အခန်း ၁၈၉+၁၉၀
Vol. 8 Ch. 189+190
Chapter 189+190
189
နင်းမုန့်ယောင်က ရှောင်ချီထျန်းလာလည်တဲ့အခါမှာ ရှောင်ကျီရွှမ်းရဲ့ ရာထူးချခံရမှုကိုသာ သိ၏။
နင်းမုန့်ယောင်က သတင်းကြောင့် ဘာသက်ရောက်မှုမှ မရှိပေ သို့ပေမယ့် ရှောင်ကျီရွှမ်းက သူမရဲ့အင်အားတွေကို သူမ(နင်းမုန့်ယောင်)ပေါ်မှာ ဖြုန်းတီးနေတာ လျော့လိုက်ရင် ပိုကောင်းမယ်လို့ ထင်သည်။
"ငါ ကိစ္စကို ကောင်းကောင်း မကိုင်တွယ်ခဲ့ဘူးလား"
ရှောင်ချီထျန်းကမေးလိုက်ပြီး နင်းမုန့်ယောင်ဆီကနေ ချီးကျူးမှုလိုချင်သည်။
ဆွံ့အသွားပြီးတော့ နင်းမုန့်ယောင်က
"သူမက အရှက်ခွဲခံရတာကြောင့် ဒေါသတကြီး ပျံထွက်မလာဘူးဆိုတာ ရှင်သေချာလား"
"အဲ့ဒါဆို ပိုတောင်မကောင်းဘူးလား?မင်း သူမကို သင်ခန်းစာပေးဖို့ တရားဝင်အကြောင်းပြချက် ရှိသွားတာပေါ့"
ရှောင်ချီထျန်းသည် နင်းမုန့်ယောင်က ဒီကိစ္စကို သူမဘာသာ ကိုင်တွယ်ဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုတာ သိတယ် ဒါပေမယ့် သူမက ရှောင်အိမ်တော်ကို စာရင်းရှင်းဖို့ သူ့ကို အခွင့်အရေးပေးခဲ့သည်။သို့ပေမယ့် ဒီလိုဆင်တူတဲ့အဖြစ်အပျက်မျိုး ထပ်ဖြစ်လာခဲ့ရင် ဒါဆို သူ လုပ်နိုင်တာ ဘာမှမရှိတော့ဘူး။
နင်းမုန့်ယောင်က မျက်ခုံးပင့်လိုက်ပြီး ပုခုံးတွန့်ကာ ခေါင်းငြိမ့်လိုက်သည်။ရှောင်ကျီရွှမ်းက သင်ခန်းစာမရသေးဘူးဆိုရင် သူမက ထပ်သင်ပေးဖို့ ဆန္ဒရှိတယ် ဒါပေမယ့် ပါဝင်ပတ်သက်လာမယ့် လူအရေအတွက်နဲ့ပတ်သက်ပြီးတော့ အာမမခံနိုင်ဘူး။
"မင်းဆက်ပြီး ဒေါသမထွက်တော့ဘူးမလား"
ရှောင်ချီထျန်းက စိတ်မတည်ငြိမ်စွာ မေးလိုက်၏။
နင်းမုန့်ယောင်က သူ့ရဲ့ စိုးရိမ်ပူပန်မှုကို သဘောပေါက်တာကြောင့် ရှောင်ချီထျန်းကို ပြုံးပြလိုက်ပြီး
"မစိုးရိမ်ပါနဲ့။ကျွန်မက ရှင်နဲ့ရှင့်အစ်ကိုအတွက် ကိစ္စတွေကို ခက်ခဲအောင် မလုပ်ပါဘူး။ရှင်တို့က ထျန်းချန်ရဲ့ ညီအစ်ကိုတွေပဲလေ"
ချောင်ထျန်းချန်က သူ့တိုင်းပြည်ကို ချစ်မြတ်နိုးတာကြောင့် နင်းမုန့်ယောင်ကလည်း ကူညီဖို့ ဆန္ဒရှိသည်။
သူမ စကားတွေကြားတော့ ရှောင်ချီထျန်းက စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချလိုက်ပြီး သူမကို ယုံကြည်သည်။
"ငါ စိတ်အေးသွားပြီ"
၎င်းက ရှောင်တိုင်းပြည်အတွက် စိုးရိမ်စရာမဟုတ်သရွေ့ သူ စိတ်မပူပေ။တစ်ခြားသူတွေရဲ့ ကောင်းကျိုးတွေကို သူအလေးထားမှာလား?ဒါပေါ့ ဘာလို့အလေးထားရမှာလဲ။
လင်းဇီရိုနဲ့အခြားသူတွေက သူတို့စကားတွေကြောင့် ပဟေဠိဖြစ်နေတယ်။သူတို့တွေ ဘာအကြောင်း ပြောနေကြတာလဲ?
