အခန်း ၁၈၇+၁၈၈
Vol. 8 Ch. 187+88
Chapter 187+188
187
"မင်း ဘာပြောလိုက်တာလဲ"
လင်းလော်က သူနားကြားမှားတယ်လို့ ထင်တာကြောင့် နောက်တစ်ကြိမ် အတည်ပြုတဲ့အနေနဲ့ မေးလိုက်သည်။အဲ့ဒါက ဘယ်လိုလုပ် ရှောင်ကျီရွှမ်းဖြစ်နိုင်မှာလဲ?သူမက အခုတလော ခြံဝင်းထဲမှာပဲ အချိန်ကုန်ဆုံးနေပြီးတော့ ကလေးမွေးဖို့အတွက် ပြင်နေတာ မဟုတ်ဘူးလား?
သူ့အမူအရာကို ထိန်းချုပ်ပြီးတော့ မင်ဖန်းက စုံစမ်းမှုရလဒ်ကို ဆက်လက်တင်ပြသည်။
"အရင်တုန်းက သခင်လေးက မိန်းကလေးနင်းကို လက်ထပ်ချင်ပေမယ့် သူမက သဘောမတူခဲ့ဘူး။အမွေဆက်ခံသူသခင်မက သခင်လေးရဲ့ အမိန့်ပြားကို အသုံးပြုပြီး အိမ်တော်ကလူတွေကို မိန်းကလေးနင်းကို လုပ်ကြံဖို့ စေခိုင်းခဲ့တာပါ။သူမရဲ့ ရည်ရွယ်ချက်က မိန်းကလေးနင်းကို သတ်ဖို့ဆိုပေမယ့် မင်းသားချီလည်း အဲ့နေရာမှာ ရှိနေတယ်ဆိုတာ မထင်ထားခဲ့ဘူး"
ဒါက တိုက်ဆိုင်မှုသက်သက်ဖြစ်ပြီးတော့ ရှောင်ကျီရွှမ်း သူမရဲ့ကံကိုပဲ အပြစ်တင်ရမည်။
"ဘာ!သောက်ကျိုးနည်းကွာ!"
လင်းလော် အခု သဘောပေါက်သွားပြီ။ရှောင်ကျီရွှမ်းက နင်းမုန့်ယောင်ကို သတ်ချင်ခဲ့တာ ဒါပေမယ့် လုပ်ကြံမှုဖြစ်စဉ်က ရှောင်ချီထျန်းရဲ့ မျက်စိရှေ့မှာဖြစ်သွားတာကြောင့် သူ့ကို ဒေါသထွက်သွားစေခဲ့သည်။ဒါက သူ့ရဲ့မာနကို ထိခိုက်တာကြောင့် သူ့ကိုယ်သူ လုပ်ကြံသူရဲ့ပစ်မှတ်အဖြစ် ကြေညာခဲ့တာဖြစ်သည်။
ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုလျှင် ရှောင်ချီထျန်းက ဒီအခွင့်အရေးကိုယူကာ သူတို့ကို အပြစ်ရှာတာဖြစ်သည်။သို့ပေမယ် ဒီကိစ္စက အမှန်တကယ်ကို အမွေဆက်ခံသူသခင်မ ရှောင်ကျီရွှမ်းနဲ့ ပတ်သက်နေတဲ့အတွက် တာဝန်ကနေတိမ်းရှောင်နိုင်တဲ့ နည်းမရှိပေ။
"အမွေဆက်ဆံသူ ကျွန်တော်တို့ ဘာလုပ်ကြမလဲ" မင်ဖန်းက စိုးရိမ်စွာနဲ့ လင်းလော်ကို ကြည့်လိုက်၏။
"ငါအရင်ဆုံး အဖေနဲ့တိုင်ပင်ရမယ်"
