိမ်ထဲမှာ လူတွေ အများကြီး ရှိနေပေမယ့်လည်း နင်းမုန့်ယောင်က သူတို့အကူအညီကို အများကြီး မလိုအပ်ပေ။သူမက သူမနဲ့ချောင်ထျန်းချန်ရဲ့ မင်္ဂလာဝတ်စုံလုပ်ဖို့သာရှိသည်။စောင်တွေ၊ခေါင်းအုံးတွေ၊အခြားပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ ချင်းကျူးက ဂရုစိုက်စီစဉ်ပေးထားသည်။လင်းဇီရိုနဲ့အခြားလူတွေက တစ်ခြားအသေးအမွှားကိစ္စတွေကို ကူညီပေးကြသည်။ဒါကြောင့် ချောင်ထျန်းချန်နဲ့နင်းမုန့်ယောင် နှစ်ယောက်လုံး အများကြီး သက်သာသွားသည်။
ညအချိန်မှာ အိပ်ပျော်နေတဲ့ ရှောင်ချီထျန်းနဲ့ကျန်တဲ့လူတွေက ရုတ်တရက် သူတို့မျက်လုံးတွေကို ဖွင့်လိုက်ကြသည်။သူတို့ရဲ့မျက်ဝန်းတွေက ကျောက်တုံးလို အေးစက်နေခဲ့သည်။
အိပ်ရာကနေထပြီးတော့ သူတို့ရဲ့အဝတ်အစားတွေဝတ်ကာ အပြင်ကိုပြေးထွက်လာပြီး ချောင်ထျန်းချန်လည်းပဲ အဲ့အချိန်မှာ နိုးနေတာကို တွေ့လိုက်ရသည်။
"ထျန်းချန်..."
"တစ်ယောက်မှ မချန်ထားနဲ့ သူတို့ကို လွှတ်လိုက်တာ ဘယ်သူပဲဖြစ်ဖြစ် အားလုံးကို ပြန်ပို့ရမယ်"
ချောင်ထျန်းချန်ရဲ့ မျက်ဝန်းတွေက သွေးဆာနေခဲ့သည်။
ဒါက ပထမဆုံးအကြိမ်မဟုတ်ပေ။အဲ့ဒီမိန်းမက အမှန်တကယ်ကို လက်မလျှော့သေးတဲ့ပုံပဲ။အခု သူမက ယောင်ယောင်ကို နောက်တစ်ခါ ထပ်သတ်ဖို့တောင် လုပ်ရဲနေပြီ။
နင်းမုန့်ယောင်က အပြင်ကအသံတွေကြားပြီး နိုးလာခဲ့သည်။အပြင်ဘက်မှာ တိုက်ခိုက်နေတာကို မြင်ရတော့ သူမမျက်နှာ ဖြူဖျော့သွား၏။
"ယောင်ယောင် အိမ်ထဲမှာပဲနေ အပြင်ထွက်မလာနဲ့"
နင်းမုန့်ယောင် နိုးလာပြီးတော့ ပြတင်းပေါက်ရှေ့မှာ သူမရဲ့ပါးလွှာတဲ့ ညအိပ်ဝတ်စုံနဲ့ မတ်တပ်ရပ်နေပြီး သူမမျက်နှာက ဖြူဖျော့နေတာကို တွေ့တော့ ချောင်ထျန်းချန်က အမြန်အော်လိုက်သည်။သူက သူမပါဝင်ပတ်သက်တာမျိုး မဖြစ်စေချင်ပေ။
နင်းမုန့်ယောင်က နာခံစွာနဲ့ ခေါင်းငြိမ့်လိုက်သည်။ဒါကို မြင်ရတာ သူမကို ဒေါသထွက်သွားစေတယ်။ရှောင်ကျီရွှမ်းက တကယ်ပဲ ဆက်ပြီးတော့ အသက်မရှင်ချင်တော့ဘူးနဲ့တူတယ်။
လဲ့အန်းရဲ့အရည်အချင်းက အရမ်းတော်တာကြောင့် သဘာဝကျစွာနဲ့ လူသတ်သမားတွေနဲ့ရင်ဆိုင်ရာမှာ ဘာပြဿနာမှ မရှိခဲ့ချေ။
လူသတ်သမားတွေအားလုံးကို ကိုင်တွယ်ပြီးတာနဲ့ ရှောင်ချီထျန်းက ခေါင်းဆောင်ရဲ့မျက်နှာဖုံးကို ချွတ်လိုက်သည်။ရင်းနှီးတဲ့မျက်နှာကို တွေ့ရတော့ နှာခေါင်းရှုံ့လိုက်ပြီး