"မင်္ဂလာပွဲအတွက် ပြင်ဆင်တာရော ဘယ်လိုလဲ"
သူတို့ရဲ့ ရှုပ်ထွေးနေတဲ့ အကြည့်တွေကို မြင်တော့ ရှောင်ချီထျန်းက စကားလမ်းကြောင်းလွှဲဖို့ လုပ်လိုက်သည်။
"အမ်းးပြီးသွားပြီ။ပွဲတက်မယ့် နောက်ထပ်မိတ်ဆွေတွေရှိတယ်"
အဲ့ဒီလူအချို့ကို တွေးမိလိုက်တာက သူမလည်ချောင်းထဲကို ခက်ခက်ခဲခဲ တံတွေးမြိုချပြီး သူတို့ရောက်လာတဲ့အခါ ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာ သိချင်မိသည်။
ရှောင်ချီထျန်းက နင်းမုန့်ယောင် ပြုံးပြတာကို ကြည့်နေပြီး အဲ့ဒီအပြုံးရဲ့နောက်ကွယ်မှာ ကြောက်ဖို့ကောင်းတဲ့ခံစားချက်တွေရှိတယ်ဆိုတာ သူခံစားမိသည်။
သူက မေးခွန်းတွေကို သူ့ဘာသာ သိမ်းထားရတဲ့အထိ ဉာဏ်ကောင်းတယ် မဟုတ်ရင် နင်းမုန့်ယောင်က သူ့ကို ကန်ထုတ်လိမ့်မယ်။
မင်္ဂလာပွဲအခမ်းအနား နီးကပ်လာသည်နှင့်အမျှ နင်းမုန့်ယောင်က စိတ်ပူလာသည်။အဲ့ဒီလူတွေက မကြာခင်ရောက်လာကြတော့မှာမလား?
"ဘာဖြစ်လို့လဲ"
ချောင်ထျန်းချန်က နင်းမုန့်ယောင်ရဲ့ ငေးမောနေတဲ့ အမူအရာကိုကြည့်ပြီး အံ့ဩသွားတယ်။ဒီမိန်းကလေးက လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက ပုံမှန်အခြေအနေမှာ မရှိပေ။သူမက စစ်ပွဲတစ်ခုမှာ အသက်ဆုံးရှုံးတော့မယ့် ပုံစံနဲ့ တံခါးကို မကြာခဏ ခိုးကြည့်နေတတ်သည်။
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို လေးတွဲ့စွာ ကြည့်လိုက်ပြီး
"ထျန်းချန် ရှင့်ရဲ့ကိုယ်ခံပညာစွမ်းရည်က ဘယ်လိုရှိလဲ"
"ကောင်းတယ်လေ" ချောင်ထျန်းချန်က သူ့ရဲ့လုပ်နိုင်စွမ်းပေါ်မှာ ကြီးမားတဲ့ ယုံကြည်ချက်ရှိသည်။
"ဒါဆို ကျွန်မ စိုးရိမ်စရာမလိုတော့ပါဘူး"
နင်းမုန့်ယောင်က သူမရင်ဘတ်ကို ပုတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။
"ဝိုးးးမင်းက ကြောက်တတ်တယ်ဆိုတာ ငါမသိပါ့လား ရှောင်ယောင်အာ"
ချောင်ထျန်းချန် ဘာမှဆက်မမေးနိုင်ခင်မှာ ရုတ်တရက် အသံတစ်သံထွက်လာခဲ့သည်။
နင်းမုန့်ယောင်က အသံကြောင့် တောင့်တင်းသွားပြီး အသံလာတဲ့ဘက်ကို နေရခက်စွာနဲ့ လှည့်လိုက်သည်။
