← Chapters

အခန်း ၂၀၁

Vol. 9 Ch. 201

အခန်း ၂၀၁

Vol. 9 Ch. 201

Chapter 201

အဖွားချင်နဲ့ကျန်တဲ့လူတွေက သူတို့နှစ်ယောက် ကြာစေ့တွေသယ်လာတာကြည့်ပြီး ဆွံ့အသွားသည်။သူတို့က တစ်နေ့ခင်းလုံး ရေကန်မှာ အတူတူအချိန်ဖြုန်းပြီးတော့ ကြာစေ့လေးနည်းနည်းပါးပါးပဲ ရလာခဲ့ကြတာလား?

အဖွားချင်နဲ့အခြားလူတွေရဲ့ ဆွံ့အနေတဲ့ မျက်နှာတွေကိုကြည့်ပြီး နင်းမုန့်ယောင်က နှာခေါင်းပွတ်ကာ

"ကျန်တာတွေက ကျွန်မတို့ စားခဲ့တာ"

သူတို့က နင်းမုန့်‌ယောင်ကို မယုံနိုင်စွာ ကြည့်နေကြတာကြောင့် ရှက်ရွံ့သွားပြီး ချောင်ထျန်းချန်ကို အကူအညီတောင်းလိုက်သည်။

"ကြာစေ့ဆန်ပြုတ်က ကြာစေ့တွေ အများကြီး မလိုပါဘူး"

ချောင်ထျန်းချန်က သူတို့ကို ယုံကြည်မှုအပြည့်နဲ့ ကြည့်လိုက်သည်။

ချင်းရွှယ်နဲ့အခြားလူတွေက တိတ်တဆိတ်ပဲ ခေါင်းလှည့်သွားကြသည်။သခင်လေးက သခင်မလေးနဲ့ လက်ထပ်ပြီးကတည်းက အရမ်း အရေထူလာတာပဲလို့ သူတို့ထင်တယ် ပြီးတော့ ပုံမှန်ထူတာတောင် မဟုတ်ဘူးနော်။

"ထျန်းချန် ငါးနည်းနည်းလောက် သွားဖမ်းရအောင်"

နင်းမုန့်ယောင်က အလျင်အမြန် အကြောင်းအရာပြောင်းလိုက်သည်။သူတို့သာ ဒါဆက်ဖြစ်နေရင် သူ ယိုင်လဲသွားလိမ့်မယ်။

ချောင်ထျန်းချန်က ငါးဖမ်းပိုက်ကွန်ကိုယူပြီးတော့ ရေကန်ဆီ နောက်တစ်ကြိမ် ထွက်သွားသည်။နင်းမုန့်ယောင်က သူ့နောက်ကနေ အမြန်လိုက်သွားပြီး အဖွားချင်နဲ့ကျန်တဲ့လူတွေကို နောက်မှာ ထားခဲ့သည်။အဖွားချင်က သူမခေါင်းကိုသာ ရမ်းလိုက်ပြီး သူမလက်ထဲက ကြာစေ့တွေကို စတင်အခွံ့ချွတ်တော့သည်။

သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက် ၁ကီလိုကနေ၅ကီလိုအထိရှိတဲ့ ငါးဖမ်းမိသည်။နင်းမုန့်ယောင်က ငါးကိုကြည့်ပြီး တွေးလိုက်တာက

"ဒီအချိန်က ကျွန်မတို့ကန်ထဲက ငါးတွေရောင်းဖို့အချိန်ပဲလို့ ထင်တယ်။ရှောင်ချီထျန်း သူတို့ကို လိုချင်လောက်လား"

"သူ သေချာပေါက် လိုချင်မှာ" ချောင်ထျန်းချန်က ခေါင်းငြိမ့်လိုက်သည်။သူတို့တွေက ငါးမွေးတာတင်မကဘဲ ကြာပင်အချို့ပါ စိုက်ပျိုးထားတယ်ဆိုတာ သိရတဲ့အချိန်တုန်းက သူလည်းပဲ အနည်းငယ် လိုချင်တယ်လို့ ပြောခဲ့သည်။

