အခန်း ၂၀၂
Vol. 9 Ch. 202
Chapter 202
ရှောင်ချီထျန်းက သူ့ကိုဆက်ပြီး ရန်မစချင်တာကြောင့် အကြောင်းအရာ ပြောင်းလိုက်တယ်။
"ရှောင်ကျီရွှမ်းက သားတစ်ယောက် မွေးပြီးသွားပြီ။အခု သူ(မ) အဆင့်အတန်းက ကိုယ်လုပ်တော်ကနေ တော်ဝင်ကြင်ရာတော်အဖြစ် ပြောင်းသွားပြီ"
"အဲ့တော့?"
ချောင်ထျန်းချန်က ထိုအကြောင်းကို အမှန်တကယ် ဂရုမစိုက်ပုံရပြီး သူ့ကို အာရုံမထားဘဲ သာမန်ပဲ ပြန်ပြောလိုက်သည်။
ရှောင်ချီထျန်း မျက်မှောင်ကြုတ်သွားပြီး
"မင်းတို့နှစ်ယောက် သတိထားတာ ပိုကောင်းတယ် အဲ့ဒီမိန်းမက ကိစ္စတွေကို ဒီတိုင်းလွှတ်ပေးမှာ မဟုတ်ဘူး"
"ငါသိတယ်" ချောင်ထျန်းချန် ခေါင်းငြိမ့်လိုက်သည်။
သူက ဒီလိုမျိုး ပြောလာပြီဆိုမှတော့ သဘာဝကျစွာနဲ့ ရှောင်ချီထျန်း ဘာမှထပ်ပြောဖို့ မရှိတော့ပေ။သူက ပုခုံးတွန့်လိုက်ပြီး တိတ်တဆိတ်သာ နေနိုင်တယ်။
ရှောင်ချီထျန်းက မပြန်ခင် အချိန်ကြာကြာ နေခဲ့သည်။ဒါပေမယ့် သူပြန်ရောက်တဲ့အချိန် မပြင်ဆင်ထားတဲ့ နောက်ထပ်သတင်းတစ်ပုဒ်က သူ့ကို ထုနှက်သွားသည်။
သူ့ရဲ့ဦးလေးက သူ့ကို ပြဿနာရှာနေတယ်။၎င်းက မထင်ရှားဘူးဆိုပေမယ့် သူ့ရဲ့စီးပွားရေးကို တိတ်တဆိတ် ဒုက္ခဖြစ်အောင် လုပ်နေတာ။
"အစ်ကိုတော် ကြည့်ရတာ ကျွန်တော်တို့ရဲ့ဦးရီးတော်က မြင်ရသလို အန္တရာယ်ကင်းတဲ့ပုံ မဟုတ်ဘူး"
ရှောင်ချီထျန်းက ထေ့ငေါ့တဲ့အကြည့်နဲ့ ပြောလိုက်သည်။
"တစ်ခုခုဖြစ်လို့လား"
"ဒါပေါ့ ဘယ်ဟုတ်ပါ့မလဲ သူသာ ကျွန်တော့်ကိုထိနိုင်ရင် ကျွန်တော်စီးပွားရေး လုပ်နေရမှာ မဟုတ်ဘူး" ရှောင်ချီထျန်းက မထီမဲ့မြင် အကြည့်နဲ့ ပြောလိုက်သည်။