တံခါးက ကြည့်ကောင်းတဲ့ အဖွဲ့ကိုမြင်တော့ သူမက ထျန်းချန်ကို မော့ကြည့်လိုက်ပြီး
"ထျန်းချန် ကျွန်မတို့ အခု ထွက်ပြေးကြမလား"
အဲ့ဒီလူတွေက ကြောက်ဖို့ကောင်းတယ်။
"မင်းနဲ့မင်းရဲ့လူ ထွက်ပြေးရဲရင် ငါ့ကိုယုံ။ငါတို့က အလုပ်တွေကိုရပ်ပြီး ဆန္ဒပြပြမယ်"
ဦးဆောင်လာတဲ့အမျိုးသမီးက သူမရဲ့ မျက်ခုံးတွေကိုပင့်ကာ ပြောလိုက်သည်။
ချောင်ထျန်းချန် တံခါးဘက်ကို လှည့်လိုက်၏။အဲ့ဒီမှာ စုစုပေါင်း လူလေးယောက်ရပ်နေကြီး မိန်းမသုံးယောက်နဲ့ယောကျာ်းတစ်ယောက်ဖြစ်သည်။အခုလေးတင် စကားပြောလိုက်တဲ့ တစ်ယောက်က ပွင့်လင်းပြီးတော့ ခန္ဓာကိုယ်တောင့်တင်းတဲ့ အမျိုးသမီးဖြစ်သည်။
"မစိုးရိမ်ပါနဲ့ ယောင်ယောင် အဆင်ပြေသွားမှာပါ"
အဲ့ဒီလူတွေက ထုန်ပေါင်ကျိုက်ရဲ့ သခင်လေးယောက်ဆိုတာ သူခန့်မှန်းမိသည်။
"သူ့(မ)ယောကျာ်းက မျှော်လင့်ထားသလိုပဲ အခြေအနေကို နားလည်တတ်သားပဲ"
ညို့ဓာတ်ပြင်းတဲ့ မိန်းမတွေက ခရီးဆောင်အိတ်အချို့သယ်ကာ အိမ်ထဲကို ဦးဆောင်ပြီး ဝင်လာခဲ့သည်။
မျက်လုံးလေးစုံကနေ စိုက်ကြည့်ခံနေရတာကြောင့် နင်းမုန့်ယောင်က ကြီးမားတဲ့ဖိအားကို ခံစားရပြီး
"အစ်မတို့ ဘာလို့ဒီရောက်လာကြတာလဲ"
"ငါတို့က နင့်မင်္ဂလာပွဲအတွက် ဘာလို့ ဒီမှာ မရှိရမှာလဲ?ငါတို့အလည်မလာခင် နင်ကလေးမွေးပြီးတဲ့အထိ စောင့်ပေးရမှာလား"
အမျိုးသမီးက ကြောက်စရာကောင်းအောင် မေးလိုက်သည်။
နင်းမုန့်ယောင် သူမရဲ့ ဆုံးဖြတ်ချက်ကို နောင်တရနေပြီ။သူမ သူတို့ကို အစတည်းက လုံးဝ ရိုးသားခဲ့သင့်တာ။အခုတော့ သူမပြီးသွားပြီ။
190
နင်းမုန့်ယောင်က အရည်ထူထူနဲ့ သူတို့ကို ကြည့်ပြီး
"ညီမက အဲ့လိုဆိုလိုတာ မဟုတ်ပါဘူး"
"ဒါဆို ဘာအဓိပ္ပာယ်လဲဆိုတာ ငါတို့ကို ပြောစမ်းပါဦး။နင်က ငါတို့ကို ဘာမှမပြောဘဲ ရုတ်တရက်ကြီး ပျောက်သွားတယ်?ဦးလေးကျန်းနဲ့ကျန်တဲ့လူတွေသာ နင့်ကိုမရှာခဲ့ရင် နင်က အဲ့ဒီမကောင်းတဲ့ကောင်ဆီကနေ အနိုင်ကျင့်ခံခဲ့ရတယ်ဆိုတဲ့ အချက်ကို ငါတို့တွေ မသိဘဲ နေနေဦးမှာ?ငါပြောပါဦးမယ် နင်ပြန်မတိုက်နိုင်ဘူးလား"
ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးက နင်းမုန့်ယောင်ကို သံကသံမဏိဖြစ်မလာတာကြေင့် မုန်းတဲ့အကြည့်နဲ့ကြည့်နေခဲ့သည်။