လင်းလော်လည်းပဲ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ရှောင်ချီထျန်းက နင်းမုန့်ယောင်ကို ဘက်လိုက်နေတာ သိသာပြီး ဘာပဲဖြစ်ဖြစ် မနာလိုမှုကြောင့် လုပ်ကြံဖို့လုပ်ခဲ့တာ သေချာပေါက်ရှောင်ကျီရွှမ်းရဲ့အမှားဖြစ်သည်။
မင်ဖန်းက လင်းလော်ထွက်သွားတာကို ကြည့်နေခဲ့၏။သူက ခေါင်းရမ်းကာ သက်ပြင်းချလိုက်သည်။သခင်လေးက ခြေလှမ်းတစ်ချက်မှားသွားပြီး ဒီနေရာမျိုးမှာ အဆုံးသတ်သွားရသည်။မိန်းကလေးနင်းက အမွေဆက်ခံသူသခင်မထက် အများကြီးပိုကောင်းတယ်ဆိုတာ မင်ဖန်းသိတယ် ဒါပေမယ့် အစေခံတစ်ယောက်အနေနဲ့ သူ့အမြင်ကိုပြောဖို့ နေရာမရှိပေ။
လင်းလော်က အမတ်လင်းရဲ့ စာကြည့်ခန်းကိုသွားပြီးတော့ သူရှာတွေ့ခဲ့တာကို တင်ပြလိုက်သည်။
"မင်းဘာပြောလိုက်တာလဲ?ဒါလုပ်ခဲ့တာ ရှောင်ကျီရွှမ်းပေါ့လေ!"
အမတ်လင်းက ရုတ်တရက် မတ်တပ်ထရပ်ပြီး တုန်လှုပ်ခြောက်ခြားစွာကြည့်ကာ သူ အခုလေးတင်ကြားလိုက်တာကို မယုံနိုင်ဖြစ်သွားသည်။
လင်းလော်က ခေါင်းငြိမ့်လိုက်ပြီး "ဒါ အမှန်ပဲ"
"ဘာလို့လဲ"
"မုန့်ယောင်ကြောင့်ပါ။ကျွန်တော် သူမကို လျှို့ဝှက်ပြီးသွားရှာခဲ့ပေမယ့် ရှောင်ကျီရွှမ်းက တစ်နေရာရာကနေ အဲ့အကြောင်းကို သိသွားပြီး သူမကို သတ်ဖို့ ရည်ရွယ်ခဲ့တာ။ဒါပေမယ့် မင်းသားချီ အဲ့နေရာမှာ ရှိနေတာကို မသိခဲ့ဘူး"
"အဲ့ဒီမိန်းကလေးကို သတ်ဖို့လား?ဘာလို့လဲ"
သူက သူမရဲ့ဖြစ်တည်မှုကို သိပြီးတော့ သူမသာ သာမန်မိန်းကလေးတစ်ယောက် မဟုတ်ခဲ့ရင် ချွေးမအဖြစ် လက်ခံခဲ့မှာ ဖြစ်သည်။
လင်းလော်က အကြည့်ကို အောက်ချလိုက်ပြီး
"သူမ(ရှောင်ကျီရွှမ်း)က ကျွန်တော်က မုန့်ယောင်ကို အိမ်တော်ထဲ ခေါ်လာပြီး သူ့နေရာကို ခြိမ်းခြောက်မယ် ထင်ခဲ့တာ။ဒါပေမယ့် မုန့်ယောင်က မကြာခင် လက်ထပ်တော့မှာဖြစ်ပြီး သူမကို ဘယ်လိုမှ ထိခိုက်မှာ မဟုတ်ဘူး"
အမတ်လင်းက သက်ပြင်းချလိုက်တယ်။ဒါက မနာလိုမှုရဲ့ သင်္ကေတပဲ မဟုတ်လား?
