အခန်း ၁၉၈+၁၉၉+၂၀၀
Vol. 8 Ch. 198+199+200
Chapter 198+199+200
198
လီဝေ့ရဲ့အမူအရာက တင်းမာခက်ထန်လာခဲ့တယ်။အထူးသဖြင့် ရန်ကွေ့က သူမကိုယ်သူမ ချောင်ထျန်းချန်ဆီ တမင်တကာ ပစ်ဝင်နေတာကို မြင်လိုက်ရတဲ့အခါမှာ ဖြစ်တယ်။
သူမကို ကြည့်ပြီးတော့ တစ်ယောက်ယောက်က သူ့ကို ပြင်းပြင်းထန်ထန် ပါးရိုက်လိုက်သလို ခံစားလိုက်ရ၏။
သူက သရော်ပြုံးပြုံးလိုက်ပြီး သူ့မျက်လုံးတွေက ဖြည်းဖြည်းချင်းအေးစက်သွားသည်။ရန်ကွေ့ကြောင့် ဆက်ပြီး သိက္ခာမကျချင်တော့တာကြောင့် သူက လှည့်ထွက်သွားသည်။ဒါပေမယ့် ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးကို သူ သေချာမှတ်မိနေမှာဖြစ်သည်။
သူမရဲ့ အပြုအမူကို လက်ခံမယ်ထင်ရင်တော့ သူ ရက်စက်လို့ဆိုပြီး သူ့ကို အပြစ်မတင်နဲ့။
ရန်ကွေ့က ဒီရက်တွေမှာ သူ့နှစ်သက်မှုကို ပြန်လည်ရရှိဖို့အတွက် သူ့ကို နည်းမျိုးစုံနဲ့ စိတ်ကျေနပ်အောင်ကြိုးစားနေပြီး ဒါကြောင့် သူက ချောင်ထျန်းချန်နဲ့ သူမကို ပြဿနာရှာရမှာလား?
သူတို့လက်ထပ်တဲ့အချိန်တုန်းက သူမရှိခဲ့ဘူးဆိုရင်တောင်မှ ရာထူးမြင့်တဲ့လူတွေ မင်္ဂလာပွဲတက်ရောက်တာကို သူ သတင်းရထားသည်။သူတို့နဲ့ပြဿနာဖြစ်ဖို့ သူ မလုပ်နိုင်ပေ။
သူ့မျက်ဝန်းတွေ မှုန်ကုပ်လာခဲ့သည်။ဒီမိန်းမက သေချာပေါက် သူ့ကို ဒုက္ခပေးနေတာပဲ။
နင်းမုန့်ယောင်နဲ့ချောင်ထျန်းချန်က လီဝေ့ထွက်သွားတဲ့မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်သည်။နင်းမုန့်ယောင်က ချောင်ထျန်းချန်ဆီက တစ်ချက်အကန်ခံလိုက်ရတဲ့ ရန်ကွေ့ကိုကြည့်ကာ နတ်ဆိုးလို ပြုံးလိုက်သည်။သူမက ရန်ကွေ့ဘေးနားကို လျှောက်သွားပြီး ငုတ်တုပ်ထိုင်ချကာ တိုးတိုးလေး ပြောလိုက်သည်။
"လီဝေ့က ဒီနေရာမှာ သိပ်မကြာခင်တုန်းက ရှိနေခဲ့တာ။နင်ပြန်သွားတဲ့အခါကျရင် ဘယ်လိုအကျိုးဆက်တွေ ရင်ဆိုင်ရမလဲဆိုတာ ငါသိချင်လိုက်တာ?နင်က လက်ထပ်ပြီးပြီဆိုမှတော့ နင်နဲ့မသက်ဆိုင်တဲ့အရာတွေအကြောင်း စဉ်းစားနေတာ ရပ်လိုက်သင့်ပြီ"
ရန်ကွေ့ရဲ့ မျက်ဝန်းတွေထဲ ထိတ်လန့်သွားပြီး သူမဘေးကို အမြန်ကြည့်လိုက်သည်။အစေခံရဲ့မျက်ဝန်းတွေထဲမှာ မမြင်သင့်တာမြင်လိုက်ရလို့ ကြောက်ရွံ့နေမှုကို သူမ တွေ့ရသည်။
"နင်......နင် အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ ဖြစ်ရမယ်"