"ဒါဆို အဲ့အချိန်ကျရင် သူ့ကို လူနည်းနည်း ခေါ်လာခိုင်းလိုက်"

"ဟုတ်ပြီ"

သူတို့နှစ်ယောက်က စကားတပြောပြောနဲ့ ချစ်ခင်ရင်းနှီးစွာ မီးဖိုချောင်ဆီ ဝင်သွားကြသည်။

များသောအားဖြင့် သူတို့နှစ်ယောက် မီးဖိုချောင်ဝင်တဲ့အချိန် အစေခံတွေက မနှောင့်ယှက်ကြပေ။

ညစာစားပြီးတဲ့နောက် ချောင်ထျန်းချန်နဲ့နင်းမုန့်ယောင် နှစ်ယောက်လုံး စာအုပ်ဖတ်ဖို့အတွက် ထပ်ခိုးမှာရှိတဲ့ စာကြည့်ခန်းကို သွားကြသည်။ချောင်ထျန်းချန်က ရှောင်ချီထျန်းကို ဆက်သွယ်ခဲ့ပြီး ကန်ထဲကငါးတွေ မကြာခင်ရတော့မှာဖြစ်ကြောင်း ပြောခဲ့သည်။

နှစ်ရက်ကြာပြီးနောက် ရှောင်ချီထျန်းက အစေခံအချို့ခေါ်ကာ ရောက်လာပြီး နင်းမုန့်ယောင် အံ့အားသင့်သွားသည်။

"ရှင်က ဒီကို ဘာကိစ္စနဲ့လဲ"

"မင်းတို့ပဲ ငါးတွေက အဆင်သင့်ဖြစ်ပြီလို့ မပြောဘူးလား"

နင်းမုန့်ယောင်က ဒီငတုံးနဲ့ စကားမပြောချင်တော့တဲ့အတွက် ချောင်ထျန်းချန်ဘက်ကိုလှည့်ကာ သိသိသာသာပဲ သူ့ကို ဒီကိစ္စကိုင်တွယ်ဖို့ ပြောသည်။

ချောင်ထျန်းချန်က ရှောင်ချီထျန်းကို စူးရှစွာ ကြည့်လိုက်ပြီး

"ငါပြောတာ တစ်လကြာပြီးတဲ့နောက်မှလို့"

ရှောင်ချီထျန်းက ချောင်ထျန်းချန်ကို မှင်သက်စွာ စိုက်ကြည့်ပြီး

"မင်း ငါ့ကို တစ်လကြာပြီးမှလို့ ပြောခဲ့တာလား?ငါက ဘာလို့ ပြန်မစဉ်းစားမိတာလဲ"

စိတ်အားထက်သန်မှု မရှိတော့ဘဲ ချောင်ထျန်းချန်က သူနဲ့ စကား ကြာကြာဆက်မပြောချင်တော့ပေ။

"ဂဏန်းတွေကလည်း နောက်တစ်‌လလောက်နေမှ ရမှာ။အဲ့ကျမှ ထပ်လာခဲ့"

"မင်းက ငါ အခုမှရောက်တာကို သွားဖို့ ပြောနေတာလား"

"တစ်ခြား ဘာရှိသေးလို့လဲ" ချောင်ထျန်းချန်က ရှောင်ချီထျန်းကို ဂရုမစိုက်စွာ ကြည့်လိုက်သည်။

ရှောင်ချီထျန်းရဲ့ဦးခေါင်းက ပြင်းပြင်းထန်ထန် တုန်သွားပြီး

"ချောင်ထျန်းချန် မင်း အဲ့‌လောက် ကပ်စေးမနှဲပါနဲ့လား"

"မရဘူး ငါ့မိန်းမကို ထောက်ပံ့ပေးရဦးမယ်" ချောင်ထျန်းချန်က သူ့ကို အရှက်မရှိစွာ ပြောလိုက်သည်။