"ဒါကို ဧကရာဇ်ကိုတင်ပြလိုက် ပြီးရင် သူ(ရှောင်ကျီရွှမ်း)ကို ဒီလာဖို့ ပြောလိုက်"
"နားလည်ပါပြီ"
သူမရဲ့အစေခံစေခံကိုတွဲပြီးတော့ ရှောင်ကျီရွှမ်းက အမတ်လင်း၏ စာကြည့်ခန်းထဲကို ဝင်လာခဲ့သည်။သူမ ပထမဆုံး မြင်ရတဲ့အရာက အဖေနဲ့သားက အဲ့မှာ ထိုင်နေကြပြီး နှစ်ယောက်လုံးက သိသိသာသာကို ဒေါသထွက်နေကြတာ ဖြစ်သည်။
"အဖေ၊အရှင်"
"မင်း နင်းမုန့်ယောင်ကို သတ်ဖို့ လူတွေလွှတ်ခဲ့တာလား"
အမတ်လင်းကို ချုံပုတ်ကို ကွေ့ပတ်ရိုက်မနေတော့ပေ။
ရှောင်ကျီရွှမ်းရဲ့လက်တွေက တောင့်တင်းသွားပြီး သူမမျက်လုံးတွေက တုန်လှုပ်ခြောက်ခြားသွားကာ
"ကျွန်မ မလုပ်ပါဘူး"
"မင်းမလုပ်ဘူးလား?ရှောင်ကျီရွှမ်း ဒီကိစ္စက ဧကရာဇ်ရဲ့ အာရုံစိုက်မှုကို ရပြီးနေပြီ ငါတို့တွေက မင်း နင်းမုန့်ယောင်ကို သတ်ဖို့ ကြိုးစားတဲ့အကြောင်းကို ပြောနေတာမဟုတ်ဘူး ဒါပေမယ့် မင်းသားချီ လုပ်ကြံခံရတာကို ပြောနေတာကွ!"
လင်းလော်က ကြောင်ကအိတ်ထဲကနေ ထွက်လာသည့်တိုင် သူမကိုယ်သူမ ခုခံကာကွယ်နေတာကို ကြည့်ပြီး လှောင်ရယ်လိုက်သည်။
"အဲ့ဒါ မဖြစ်နိုင်ပါဘူး"
ရှောင်ကျီရွှမ်းက သတိလက်လွှတ် ထုတ်ပြောလိုက်ပြီး တကယ်ပဲ ဒီကိစ္စမှာ သူမပါဝင်ပတ်သက်နေတယ်ဆိုတဲ့အချက်ကို သွယ်ဝိုက် ဝန်ခံလိုက်သည်။
သူမရဲ့ ဖြူဖျော့နေတဲ့ မျက်နှာကို ကြည့်ပြီး လင်းလော်က
"နန်းတော်ကို သွားပြီး မင်းကိုယ်မင်း ရှင်းပြဖို့ လုပ်ထား။မင်းလိုမျိုး မိုက်မဲတဲ့လူမျိုး ငါအရင်တုန်းက လုံးဝ မတွေ့ဖူးဘူး" ဟု ပြောလိုက်သည်။
"အဖေ......."