"ဟားဟား ငါအဓိပ္ပာယ်မရှိတာတွေ ပြောနေတာ ဟုတ်လားမဟုတ်ဘူးလားဆိုတာ နင် ပြန်သွားရင် သိမှာပဲ မဟုတ်လား?နင်က ငါတို့ကို ဒီမှာ ပြဿနာရှာဖို့ အချိန်ရှိနေရင် နင် ပြန်သွားတဲ့အခါကျရင် နင့်အတွက် ဘယ်လိုဖြေရှင်းချက်ပေးရမလဲဆိုတာ စဉ်းစားထားနော်။စောနတုန်းကတော့ လီဝေ့ အဆင်ပြေနေပုံမရဘူး"
သူမက မတ်တပ်ရပ်ပြီး ချောင်ထျန်းချန်ဘေးကိုသွားကာ သူ့လက်ကိုဆုပ်ကိုင်လိုက်သည်။
"ထျန်းချန် သွားရအောင်"
"အင်း"
သူတို့နှစ်ယောက်က လူအုပ်ထဲကနေ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။လူအုပ်ကြီးက သူတို့ထွက်သွားတာကိုကြည့်ပြီး သူတို့က လိုက်ဖက်တဲ့စုံတွဲပဲလို့ ခံစားမိသည်။
ရန်ကွေ့က သူတို့ထွက်သွားတာကို မှင်သက်စွာ ကြည့်နေခဲ့ပြီး ရုတ်တရက် သူမခေါင်းကို အစေခံဘက်လှည့်ကာ
"စောနတုန်းက သခင်လေး ဒီနေရာမှာ ရှိနေခဲ့တာလား"
"သူ......သူ ရှိနေခဲ့ပါတယ်" အစေခံက အလျင်အမြန် ခေါင်းငြိမ့်လိုက်သည်။
ရန်ကွေ့က သူမပြောတာကြားပြီးတဲ့နောက် မေ့လဲလုနီးပါး ဖြစ်သွားသည်။သူက စောနက ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးကို မြင်သွားပြီ။သူမက အစေခံကို စူးရှစွာ ကြည့်ပြီး
"နင် ဘာလို့ ငါ့ကိုမပြောတာလဲ?မကောင်းတဲ့ကောင်မ!"
သူမက လက်မြှောက်ပြီးတော့ အစေခံကို ပါးတွေနီရဲယောင်ယမ်းလာသည်အထိ ပါးရိုက်ပစ်သည်။
ရန်ကွေ့က လူအုပ်ကြီး၏ ဝေဖန်ပြောဆိုမှုအောက်မှာ ရှက်ရွံ့စွာနဲ့ နေရာကနေ ထွက်သွားခဲ့သည်။အစေခံလည်း မနေရဲဘဲ နောက်ကနေ လိုက်သွားခဲ့သည်။
သူမ စိတ်မသက်မသာဖြစ်စွာနဲ့ ပြန်လာတဲ့အချိန်ညလီဝေ့က ကျုံးယွဲ့နဲ့ ထမင်းစားနေခဲ့သည်။သူတို့တွေရဲ့ ချစ်ခင်ရင်းနှီးနေမှုက ချောင်ထျန်းချန်နဲ့နင်းမုန့်ယောင်ကို တွေးမိသွားစေပြီး သူမမျက်ဝန်းတွေထဲ အမုန်းနဲ့နက်ရှိုင်းသွားသည်။
"အရှင်......."
လီဝေ့က ရန်ကွေ့ရဲ့မျက်နှာပေါ်က မတရားခံရတဲ့ပုံစံကို လျစ်လျှူရှုထားပြီး သူ့ဇနီးကို လှည့်ကြည့်ကာ
"ယွဲ့အာ မင်း ပိုပြီးစားရမယ်။ဒီရက်တွေမှာ ကိုယ်အလေးချိန်ကျသွားတယ်"
သူမမျက်နှာကို ညှစ်ကြည့်လိုက်ပြီး ကျုံးယွဲ့က အနည်းငယ် မှင်သက်သွားကာ
"ကျွန်မ ကိုယ်အလေးချိန် မကျပါဘူး။အရင်တိုင်းပါပဲ"
"ကိုယ်ကတော့ မင်း ကိုယ်အလေးချိန် နည်းနည်းကျသွားတယ် ထင်တာပဲ"
လီဝေ့က သူ့ရဲ့တူတွေကိုအသုံးပြုကာ ကျုံးယွဲ့အကြိုက်ဆုံး ဟင်းလျာတွေကို ယူထည့်ပေးလိုက်သည်။
ရန်ကွေ့က သူတို့နှစ်ယောက် ထမင်းစားပြီးတဲ့အထိ ကြမ်းပြင်မှာ ဒူးထောက်နေခဲ့ရပြီး လီဝေ့က သူမကို စိတ်မပါသလိုကြည့်ကာ
"ထတော့"
"အရှင် ကျွန်မ...."
