အခန်း ၁၉၃+၁၉၄+၁၉၅
Vol. 8 Ch. 193+194+195
Chapter 193+194+195
193
နင်းမုန့်ယောင်နဲ့ချောင်ထျန်းချန် လက်မထပ်ခင်အထိ အဖွဲ့ကထွက်သွားမှာ မဟုတ်ပေ။ကံကောင်းစွာနဲ့ နေရာမှာ အခန်းတွေများစွာ ရှိနေခဲ့သည်။မဟုတ်ရင် သူတို့အားလုံးအတွက် လုံလောက်တဲ့နေရာ ရှိမှာ မဟုတ်ချေ။
မင်္ဂလာပွဲမတိုင်ခင်ညမှာ မိန့်ရိုလင်းနဲ့မုချန်းတို့က နင်းမုန့်ယောင်ကို မောင်ပိုင်စီးထားကြပြီး ချောင်ထျန်းချန်ကတော့ သူ့အိမ်ကိုသွားရပြီး ညီအစ်ကိုဆက်ဆံရေးကိုခိုင်မာစေဖို့အတွက် အရက်သောက်ရန် ဆွဲခေါ်ခံသွားရသည်။
အဲ့ဒီညမှာ မိန့်ရိုလင်းက နင်းမုန့်ယောင်နဲ့ စကားတွေ အများကြီး ပြောခဲ့သည်။နင်းမုန့်ယောင်က သူတို့အားလုံးကို စိတ်ထဲကနေ ကြိုးစားမှတ်ခဲ့သည်။
ရှည်ကြာတဲ့ညကို ဖြတ်ကျော်ပြီးတဲ့နောက် သူမ နောက်ဆုံးတော့ အိပ်ပျော်သွားနိုင်ခဲ့ပြီ။နောက်တစ်နေ့မနက်တွင် သူမ နိုးလာတဲ့အချိန် သခင်မရန်နဲ့သခင်မချောင်က ရန်လဲ့လဲ့နဲ့အတူ ရောက်လာကြပြီ ဖြစ်သည်။သူတို့က နင်းမုန့်ယောင်ကို အလှပြင်ပေးဖို့ ရောက်လာကြတာဖြစ်သည်။
ရန်လဲ့လဲ့က နင်းမုန့်ယောင်ရဲ့လက်မောင်းကို ဖက်လိုက်ပြီး
"ယောင်ယောင် ငါက ဘာလို့ ယောကျာ်းတစ်ယောက် မဟုတ်ရတာလဲ?ငါသာ ယောကျာ်းဆိုလို့ကတော့ နင့်ကို အစ်ကိုကြီးချောင်ဘေးကနေ ခိုးသွားမှာ"
သခင်မရန်က သူမသမီးရဲ့စကားတွေကိုကြားတော့ ဗြုန်းခနဲ သူမသမီးရဲ့ခေါင်းကို ရိုက်ပစ်လိုက်တယ်။ဒီသမီးက ဘာတွေ လျှောက်ပြောနေတာလဲ?
ချင်းရွှယ်က နင်းမုန့်ယောင်ကို အလှပြင်ဖို့အတွက် ကူညီပေးပြီး သခင်မရန်ကတော့ ဆံပင်ကို ဂရုစိုက်ပေးသည်။သခင်မရန်မှာ ကလေးတွေ၊မိဘတွေနဲ့ ဆွေမျိုးတွေရှိတာကြောင့် သူမက ဗဟုသုတ ကြွယ်ဝသည်။
"အရင်ဆုံး အပေါ်ကိုဖြီး။နောက်ကျ အောက်ကိုဖြီး ပြီးတော့ နောက်ဆုံးကျမှ ဆံပင်ဖြူနဲ့ မျက်ခုံးမွှေးကိုဖြီးရတယ်"
သခင်မရန်ရဲ့လက်က ကျွမ်းကျင်သည်။နည်းနည်းလောက် ညှိပေးလိုက်တာနဲ့ မိန့်ရိုလင်းနဲ့အခြားသူတွေ ရွှေဆံညှပ်တွေနဲ့ ဖီးနစ်သရဖူကို ယူမလာခင် နင်းမုန့်ယောင်ရဲ့ ဆံပင်ကို ကြည့်ကောင်းပြီး လှပတဲ့ပုံစံဖြစ်အောင် ပုံဖော်နိုင်ခဲ့သည်။
"ဘယ်လောက် လှလိုက်လဲ"
ရန်လဲ့လဲ့က အဝတ်အစားအပြည့်အစုံဝတ်ထားပြီး ခေါင်းပေါ်မှာ ဖီးနစ်သရဖူဆောင်းထားကာ လှပနေတဲ့ နင်းမုန့်ယောင်ကို ကြည့်ပြီး မတတ်နိုင်ဘဲ မှင်သက်သွားသည်။