ဒီကောင်မလေးက မိုက်မဲတယ်။သူမမှာ နောက်ကနေ ပံ့ပိုးပေးနေတဲ့ သူတို့ရှိနေတာတောင် အနိုင်ကျင့်ခံရသေးတယ်။ဘယ်လောက် ရှက်ဖို့ကောင်းလဲ။
"ကျဲမိန့် ဒေါသမထွက်ပါနဲ့။ညီမ အဲ့ဒါနဲ့ပတ်သက်ပြီး တစ်ကယ့်ကို ဘာမှ မကောင်းတာ မခံစားရဘူး။အနည်းဆုံးတော့ သူ့ကြောင့်ပဲ ညီမ ထျန်းချန်နဲ့ ဆုံခဲ့ရတာ။ထျန်းချန်က တကယ့်ကို ကောင်းတဲ့လူပါ"
နင်းမုန့်ယောင်က အနည်းငယ် ချွဲနွဲ့တဲ့ပုံစံ သရုပ်ဆောင်လိုက်သည်။
သူတို့တွေက သူမရဲ့ဒီလိုပုံစံကို မငြင်းပယ်နိုင်ဘူးဆိုတာ သိတယ်။
မျှော်လင့်ထားသလိုပဲ နင်းမုန့်ယောင်က ကျဲမိန့်လို့ခေါ်သံကြားတာနဲ့ အမျိုးသမီးက အားကိုးရာမဲ့ အမူအရာနဲ့
"ဒီကောင်မလေးကတော့။ငါတို့ကို သူနဲ့ မိတ်ဆက်မပေးတော့ဘူးလား"
သူက ကောင်းတယ် မကောင်းဘူးဆိုတာကိုတော့ သူတို့တွေ စမ်းသပ်ကြည့်မှ သိမှာပဲ။
"ထျန်းချန် ဒါက ကျဲမိန့် မိန့်ရိုလင်းတဲ့။ကျဲမိန့်နောက်က အပြာရောင်ဝတ်စုံနဲ့က မုရွှယ်။မုရွှယ်ရဲ့ဘေးက မုချန်း ပြီးတော့ lolita နဲ့တူတဲ့နောက်ဆုံးတစ်ယောက်က စစ်ထုရွှမ်း။ကျဲမိန့် ဒါက ထျန်းချန်"
နင်းမုန့်ယောင်က နာခံစွာနဲ့ သူတို့ကို မိတ်ဆက်ပေးလိုက်သည်။
မုရွှယ်နဲ့မုချန်းက ချောင်ထျန်းချန်ဆီကို လျှောက်လာပြီး
"ငါတို့ရဲ့ ရှောင်ယောင်အာ ဘေးမှာရပ်ဖို့ မင်းမှာ ဘာအရည်အချင်းရှိလဲ"
"ကျွန်တော့်မှာ အရည်အချင်းရှိလား မရှိဘူးဆိုတာက သင်တို့နဲ့မဆိုင်ပါဘူး"
ဒီလူတွေက ယောင်ယောင်ရဲ့ချစ်ရတဲ့လူတွေ ဖြစ်နေရင်တောင်မှ ယောင်ယောင်ကိုချစ်တဲ့ သူ့အချစ်ကို သူတို့ သံသယမဝင်သင့်ဘူး။
မုန်ချန်းက မျက်ခုံးပင့်သွားတယ်။သူ့ရဲ့ ကျောက်စိမ်းလိုနွေးထွေးတဲ့မျက်နှာက မျက်တောင်တစ်ခတ်အတွင်း ရက်စက်ကြမ်းကြုတ်သွားပြီး
"အဲ့လိုလား?ဒါဆို မင်းက သူမနဲ့ရှိဖို့ အရည်အချင်းပြည့်မှီရဲ့လားဆိုတာ ငါကြည့်ချင်သေးတယ်"
ဒါပြောပြီးတော့ သူက ရုတ်တရက် ချောင်ထျန်းချန်ရဲ့ ချက်ကောင်းနေရာကို တည့်တည့်တိုက်ခိုက်လိုက်သည်။
ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို ဘေးတွန်းလိုက်ပြီး အဲ့ဒီနောက် အန္တရာယ်များတဲ့တိုက်ခိုက်မှုကို ရှောင်လိုက်၏။
"မင်းက မဆိုးဘူးပဲ" မုချန်းက အေးစက်စက် ပြုံးလိုက်သည်။
သူတို့တွေ နင်းမုန့်ယောင် လက်ထပ်တော့မယ့်အကြောင်းကို ပထမဆုံး ကြားလိုက်ရတဲ့အချိန်တုန်းက ဒေါသထွက်ခဲ့ကြသည်။သူတို့စိတ်ထဲ အရင်ဆုံးတွေးမိတာက သူမက လင်းလော်နဲ့လက်ထပ်မှာဆိုပြီးတော့ ဒါပေမယ့် မကြာခင်မှာပဲ နင်းမုန့်ယောင်က မြို့တော်ကနေထွက်သွားပြီး လင်းလော်က အခြားမိန်းကလေးတစ်ယောက်ကို လက်ထပ်ခဲ့ပြီး မကြာခင်မှာ အဖေတစ်ယောက်ဖြစ်တော့မယ်ဆိုတာ သိလိုက်ရတယ်။
၎င်းက သူတို့ကို အရှက်ခွဲလိုက်တာဖြစ်ပြီး နင်းမုန့်ယောင်ကို စိုးရိမ်ကာ သူမ တစ်ခြားလူတွေဆီကနေ အနိုင်ကျင့်ခံရမှာကို အလေးအနက် စိုးရွံ့ခဲ့ကြသည်။
မိန့်ရိုလင်းကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်တာကို မြင်တော့ မုချန်းက သူ့ကိုယ်သူ ဆက်ထိန်းမထားတော့ဘဲ နင်းမုန့်ယောင်ကို သူတို့ကြားထဲ ဆွဲညှပ်လိုက်သည်။
မကြာခင်မှာပဲ မုချန်းရဲ့ နောက်ထပ်တိုက်ခိုက်မှုတစ်ခု ရောက်လာသည်။ချောင်ထျန်းချန်က ထိတ်လန့်သွားပြီး နင်းမုန့်ယောင်ကို သူ့ရင်ခွင်ထဲဆွဲခေါ်ဖို့ တစ်ခုတည်းကိုသာ ဂရုစိုက်ကာ သူ့ခန္ဓာကိုယ်ကိုလှည့်ပြီး မုချန်းရဲ့တိုက်ခိုက်မှုကို တားလိုက်သည်။
"Pu!"
မုချန်းက ၎င်းတိုက်ခိုက်မှုမှာ သူ့ခွန်အားရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်း အသုံးပြုထားတာ ဖြစ်သည်။နင်းမုန့်ယောင်ကို ကာကွယ်ရန်အတွက် ချောင်ထျန်းချန်က ၎င်းကို မရှောင်ခဲ့တာကြောင့် ဒဏ်ရာပြင်းထန်စွာ ရသွားသည်။
မိန့်ရိုလင်းက သူမကြည့်ရှူခဲ့တာကို ကျေနပ်သွားတယ်။
ချောင်ထျန်းချန် ရှောင်လို့ရပေမယ့် သူက နင်းမုန့်ယောင်အတွက် မရှောင်ခဲ့တာကြောင့် ဒဏ်ရာပြင်းထန်စွာရသွားတယ်။
"ထျန်းချန် ရှင်အဆင်ပြေရဲ့လား"
ချောင်ထျန်းချန် သွေးအန်တာမြင်တော့ နင်းမုန့်ယောင်က စိုးရိမ်ထိတ်လန့်သွားသည်။
သူ့ပါးစပ်ပေါ်က သွေးစတွေကို သုတ်လိုက်ပြီး ချောင်ထျန်းချန်က ထိတ်လန့်နေတဲ့ နင်းမုန့်ယောင်ကို သူ့ရင်ခွင်ထဲ တင်းတင်းကြပ်ကြပ် ဆွဲဖက်ကာ