"ဒီတစ်ခေါက် သူတို့တွေ ငါ့ကို ဖြေရှင်းချက်တစ်ခုတောင်မပေးဘူးဆိုရင် ငါနားမှာမဟုတ်ဘူး"
သူဒီနေရာမှာ ရှိနေတယ်ဆိုတာ သူတို့တွေ သိတာတောင်မှ လုပ်ကြံဖို့ လူတွေလွတ်ရဲတယ်။အရမ်းကောင်းတယ် သူတို့က သူ့ကို မျက်လုံးထဲမထည့်မှတော့ ဒါဆို သူကလည်း သူတို့ကို သင်ခန်းစာတစ်ခုလောက် ပေးရတော့မှာပေါ့။
"လဲ့အန်း ဒါတွေကို သယ်ဖို့ လူခေါ်ပြီး ငါ့နောက်လိုက်ခဲ့"
ရှောင်ချီထျန်းက စိတ်ရှည်သည်းခံတတ်တဲ့ လူမဟုတ်ပေ။သူတို့တွေက လုပ်ကြံရဲမှတော့ သူက သူတို့ကို ပြင်းထန်တဲ့သေလုနီးပါး သင်ခန်းစာမျိုး ပေးမှာဖြစ်သည်။
နင်းမုန့်ယောင်က အစကတော့ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ စဉ်းစားနေခဲ့တာဖြစ်သည်။ဒါပေမယ့် ရှောင်ချီထျန်းက သူမကို ကူညီပြီးတော့ ဖြေရှင်းသွားလိမ့်မယ်လို့ ဘယ်သူသိမှာလဲ။
သူတို့မြင်းတွေပေါ်မှာ သယ်သွားတာကိုကြည့်ပြီး သူမရဲ့အကြည့်တွေက နက်ရှိုင်းသွားသည်။
နင်းမုန့်ယောင်ဆီကိုလျှောက်လာပြီး သူမကို ပွေ့ဖက်လိုက်ကာ သူမရဲ့ခန္ဓာကိုယ်ပေါ်က အေးစက်မှုကို ခံစားမိတော့ ချောင်ထျန်းချန်က မျက်မှောင်ကြုတ်သွားပြီး
"ဘာလို့ အဝတ်တွေထပ်မဝတ်ထားရတာလဲ"
"ကျွန်မ အဆင်ပြေပါတယ်" နင်းမုန့်ယောင်က သူမခေါင်းကိုရမ်းပြီး သူ့လက်မောင်းတွေထဲမှာ မှီလိုက်၏။
"မစိုးရိမ်ပါနဲ့ ဒီကိစ္စကို မှန်မှန်ကန်ကန် ကိုင်တွယ်သွားမှာပါ"
ချောင်ထျန်းချန်က သူမက ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်နေတယ်ထင်တာကြောင့် သူမကို နှစ်သိမ့်ပေးလိုက်သည်။
"သူ ကောင်းကောင်း ကိုင်တွယ်နိုင်လိမ့်မယ်လို့ ကျွန်မယုံပါတယ်"
နင်းမုန့်ယောင်က ဘယ်လိုလုပ် ရှောင်ချီထျန်းကို မယုံရမှာလဲ?ဒါက သာမန်လုပ်ကြံတဲ့အမှုမဟုတ်ဘူး ဒါပေမယ့် ပိုပြီးတော့ အရေးကြီးတာက ၎င်းက ရှောင်ချီထျန်းကို ရန်စတယ်လို့ ခံစားရစေသည်။
သူဒီနေရာမှာရှိနေတာ သိနေတာတောင်မှ သူတို့က ဒါမျိုးလုပ်ရဲသေးတယ်။သူတို့တွေက သူ့ဖြစ်တည်မှုကို အထင်သေးနေကြတာပဲ ဒါကြောင့် သူက ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို သေချာပေါက် တုံ့ဆိုင်းမနေဘဲ ကိုင်တွယ်သွားမှာဖြစ်သည်။