သူက နိုင်ငံရေးကိစ္စတွေမှာ အရည်အချင်းမရှိပေမယ့် စီးပွားရေးမှာတော့ ရှိတယ်။နင်းမုန့်ယောင်က လွဲလို့ တစ်ခြား ဘယ်သူကမှ သူ့ကို မယှဉ်နိုင်ဘူး။သူတို့တွေက သူ့ကို စီးပွားရေးရှူထောင့်ကနေ ဖျက်ဆီးချင်တယ်ဆိုရင် နောက်ဆုံး မတ်တပ်ရပ်နေနိုင်မယ့်လူက ဘယ်သူဖြစ်မလဲဆိုတာ သူကြည့်ချင်သေးတယ်။
"အစ်ကိုတော် ပျော်စရာလေးတွေ ကြည့်ဖို့ပြင်ထားတော့"
သူတို့တွေ သူ့ပေါ်ကို လက်တင်ရဲရင် တန်ဖိုးကိုပေးဆပ်ရန် ပြင်ဆင်ထားသင့်သည်။
ရှောင်ချီဖုန်းက သူ့ညီတော်ကို ကြည့်လိုက်သည်။အဲ့တော့ သူက ဒေါသထွက်နေတာပေါ့။ကြည့်ရတာတော့ အဲ့ဒီလူက ဒီတစ်ခေါက် ပြဿနာအကြီးကြီး ရှာလိုက်ပုံပဲ။
ချောင်ထျန်းချန်က တံခါးဖွင့်လိုက်ကြီး တံခါးရှေ့မှာရပ်နေတဲ့ လူကိုမြင်တော့ မျက်နှာထား အေးစက်သွားကာ
"မင်း ဒီကို ဘာအတွက်လာတာလဲ"
"တတိယအစ်ကို အဖေက မင်းကို ပြန်လာစေချင်နေတယ်"
ချောင်ထျန်းယွီ၏အသံက ခပ်တန်းတန်းဖြစ်နေပြီး ခံစားချက်ကင်းမဲ့နေသည်။
ချောင်ထျန်းချန်က ချောင်ထျန်းယွီကို ပြုံးသလို ကြည့်လိုက်ပြီး
"သူက ငါ့ကို ပြန်လာစေချင်တာလား?ဘယ်လို အနေအထားကိုသုံးပြီးတော့ သူက ငါ့ကို ပြန်လာစေချင်တာလဲ"
တစ်နည်းပြောရမယ်ဆိုရင် သူ့ကို ပြန်လာခိုင်းခွင့် ရှိလို့လား။
ချောင်ထျန်းယွီက တိတ်နေပြီး သူ့အကြည့်က ချောင်ထျန်းချန်ရဲ့နောက်က အလွန်လှပတဲ့ အမျိုးသမီးဆီ ကျရောက်သွားသည်။
"ထျန်းချန် သူက ဘယ်သူလဲ"
"ဘယ်သူမှ မဟုတ်ဘူး။မင်း အဆင်သင့်ဖြစ်ပြီလား။သွားကြမယ်"
"အင်း"
နင်းမုန့်ယောင်က ချောင်ထျန်းယွီနဲ့ အဝေးကို ထွက်သွားပြီး ချောင်ထျန်းချန်ဘေးနားကနေလိုက်ကာ တောင်နောက်ဘက်ကို လိုက်သွားသည်။
ချောင်ထျန်းယွီက သူတို့နောက်ကို လိုက်မသွားပေ။သူက သူတို့နှစ်ဦး ချစ်ကြည်နူးစွာနဲ့ ထွက်သွားတာကိုသာ စိုက်ကြည့်နေခဲ့သည်။
သူ(ချောင်ထျန်းချန်)က သူတို့ကို အသိမပေးဘဲနဲ့ လက်ထပ်လိုက်ပြီလား?