"စိတ်မပူပါနဲ့ ကိုယ်အဆင်ပြေတယ်။ကိုယ် သိပ်မကြာခင် အဆင်ပြေသွားမှာ"
"ချင်းရွှမ် သူ့ကို ဂရုစိုက်ပေးဦး"
နင်းမုန့်ယောင်က သူ့ကို မယုံတာကြောင့် ချင်းရွှမ်ကို ခေါ်လိုက်သည်။ချင်းရွှမ်က ကြည့်လိုက်ပြီး ချောင်ထျန်းချန်မှာ အတွင်းဒဏ်ရာတွေရရှိခဲ့ပေမယ့် သေသေချာချာ ဂရုစိုက်ပေးဖို့သာ လိုအပ်ကြောင်း ပြောလိုက်သည်။နင်းမုန့်ယောင် စိတ်အေးသွားရသည်၊
"အစ်မတို့ အရမ်းလွန်သွားပြီ"
၎င်းက မတော်တဆမဟုတ်ဘူးဆိုတာ နင်းမုန့်ယောင် သေချာတယ်။သူတို့တွေ တွက်ချက်ပြီးမှ လုပ်ကြတာ။
နင်းမုန့်ယောင်က သူတို့ကို ဒေါသထွက်နေတာမြင်တော့ မိန့်ရိုလင်းက အမြန်ရှင်းပြလိုက်သည်။
"ယောင်အာ မင်းက ကျဲတို့ရဲ့ ရတနာလေးလေ ပြီးတော့ ကျဲတို့က မင်းကြီးလာတဲ့အထိ စောင့်ကြည့်လာတာလို့ ပြောလို့ရတယ်။အဲ့ဒီလင်းလော်ကို ကျဲတို့က အစကတည်းက အသိအမှတ်ပြုခဲ့တာမဟုတ်ဘူး ဒါပေမယ့် မင်းက သူ့ကိုကြိုက်တာကြောင့် ကျဲတို့ဘာမှမပြောခဲ့တာ။ဒါပေမယ့် သူက အာဏာအတွက် မင်းကို ဘေးဖယ်ထုတ်တာနဲ့ပဲ အဆုံးသတ်သွားတယ်လေ။အခု မင်းက ကျဲတို့ကို အဲ့ဒီထျန်းချန်က ကောင်းတယ်လို့ ပြောနေတာ။ကျဲတို့ယုံဖို့ဆိုတာ ကိုယ်တိုင်မြင်ရဖို့လိုတယ်"
"ရိုလင်းပြောတာမှန်တယ်။စကားနဲ့တော့ ကျဲတို့မယုံဘူး။အဲ့ဒါကြောင့် ကျဲတို့က မင်းတို့နှစ်ယောက်ရဲ့ အသက်အန္တရာယ်ရှိတဲ့အခြေအနေဖန်တီးပြီး သူဘယ်သူ့ကိုပိုပြီး တန်ဖိုးထားလဲဆိုတာ စောင့်ကြည့်ခဲ့တာ။သူ့လုပ်ရပ်တွေက စိတ်ကျေနပ်စေတယ်"
စစ်ထုရွှမ်းက ခေါင်းငြိမ့်လိုက်ပြီး သူမအတွေးတွေကိုပြောလိုက်သည်။
ချောင်ထျန်းချန်သာ ရှောင်ခဲ့ရင် နင်းမုန့်ယောင် ဒဏ်ရာများစွာ ရသွားမှာဖြစ်သည်။အဲ့လိုသာဆိုရင် နင်းမုန့်ယောင် သူ့ကို လက်ထပ်ချင်ရင်တောင်မှ သူတို့တွေက သဘောတူမှာ မဟုတ်ဘဲ ချက်ချင်း သူမကို အဝေးခေါ်သွားမှာဖြစ်သည်။
ချောင်ထျန်းချန်က မကျေမနပ်နဲ့ မျက်မှောင်ကြုတ်လိုက်ပြီး
"မင်းတို့တွေ နောက်ထပ် သူမအသက်ကိုအသုံးချပြီး ကျွန်တော့်ကို မစမ်းသပ်ဖို့ မျှော်လင့်တယ်”