မိန့်ရိုလင်းက နင်းမုန့်ယောင်ရဲ့ နောက်မှာ မတ်တပ်ရပ်နေသည်။သူမတစ်ကိုယ်လုံး အနီရောင်လွှမ်းခြုံထားတာ ကြည့်ပြီး ပြုံးကာ
"ငါတို့ရဲ့ ယောင်အာလေးက အလှဆုံးပဲ"
"ကျဲမိန့် ကျေးဇူးတင်ပါတယ်"
သူတို့တွေ တစ်ယောက်ကိုတစ်ယောက် စသိတဲ့ အချိန်ကတည်းက သူတို့တွေ သူမကို ကာကွယ်လာခဲ့တာ အခုထိပဲ။အဲ့ဒါ ခြောက်နှစ်လောက် ရှိသွားပြီ မဟုတ်လား။
ထိုအချိန်တုန်းက သူမက ဒီကမ္ဘာကို ရောက်ခါစဖြစ်ပြီး သူမကိုယ်သူမ ထောက်ပံ့ရန်အတွက် ပစ္စည်းအချို့ ရောင်းခဲ့ရသည်။အဲ့ဒီနောက် ရှေ့ဆက်သွားတဲ့လမ်းမှာ သူတို့နဲ့တွေ့ဆုံခဲ့ပြီး သူမထက် အနည်းငယ် အသက်ကြီးတဲ့ သူတို့က သူမကို ဆက်တိုက် ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။
အဲ့ဒီနောက် သူတို့ ယွီဖုန်းနဲ့ ဆုံခဲ့သည်။မိန့်ရိုလင်းက သူမကို ချစ်မြတ်နိုးတာကြောင့် သူကလည်း အတူတူပဲဖြစ်ပြီး သူမကို သူ့ရဲ့ ညီမအရင်းတစ်ယောက်လို ဆက်ဆံသည်။
သူတို့တွေ ဒီနေ့ ဒီနေရာမှာ ရှိနေကြတာ အရမ်းပျော်ဖို့ကောင်းတယ်။
"မငိုနဲ့လေ။နင် ငိုရင် မလှတော့ဘူးနော်။သူ နင့်ကိုအနိုင်ကျင့်ရဲရင် ငါ့ကိုသာပြော။နင့်ရဲ့ ခဲအိုရယ် မုချန်းရယ် ပြီးတော့ တစ်ခြားလူတွေပေါင်းပြီးတော့ သူနဲ့ရင်ဆိုင်ပစ်မယ်"
မိန့်ရိုလင်းက နင်းမုန့်ယောင် မျက်ရည်ဝဲနေတာမြင်တော့ ပြောလိုက်သည်။
နင်းမုန့်ယောင်က မိန့်ရိုလင်းရဲ့ စကားတွေကြောင့် ရယ်လိုက်ပြီး
"အင်း ညီမ ကျဲမိန့်ကို ယုံတယ်"
သိပ်မကြာခင်မှာပဲ ချောင်ထျန်းချန်က သူနဲ့အတူ လူတွေခေါ်လာပြီး သူမကို လာတောင်း၏။မိသားစုနှစ်စုက အတူတူဖြစ်တာကြောင့် သူတို့က ပန်းဝေါယာဉ်ကို ရွာကို တစ်ကြိမ်ပတ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။
သတို့သမီးကြိုဆိုတာက သဘာဝအတိုင်း အခက်အခဲအချို့ရှိပေမယ့် လှည့်ပတ်တွန်းဖယ်ပြီးတဲ့နောက် နောက်ဆုံးမှာတော့ ချောင်ထျန်းချန်က အခန်းထဲကိုဝင်သွားခဲ့ပြီး နင်းမုန့်ယောင်ကို ပွေ့ဖက်လိုက်သည်။
ရွာထဲက ပန်းဝေါယာဉ်ရောက်လာတဲ့အခါ ချောင်ထျန်းချန်က အခြားလူတွေကို ဒင်္ဂါးတွေ အမြောက်အမြားနဲ့ သကြားလုံးတွေ ကြဲပေးကာ ကလေးငယ်တွေအတွက် အကောင်းဆုံးဖြစ်သည်။
သခင်မချန်းက မြေကြီးပေါ်က ကြေးနီပြားအလွှာကိုကြည့်ပြီး သူမနှလုံးသား နာကျင်သွားတယ်။အဲ့ဒီ ကြေးနီဒင်္ဂါးတွေ အဲ့ဒါတွေသာ သူမမိသားစုရဲ့ဟာတွေဖြစ်ရင် ဘယ်လောက်ကောင်းမလဲ?