ရှောင်ချီထျန်းက လဲ့အန်းနဲ့အခြားလူတွေကိုခေါ်ပြီး မြို့တော်ကို အမြန်ပြန်လာခဲ့၏။သူတို့က နန်းတော်ကို ပြန်မသွားဘဲနဲ့ လုပ်ကြံသူတွေလွှတ်လိုက်တဲ့ အိမ်တော်ဆီကို တိုက်ရိုက်သွားခဲ့သည်။
အဝင်ပေါက်မှာ ရှောင်ချီထျန်း အတားခံလိုက်ရသည်။အစောင့်တွေက သူ့ကိုတားနေတာကို တွေ့တော့ ရှောင်ချီထျန်းရဲ့အမူအရာက ပိုမိုဆိုးရွားလာခဲ့၏။
သူ့မှာ လေးစားရလောက်တဲ့ ရာထူးရှိတယ် ဘယ်သူက သူ့လမ်းကို ပိတ်ရဲတာလဲ?ဒီလိုအစောင့်သာသာတွေက လမ်းပိတ်တာကိုခံရတာ အရှက်ရစေတယ်။
"ငါ့ကို ဘယ်သူတားရဲလဲ သူတို့ကို သတ်ပစ်လိုက်!" ရှောင်ချီထျန်းက ရက်စက်စွာ ပြောလိုက်၏။
"ဟုတ်ကဲ့"
"မင်း ဘယ်သူလဲ?မင်းက ဘယ်လိုလုပ် အိမ်တော်ထဲကို အတင်းဖောက်ဝင်လာရဲတာလဲ"
အိမ်တော်ထိန်းက ပြေးထွက်လာပြီး အော်လိုက်သည်။
ဒါပေမယ့် ရှေ့ကလူကိုတွေ့ပြီးတော့ သူ့အမူအရာက ပြောင်းလဲသွားကာ အလျင်အမြန် မြေကြီးပေါ် ထိုင်ချလိုက်ပြီး
"အရှင့်သား မင်းသားချီ"
ဘုရားရေ သူ့ကို ဘယ်သူများ ဖိတ်ထားတာလဲ?
"အမတ်လင်းကိုခေါ်လိုက် အဲ့ဒီလူအိုကြီးကို အခုချက်ချင်း ထွက်လာခဲ့လို့ ပြောလိုက်"
ဒီအခိုက်အတန့်မှာ ရှောင်ချီထျန်းက ပိုမိုဒေါသထွက်နေပြီ ဖြစ်သည်။သူ့မှာ အကောင်းပြောစရာ ဘာမှမရှိပေ အထူးသဖြင့် သူ့ကို ပိတ်ထားတဲ့ ဒီလူတွေပဲ ဖြစ်သည်။
အိမ်တော်ထိန်းအိုကြီးရဲ့ အမူအရာက ခါးသက်သွားတယ်။ကိစ္စတွေ တအား မပြင်းထန်ပါစေနဲ့လို့ပဲ သူဆုတောင်းနိုင်တယ်။
184
ရှောင်ချီထျန်းက သူ့လက်ထဲမှာ မြင်းကျာပွတ်ကို ကိုင်ထားပြီး သူ့ခြေထောက်ကို တစ်ကြိမ်ပုတ်လိုက်တိုင်း သူ့ရဲ့မျက်နှာက ပိုမိုအေးစက်လာခဲ့သည်။
အစတုန်းက လင်းလော်က ခြံဝင်းထဲမှာ ရှောင်ကျီရွှမ်းကို အဖော်ပြုပေးနေတာဖြစ်ပြီး ရုတ်တရက် အစေခံတွေက မင်းသားချီ ဒီနေရာကိုရောက်နေတဲ့အကြောင်း ပြောသံကြားတော့ မျက်မှောင်ကြုတ်သွားခဲ့သည်။
သူက ရှောင်ကျီရွှမ်းကို တစ်ချက်ကြည့်လိုက်ပြီး အစေခံတွေကို ခေါ်သွားခဲ့သည်။အပြင်ဘက်တွင် အနက်ရောင်ညဝတ်စုံတွေနဲ့ အလောင်းတွေကို မြေကြီးပေါ်မှာ တွေ့လိုက်ရ၏။သူ့အမူအရာက ချက်ချင်းပြောင်းလဲသွားတယ် အထူးသဖြင့် သူတို့ထဲက တစ်ယောက်ကို မြင်ပြီးတဲ့နောက်မှာဖြစ်တယ်။အဲ့ဒါက..........