ရှောင်ကျီရွှမ်း၏အကြည့်က အမတ်လင်းပေါ်မှာ ရှိနေပြီး သူ အရာအားလုံးက မှားယွင်းနေတာဖြစ်ကြောင်း သူမကို ပြောပြဖို့ မျှော်လင့်ခဲ့သည်။
သူမက အထက်တန်းလွှာတစ်ယောက်ဖြစ်ပေမယ့် မင်းသားချီနဲ့ယှဉ်လိုက်ရင် ဘာမှမဟုတ်ပေ။
"မင်းသားချီက ဒီပြဿနာကိုဖြေရှင်းဖို့ ငါတို့ကို အချိန်တစ်ရက်ပဲ ပေးထားတယ်။မနက်ဖြန်မှာသာ သေချာမကိုင်တွယ်နိုင်ဘူးဆိုရင် လင်းအိမ်တော်နဲ့ရှောင်အိမ်တော် နှစ်ခုလုံးပါဝင်ပတ်သက်လာလိမ့်မယ်"
အမတ်လင်းက ရှောင်အိမ်တော်ရဲ့ ကျောထောက်နောက်ခံကြောင့် အမြဲတမ်း ဘဝင်မြင့်နေတဲ့ ဒီချွေးမကို လုံးဝ မနှစ်သက်ပေ။
188
ရှောင်ကျီရွှမ်းက ဖြူဖျော့သွားပြီး
"ဒါက ဘယ်လိုလုပ် မင်းသားချီနဲ့ ပတ်သက်နေရတာလဲ သူ(မ)က သာမန် လယ်သမားတစ်ယောက်ပဲ မဟုတ်ဘူးလား"
လင်းလော်က သရော်လိုက်ပြီး
"မင်း ဒီလောက်အထိ စဉ်းစားဉာဏ်မရှိတာ ငါမယုံနိုင်ဘူး။သူ(မ)က မင်းသားချီနဲ့ စီးပွားရေးအတူတူလုပ်နေတာ ပြီးတော့ သူ(မ) လက်ထပ်တော့မှာမလို့ သူက ရှိနေတာလေ။အဲ့ဒါကို မင်းက သူ(မ)ကို သူ့ရှေ့မှာ လုပ်ကြံရဲတယ်။မင်းက ငါတို့ရဲ့ လင်းအိမ်တော်မှာ အချိန်ကောင်းတွေရနေလို့ မင်းနေရာမင်း မေ့သွားတာလား"
သူမသာ ကိုယ်ဝန်မရှိဘူးဆိုရင် သူက သူမကို လွယ်လွယ်မလွှတ်ပေးဘဲ သေချာပေါက် သူမရဲ့လုပ်ရပ်တွေအတွက် ပေးဆပ်ရအောင် လုပ်မှာဖြစ်သည်။
ရှောင်ကျီရွှမ်းက ကြမ်းပြင်ပေါ်ကို လဲကျသွားပြီး သူမလုပ်ရပ်တွေရဲ့ လေးနက်မှုကို သဘောပေါက်သွားသည်။သူမ မျက်ဝန်းတွေက မယုံကြည်မှုနဲ့ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားပြီး
"မဟုတ်ဘူး ဒါ အမှန်မဟုတ်ဘူး"
"ငါတို့က မင်းကို လိမ်ဖို့လိုလိမ့်မယ်လို့ တကယ်ပဲ ထင်နေတာလား?ဖြစ်နိုင်ရင် မင်းကို လည်ပင်းညှစ်သတ်လိုက်တာမှ ငါ ပိုစိတ်ချမ်းသာရဦးမယ်" လင်းလော်က သွားတွေ တင်းတင်းစေ့ထား၏။
ရှောင်ကျီရွှမ်းရဲ့ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူမချစ်ရတဲ့ယောကျာ်းက သူမကို ဒီလောက် ကြမ်းကြမ်းတမ်းတမ်း ပြောတာကို မယုံနိုင်ဖြစ်သွားရသည်။
"ကျွန်မ....ကျွန်မ......."
