အခန်း ၁၉၁+၁၉၂
Vol. 8 Ch. 191+192
Chapter 191+192
191
သူတို့တွေက ယောင်ယောင်နဲ့ပတ်သက်ပြီး စိတ်ပူတာကြောင့် သူ့ကို စမ်းသပ်ခဲ့တာဖြစ်တယ်။သူ အဲ့ဒါကို လက်ခံနိုင်တယ်။ဒါပေမယ့် သူတို့တွေ ယောင်ယောင်ရဲ့အသက်ကို အသုံးချပြီး သူ့ကို စမ်းသပ်တာကိုတော့ သည်းမခံနိုင်ဘူး။
အရင်စမ်းသပ်မှုအတိုင်း သူတစ်ခုခု ပြန်လုပ်ခဲ့မိရင် ဒဏ်ရာရသွားမှာက နင်းမုန့်ယောင်ဖြစ်နေခဲ့မှာ။သူက ငယ်ငယ်တည်းက ဒဏ်ရာတွေအများကြီးရဖူးပြီး အသားကျနေပြီဖြစ်တယ် ဒါပေမယ့် နင်းမုန့်ယောင်ကတော့ မတူဘူး။မုချန်းရဲ့ ခွန်အားခုနစ်ဆယ်ရာခိုင်နှုန်းက သူမအသက်ကို ယူသွားနိုင်တယ်!
သူ့ပေါ်ကျလာတဲ့ တိုက်ခိုက်မှုက သူ့ကို သွေးအန်စေပြီး အတွင်းဒဏ်ရာတွေခံစားရကာ ပြန်လည်ကောင်းမွန်လာဖို့အတွက် ဂရုတစိုက်ရှိဖို့လိုအပ်တယ်။ဒါပေမယ့် အဲ့ဒီတိုက်ခိုက်မှုသာ နင်းမုန့်ယောင်ပေါ်ကိုကျသွားခဲ့ရင် သူမ သေလုမြောပါးဖြစ်သွားမှာ။
"အဲ့ဒါ ငါ့အမှားပါ။နောက်တစ်ခါ မဖြစ်စေရဘူး"
မုချန်းက ခေါင်းငြိမ့်၏။သူ့လုပ်ရပ်တွေကို ဆင်ခြင်သုံးသပ်ဖို့ လိုအပ်သည်။
"မဖြစ်ရင် ပိုကောင်းတာပေါ့"
ချောင်ထျန်းချန်က သူတို့ကို စိုက်ကြည့်လိုက်သည်။သူက အများအားဖြင့် ဒေါသထွက်ရတာကို မကြိုက်ပေ။
သူ ဒေါသထွက်နေတာကြောင့် သူ့ရဲ့အရှိန်အဝါက သန်မာပြီးအန္တရာယ်များနေကာ မုချန်းကို သိချင်စိတ်ဖြစ်သွားစေသည်။
"ရှောင်ယောင်အာ မင်းရဲ့လူကဘာလုပ်တာလဲ"
"သူလား?သူက အရင်တုန်းကတော့ ဗိုလ်ချုပ်တစ်ယောက်ပဲ ဒါပေမယ့် အခု မဟုတ်တော့ဘူး"
"အိုး....ဗိုလ်ချုပ်လား သူက ဘာလို့ ဆက်မလုပ်တော့တာလဲ"
မုချန်းက သိချင်စိတ်အပြည့်နဲ့ နင်းမုန့်ယောင်ကို ကြည့်လိုက်သည်။
သူတို့လာတဲ့အချိန် ချောင်ထျန်းချန်ကို စမ်းသပ်ဖို့ နည်းလမ်းများစွာ စဉ်းစားခဲ့ကြတယ် ဒါပေမယ့် သူက ပထမစမ်းသပ်မှုနဲ့တင် သူတို့တွေ သူ့ကို အသိအမှတ်ပြုအောင် လုပ်နိုင်တယ်။
"ဘာလို့လဲဆိုတော့ ညီမ မြို့တော်မသွားချင်လို့လေ" နင်းမုန့်ယောင်က အမှန်အတိုင်း ပြောပြလိုက်သည်။
မုချန်းနဲ့စစ်ထုရွှမ်းက အကြည့်ချင်းဖလှယ်လိုက်ပြီး
"မင်းက ငါတို့ကို ကြွားနေတယ်လို့ ဘာလို့ ခံစားနေရတာလဲ"