"မင်းသားချီ ဒါ ဘာအဓိပ္ပာယ်လဲ"
"မင်းက ဘာပြောချင်တာလဲ?အမတ်လင်းကိုသာ အခုချက်ချင်းထွက်လာဖို့ ခေါ်လိုက် မဟုတ်ရင် ငါ မင်းတို့ရဲ့အိမ်တော်ကို ဖယ်ရှားပစ်မယ်"
ရှောင်ချီထျန်းက ခက်ထန်စွာနဲ့ လင်းလော်ကို ကြည့်လိုက်၏။
လင်းလော်ရဲ့မျက်နှာက ဆိုးရွားသွားပြီး မပျော်ရွှင်စွာနဲ့ အသာလေး မျက်ခုံးတွန့်ကာ မေးလိုက်သည်။
"မင်းက ဘာကိုဆိုလိုတာလဲ"
"ငါက ဘာကိုဆိုလိုရမှာလဲ?ဒီလူတွေက မင်းတို့အိမ်တော်ကလူတွေလေ ငါမှားလား?"
ရှောင်ချီထျန်းက နှာခေါင်းရှုံ့ပြီးတော့ လင်းလော်ကို လှောင်ပြောင်မှုအပြည့်နဲ့ ကြည့်လိုက်သည်။
လင်းလော်က အသက်တစ်ချက် ခပ်ဖြေးဖြေးရှူလိုက်ပြီး ဆိုးရွားတဲ့ခံစားချက် ရနေသည်။
"ဘာအဓိပ္ပာယ်လဲဆိုတာ ကျွန်တော်နားမလည်ဘူး"
"နားမလည်ဘူးလား?လဲ့အန်း စသတ်တော့။ငါတို့ကို တားရဲတဲ့ဘယ်သူ့မဆို အရှင်မထားနဲ့"
အဲ့ဒီမောက်မာတဲ့အရူးက ဝန်မခံချင်မှတော့ ဒါဆို သူကလည်း ယဉ်ကျေးမနေတော့ဘူး။
လဲ့အန်းက ပြုံးပြီးတော့ သူ့လက်ကို ဝှေ့ရမ်းပြလိုက်သည်။သူ့နောက်ကလူတွေက အိမ်တော်ထဲကို ပြေးဝင်သွားကြပြီး အထဲမှာ ဖရိုဖရဲတွေဖြစ်ကုန်ကြ၏။သူတို့က ဒီနေ့ ဒီမှာရှိတာ ပြဿနာရှာဖို့ပဲ။
သူက သူတို့ရဲ့ ခယ်မလေးကို ဒုက္ခဖြစ်အောင်လုပ်ရဲတယ် ကောင်းပြီလေ ဒါဆို သူတို့တွေ သူ့လုပ်ရပ်ကို သည်းခံနိုင်မလားဆိုတာ သူအရင် ကြည့်လိုက်ချင်သေးတယ်!
"မင်းတို့အားလုံး ရပ်လိုက်!"