အဲ့ဒါကို သူ အသုံးချနိုင်တယ်။
ဒီတစ်ခေါက် သူ သေမိန့်ရထားသည်။ဘာကိစ္စပဲဖြစ်ဖြစ် သူ ချောင်ထျန်းချန်ကို ရအောင် ပြန်ခေါ်လာရမည်။
ချောင်ကျန်းဟုန်၏ ရည်ရွယ်ချက်က ဘာလဲဆိုတာ သူသိတယ်။သူ(ချောင်ကျန်းဟုန်)က ချောင်ထျန်းချန်ရဲ့ ရာထူးကို အသုံးပြုပြီး အာဏာပြန်လိုချင်နေတာ မဟုတ်ဘူးလား။
ဒါပေမယ့် ချောင်ထျန်းချန်ကို ကြည့်ပြီးတော့ သူ့အကြံအစည်က သေချာပေါက် ကျရှုံးမှာပင်။
ချောင်ထျန်းယွီ မြို့ကို ပြန်သွားခဲ့သည်။သူ့(ချောင်ထျန်းချန်)ကို ခေါ်သွားချင်ရင် သူပိုပြီး စဉ်းစားဖို့ လိုအပ်တယ်။
"ထျန်းချန် ရှင်အဆင်ပြေရဲ့လား" နင်းမုန့်ယောင်က ချောင်ထျန်းချန်ကိုတားပြီး သူ့ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
စောနကတည်းက သူ အရမ်းတိတ်သွားတယ်။သူမ သူ့ကို မေးလိုက်တာတောင်မှ သူ့စိတ်က တစ်နေရာရာကို ပျံ့လွင့်နေတယ်။
"အဲ့ဒီလူက ချောင်ထျန်းယွီပဲ"
ချောင်ထျန်းချန်က အချိန်ခဏလောက် တိတ်နေပြီးတဲ့နောက် နင်းမုန့်ယောင်ကို လေးလေးနက်နက် ပြောပြလိုက်သည်။
နင်းမုန့်ယောင် အံ့ဩသွားပြီး "သူက ချောင်ထျန်းယွီလား"
"ဟုတ်တယ်"
"ပြီးတော့ ရှင် စိုးရိမ်နေတယ်"
ချောင်ထျန်းချန်က နင်းမုန့်ယောင်ရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး တောအုပ်စိမ်းထဲကို လမ်းလျှောက်သွားသည်။
"ဟုတ်တယ် သူက သူ့ရည်မှန်းချက်ပြည့်ဝဖို့ ဘယ်လောက်အတိုင်းအတာအထိပဲဖြစ်ဖြစ် သွားမှာပဲ။သူက မင်းအကြောင်းကို သိသွားပြီး သိပ်မကြာခင်မှာပဲ ကိုယ်တို့ရဲ့ ပတ်သက်မှုကို သိသွားတော့မှာ။သူက မင်းကို ထိခိုက်အောင်လုပ်မှာ ကိုယ်စိတ်ပူတယ်"
သူက တစ်ခြားအရာတွေကို စိုးရိမ်နေတာမဟုတ်ဘဲ နင်းမုန့်ယောင်တစ်ခုခု ဖြစ်သွားမှာကိုသာ စိုးရိမ်နေတာ ဖြစ်သည်။
"စိတ်မပူပါနဲ့ ကျွန်မ သတိထားပါ့မယ်"
ချောင်ထျန်းချန် ပြုံးလိုက်ပေမယ့် ၎င်းက သက်သောင့်သက်သာရှိမနေပေ။
"ကျွန်မနဲ့ပတ်သက်ပြီး မစိုးရိမ်ပါနဲ့။ကျွန်မက ရှင်ထင်သလောက် အားမနည်းပါဘူး"
နင်းမုန့်ယောင်က သူ့ရဲ့စိတ်ပူမှုကြောင့် စိတ်ထဲကနေ နွေးထွေးမှု ခံစားလိုက်ရတယ်။ဒါပေမယ့် သူက သူမနဲ့ပတ်သက်လာရင် အရမ်းဆတ်ဆတ်ထိမခံ ဖြစ်တာကိုတော့ သူမလည်း မကူနိုင်ပေ။
ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး
"ကိုယ်သိတယ် ဒါပေမယ့် ကိုယ်စိုးရိမ်နေတုန်းပဲ"
"မစိုးရိမ်ပါနဲ့။ကျွန်မကို လွယ်လွယ် အနိုင်ကျင့်လို့မရဘူး"
သူမသာ အဲ့လောက် အနိုင်ကျင့်ခံရဖို့ လွယ်ကူနေရင် သူမဒီနေ့အထိ ရရှိထားတဲ့ အောင်မြင်မှုတွေ ရှိမှာမဟုတ်ပေ။
ချောင်ထျန်းချန်က ညင်ညင်သာသာရယ်လိုက်ပြီး သူမ ဘာကိုဆိုလိုလဲဆိုတာ သိသည်။
"သွားကြမယ်။ဒီအကြောင်းကို ဆက်မပြောတော့ဘူး။ကျွန်မတို့ တောရိုင်းအသီးတွေ ခူးဖို့လာတာ မဟုတ်ဘူးလား"
"အင်း သွားရအောင်”