"အဲ့တော့ရော ညီမကြွားတော့ ဘာဖြစ်လဲ?ကျဲတို့ မနာလိုတာပဲတတ်နိုင်တယ်"
နင်းမုန့်ယောင်က ချောင်ထျန်းချန်ရဲ့လက်မောင်းကို သူမလက်နှစ်ဖက်နဲ့ဖက်တွယ်လိုက်ပြီး ပြုံးပြလိုက်ကာ အဲ့ဒီအမူအရာက တစ်ခြားလူတွေကို မခံမရပ်ဖြစ်သွားစေသည်။
ဒီလူကောင်းက သူမအပိုင်ပဲ။
မုရွှယ် မျက်လုံးတွေ ပြူးသွားတယ်။နင်းမုန့်ယောင်က နတ်သမီးတစ်ပါးနဲ့တူတယ်လို့ သူမ ဘာကြောင့် အပြောခံခဲ့ရမှန်း တကယ့်ကို မသိဘူး။သူမက သိသိသာသာကြီးကို နတ်ဆိုးပဲ!
နင်းမုန့်ယောင်၏ခေါင်းကို ပုတ်ပေးလိုက်ပြီး ချောင်ထျန်းချန်က သူမကို မဆုံးမဘဲ ဖုံးကွယ်မထားနိုင်တဲ့ ချစ်မြတ်နိုးမှုတွေ ပြည့်လျှံနေတဲ့ အကြည့်နဲ့ပဲ ကြည့်နေခဲ့သည်။
မိန့်ရိုလင်းက သူတို့တွေရဲ့ တရင်းတနှီးရှိမှုကိုကြည့်ပြီး နှစ်လိုဖွယ်ပြုံးကာ
"ရှောင်ယောင်အာက သူ(မ)အိမ်ကို ရှာတွေ့သွားတာမြင်တော့ ငါတို့တွေ နောက်ထပ်စိတ်ပူဖို့ မလိုတော့ဘူး"
"ကျဲမိန့် တစ်ယောက်ထဲလာတာလား?ခဲအိုရော?သူက ကျဲနဲ့အတူတူ မလာဘူးလား"
နင်းမုန့်ယောင်က တစ်ယောက်ယောက်ကို တွေးမိသွားပြီး မိန့်ရိုလင်းကို မေးလိုက်၏။
အဲ့ဒီယောကျာ်းအကြောင်းပြောတော့ မိန့်ရိုလင်းရဲ့နဖူးကြောတွေ တွန့်သွားပြီး
"သူ......"
"တကယ့်ကို ရှောင်ယောင်အာကပဲ အတွေးတတ်ဆုံးသူပဲ။ယောင်အာ ဒီကိုလာပါဦး ကိုယ်တစ်ချက်လောက် ဖက်ရအောင်လို့"
ပေါ့ပါးတဲ့အသံက နောက်ကနေ ပေါ်ထွက်လာသည်။
ဧည့်သည်အသစ်က နင်းမုန့်ယောင်ဆီ ရောက်လာခါနီးမှာ သူမကို ထျန်းချန်က ဘေးကို အမြန်ဆွဲခေါ်လိုက်သည်။
ကြမ်းပြင်ပေါ်ကို ပြင်းထန်စွာ လဲကျမသွားဘဲ အန္တရာယ်တကြီး မတ်တပ်ရပ်နိုင်လိုက်ကာ နောက်လာတဲ့ ဧည့်သည်အသစ်က နင်းမုန့်ယောင်ကို အုံ့မှိုင်းစွာ ကြည့်လိုက်ပြီး
"ရှောင်ယောင်အာ ဘာလို့ ကိုယ်ဖက်တာကို လက်မခံရတာလဲ"
"မင်း သူ့မကို ဖက်ဖို့သုံးတာ ဘယ်လက်ပဲဖြစ်ဖြစ် အဲ့လက်ကို ငါဖြတ်ပစ်မယ်"
ချောင်ထျန်းချန်က ထိုအမျိုးသားကို အပိုင်းပိုင်းဖြတ်ချင်တဲ့အကြည့်နဲ့ကြည့်ပြီး သူနှလုံးသားက သဝန်တိုမှုနဲ့ တောက်လောင်နေသည်။
သူ သူမကို မသိခင်တုန်းက ဒီလူက ယောင်ယောင်ကို ဘယ်နှကြိမ်လောက် ဖက်ခဲ့လဲဆိုတာ ဘယ်သူသိမှာလဲ?