လီဝေ့က နှာခေါင်းရှုံ့လိုက်ပြီး သူမကို ကြားဖြတ်ကာ သူ့ဘေးနားက အထိန်းတော်ဘက် လှည့်ပြီး
"သခင်မလေး အနားယူဖို့ အထဲကို ခေါ်သွားပေးလိုက်"
"ဟုတ်ကဲ့ သခင်လေး"
လီဝေ့က အထိန်းတော် ကျုံးယွဲ့ကို အထဲခေါ်သွားတဲ့အထိ စောင့်နေခဲ့ပြီး သူ့မျက်နှာပေါ်က ချစ်ခင်မြတ်နိုးတဲ့အမူအရာ ကြောက်စရာကောင်းပြီးခက်ထန်တဲ့ပုံအဖြစ် ပြောင်းလဲသွားသည်။သူ့အမူအရာက အလွန်ကို မည်းမှောင်နေသည်၊
"အရှင်......" ဒီလိုပုံစံ လီဝေ့က ရန်ကွေ့ကို အလွန်ကြောက်ရွံ့ထိတ်လန့်သွားစေသည်။
လီဝေ့က လှောင်လိုက်ပြီး သူမရှေ့ကို လျှောက်သွားကာ သူမကို ပါးနှစ်ချက် ရိုက်လိုက်သည်။
"မကောင်းတဲ့မိန်းမ ငါက နင့်ကို မကျေနပ်နိုင်လို့လား?အဲ့အစား မင်းက တစ်ခြားယောကျာ်းတွေကို သွားပြီး မြူဆွယ်တယ်!"
"အရှင် ကျွန်မ မလုပ်ပါဘူး။ကျွန်မကို ယုံပါ"
ရန်ကွေ့က သူမမျက်နှာကို ဖုံးအုပ်ပြီး သူ့ကို ငိုကာ တောင်းပန်သည်။
သူက နောက်တစ်ကြိမ် သရော်လိုက်ပြီး ရန်ကွေ့ကို အထင်သေးသလိုကြည့်ကာ
"မင်း မလုပ်ခဲ့ဘူးပေါ့!ငါက အဲ့လောက် တုံးအနေလား"
သူ အရာအားလုံး သိပြီးတာတောင်မှ သူမက သူ့ကို လှည့်စားနေချင်သေးတယ်။
အဲ့အချိန်တုန်းက သူလမ်းပေါ်မှာရှိနေခဲ့တာကို ရန်ကွေ့သိထားတယ်ဆိုတာ သေချာတယ်။မဟုတ်ရင် သူမက ပြန်ရောက်ရောက်ချင်း သူ့ဆီချက်ချင်းလာမှာ မဟုတ်ပေ။
199
ရန်ကွေ့က ခေါင်းရမ်းပြီးတော့ အသနားခံတဲ့အနေနဲ့ လီဝေ့ရဲ့ အင်္ကျီစကို ဆွဲကာ
"အရှင် ကျွန်မကို ယုံပေးပါ။ကျွန်မ မလုပ်ခဲ့ပါဘူး။တစ်ယောက်ယောက်က ကျွန်မကို စွပ်စွဲတာပဲ ဖြစ်ရမယ်"
လီဝေ့က ရန်ကွေ့ရဲ့အဆက်မပြတ် အသနားခံနေမှုကိုကြည့်ကာ သရော်လိုက်သည်။သူ စကားပြောလိုက်တဲ့အချိန် မျက်ဝန်းတွေထဲ ရက်စက်မှုအပြည့်နဲ့ ဖြစ်သည်။
"မင်းကို စွပ်စွဲတာလား?အဲ့စုံတွဲက လမ်းပေါ်မှာ မင်းရဲ့လမ်းကို လာပိတ်တာလား?မင်းကပဲ သူတို့ဆီသွားပြီး အဓိပ္ပာယ်မရှိတာတွေ ပြောခဲ့တာလေ။တစ်ယောက်ယောက်က မင်းကို စွပ်စွဲတာလို့ မင်းပြောတယ်နော်။သူတို့က မင်းအဲ့ဒီနေရာမှာ လုပ်ခဲ့သလို သူတို့ကိုယ်သူတို့ ပစ်ဝင်ခဲ့လား"
သူ့အင်္ကျီတွေပေါ်က လက်တွေက ချက်ချင်း ကြမ်းပြင်ပေါ် ပြုတ်ကျသွားပြီး သူမမျက်နှာက ချက်ချင်း ဖြူဖျော့သွားသည်။သူ အားလုံးကို မြင်သွားပြီ သူမ အခု ဘာလုပ်သင့်လဲ?သူမ ဘာလုပ်သင့်လဲ"
သူမ လီဝေ့ကို သစ္စာမဖောက်ခဲ့ဘူး ဆိုရင်တောင်မှ သူမရဲ့ လုပ်ရပ်တွေက သူ့အတွက် အရှက်ရစရာ ဖြစ်နေပြီ။
"မင်းမှာ ဘာမှ ပြောစရာမရှိတော့ဘူးလား?ရန်ကွေ့ ငါ့ကို ငတုံးငအတစ်ယောက်လို မဆက်ဆံနဲ့။အစေခံတွေ!!"