ဒီနေ့ နင်းမုန့်ယောင်ရဲ့အိမ်မှာ ကူညီပေးဖို့ လူအများအပြား ရောက်ရှိနေကြသည်။တစ်ရွာလုံးကို သူတို့မင်္ဂလာဆောင်ဆီ ဖိတ်ထားပြီး ချောင်ထျန်းချန်ရဲ့ ညီနောင်တွေနဲ့ နင်းမုန့်ယောင်ရဲ့ မိတ်ဆွေတွေဖြစ်သည်။အခြားသူစိမ်းတွေ အများကြီး မရှိပေ။
အဲ့ဒါတောင် ချောင်ထျန်းချန်က သူမကို အကောင်းဆုံးတွေပဲ ပေးချင်တဲ့အတွက်ကြောင့် အမြောက်အများသုံးစွဲခဲ့သည်။
မုချန်းနဲ့အခြားလူတွေက ပစ်ကြဲထားတဲ့ ကြေးဒင်္ဂါးတွေကို ကြည့်ပြီး သူတို့စိတ်ထဲ တွေးလိုက်တယ်;ဒါက သူ့အတွက် အများကြီး မဟုတ်ဘူးပဲ ဖြစ်ရတယ်။သူတို့ရဲ့ မင်္ဂလာဆောင်က ကြီးကျယ်ခမ်းနာတာ မဟုတ်ပေမယ့် နှစ်ယောက်လုံးက အာရုံစိုက်ခံရတာကို မလိုလားတဲ့အတွက် စိတ်ကျေနပ်ကြသည်။
ပန်းဝေါယာဉ်က ရွာကို တစ်ပတ်ပတ်ပြီးတော့ ချောင်ထျန်းချန်ရဲ့အိမ်ဆီ ပြန်ရောက်လာခဲ့၏။အခန်းသစ်က နင်းမုန့်ယောင်ရဲ့ အကြိုက်တွေနဲ့ အလှဆင်ထားတာ ဖြစ်သည်။
မိုးမြေကန်တော့ပြီးတဲ့နောက် ချောင်ထျန်းချန်က ယွီဖုန်းနဲ့အခြားလူတွေ ဆွဲခေါ်တာ မခံရခင် နင်းမုန့်ယောင်ကို အခန်းသစ်ထဲ ပို့ခဲ့သည်။ညမရောက်သေးတဲ့အတွက် ပွဲပြီးဖို့ အချိန်မကျသေးပေ။
ရန်လဲ့လဲ့က မုချန်းနောက်ကနေလိုက်ကာ စားစရာအချို့ သယ်ဆောင်ခဲ့ပြီး အခန်းသစ်ဆီကို သွားသည်။
"ယောင်ယောင် နင်ဗိုက်ဆာနေတော့မယ်။ငါတို့နင့်အတွက် စားစရာယူလာတယ်"
နင်းမုန့်ယောင်က ရန်လဲ့လဲ့ စားစရာတွေ သယ်ဆောင်လာတာကြည့်ပြီး သူမရဲ့မျက်ဝန်းတွေ တောက်ပသွား၏။သူမ မနက်ခင်းကတည်းက ဘာမှမစားရသေးဘဲ နေ့တစ်ဝက်လောက် ခံစားထားရတာ။သူမက အဲ့အချိန်ကတည်းက ဗိုက်ဆာနေပြီး ဘယ်သူမှ မကျွေးကြတာကြောင့် စားပွဲပေါ်က သရေစာတွေကိုပဲ မြုံပစ်ထားရတယ်။
"ငါ ဗိုက်ဆာလို့ သေတော့မယ်။တကယ် ဗိုက်ဆာနေတာ" နင်းမုန့်ယောင်က ငြီးတွားလိုက်သည်။
"နင် ဘာတွေလျှောက်ပြောနေတာလဲ?မင်္ဂလာဆောင်တဲ့နေ့မှာ သေတဲ့အကြောင်း မပြောနဲ့"
ရန်လဲ့လဲ့က နင်းမုန့်ယောင်ကို စိုက်ကြည့်ပြီး စားပွဲပေါ် ပန်းကန်တွေ ဖြန့်ခင်းလိုက်သည်။
194
နင်းမုန့်ယောင်မှာ ရန်လဲ့လဲ့ရဲ့ စကားတွေကို ပြန်ငြင်းနေဖို့ အချိန်မရှိဘဲ တူတွေဆွဲယူကာ အားရပါးရ စားတော့သည်။တစ်ဝက်လောက် စားပြီးတဲ့နောက် သူမအရှိန်လျှော့လိုက်သည်။
"ဖြည်းဖြည်း ဒီမှာ အများကြီးရှိသေးတယ်"
မုချန်းနဲ့အခြားလူတွေက နင်းမုန့်ယောင်ကို ကြည့်ပြီး သူတို့နှလုံးသားတွေ နာကျင်သွားရတယ်။ချောင်ထျန်းချန် အလေးထားခဲ့တာ ကောင်းတယ် မဟုတ်ရင် ဒီကောင်မလေးက ကျောကပ်ပြီးတော့ ဗိုက်ဆာနေတော့မှာ။