"ကောင်စုတ်လေး မင်း ဘာပြောလိုက်တာလဲ"
"ငါ့မိန်းမကို မင်းထိရဲရင် သူမကို ထိတဲ့မင်းရဲ့လက်ကို ဖြတ်ပစ်မယ်"
"ငါ့ရဲ့ မတ်လေးကို အပြည့်အဝ ထောက်ခံတယ်" မိန့်ရိုလင်းက လက်ခုပ်တီးလိုက်၏။
ထိုအမျိုးသားက တုံ့ဆိုင်းသွားပြီး ခေါင်းလှည့်ကာ သူကပဲ နစ်နာတဲ့ပုံစံနဲ့
"အချစ် မင်းဘာလို့ အပြင်လူကို ကူညီနေရတာလဲ"
မိန့်ရိုလင်းက သူ့ကိုကြည့်ကာ ပြုံးလိုက်ပြီး သူ့ရဲ့အမူအရာကို လျစ်လျှူရှုထားသည်။
"ရှင် ဘာလို့ အပြင်လူဆီကနေ လုကြည့်ဖို့မကြိုးစားတာလဲ ကျွန်မ ကြည့်ကြရအောင်လေ"
"အချစ် မင်း အခု ကိုယ့်ကို အနိုင်ကျင့်နေတာပဲ"
"မင်းက တကယ်တော့ မိန်းမတစ်ယောက်ပဲ ဟုတ်တယ်မလား"
ချောင်ထျန်းချန်က ရုတ်တရက် တစ်ခုခုကိုပြောလိုက်ပြီး ထိုအမျိုးသားကို ဒေါသထွက်သွားစေသည်။
"ငါက ယောကျာ်းကွ ယောကျာ်းစစ်စစ်" ထိုအမျိုးသားက ပေါက်ကွဲသွားသည်။
ချောင်ထျန်းချန်က တအားကြည့်လိုလှပနေတဲ့ သူ့မျက်နှာကိုကြည့်လိုက်ပြီး သူ့ရဲ့ အပြုအမူကို တွေးကြည့်ကာ
"ငါ အဲ့ဒါကို တကယ်မမြင်ရဘူး"
"Pfft!ဟားဟားဟား!ယွီဖုန်း မြင်လား?ငါတစ်ယောက်ထဲ အဲ့လိုပြောတဲ့လူမဟုတ်ဘူး"
ဒီတစ်ကြိမ်မှာတော့ ကျက်သရေရှိပြီး တည်ငြိမ်တယ်ဆိုတဲ့အမူအရာတွေကို စုဆောင်းထားတဲ့ မုချန်းက ရုတ်တရက် ခွက်ထိုးခွက်လှန် ရယ်ခဲ့၏။
ယွီဖုန်းက တကယ်တော့ အဲ့လိုမဟုတ်ပေ။သူက မိန့်ရိုလင်းရှေ့မှာသာ သနားဖို့ကောင်းအောင် ဟန်ဆောင်နေတာဖြစ်တယ်။ဒါပေမယ့် သူမကို သူ့ကို ဒီလိုပုံစံနဲ့ မကြိုက်ပေ။သူ့မျက်နှာက အရမ်းလှပတယ်ဆိုတဲ့ အချက်ကို ထည့်ပေါင်းရင် ယောကျာ်းလိုလို မိန်းမလိုလိုအလှနဲ့ သူတို့ကသာ ယွီဖုန်းက မိန်းကလေးလို့ပြောပြီး သူတိတ်နေသရွေ့ လူတွေ ယုံကြမှာဖြစ်သည်။
"ချောင်ထျန်းချန် မင်းက အေးအေးဆေးဆေး လက်မထပ်ချင်ဘူးနဲ့တူတယ်"
ယွီဖုန်းက အံကြတ်ကာ ခြိမ်းခြောက်၏။
ချောင်ထျန်းချန်က သူ့ကို ဂရုမစိုက်သလို မထီမဲ့မြင်ကြည့်လိုက်ပြီး
"ငါက မင်းနဲ့အတူတူပဲလို့ ထင်နေတာလား"