လီဝေ့က အပြင်ဘက်က မတ်တပ်ရပ်နေတဲ့ အစေခံတွေကို အော်ခေါ်လိုက်သည်။
"သခင်လေး"
"ဒီမိန်းမကို အဝေးကို ခေါ်သွားစမ်း!သူ(မ)ကို မင်းတို့အားလုံးကို ပေးလိုက်ပြီ"
လီဝေ့က ရန်ကွေ့အတွက် ဘာခံစားချက်မှမရှိဘဲ သူမကို ကြည့်လိုက်သည်။သူမက ယောကျာ်းတွေကို ဒီလောက် ဆာလောင်နေမှတော့ သူမလိုချင်တာကို ပေးရမှာပေါ့။
ရန်ကွေ့ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားကြီး လီဝေ့ကို မယုံနိုင်စွာကြည့်ကာ
"ဟင့်အင်း ရှင် ကျွန်မကို ဒီလို ဆက်ဆံလို့မရဘူး။အရှင် ကျွန်မ တကယ် ဘာမှမလုပ်ခဲ့ပါဘူး။မလုပ်......"
လီဝေ့က ရန်ကွေ့ကို ဘေးကန်ထုတ်လိုက်ပြီး လှောင်ရယ်လိုက်သည်။
"မင်း ဘာမှမလုပ်ခဲ့လို အသက်ရှင်နေသေးတာ။မင်းသာ တစ်ခုခုလုပ်ခဲ့ရင် ငါမင်းကို သတ်ပြီးနေပြီ"
ရန်ကွေ့က မြေကြီးပေါ်ကို လဲကျသွားပြီး လီဝေ့ကို ကြောက်မက်ဖွယ်ကောင်းစွာ ကြည့်ကာ
"လီဝေ့ နင် အသေဆိုးနဲ့သေလိမ့်မယ်!ငါ သရဲဖြစ်ရင်တောင်မှ နင့်ကို အလွတ်မပေးဘူး"
"ဒါဆိုလည်း မင်းသရဲဖြစ်တဲ့အထိ စောင့်လိုက်ဦး"
သူက စိတ်မရှည်စွာနဲ့ သူ့လက်တွေကို ဝှေ့ရမ်းပြီး အစေခံတွေကို သူမကို အဝေးခေါ်သွားစေသည်။
ရန်ကွေ့ရဲ့မျက်လုံးတွေထဲမှာ မုန်းတီးမှုအပြည့်နဲ့ ခေါ်သွားခံရတာကို လီဝေ့က ဘာမှမဖြစ်သလို ကြည့်နေခဲ့သည်။
ကျုံးယွဲ့က အပြင်က ဆူညံသံတွေကြားပြီး မျက်ခုံးတွန့်သွားသည်။ဒါပေမယ့် ဘာတွေဖြစ်နေလဲဆိုတာ သူမမသိပေ။
ခဏကြာပြီးတဲ့နောက် လီဝေ့ အထဲဝင်လာခဲ့ပြီး ကုတင်ပေါ်မှာထိုင်နေတဲ့ ကျုံးယွဲ့ကို သူ့လက်တွေနဲ့ ပွေ့ဖက်လိုက်သည်။
"ယွဲ့အာ မင်းက အကောင်းဆုံးပဲ"
"ဘာဖြစ်တာလဲ" လီဝေ့ ထူးထူးဆန်းဆန်းပြုမူနေတာကို သူမ ခံစားမိတယ်။
"ကိုယ် အဲ့ဒီမကောင်းတဲ့မိန်းမကို အာရုံစိုက်ခဲ့ပြီးပြီ။သူမကို ကိုင်တွယ်လိုက်တာ ကောင်းတယ်။သူမက မင်းရဲ့ခံစားချက်ကောင်းတွေကို ဖျက်ဆီးမှာမျိုး ကိုယ်မလိုချင်ဘူး"
ကိုယ်ဝန်သည်အမျိုးသမီးတစ်ယောက်က အမြဲတမ်း ခံစားချက်ကောင်းနေဖို့လိုတယ်လို့ သမားတော်ဆီကနေ သူကြားထားတယ်။မဟုတ်ရင် သူတို့က အလွယ်တကူ စိတ်ဓာတ်ကျခြင်းကို ခံစားရလိမ့်မယ်။သူ့ဇနီးသည်ကို အဲ့လိုအခြေအနေမျိုး မဖြစ်စေချင်ဘူး။