ရှောင်ချီထျန်းက သူ့စကားတွေကြားတော့ ‌စိတ်တိုသွားကာ ရယ်လိုက်သည်။သူက တုန်နေတဲ့သူ့လက်တွေကို ဆန့်တန့်ပြီး ချောင်ထျန်းချန်ကို လက်ညှိုးထိုးကာ

"ကြည့်ပါဦး ဘယ်သူကပြောနေတာလဲ?မုန့်ယောင်က မင်းကို ထောက်ပံ့နေတာလား ဒါမှမဟုတ် အခြားတစ်ဖက်မှာလား"

ချောင်ထျန်းချန်က သူ့လုပ်နိုင်စွမ်း သံသယဝင်ခံရတာတောင် စိတ်မတိုခဲ့ဘဲ အပြုံးတစ်ခုနဲ့ ပြောလိုက်သည်။

"မင်းက ငါ့မှာ အဲ့လိုလုပ်နိုင်စွမ်းရှိတဲ့ ဇနီးတစ်ယောက်ရှိတာ မနာလိုနေတာလား?ဒါပေမယ့် အဲ့ဒီမနာလိုလည်း မင်း ဘာမှမရဘူး"

ရှောင်ချီထျန်းက သူ့ခေါင်းကိုရမ်းကာ ပြောလိုက်သည်။

"ထျန်းချန် မင်းက လက်ထပ်ပြီးမှ အများကြီး ပိုပြီး အရေထူလာတယ်ဆိုတာ ငါသိသွားပြီ"

စိတ်တိုရမယ့်အစား သူက မထင်မှတ်ထားတဲ့ စကားတွေ ပြောလာတယ်။ရှောင်ချီထျန်းက သူ့မျက်နှာပေးကိုကြည့်ပြီး ရိုက်ပစ်ချင်လာတယ်။

ချောင်ထျန်းချန်က ရှောင်ချီထျန်းကို အထင်သေးတဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး

"ငါ့မှာ ဇနီးတစ်ယောက်ရှိနေတာပဲ ငါ့မျက်နှာက ဘာလုပ်ဖို့လဲ?ငါးရာဂရမ်က ဘယ်လောက်တန်မှာမလို့လဲ?ငါ မင်းကို ရောင်းလိုက်မယ်"

ရှောင်ချီထျန်း မူးဝေသွားပြီး မြေပြင်ပေါ် လဲကျလုနီးပါး ဖြစ်သွားသည်။ဒါက အမှန်တကယ်ပဲ သူတို့သိတဲ့ ချောင်ထျန်းချန်လား?သူ တစ်ယောက်ယောက်နဲ့များ လူစားလဲသွားတာလား?

နင်းမုန့်‌ယောင်‌ယောင်က သူပြောတာ နားထောင်ပြီးတဲ့နောက် ပျော်ရွှင်သွားပေမယ့် သူမခင်ပွန်းရဲ့ခံစားချက်တွေအတွက် သူ့လက်ကို ပုတ်လိုက်ပြီး

"တော်လိုက်ပြီနော်"

"ကောင်းပြီ"

"ထျန်းချန် မင်း ဒီလောက် နာခံနေဖို့မလိုပါဘူး တကယ်ပဲကွာ"

ရှောင်ချီထျန်းက ချောင်ထျန်းချန်ကို သေသေချာချာ ကြည့်လိုက်တယ်။

ချောင်ထျန်းချန်က အခု ဒီလူနဲ့ မဆက်ဆံချင်တော့တဲ့အတွက် သူက သူတို့ကြားမှာ အပိုဘီးဖြစ်နေသည်။မောင်းထုတ်ဖို့ပဲ ရှိတော့တယ်။

ကံကောင်းစွာနဲ့ ရှောင်ချီထျန်းက ချောင်ထျန်းချန် ဘာတွေတွေးနေခဲ့လဲဆိုတာ မသိပေ။မဟုတ်ရင် အရင်တုန်းက ဒီလောက် အရေထူတဲ့လူမျိုး မတွေ့ဖူးတာကြောင့် သူ သွေးအန်သွားနိုင်တယ်။

All Chapters