"သူ ဘာကိုဆိုလိုတာလဲ" ယွီဖုန်းက တုံ့ပြန်တာနောက်ကျပြီး သူ့ဘေးနားက လူကို မေးလိုက်သည်။
မုချန်းက ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး
"ထျန်းချန်ပြောတဲ့ အဓိပ္ပာယ်က မင်းက အရူးပဲတဲ့"
192
ယွီဖုန်းရဲ့ လှပတဲ့မျက်နှာက မုချန်းကြောင့် ပျက်ယွင်းလာခဲ့သည်။မိန့်ရိုလင်းသည် သူမရဲ့ အချစ်ကို စိုက်ကြည့်နေခဲ့သည်။သူက လူတိုင်းရှေ့မှာ ပုံမှန်ဆိုပေမယ့် သူတို့ရှေ့ကျရင် ဘာလို့ ကွဲပြားသွားရတာလဲ?
"ခဲအို စိတ်မဆိုးပါနဲ့တော့။အစ်ကိုစိတ်ဆိုးရင် အရေးအကြောင်းတွေ ဖြစ်လာလိမ့်မယ်နော်။အိုက်ယား...အစ်ကို့မျက်လုံးထောင့်မှာ အရေးအကြောင်းရှိနေတယ်"
နင်းမုန့်ယောင်က ယွီဖုန်း စိတ်တုန်လှုပ်နေတာကို မြင်တော့ မီးထဲကို လောင်စာထည့်လိုက်သည်။
ယွီဖုန်း သူမပြောတာကြားတဲ့အချိန် သူက ချက်ချင်း ထခုန်လိုက်ပြီး
"တကယ်လား?အချစ် ကိုယ့်ကို တစ်ချက်ကြည့်ပေးပါဦး။ကိုယ် တကယ်ကြီး အရေးအကြောင်းတွေဖြစ်နေတာလား"
"ဟားး..ဟား...ဟား!"
ရှိနေကြတဲ့လူတွေက ရယ်မောသွားကြပြီး ထျန်းချန်တောင်မှ သူ့ကိုယ်သူ ထိန်းမထားနိုင်ပေ။ဒီလိုမျိုး အရည်အချင်းရှိတဲ့လူတစ်ယောက်က ဘာကြောင့် အလှအပကို သူ့အသက်လို ချစ်မြတ်နိုးနေရတာလဲ?အထူးသဖြင့် သူက ယောကျာ်းတစ်ယောက်ဖြစ်နေတယ်!
နဖူးကြောတွေတွန့်နေပြီး မိန့်ရိုလင်းက သူမ အစတုန်းက ဒီလိုယောကျာ်းမျိုးနဲ့ ဘာလို့လက်ထပ်ခဲ့မိလဲဆိုတာ အံ့ဩသွားသည်။သူက အမှန်တကယ့်ကို သူမရဲ့ သေခြင်းတရားဖြစ်တော့မှာပဲ!
"မဟုတ်ပါဘူး အဲ့ဒါက အမြဲတမ်းလှနေသေးတယ်"
"တကယ်လား?ဒါဆိုရင်တော့ ကိုယ်စိုးရိမ်စရာမရှိတော့ပါဘူး"
ဒါပြောပြီးတဲ့နောက် သူက သူ့မျက်နှာကိုထိကြည့်လိုက်ပြီး အဲ့ဒီနောက် နင်းမုန့်ယောင်ကို မကျေမနပ်ကြည့်ကာ
"ရှောင်ယောင်အာ ဒါက မင်းခဲအိုကို စနောက်တဲ့ပုံစံလား"
နင်းမုန့်ယောင်က ခြောက်ကပ်ကပ် ရယ်လိုက်တယ်။သူမက အကြောင်းအရာပြောင်းဖို့ လုပ်တာလို့ ပြောလို့မဖြစ်ဘူးလေ ဟုတ်တယ်မလား?