ကျုံးယွဲ့က သူမပြောပြချင်တဲ့အတွက် ဆက်ပြီးတော့ မမေးတော့ပေ။သူမက သူ့ကို မှီပြီးတော့ အသာလေး ခေါင်းငြိမ့်ကာ သူမ နားလည်ကြောင်း ပြလိုက်သည်။
အစေခံတွေ ရန်ကွေ့ကို ခေါ်သွားပြီးတဲ့နောက် သူတို့က သူမကို ရမ္မက်ကြီးစွာ ကြည့်လိုက်ကြသည်။
သူမနဲ့သခင်လေး ကိုယ်လက်နှီးနှောတဲ့အချိန် သူမ ညစ်ညမ်းတဲ့အသံတွေလုပ်တာကို သူတို့ကြားဖူးတယ်။သူတို့စိတ်တွေက အချိန်တော်ကြာကတည်းက ထကြွနေခဲ့ပြီး သူမကို လုပ်ကြည့်ချင်ခဲ့တယ်။ဒါပေမယ့် သူတို့မှာ ဆန္ဒပဲရှိပြီး သတ္တိမရှိကြပေ။အခုတော့ သူတို့ ပွင့်ပွင့်လင်းလင်း လုပ်နိုင်တဲ့ အခွင့်အရေး ရရှိပြီဖြစ်တဲ့အတွက်ကြောင့် သူမကို လုံးဝ လွှတ်ပေးမှာ မဟုတ်ချေ။
သူတို့ထဲက အချို့က ရန်ကွေ့ရဲ့ အဝတ်တွေကို ဆွဲဖြဲပြီး သူမ မျက်လုံးတွေက ကြောက်ရွံမှုနဲ့ ပြည့်နှက်နေသည်။
"ဟင့်အင်း။ ထွက်သွားကြစမ်း!ငါ သခင်လေးရဲ့မိန်းမပဲ နင်တို့အားလုံး ငါ့ကို ဒီလိုဆက်ဆံလို့ မရဘူး!"
"သခင်လေးရဲ့မိန်းမလား?သခင်လေးက နင့်ကို ဆက်ပြီး မလိုချင်တော့ဘူး။သူက ငါတို့ကို ပေးလိုက်ပြီလို့ ပြောတယ်။နင် အခု ကောင်းကောင်း ပြုမူတာ ပိုကောင်းမယ်"
သူက သူမကို ပြင်းထန်စွာ ပါးရိုက်လိုက်တာကြောင့် မူးဝေသွားခဲ့သည်။
တစ်နေ့လုံး သူမကို မတူညီတဲ့ ယောကျာ်းတွေက ဆက်ဆံခဲ့ကြသည်။အစောကလူတွေထွက်သွားပြီးရင် ပိုများတဲ့လူတွေလာကြသည်။သူတို့တွေ ဘယ်ကလာလဲဆိုတာတောင် သူမ မမှတ်မိနိုင်တော့ပေ။
အဆုံးမှာတော့ ရန်ကွေ့ရဲ့ခန္ဓာကိုယ်က အရုပ်တစ်ရုပ်လို ကျိုးပဲ့သွားပြီး သူမမျက်လုံးတွေက ဖြည်းဖြည်းချင်း ဗလာဖြစ်သွားကာ အသက်မရှူတော့ပေ။
ရန်ကွေ့ သေဆုံးတဲ့သတင်းက လီဝေ့ကို လုံးဝ စိတ်အနှောင့်အယှက် မဖြစ်စေပေ။သူမကို မြေမြှပ်ပေးဖို့ သူ့လူတွေကို အမိန့်ပေးလိုက်သည်။သူမ မိသားစုအတွက်ကတော့ သူတို့ရဲ့သမီးအသက်မရှင်တော့ဘူးဆိုတာကို သတိမထားခဲ့မိကြပေ။သူတို့သိသွားရင်တောင်မှ ရန်ကွေ့ကို ဘာမှမလုပ်နိုင်ပေ။အဆုံးမှာတော့ ပထမဆုံး အပြစ်လုပ်ခဲ့တဲ့သူက ရန်ကွေ့သာ ဖြစ်သည်။