"ဘာမှ ထပ်မပြောနဲ့တော့ ငါတို့တွေ မနက်ဖြန်ကျရင် နန်းတော်ကိုသွားပြီး မင်းက သူတို့ရဲ့ ခွင့်လွှတ်မှုကို တောင်းခံရမယ်"
ခွင့်လွှတ်မှုတောင်းခံတာကလွဲလို့ ရှောင်ချီထျန်းက ကိုယ်ဝန်သည်အမျိုးသမီးအပေါ် လျှော့ပေါ့တဲ့ အပြစ်ဒဏ်ပေးဖို့ အမတ်လင်း မျှော်လင့်သည်။
ရှောင်ကျီရွှမ်းက မငြင်းဆိုရဲတာကြောင့် ခေါင်းငြိမ့်လိုက်၏။
နောက်တစ်နေ့မနက်တွင် လင်းလော်နဲ့သူ့အဖေက ရှောင်ကျီရွှမ်းကို နန်းတော်ထဲ ခေါ်လာခဲ့သည်။ရှောင်ချီထျန်းက ဒီသတင်းကိုကြားတော့ လှောင်ရယ်လိုက်သည်။
"ကြည့်ရတာတော့ သူတို့တွေက ဒီလာပြီး အသနားခံတော့မယ်တူတယ်"
"မင်း ဘာလုပ်ဖို့ ကြံရွယ်ထားတာလဲ"
ရှောင်ချီဖုန်းက မျက်ခုံးပင့်ပြီး စိတ်ဝင်စားသွား၏။
တစ်ခြားဘာများလဲ?ဒါပေါ့ သူက သူမရဲ့ ကူညီမှုကို ပြန်ပေးရမှာပေါ့။
မျှော်လင့်ထားသလိုပဲ ရှောင်ကျီရွှမ်းက လျှော့ပေါ့တဲ့ အပြစ်ဒဏ်အတွက် သူမရဲ့ကိုယ်ဝန်ကို အကြောင်းပြချက်တစ်ခုအနေနဲ့ သုံးခဲ့သည်။
ဒါပေမယ့် ရှောင်ကျီရွှမ်း စိတ်အေးပြီးသက်ပြင်းမချနိင်ခင်မှာ ရှောင်ချီထျန်းရဲ့ စကားတွေက သူမကို စိတ်ဓာတ်ကျသွားစေသည်။
"မင်း သေဒဏ်ကနေ လွတ်မြောက်နိုင်ပေမယ့် သိက္ခာရှိတဲ့ အမွေဆက်ဆံသူ သခင်မတစ်ယောက်ဖြစ်ဖို့ ရည်ရွယ်ချက်မရှိမှတော့ မင်းရဲ့အဆင့်အတန်းကို ကိုယ်လုပ်တော်အဖြစ် လျှော့ချလိုက်မယ်"
ရှောင်ချီထျန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ဒီစကားတွေက ရှောင်ကျီရွှမ်းကို ကြောက်လန့်သွားစေပြီး
"မဟုတ်ဘူး ကျွန်မ ရာထူးချမခံချင်ဘူး"
သူမက မြင့်မြတ်ပြီးတော့ အမွေဆက်ခံသူသခင်မ ဖြစ်မှာဖြစ်တယ်။သူမရဲ့ အဆင့်အတန်းက နိမ့်ကျတဲ့ကိုယ်လုပ်တော်အဖြစ် ပြောင်းလဲသွားတာကို လက်မခံနိုင်ဘူး။
"မင်း သေမလား ရာထူးချခံမလားဆိုတာ မင်းရွေးချယ်နိုင်တယ်"
ရှောင်ချီထျန်းက သူမရဲ့ ဆိုးရွားတဲ့အမူအရာကနေ သက်ရောက်မှုမရှိဘဲ ဒါက သူ့ကို အပြစ်ပြုတဲ့အတွက် သူမနဲ့ ထိုက်တန်တာဖြစ်သည်။
ရှောင်ကျီရွှမ်းက ကြမ်းပြင်ပေါ်ကို လဲကျသွားပြီး ငေးကြောင်ကြောင်ကြည့်ကာ
"မဟုတ်ဘူး ရှင် ကျွန်မကို ဒီလိုဆက်ဆံလို့မရဘူး။ကျွန်မက ရှောင်မိသားစုကပဲ"
ရှောင်ချီထျန်းက အေးစက်စက် ရယ်လိုက်ပြီး
"ပြီးတော့ရော အဲ့ဒါနဲ့ပဲ မင်းက ငါ့ကို လုပ်ကြံခွင့်ရှိသွားရောလား"
"မဟုတ်ဘူး ကျွန်မမှာ ရှင့်ကို သတ်ဖို့ ရည်ရွယ်ချက်မရှိခဲ့ဘူး"
ရှောင်ကျီရွှမ်က သူမကိုယ်သူမ အမြန် ကာကွယ်လိုက်၏။
"ဟမ်?ဒါဆို မင်း ဘယ်သူ့ကို သတ်ဖို့ကြိုးစားတာလဲဆိုတာ ငါသိချင်တယ်"
ရှောင်ချီထျန်းက သရော်လိုက်၏။ဒါတွေအားလုံးက သူမကို ပြိုလဲအောင် လုပ်နိုင်လို့လား?