ချောင်ထျန်းချန်က လူအုပ်ကိုကြည့်လိုက်ပြီး သူ့မျက်ဝန်းတွေထဲမှာ ရွှင်မြူးရိပ်တွေ ရှိနေသည်။သူမကို ချစ်မြတ်နိုးကြတဲ့ လူတွေအများကြီးရှိတာ ကောင်းပေမယ့် သူ့စိတ်ကတော့ လုံးဝ သက်သောင့်သက်သာ ဖြစ်မနေချေ။နောက်ဆုံးမှာတော့ သူ သူမကို ချစ်မြတ်နိုးပေးတာက လုံလောက်သည်။
ဒီလူတွေ လာပြီးတဲ့နောက် လူတိုင်းက အရေးပါလာခဲ့သည်။ဒါပေမယ့် နင်းမုန့်ယောင်ကို ငိုရမလား ရယ်ရမလား ဖြစ်စေတဲ့အရာက ရှောင်ချီထျန်းရဲ့အဖွဲ့ ရောက်လာတဲ့အချိန် ယွီဖုန်းနဲ့တွေ့သွားကြပြီး သူတို့က တကယ်ကြီး ဆက်ဆံရေးကောင်းနေကြတာ ဖြစ်သည်။
အထူးသဖြင့် ယွီဖုန်းနဲ့လင်းဇီရိုတို့ ဖြစ်ကြသည်။သူတို့နှစ်ယောက်လုံးက လှပကြပြီး အလှကြိုက်ကြသည်။အဲ့ဒါကြောင့် နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်ကာ မိန့်ရိုလင်း ဘေးပစ်ထားလိုက်ကြသည်။
ရှောင်ချီထျန်းက စစ်ထုရွှမ်းကို မှုန်ကုပ်ကုပ်နဲ့ မေးလိုက်သည်။
"ရွှမ်းအာ နင်ပြန်လာတာကို ဘာလို့ အဖေ့ဆီ သွားမလည်တာလဲ"
"ညီမ မသွားချင်လို့ပေါ့"
"နင်..."
"အစ်ကိုချီထျန်း အစ်ကိုညီမကို ဖိအားမပေးဘူးလို့ မျှော်လင့်တယ် ပြီးတော့ ညီမနဲ့တွေ့ခဲ့တဲ့အကြောင်း သူ့ကို မပြောပါနဲ့" စစ်ထုရွှမ်းက သူ့ကို ဖြတ်ပြောလိုက်သည်။
"နင် အခုထိ အဲ့ကိစ္စကို လွှတ်မချနိုင်သေးဘူးလား"
"လွှတ်ချရမှာလား?ညီမအမေက သူနဲ့အဲ့မိန်းမ သတ်တာခံလိုက်ရတာ။အစ်ကိုက ညီမကို အဲ့မိန်းမကို ခွင့်လွှတ်ပြီးလက်ခံပေးစေချင်တယ်ဆိုရင် အဲ့အကြောင်းကို စဉ်းတောင်မစဉ်းစားနဲ့။ညီမ အရင်က ပြောခဲ့သလိုပဲ သူမထွက်သွားဘူးဆိုရင် ညီမထွက်သွားမယ်" စစ်ထုရွှမ်းက စိတ်လှုပ်ရှားနေခဲ့သည်။
မုချန်းက စစ်ထုရွှမ်းရဲ့ဘေးကို လျှောက်သွားလိုက်ပြီး သူမပုခုံးကို ဆုပ်ကိုင်ကာ နောက်ကျောကို အသာလေး ပုတ်ပေးလိုက်ပြီး
"အဆင်ပြေပါတယ် စိတ်မလှုပ်ရှားနဲ့။မင်းကလဲ့စားချေနိုင်အောင် ငါတို့ကူညီပေးမယ်"
မုချန်းက ရှောင်ချီထျန်းကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီး
"ရွှမ်းရွှမ်းက အခုတလောမှ အဲ့ဒါကို မေ့နိုင်ထားတာ။မင်း သူမကို ထပ်ပြီး မနှိုးဆွပါနဲ့"