ရန်စူး သတင်းမရခင် အချိန်အနည်းငယ် ကြာခဲ့သည်။သူမ ချုပ်နှောင်ခံထားရတာ မဟုတ်ဘူးဆိုတာ သူတို့သိလိုက်ပြီး တစ်ယောက်ယောက်ကို လျှို့ဝှက် တွေ့ဆုံခဲ့သည်။သတင်းက ကောင်းကင်ပြာက မိုးကြိုးလိုပဲ သခင်မချန်းကို ဒေါသထွက်သွားစေတယ်။ဒါပေမယ့် အဆုံးမှာ ဒါတွေအားလုံးက ရန်ကွေ့ရဲ့ အမှားတွေဖြစ်တာကြောင့် သူမသွားပြီး ပြဿနာ မရှာရဲပေ။
200
ရန်ကွေ့ သေဆုံးပြီးကတည်းက သခင်မချန်းက သူမရဲ့ ပုံမှန်မောက်မာမှုတွေ မရှိတော့ဘဲ ရွာသားတွေအတွက် ရယ်စရာ ဖြစ်လာခဲ့သည်။သူမက မိသားစုကောင်းကောင်းကို လက်ထပ်တော့ရော ဘာဖြစ်လဲ?သူမ ကြာကြာ အသက်ရှင်ရတာမှ မဟုတ်တာ။
သခင်မချန်းက ရွာသားတွေရဲ့ လှောင်ရယ်မှုကြောင့် ဒေါသထွက်ပေမယ့် သူမ ဘာမှမလုပ်နိုင်ပေ။ဒါပေမယ့် ရန်ဟွိုက်ကို
"ဟွေ့အာ မင်း စာမေးပွဲအောင်ရမယ်နော်။အမေ့ကို လှောင်ရယ်နေတဲ့ အဲ့ဒီလူတွေကို လုပ်ပြရမယ်" ဟု ပြောသည်။
ရန်ဟွိုက်က မျက်ခုံးတွန့်သွားပြီး ရန်ကွေ့ ဘာဖြစ်ခဲ့လဲဆိုတာ အလွန်မုန်းတီးသည်။ကျောင်းတော်က ကျောင်းသားတွေ ဒီအဖြစ်အပျက်ကို သိပြီးတဲ့နောက် သူတို့က သူ့ရှေ့မှာ ဘာမှမပြောဘဲနဲ့ သူနဲ့ အခင်အမင်မပျက် နေနေရင်တောင်မှ သူ့နောက်ကွယ်မှာ ပြောနေကြမှာ ဖြစ်သည်။ရန်ကွေ့ရဲ့သေဆုံးမှုကြောင့် သူတို့က အခု သူ့ကို အထင်သေးနေကြပြီ။
"အမေ အဲ့ဒါ အမေ သူ(မ)ကို အရမ်း အလိုလိုက်ခဲ့လို့လေ။အဆုံးကျ ဘယ်လိုဖြစ်သွားလဲ ကြည့်ဦး!"
ရန်ဟွိုက်က သည်းမခံနိုင်စွာ အော်လိုက်သည်။
သခင်မချန်းက သူမရဲ့သားကို မယုံနိုင်စွာ ကြည့်လိုက်ပြီး
"မင်းအခုငါ့ကို ဘာပြောလိုက်တာလဲ"
"ကျွန်တော် မှားလို့လား?သူ(မ)က လက်ထပ်ပြီးတဲ့နောက် ခင်ပွန်းကို ဘယ်လို ပြုစုစောင့်ရှောက်ရမယ်ဆိုတာ မသိဘူး။အဲ့ဒီအစား သူ(မ)က အရှက်ရစရာတွေ လုပ်ခဲ့တာ။သေဖို့ ထိုက်တန်တယ်" ရန်ဟွိုက်က ပြောလိုက်တယ်။
သခင်မချန်းက သူမကြားလိုက်တာကို မယုံနိုင်ပေ။ဒါ သူမသားလား?ဒါ ရန်ကွေ့ကို ချစ်ခင်အလိုလိုက်ခဲ့တဲ့ ရန်ဟွိုက်နဲ့အတူတူပဲလား?