လင်းလော်ရဲ့မျက်နှာက ခရမ်းရောင်သန်းသွားပြီး လဲ့အန်းနဲ့သူ့လူတွေကို တားဖို့ကြိုးစားသည်။
အမတ်လင်းအမြန်ပြန်လာတဲ့အချိန် နေရာက ရှုပ်ပွနေပြီဖြစ်သည်။
"အရှင့်သား မင်းသားချီ ဒါက ဘာအဓိပ္ပာယ်ပါလဲ"
အမတ်လင်းက သူ့စိတ်ထဲက ဒေါသကိုဖိနှိပ်ပြီးတော့ မေးလိုက်သည်။
ရှောင်ချီထျန်းက လဲ့အန်းနဲ့ကျန်တဲ့လူတွေကို လက်ရမ်းပြလိုက်သည်။သူတို့က ရပ်သွားကြပြီး ရှောင်ချီထျန်းနောက်ကို လျှောက်သွားကြသည်။
"ဘာကိစ္စလဲ?မင်းအိမ်တော်က လူတွေက ငါ့ကို လုပ်ကြံရဲတယ်လေ။သူတို့က ဘယ်သူက သတ္တိပေးလိုက်လဲဆိုတာ ငါသိလို့ရမလား"
ရှောင်ချီထျန်းက မြေကြီးပေါ်က အလောင်းတစ်လောင်းကို အမတ်လင်းဆီ ကန်လိုက်သည်။
အလောင်းရဲ့ရင်းနှီးနေတဲ့ မျက်နှာကိုကြည့်ပြီး အမတ်လင်းက တုန်လှုပ်သွားကာတုန်လှုပ်သွားကာ
"ဒါက သေချာပေါက် တစ်ယောက်ယောက်က ကျွန်တော့်ကို အပြစ်ပုံချဖို့ ကြိုးစားနေတာပါ"
"မင်းကို အပြစ်ဖို့တာလား?ငါအမှတ်မမှားဘူးဆိုရင် ဒီလူက မင်းကိုပေးထားတဲ့ တော်ဝင်အစောင့်မလား?ဆိုလိုတာက သူက မင်းရဲ့အမိန့်တစ်ခုပဲနာခံတာ။ဘယ်သူက မင်းကို ချောက်ချဖို့ကြိုးစားနေတာလဲ?အမတ်လင်း ငါက ငတုံးငအလို့ မင်းက ထင်နေတာလား!"
ရှောင်ချီထျန်းက ကျယ်လောင်စွာ ရှုံ့ချလိုက်ပြီး
"မင်းက မင်းမှာ အပြစ်မရှိဘူးလို့ပြောမှတော့ ဒါဆို ဒီကိစ္စကို ဧကရာဇ်ရှေ့မှာ ပြောကြတာပေါ့။လဲ့အန်း အလောင်းတွေကိုယူခဲ့ ငါတို့နန်းတော်ကိုသွားကြမယ်"
သူသာ ဒီနေ့ အမတ်လင်းကို သင်ခန်းစာမပေးရင် သူ့ကို လွယ်လွယ်နဲ့လွှတ်ပေးသလိုဖြစ်သွားလိမ့်မယ်။
အမတ်လင်းက အချိန်တော်ကြာအောင် မတုံ့ပြန်ခဲ့ပေ။သူ သတိပြန်ဝင်လာတဲ့အချိန်မှာ ရှောင်ချီထျန်းက လဲ့အန်းနဲ့ထွက်သွားပြီဖြစ်ပြီး ကျန်တဲ့လူတွေလည်း အလောင်းတွေသယ်သွားပြီဖြစ်သည်၊သူတို့က တကယ်ပဲ နန်းတော်ကို သွားနေကြတာ ဖြစ်သည်။
"လော်အာ ကလေး တကယ်ပဲ ဘာတွေဖြစ်ကုန်တာလဲ"
လင်းလော်က သူ့ခေါင်းကိုရမ်းလိုက်ပြီး
"ကျွန်တော်မသိဘူး"
သူ မှင်သက်နေတုန်းဖြစ်၏။ငါတို့က ဘာလို့ ရှောင်ချီထျန်းကို လုပ်ကြံဖို့ ကြိုးစားရမှာလဲ?အဲ့ဒါက သေလမ်းရှာတာနဲ့ အတူတူပဲ!