နင်းမုန့်ယောင်က မျက်တောင်ခတ်ပြီး အစားမြိုချကာ
"ညီမဗိုက်ဆာနေတာလေ"
မိုးမြေကန်တော့ပြီးတဲ့နောက် ချောင်ထျန်းချန် ပုဝါစလှန်တဲ့အချိန် သူမ ဗိုက်ဆာနေတယ်ဆိုတဲ့အကြောင်း သူ့ကို ပြောချင်ခဲ့ပေမယ့် အရမ်းရှက်နေခဲ့တယ်။ရန်လဲ့လဲ့နဲ့အခြားလူတွေ သူမကို စားစရာပို့ပေးဖို့ သိတာ ကောင်းတယ်။မဟုတ်ရင် သူမ ဗိုက်ဆာလွန်းလို့ သူတို့ရဲ့ အခန်းသစ်ထဲမှာ မေ့လဲသွားနိုင်တယ်။
"ဒါဆိုလည်း စား" မုချန်း ရယ်ရမလား ငိုရမလား မသိတော့ပေ။
သူတို့တွေ ရှေ့တုန်းက ချောင်ထျန်းချန်ကို စမ်းသပ်ခဲ့တယ် ဆိုပေမယ့်လည်း စိုးရိမ်နေတုန်းဖြစ်သည်။သို့ပေမယ့် အခု သူ့ရဲ့လုပ်ရပ်တွေက သူတို့ကို လုံးဝ စိတ်ချသွားစေသည်။
သူ ပုဝါစလှန်တဲ့အချိန်တုန်းက နင်းမုန့်ယောင်ကို ကြည့်တဲ့ သူ့ရဲ့အကြည့်တွေထဲမှာ ပိုင်ဆိုင်ချင်စိတ်တွေနဲ့ တွယ်တာမက်မောမှုတွေကို သူတို့တွေ့ရတယ်။
ချောင်ထျန်းချန်ရဲ့အကြည့်ကနေ နင်းမုန့်ယောင်အတွက် သူ့ရဲ့ခံစားချက်ကို မြင်နိုင်ပြီး အဲ့ဒါကြောင့်ပဲ သူတို့က နင်းမုန့်ယောင်ကို သူ့ဆီ လိုလိုချင်ချင်နဲ့ ပေးခဲ့တာဖြစ်သည်။
အပြင်ဘက်မှာတော့ ချောင်ထျန်းချန်က အစတုန်းက အခန်းကိုပြန်ပြီး နင်းမုန့်ယောင်ကို အဖော်ပြုပေးနေချင်ခဲ့တာ။ဘယ်သူသိမှာလဲ ယွီဖုန်းနဲ့အခြားလူတွေက ရှောင်ချီထျန်းနဲ့သူ့အဖွဲ့ကိင မကူညီဖို့ပြောထားပြီး သေရည်သောက်ဖို့ ခေါ်သွားခဲ့သည်။သူတို့တွေက သူ့ရဲ့ မင်္ဂလာဆောင် မပြီးမြောက်သွားတဲ့အထိ မူးသွားစေချင်ကြပုံရသည်။
ချောင်ထျန်းချန် စိတ်တိုသွားခဲ့တယ်။သူက သူ့ရဲ့ သေရည်သောက်တဲ့ အရည်အချင်းကို ထုတ်ပြခဲ့ပြီး အခြားလူတွေနဲ့ သောက်ခဲ့သည်။
ဘယ်ညာခါရမ်းလိုက်ပြီး ချောင်ထျန်းချန် ခေါင်းထဲ မရှင်းမလင်း ဖြစ်လာခဲ့သည်။
"အဲ့မှာရပ်နေ မသွားနဲ့!ဆက်သောက်ကြမယ်"
ချောင်ထျန်းချန်က ရုတ်တရက် အသံကြောင့် ထိတ်လန့်သွားပြီး လှည့်ကြည့်လိုက်သည်။သူတို့တွေ အခုထိ မမူးသေးတာတော့ မဟုတ်ဘူးမလား?သူ ဆက်ပြီး ကြာကြာမသောက်နိုင်တော့ဘူး။
ဒါပေမယ့် သူလှည့်ကြည့်လိုက်တဲ့အချိန် ယွီဖုန်းက သေရည်အိုးကိုဖက်ထားပြီး စားပွဲပေါ်လှဲနေကာ သူ့ရဲ့နောက်ဆုံးခွန်အားနဲ့ အော်ပြီးတဲ့နောက် ကျယ်လောင်စွာ ဟောက်နေတာကို တွေ့လိုက်ရသည်။
ဒါကိုမြင်တော့ ချောင်ထျန်းချန် စိုးရိမ်နေတာရပ်ပြီး သူ့ရဲ့ ရီဝေဝေဖြစ်နေတဲ့ ခေါင်းကိုရမ်းကာ မင်္ဂလာဦးအခန်းဆီ လျှောက်သွားသည်။