"ငါ......ငါ နားလည်ပြီ။တောင်းပန်ပါတယ်"
ရှောင်ချီထျန်းက မုချန်းက စစ်ထုရွှမ်းကို ဖက်ပြီး သူမကို နှစ်သိမ့်နေတာကိုကြည့်ကာ ကူကယ်ရာမဲ့သွားသည်။
သူမစိတ်ထဲက အထုံးကိုသိတယ်။သူတို့တွေက အတူတူကြီးပြင်းလာကြတာ ဒါပေမယ့် သူမအိမ်ကနေထွက်သွားပြီး တစ်သက်လုံး ပြန်မလာတာမျိုးကိုလည်း သူမလိုချင်ဘူး။
"အစ်ကိုချီထျန်း ညီမ အခု ကောင်းကောင်းမွန်မွန် ရှိနေပါတယ်။တကယ်ပြောတာ"
၎င်းက စစ်ထုမိသားစုထဲမှာ နေခဲ့ရတဲ့ နေ့ရက်တွေထက် ပိုကောင်းတယ်။
ရှောင်ချီထျန်းက စစ်ထုရွှမ်းဆီ လျှောက်လာပြီး သူမခေါင်းကို ပုတ်ကာ
"အစ်ကိုချီထျန်း သိပါတယ်။မင်းမှာ အချိန်ရှိရင် ငါနဲ့အစ်ကိုကြီးဆီ လာတွေ့ဦး"
"ဟုတ်ပြီ ညီမလာပါ့မယ်"
ရှောင်ချီထျန်းက ပြုံးလိုက်ပြီး ကိစ္စကို လွှတ်ထားလိုက်သည်။သူ့မျက်လုံးတွေသာ ဖြည်းဖြည်းချင်း အေးစက်လာခဲ့သည်။
စစ်ထုရွှမ်းက သူ့ရဲ့ ဝမ်းကွဲဖြစ်တယ်။သူမရဲ့ အမေက သူ့ရဲ့အဒေါ်ဖြစ်ပြီး တော်ဝင်ကိုယ်လုပ်တော်တစ်ယောက်ဖြစ်တယ်။ဒါပေမယ့် သူမက လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက သေဆုံးသွားခဲ့ပြီ။ရွှမ်းရွှမ်းက သူမအမေက သူ့ဦးလေးနဲ့ထိုမိန်းမဆီကနေ အသတ်ခံလိုက်ရတာဖြစ်ကြောင်း ကြောညာခဲ့တယ်။သူတို့က သူမကို ယုံကြည်ကြတယ် ဒါကြောင့်ပဲ သူ့အစ်ကိုက ထိုမိန်းမကို တရားဝင်ဇနီးသည်အဖြစ် အသိအမှတ်ပြုပြီး သူမက ကိုယ်လုပ်တော်အနေနဲ့သာ စွဲမြဲနေတာဖြစ်တယ်။
"အစ်ကိုချီထျန်း အစ်ကို ယောင်အာကို ဘယ်လိုလုပ် သိတာလဲ"
သူမ စိတ်ကို တည်ငြိမ်အောင် လုပ်ပြီးတဲ့နောက် စစ်ထုရွှမ်းက ရှောင်ချီထျန်းကို သိချင်စွာ မေးလိုက်သည်။
"ထျန်းချန်က သူနဲ့သိတယ်လေ"
စစ်ထုရွှမ်းက မှင်သက်သွားပြီး သူမပါးစပ်ကိုအုပ်ကာ
"အဲ့ဒါ အစ်ကိုကြီးမော့ကြည့်ရတဲ့ အစ်ကိုတော့ မဖြစ်နိုင်ဘူးမလား"
"သူပဲ"
စစ်ထုရွှမ်းက သူမနဖူးကို ခေါက်လိုက်တယ်။သူမ သိခဲ့သင့်တာ။သူမ မေ့သွားလိမ့်မယ်လို့ ဘယ်သူသိမှာလဲ?အဲ့ဒါကြောင့် သူမ ချောင်ထျန်းချန်ကို တွေ့တဲ့အချိန်တုန်းက ရင်းနှီးနေတာကို။ဘာကြောင့်လဲဆိုတော့ သူမ သူ့ကို အရင်တုန်းက တွေ့ဖူးတယ်။