"ဘာပဲဖြစ်ဖြစ် အဖေတို့ နန်းတော်ကို မြန်မြန်သွားတာကောင်းမယ်"
အမတ်လင်းကအရေးတကြီးပြောလိုက်၏။
ဧကရာဇ်နဲ့ရှောင်ချီထျန်းတို့က အမေတူညီအစ်ကိုတွေဖြစ်တာကြောင့် တစ်ယောက်နဲ့တစ်ယောက် အတော်လေးရင်းနှီးသည်။ဧကရာဇ်ကသာ လင်းအိမ်တော်ကလူတွေက မင်းသားကို လုပ်ကြံဖို့ကြိုးစားတယ်ဆိုတာသာသိရင် အဲ့ဒါဆို ၎င်းက အမှန်ဟုတ်ဟုတ်မဟုတ်ဟုတ် သူက သေချာပေါက် သူတို့ကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ပေ။
သူတို့နှစ်ယောက်က အလျင်စလို ထွက်သွားခဲ့ပေမယ့် ရှောင်ချီထျန်းကို မမှီခဲ့ပေ။
သူ့ညီငယ်က ဒေါသတကြီးနဲ့ အမြန်ရောက်လာတာကိုတွေ့တော့ ရှောင်ချီဖုန်းက မေးလိုက်သည်။
"ဘာဖြစ်လာတာလဲ?မင်းကဘာလို့ အရမ်းဒေါသထွက်နေတာလဲ"
"အစ်ကိုတော်ဧကရာဇ် အမတ်လင်းရဲ့အိမ်တော်က တကယ်ကြီး ညီတော့်ကိုလုပ်ကြံဖို့ လူတွေလွှတ်ခဲ့တယ်"
၎င်းကိုစဉ်းစားမိပြီး ရှောင်ချီထျန်း ဒေါသဖြစ်ရတယ်။
ရှောင်ချီဖုန်းက မျက်မှောင်ကြုတ်သွားပြီး "ဘယ်လိုဖြစ်တာလဲ"
သူက ချောင်ထျန်းချန်ဆီ ရောက်နေတာမဟုတ်ဘူးလား?လုပ်ကြံတာက ဘာလို့ အဲ့ဒီနေရာမှာ ဖြစ်တာလဲ?
"သူတို့က တကယ်တော့ ညီတော့်နောက်ကို လိုက်တာမဟုတ်ဘူး။သူတို့က မုန့်ယောင်ဆီကိုလာကြတာ ဒါပေမယ့် ညီတော် အဲ့နေရာမှာရှိတယ်ဆိုတာ လင်းလော်သိတယ်"
ရှောင်ချီထျန်း ထိုအကြောင်းကို ပိုပြီးစဉ်းစားလေ ပိုပြီး ဒေါသထွက်လေဖြစ်သည်။အဲ့ဒီကောင်က သေချာပေါက်ကို ဒုက္ခရှာနေတာပဲ။
ရှောင်ချီဖုန်းက ပိုပြီး ရှုပ်ထွေးလာပြီး
"သူမက ဘယ်လိုလုပ် ထပ်ပြီး ပတ်သက်နေရတာတုန်း"
ရှောင်ချီထျန်းက နင်းမုန့်ယောင်နဲ့လင်းလော်ကြားထဲက အခြေအနေကို ရှင်းပြလိုက်ပြီး လုပ်ကြံဖို့အမိန့်က ရှောင်ကျီရွှမ်းဆီကလာတာ ဖြစ်ဖို့များကြောင်း ပြောပြလိုက်သည်။သူက ဒီကိစ္စကို အကြောင်းပြချက်တစ်ခုအနေနဲ့သာ သုံးနေတာဖြစ်သည်။
ရှောင်ချီဖုန်းက မျက်လုံးတွေ မှေးကျဉ်းသွားသည်။ဘယ်သူကပဲ အဲ့ဒါကို စတင်တာဖြစ်ဖြစ် နင်းမုန့်ယောင်က သာမန် ချောင်ထျန်းချန်ရဲ့ဇနီးတစ်ယောက် မဟုတ်တော့ပေ။သူမက ထုန်ပေါင်ကျိုက်ရဲ့ ပိုင်ရှင်ဖြစ်သည်။သူမသာ တစ်ခုခုဖြစ်သွားခဲ့ရင် အဲ့ဒီ ထုန်ပေါင်ကျိုက်က သေချာပေါက် ငြိမ်နေမှာ မဟုတ်ပေ။