တံခါးဝမှာ ချင်းရွှယ်က သူ့ကို အမူးပြေစွပ်ပြုတ် တစ်ပန်းကန်ပေးလိုက်ပြီး
"သခင်လေး ဒီအမူးပြေစွပ်ပြုတ် သောက်လိုက်ပါဦး"
ချောင်ထျန်းချန်က ပန်းကန်လုံးကိုယူကာ တစ်ကြိုက်ထဲ အကုန်မော့ချလိုက်ပြီး အခန်းထဲ ဝင်သွားခဲ့သည်။သူ အမှန်တကယ်ကို အဲ့ဒီကောင်တွေနဲ့ ဆက်ပြီး မသောက်ချင်တော့ပေ။
နင်းမုန့်ယောင်က တံခါးဖွင့်သံကြားတော့ ခေါင်းမော့ကြည့်လိုက်သည်။ချောင်ထျန်းချန်က သူ့ရဲ့ နီမြန်းမြန်းမျက်နှာနဲ့ လျှောက်လာတာ မြင်လိုက်ရပြီး သူ့တစ်ကိုယ်လုံး အရက်နံ့ရနေသည်။
"ရှင် ဘယ်လောက်တောင် သောက်လာတာလဲ" နင်းမုန့်ယောင်က ချက်ချင်း သူ့ကိုတွဲပေးဖို့ အမြန်သွားလိုက်ပြီး အိပ်ရာပေါ်လှဲပေးလိုက်သည်။
သူမက သူ့ခန္ဓာကိုယ်ကို သန့်ရှင်းပေးဖို့ ရေသွားယူဖို့ လုပ်ပေမယ့် သူမလှည့်တော့မယ့် အချိန်မှာ ချောင်ထျန်းချန်က သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို မျက်တောင်မခတ် ကြည့်နေခဲ့သည်။အဲ့ဒါက တန်ဖိုးမဖြတ်နိုင်တဲ့ရတနာတစ်ခုကို ကြည့်နေတဲ့အတိုင်းပင်။
"ကိုယ်တို့အခုထိ အရက်မသောက်ရသေးဘူး"
ဒါပြောပြီးတော့ အိပ်ရာကနေထကာ အရက်နှစ်ခွက်ယူလိုက်သည်။သူက တစ်ခွက်ကို နင်းမုန့်ယောင်လက်ထဲ ထည့်လိုက်ပြီး လက်ချင်းချိတ်ကာ သောက်လိုက်သည်။
"မြန်မြန် သန့်ရှင်းရေးလုပ်တော့ ရှင့်ကိုယ်ပေါ်က အနံ့တွေနံနေတယ်"
အဲ့ဒီအရက်နံ့ပြင်းပြင်းက သူဘယ်လောက်သောက်လာလဲဆိုတာ သူမ မသိချေ။
ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို ဖက်လိုက်ပြီး
"ခဏနေကျရင် ကိုယ့်နဲ့ရေအတူတူချိုးပေါ့၊အခုတော့ မလိုသေးဘူး"
သူက သူမကို ပွေ့ချီပြီးတော့ ကုတင်ဘေးကို လျှောက်သွားလိုက်သည်။ကုတင်ပေါ်က အရာတွေကို ကြမ်းပြင်ပေါ် ဖယ်ချလိုက်ပြီး အဲ့ဒီနောက် နင်းမုန့်ယောင်ကို ကုတင်ပေါ် ချလိုက်သည်။
"ယောင်ယောင်"
"အင်း"
နင်းမုန့်ယောင်က သူမခေါင်းကို မော့လိုက်ပြီး အနည်းငယ် မျက်ခုံးတွန်နေ့တဲ့ မျက်နှာကို အနီးကပ်ကြည့်ကာ အရက်နံ့က နှာဖျားအထိ ရောက်လာသည်။
အဲ့ဒီအနံ့ကြောင့် သူမ မူးဝေသွားသလို ခံစားရသည်။
သူမခန္ဓာကိုယ်ပေါ်က အဝတ်အစားတွေ ဘယ်အချိန်တုန်းက ချွတ်လိုက်လဲဆိုတာ နင်းမုန့်ယောင် မသိပေ။သူမ သတိထားမိတဲ့အချိန်မှာ နှစ်ယောက်လုံး ကုတင်ပေါ်မှာ အဝတ်အစားကင်းမဲ့နေပြီဖြစ်သည်။