သူ အခြားလူတစ်ယောက်ဖြစ်လာတယ်လို့ သူမ ခံစားရတယ်။
"ဟွိုက်အာ သူ(မ)က မင်းရဲ့ ညီမလေးနော်"
"ဒါပေါ့ သူ(မ)က ကျွန့်တော့်ညီမဆိုတာ ကျွန်တော်သိတယ်။သူ(မ)သာ ကျွန်တော့်ညီမ မဟုတ်ရင် ကျွန်တော်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို သူ(မ)အတွက် သုံးပေးလိမ့်မယ်လို့ အမေထင်နေလား?"
သူ သူ့ညီမလေးကို ချစ်ခင်အလိုလိုက်ခဲ့တယ်ဆိုတာ မှန်တယ် ဒါပေမယ့် သူမက သူ့အတွက် ပြဿနာမရှာခဲ့တာကြောင့် ဖြစ်တယ်။
သခင်မချန်းက သူမရဲ့သားကို မယုံနိုင်စွာကြည့်ပြီး ဒါက အမှန်တကယ်ပဲ သူမသား ပြောလိုက်တာလား?
"ရန်ဟွိုက် မင်း....."
"အမေ တော်လောက်ပြီ။သူ(မ)က သေပြီးနေပြီ။သူ့အသက်ကိုကယ်ဖို့ ခရိုင်တရားသူကြီးကို ရှာချင်တယ်လို့ မပြောနဲ့နော်။အစ်ကိုကြီးနဲ့သူ့မိန်းမရယ် ကျွန်တော့်ရဲ့ တော်ဝင်စာမေးပွဲတွေကို တွေးပေးပါဦး။သူသာ ကျွန်တော်တို့ကို အငြိုးထားရင် အဆုံးကျ ဘာတွေဖြစ်မလဲဆိုတာ အမေသိပါတယ်"
ရန်ဟွိုက်က သခင်မချန်းကို ဒေါသတကြီး ပြောလိုက်သညိ။
သူမက ဘယ်သူလဲ?သူမက အခြားလူတွေနဲ့ ယှဉ်နိုင်လဲ?သူမ ပြဿနာရှာဖို့သွားခဲ့ရင် သူမသားနှစ်ယောက်လုံးရဲ့ အနာဂတ်က သူမကြောင့် ပျက်ဆီးသွားလိမ့်မယ်။
သခင်မချန်းက ရန်ဟွိုက်ပြောတာနားထောင်ပြီး စိတိငြိမ်သွားကာ
"အမေတို့ ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားလိုက်မယ်လို့ မပြောနဲ့"
"မဟုတ်ရင် အမေက ဘာလုပ်ချင်လို့လဲ" ရန်ဟွိုက်က သခင်မချန်းကို စိတ်မရှည်စွာ ကြည့်လိုက်သည်။
သူမသားပြောတာနားထောင်ပြီး သခင်မချန်း ဆွံ့အသွားတယ်။သူမမှာ သားနှစ်ယောက် ရှိနေသေးပြီးတော့ အနာဂတ်မှာ သူတို့ကိုပဲ မှီခိုရမှာ။သူမရဲ့ သေဆုံးသွားတဲ့ သမီးအတွက်နဲ့ သူတို့ကို ဒုက္ခရောက်အောင် မလုပ်ချင်ပေ။
ချောင်ထျန်းချန်နဲ့နင်းမုန့်ယောင်က ရန်ကွေ့ရဲ့သေဆုံးမှုကိုကြားတဲ့အခါ အနည်းငယ် အံ့အားသင့်သွားသည်။အဲ့ဒါအပြင် တစ်ခြား ဘာအတွေးမှ မရှိပေ။
"ကျွန်မ ရုတ်တရက်ကြီး ကြာစေ့စားချင်လာတယ်"
နင်းမုန့်ယောင်က သူမဘေးက ချောင်ထျန်းချန်ကိုကြည့်ပြီး စိတ်အားထက်သန်စွာ ပြောလိုက်သည်။