သူမက ဘယ်လိုလုပ် အမှန်ကို ပြောနိုင်မှာလဲ?ဒါဆို သူမက ရှောင်မိသားစုနဲ့ သက်ဆိုင်နေရင် ဘယ်လိုလုပ်မလဲ?နင်းမုန့်ယောင်က သူမကို ဘယ်လိုနည်းလမ်းနဲ့မှ ရန်မစခဲ့ပေ။အမှန်တရားက သူမက နင်းမုန့်ယောင်ရဲ့လူကို ခိုးယူခဲ့တာကြောင့် နင်းမုန့်ယောင် မကြာခင် လက်ထပ်တော့မယ်ဆိုတာတောင် မလွှတ်ပေးနိုင်တာဖြစ်သည်၊သူမသာ အမှန်တရားကို ထုတ်ပြောလိုက်ရင် ကိုယ့်သေတွင်းကိုယ်တူးတာပဲဖြစ်သည်။
"ဘာလဲ?မင်းမှာ ဘာပြောစရာ ကျန်သေးလို့လဲ?ငါ မင်းကို အခု ဒီနေရာမှာ ပြောလိုက်မယ် မင်းမှာ သူမကို ဆန့်ကျင်ဖို့ အခွင့်အရေးမရှိဘူး။ငါ မင်းကို ဒီတစ်ကြိမ်တော့ ရာထူးချတာလိုက်နဲ့ပဲ လွှတ်ပေးလိုက်မယ်။ဒုတိယအကြိမ်ဖြစ်လာခဲ့မယ်ဆိုရင် .......မင်းက ရှောင်အိမ်တော်က ဆိုရင်တောင်မှ မင်းအသက် ဆုံးရှုံးဖို့ ပြင်ထား"
"ရှင်......"
"ကောင်းပြီ ဒီကိစ္စကို ဖြေရှင်းပြီးသွားပြီ။မင်းသားချီပြောသလိုပဲ မင်း ကိုယ်လုပ်တော်အဖြစ် ရာထူးချခံမလား သေမလားဆိုတာ ရွေး။သေချာတာကတော့ နောက်ကဟာကို ရွေးလိုက်ရင် ငါဒီကိစ္စကို ထပ်ပြီး စုံစမ်းဖို့ စိတ်ထဲမထားဘူး"
ရှောင်ကျီရွှမ်းက သူမ ဒေါသထွက်နေရင်တောင်မှ ငြင်းဆန်တာ မလုပ်ရဲပေ။ဧကရာဇ်က အခုလိုပြောလာမှတော့ သူမက တစ်ခြား ဘာပြောလို့ရမှာလဲ?
"ဟုတ်ကဲ့ ကျွန်မနားလည်ပါပြီ" ရှောင်ကျီရွှမ်းက လိုက်နာဖို့ကလွဲလို့ ရွေးချယ်စရာမရှိပေ။ဒါပေမယ့် အဲ့ဒါက သူမက ဝပ်တွားပြီး ယူမယ်လို့ မဆိုလိုဘူး။
သူမကို ကိုယ်လုပ်တော်အဖြစ် ရာထူးချလိုက်တာနဲ့ သူမနဲ့ရှောင်အိမ်တော် နှစ်ခုလုံးရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။သူတို့က ၎င်းကို ဆန့်ကျင်မှာ သေချာသည်။ပြီးတော့ နင်းမုန့်ယောင်ဆိုတဲ့ အဲ့ဒီမြေခွေးမ သူမက သေချာပေါက် သူမ ဒီလို အရှက်ရခဲ့တာအတွက် သူမ(နင်းမုန့်ယောင်) ဘဝနဲ့ပေးဆပ်ရအောင် လုပ်ပြမယ်။