နာကျင်မှု။ဒါက နင်းမုန့်ယောင်ခံစားရတဲ့ တစ်ခုထဲသောအရာဖြစ်ပြီး မျက်မှောင်ကြုတ်သွားတယ်။သူမ မျက်ဝန်းတွေက မျက်ရည်တွေဝဲလာပြီး ချောင်ထျန်းချန်ရဲ့နှလုံးသားကို နာကျင်သွားစေတယ်။
"အဆင်ပြေတယ်နော်"
နင်းမုန့်ယောင်မျက်နှာကို အဆက်မပြတ် နမ်းရှိုက်ပြီး နာကျင်မှုကို မေ့လျော့သွားအောင် လုပ်ပေးလိူက်သည်။
အဆုံးမှာတော့ ၎င်းက ရူးလောက်အောင်ကို သည်းမခံနိုင်ဖြစ်လာတယ်။
တစ်ညလုံး ချောင်ထျန်းချန်က မောပန်းမှုဆိုတာကို သိပုံမရပေ။သူမ ပင်ပန်းနေတယ်ဆိုတာ သိပေမယ့်လည်း သူ့ကိုယ်သူ ထိန်းမထားနိုင်ပေ။မိုးလင်းခါနီးမှ သူက နင်းမုန့်ယောင်ကို လွှတ်ပေးလိုက်ပြီး လှုပ်ဖို့တောင် တအားပင်ပန်းနေတဲ့ သူမကို ပွေ့ချီကာ ရေချိုးဖို့ ခေါ်သွားသည်။ရေချိုးပြီးတော့ အိပ်ရာခင်းတွေ လဲပြီးတဲ့နောက် သူမကို အောက်ချလိုက်ပြီး ပွေ့ဖက်ကာ သူတို့ အိပ်ပျော်သွားကြသည်။
195
သူတို့နှစ်ယောက်လုံးမှာ မိသားစုအကြီးအကဲ မရှိတာကြောင့် နင်းမုန့်ယောင်က မနက်စောစောထပြီး လက်ဖက်ရည်ဆက်စရာမလိုပေ။ဒါကြောင့် ချောင်ထျန်းချန်ရဲ့ ရင်ခွင်ထဲမှာပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေခဲ့သည်။
မိုးလင်းတဲ့အချိန် ချောင်ထျန်းချန် နိုးလာခဲ့သည်။သူ့လက်မောင်းထဲက လူကိုကြည့်လိုက်ပြီး နိုးမသွားစေချင်ပေ။သူက နင်းမုန့်ယောင်ကို ပြင်းပြတဲ့ချစ်မြတ်နိုးမှုနဲ့ စိုက်ကြည့်နေခဲ့တယ်။သူမက သူ့အကြည့်အောက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်တာ အံ့ဩစရာကောင်းပြီး သူပြုံးလိုက်တယ်။
မုချန်းနဲ့အခြားလူတွေ နိုးလာတဲ့အချိန် သူတို့တွေ သတို့သားအသစ်စက်စက်ဆီကနေ အမူးတိုက်ခံလိုက်ရတာကို သိသွားပြီး မျက်နှာတွေ မည်းမှောင်သွားသည်။သူတို့တွေ အရေအတွက်အများကြီးရှိပြီးတော့ လူတစ်ယောက်ကိုတောင် မူးအောင်မတိုက်နိုင်ဘူးလား?ဒါက အရမ်းရှက်ဖို့ကောင်းတာပဲ။
ဒါကြောင့် သူတို့တွေ အကြံအစည်တစ်ခု ကြံလိုက်တယ်။သူတို့တွေ အသစ်စက်စက် မင်္ဂလာမောင်နှံရဲ့ အခန်းကို ရောက်လာခဲ့ပေမယ့် နှစ်ယောက်လုံးက အခုထိ မနိုးကြသေးပေ။ဒါက မုချန်း၊ယွီဖုန်းနဲ့ကျန်တဲ့လူတွေကို ချဉ်သွားစေသည်။သူတို့တွေ ပိုးမွေးသလို ဂရုစိုက်ထားရတဲ့ ညီမလေးကို အခြားလူတစ်ယောက်က ဒီလိုပဲ ခေါ်သွားပြီ။
ယွီဖုန်းနဲ့မုချန်းက အကြည့်ချင်းဖလှယ်လိုက်ပြီး တစ်ပြိုင်နက်ထဲ တံခါးခေါက်ကာ
"ထဖို့အချိန်ရောက်ပြီ!အခု ဘယ်အချိန်ရှိနေပြီလဲ!ဆက်အိပ်မနေကြတဲ့တော့!"