အရင်အချိန်တုန်းက ရေကန်ထဲမှာ ကြာပန်းတွေ ပွင့်သည်။နင်းမုန့်ယောင်က ကြာပန်းတွေကို ဝိုင်လုပ်ဖို့အတွက် ခူးယူခဲ့ပေမယ့် အများကြီးမရှိတာကြောင့် သူတို့တွေ နောက်ကျရင် သောက်ဖို့ ဝှက်ထားကသည်။ကျန်နေတဲ့အရာတွေအတွက်တော့ သူတို့က အစေ့ထုတ်ဖို့အတွက် အသုံးပြုခဲ့သည်။အချိန်ကြာတဲ့နောက် အဲ့ဒီမှာ စားလို့ရတဲ့ ကြာစေ့တွေ ရှိနေပြီဖြစ်တဲ့အတွက် သူတို့စားနိုင်သည်။
"သွားရအောင် ကိုယ်မင်းကို ခေါ်သွားပေးမယ်"
ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို ပွေ့ချီလိုက်ပြီး ရေကန်ဆီ ဦးတည်ခဲ့ကြသည်။
ရေရန်အစွန်းမှာ လှေငယ်လေး တစ်စင်းရှိသည်။သူတို့နှစ်ယောက် အထဲဝင်ပြီးတဲ့နောက် ချောင်ထျန်းချန်က စတင် လှေလှော်တော့သည်။
"ရှင်က ဘယ်လို လှေလှော်ရမလဲဆိုတာ သိတယ်ပေါ့"
"မင်းယောကျာ်းက ဘာမဆို လုပ်နိုင်တယ်" ချောင်ထျန်းချန်က မျက်ခုံးပင့်ကာ ပြောလိုက်သည်။
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို အပြစ်ကင်းစင်ပြီးဖြူစင်သလို ကြည့်ကာ
"ဒါဆို ရှင် ကိုယ်ဝန်ရနိုင်လား"
သူ့မျက်နှာပေါ်က အမူအရာက ချက်ချင်း အက်ကွဲသွားပြီး တခစ်ခစ်ရယ်နေတဲ့ နင်းမုန့်ယောင်ကို ကြည့်လိုက်သည်။သူက ရုတ်တရက် အတွင်းကျကျ ပြောလိုက်သည်။
"ကိုယ် မင်းကို ကိုယ်ဝန်ရအောင် လုပ်နိုင်တယ်"
နင်းမုန့်ယောင် ဗလာဖြစ်သွားပြီး အခိုက်အတန့်တစ်ခုလောက် ဆွံအသွားသည်။သူမက ရေကန်အစွန်းမှာ ဖူးပွင့်နေတဲ့ ကြာပင်တွေကိုကြည့်ဖို့ ခေါင်းလှည့်သွားသည်။
သူမက လက်ဆန့်ထုတ်ကာ ကြာပန်းအချို့ခူးပြီး လှေထဲထည့်လိုက်သည်။ပြီးနောက် ကောင်းမွန်တဲ့ကြာစေ့တွေကို ကောက်ယူလိုက်သည်။
"ထျန်းချန် ဒီနေ့ည ကြာစေ့ဆန်ပြုတ် သောက်ရအောင်" နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို ကြည့်လိုက်၏။
"ဟုတ်ပြီ"
သူတို့နှစ်ယောက်လုံး တစ်နေ့ခင်းလုံး ရေကန်မှာ အချိန်ဖြုန်းခဲ့ကြသည်။အစတုန်းကတော့ သူတို့က ကြာစေ့တွေ ကောက်ယူနေတာဆိုပေမယ့် အဆုံးတွင် နှစ်ယောက်သား လှေကို ရေကန်အလယ်မှာရပ်ကာ ကြာပန်းတွေနဲ့ပန်းပွင့်တွေ ရှူခင်းကို ခံစားခဲ့ကြသည်။
"ကျွန်မတို့ ပြန်တဲ့အခါစားဖို့ ငါးနှစ်ကောင်လောက် ဖမ်းကြမလား"
နင်းမုန့်ယောင်က သူတို့ပြန်တော့မယ့်အချိန်မှာ အကြံပြုလိုက်သည်။
ချောင်ထျန်းချန်က ကူကယ်ရာမဲ့စွာ နင်းမုန့်ယောင်ရဲ့ ခေါင်းကို ပုတ်လိုက်ပြီး
"ကိုယ်တို့တွေ ပိုက်ကွန်နဲ့ဖမ်းမှ ရမှာ"
"ဟုတ်”