တံခါးခေါက်သံကြောင့် နင်းမုန့်ယောင်က ချောင်ထျန်းချန်ရဲ့ လက်မောင်းတွေထဲမှာ တိုးဝှေ့လိုက်ပြီး ဆူညံနေတဲ့အသံကို တားဆီးချင်သည်။
ချောင်ထျန်းချန်က သူမရဲ့နားတွေကို ဖုံးပေးထားလိုက်ပြီး သူမနားထဲကို ဆူညံသံ အရောက်မခံပေ။
သူမ နောက်တစ်ကြိမ် အိပ်ပျော်သွားပြီးတဲ့နောက် ချောင်ထျန်းချန်က ဘေးနားက အဝတ်တွေကို ဝတ်လိုက်သည်။သူ့ဆံပင်တွေ ဖြန့်ချထားပြီး မျက်နှာက မည်းမှောင်နေကာ အပြင်ထွက်သွားသည်။
"ဘယ်သူ့ကို နှိုးဖို့လုပ်နေတာလဲ"
အခြားလူတွေကို မနက်ခင်းမှာ အိပ်စက်ခွင့်မပေးဘဲ ဆူညံနေကြသည်။
"ယောင်အာလေး ဘယ်မှာလဲ" ယွီဖုန်းက ချောင်ထျန်းချန်နောက်ကို ကြည့်လိုက်သည်။
ချောင်ထျန်းချန်ရဲ့ မည်းမှောင်နေတဲ့မျက်နှာက ဆိုးရွားလာပြီး
"မင်းက ဘာလို့ ကျွန်တော့်မိန်းမကို အရမ်းစိုးရိမ်နေတာလဲ?သူ(မ)အိပ်နေတုန်းပဲရှိသေးတယ်"
"မင်း သားရဲကောင်! မင်း ငါတို့ရဲ့ ယောင်အာလေးကို ဘယ်လောက်တောင် နှိပ်စက်လိုက်တာလဲ!"
ယွီဖုန်း ချက်ချင်းပဲ ခုန်ပေါက်သွားတယ်။သူတို့ယောင်အာလေးက အမြဲတမ်း စောစောနိုးတယ်ဆိုတာ သူတို့အားလုံးသိတယ် သူမက ဘယ်လိုလုပ် အခုထိ အိပ်နေမှာလဲ?သူ သူမကို နောက်ကျတဲ့အထိ နှိပ်စက်ထားတာကြောင့်ပဲ ဖြစ်ရမယ်။
ချောင်ထျန်းချန်က သူ့နောက်က တံခါးကိုပိတ်ပြီး ယွီဖုန်းကို မထီမဲ့မြင်ကြည့်ကာ
"မင်း အဲ့ဒါပြောရတာ မရှက်ဘူးလား?မင်းလက်ထပ်တဲ့အချိန်တုန်းက မင်းမိန်းမကို မထိမတွေ့ဘဲနေတယ်လို့ ပြောရဲလား"
ယွီဖုန်းက အဲ့ဒါကို ပြန်မငြင်းနိုင်ပေ ဘာကြောင့်လဲဆိုတော့ သူနဲ့မိန့်ရိုလင်း လက်ထပ်တဲ့အချိန်တုန်းက မိန့်ရိုလင်း အိပ်ရာထဲမှာ နှစ်ရက်လောက်နေလိုက်ရတယ်။သူ အထိုးတောင်ခံလိုက်ရသေးတယ်။တကယ်တော့ သူ ဒီကောင်ကို ပြောခွင့်မရှိဘူး။
ယွီဖုန်းရဲ့ ဝမ်းချုပ်နေသလို မျက်နှာထားကိုကြည့်ပြီး ချောင်ထျန်းချန်က မထီမဲ့မြင်ရယ်မောကာ
"မင်းလည်း အရင်တုန်းက ဒါလုပ်ဖူးတာပဲကို ကျွန်တော့်ကို အဲ့လို ပြောပိုင်ခွင့် ဘာရှိလဲ"
"ဟားဟားဟား"
မုချန်းစိတ်ထဲ အစတုန်းကတော့ ချဉ်နေခဲ့တာ ဒါပေမယ့် သူတို့တွေ စကားများတာနားထောင်ပြီး အထူးသဖြင့် ယွီဖုန်းရဲ့ အမူအရာကို မြင်ပြီးတဲ့နောက် သူ့ကို ခွက်ထိုးခွက်လှန် ရယ်မိသွားစေတယ်။
အရမ်းရယ်ရတာပဲ။မိန့်ရိုလင်းနဲ့ယွီဖုန်း လက်ထပ်တုန်းက အချိန်ကို ပြန်စဉ်းစားလိုက်ရင် အဲ့တုန်းက သူမ အိပ်ရာထဲမှာ နှစ်ရက်လောက်နေခဲ့ရတာ၊သူ အရယ်မရပ်နိုင်တော့ဘူး။
"မင်း ဒီလောက်အထိရယ်နေတာ သေမသွားဘူးလား" ယွီဖုန်းက သွားတွေ ကြိတ်လိုက်တယ်။
မုချန်းက သူ့အပြုံးကို ပြန်ထိန်းပြီး
"စိတ်မပူနဲ့။မင်းသေသွားရင် ငါမသေဘူး"
ချောင်ထျန်းချန်မှာ သူတို့တွေ အဓိပ္ပာယ်မရှိပြောနေတာတွေ နားထောင်ဖို့ အချိန်မရှိပေ။
"ဘေးဖယ်ဦး"
ချောင်ထျန်းချန်က သူတို့နှစ်ယောက်ကို တွန်းထုတ်ပြီး မီးဖိုချောင်ဆီ သွားသည်။
သူ မီးဖိုချောင်ထဲ ဝင်လာတာ တွေ့တော့ အဖွဲ့က သိချင်သွားပြီး နောက်ဆုံးမှ ရောက်လာတဲ့ ရှောင်ချီထျန်းနဲ့ အခြားသူတွေ အပါအဝင် ဖြစ်သည်။
မီးဖိုချောင်တံခါးမှာ ရပ်နေပြီးတော့ ချောင်ထျန်းချန် မီးမွှေးကာ ဆန်ပြုတ်လုပ်ပြီး သရေစာအချို့လုပ်ဖို့ ဂျုံယူတာကို တွေ့ရသည်။သူတို့တွေ ထင်ယောင်ထင်မှားဖြစ်နေတယ်လို့ ထင်နေကြတယ်။ဒါဆို သူက တကယ်ကြီး ချက်တတ်တာပေါ့။
သူပြုလုပ်တဲ့ တစ်ဆင့်ချင်းဆီတိုင်းက သူချက်တာ ပထမဆုံးအကြိမ်မဟုတ်ကြောင်း ဖော်ပြနေသည်။
ယွီဖုန်းက အနံ့ရပြီး မေးလိုက်တယ်
"ငါတို့အတွက်ရော ရှိလား"
"မရှိဘူး"
သရေစာလုပ်ရင်း အလုပ်များနေတဲ့ ချောင်ထျန်းချန်က ယွီဖုန်းရဲ့ မေးခွန်းကို နားထောင်ပြီး ခေါင်းတောင်လှည့်မကြည့်ဘဲ ဖြေလိုက်သည်။
သူက ဒါတွေကို သူ့ဇနီးအတွက် လုပ်ပေးချင်တာ။သူတို့တွေက သူ့ဇနီးမဟုတ်ဘူးလေ ဒါဆို သူက ဘာလို့ သူတို့အတွက် လုပ်ပေးရမှာလဲ?
"ဟေး ယောင်အာက ငါတို့ရဲ့ အရေးကြီးတဲ့ အဖွဲ့ဝင်ပဲ မင်းသိလား"
ယွီဖုန်း မကျေနပ်ဖြစ်သွားဝယ်။ဒီလူက အရမ်း ကပ်စေးနှဲနေတာ မဟုတ်ဘူးလား?
ချောင်ထျန်းချန်က သရေစာတွေကို မုန့်ဖုတ်ဖိုနားလေး ချထားလိုက်ပြီး ခေါင်းလှည့်ကြည့်ကာ
"မလုပ်နိုင်ဘူး၊ငါ့မိန်းမနဲ့ကလေးတွေအတွက်ပဲ ချက်ပေးမှာ"
တစ်ခြားလူတွေ အရသာမြည်းကြည့်ဖိုဆိုတာ အိပ်မက်ပဲမက်နေလိုက်။
ယွီဖုန်းနဲ့မုချန်းက သူတို့မကျေနပ်ပေမယ့်လည်း ပြုံးလိုက်တယ်။ချောင်ထျန်းချန် သူမကို ဒီလိုအလိုလိုက်ပုံမျိုးနဲ့ဆိုရင် သူမက ကောင်းကောင်းမွန်မွန် နေရလိမ့်မယ်။
ဒါက သူတို့တွေ တွေးထားတာဆိုပေမယ့်လည်း နင်းမုန့်ယောင်နိုးလာတဲ့အခါမှာ သူတို့နှစ်ယောက်က သူ့မကောင်းကြောင်း ပြောလိုက်သေးတယ်။သူက စားစရာတွေချက်ခဲ့တယ် ဒါပေမယ့် သူတို့ကို မပေးဘူး။သူက ရိုးရိုးလေးနဲ့ သူတို့ကို နှိပ်စက်နေတာပဲ။
နင်းမုန့်ယောင်က ချောင်ထျန်းချန်လုပ်ပေးထားတဲ့ ဆန်ပြုတ်ကိုသောက်ပြီး သာယာဖွယ်ပြုံးကာ
"ဒါဆို ဖြည်းဖြည်းချင်း ဆက်ပြီးတော့ နှိပ်စက်ခံလိုက်ပါဦး”