← Chapters

အခန်း ၂၀၃

Vol. 9 Ch. 203

အခန်း ၂၀၃

Vol. 9 Ch. 203

Chapter 203

ချောင်ထျန်းချန်က နင်းမုန့်ယောင်ရဲ့လက်ကို ကိုင်လိုက်ပြီး အရင်ကထက်ပိုပြီး စိတ်ပိုင်းဖြတ်လိုက်သည်။သူ့အသက် ဆုံးရှုံးရမယ်ဆိုရင်တောင်မှ နင်းမုန့်ယောင်ကို ဘယ်လိုအန္တရာယ်မျိုးမှ ခံစားခွင့်ပြုမှာ မဟုတ်ပေ။

ချောင်ထျန်းယွီက သူတည်းခိုနေတဲ့နေရာ ပြန်ရောက်ပြီးတဲ့နောက် ချောင်ထျန်းချန်အကြောင်းစုံစမ်းဖို့ သူ့လူတွေကို အမိန့်ပေးလိုက်သည်။

သိပ်မကြာခင်မှာပဲ သူလိုချင်တဲ့အစီရင်ခံစာက သူ့စားပွဲပေါ်ရောက်လာခဲ့သည်။

ရေးခြစ်ထားတဲ့ စကား‌လုံးတွေကိုကြည့်ပြီး ချောင်ထျန်းယွီရဲ့မျက်ဝန်းတွေက အနည်းငယ်စိတ်လှုပ်ရှားမှု ဖြတ်ပြေးသွားသည်။အဲ့ဒီအမျိုးသမီးက တကယ်ပဲ ဧကရာဇ်နဲ့ ပူးပေါင်းနေခဲ့တာပဲ။

သူ့လက်နဲ့ စားပွဲကို ရိုက်လိုက်သည်။သူ အလျင်စလို မလုပ်သင့်ဘူး။ချောင်ထျန်းချန်နဲ့ စတင်တာ ပိုကောင်းတယ်။အခြားအရာတွေ ကျရှုံးသွားရင် ဒီနောက်ဆုံးကတ်ကို အသုံးပြုနိုင်တယ်။

သူ့အစီအစဉ်တွေကို အားလုံး အကောင်အထည်ဖော်ပြီးတဲ့နောက် သူ့လက်ထဲက စာရွက်ကို မီးရှို့ပစ်လိုက်သည်။သူ့မျက်လုံးတွေ မှေးကျဉ်းသွားပြီး သူ့ဘာသာသူ စဉ်းစားလိုက်တယ်:ဒီအချိန်ကို အသုံးချပြီး သူတစ်ခုခု လုပ်နိုင်တယ်။

"သခင်လေး ကျွန်တော်တို့........"

"ဘာလုပ်ရမလဲဆိုတာ ငါသိတယ်။ဒီ သတင်း ပေါက်ကြားမသွားစေနဲ့"

ချောင်ထျန်းယွီ နက်နက်ရှိုင်းရှိုင်း တွေးနေခဲ့တယ်။သူ့မှာ သူ့ကိုယ်ပိုင်စဉ်းစားထားတာတွေ ရှိတယ်။ချောင်ကျန်းဟုန်က သူ့လူတွေ ခေါ်လာပေမယ့် သူတို့အများစုက ချောင်ထျန်းယွီနဲ့သက်ဆိုင်တာကြောင့် ဒီသတင်းကို လျှို့ဝှက်ချက်အဖြစ် ခဏလောက်ထိန်းထားဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ပေ။‌

"သခင်လေး ဘာကိုဆိုလိုတာလဲ"

ချောင်ထျန်းယွီက သရော်လိုက်ပြီး

"သူက အရာအားလုံးကို ထိန်းချုပ်နေကျပဲ။ကံမကောင်းစွာနဲ့ပဲ ငါက သူ့ဆီကနေ ထိန်းချုပ်ခံရတာကို မကြိုက်ဘူး"

ငယ်စဉ်ကတည်းက သူနဲ့သူ့ညီအစ်ကိုတွေကြားက ကွဲပြားချက်ကို သိပြီးသား ဖြစ်သည်။ချောင်ကျန်းဟုန်က ချောင်ထျန်းချန်ကိုတောင် သူ့လောက် မကြမ်းတမ်းခဲ့ချေ။

ဒါပေမယ့် ချောင်ကျန်းဟုန်က ချောင်ထျန်းယွီကိုတော့ ဆိုးရွားတဲ့အရာတစ်ခု ကျူးလွန်မိသလို ဆက်ဆံခဲ့သည်။ချောင်ထျန်းယွီကသာ သူစိတ်ကျေနပ်စေတဲ့အတိုင်း ဆက်ဆံခွင့်မပြုရင် ကိုယ့်အတွက်ကိုယ် ဒုက္ခရှာတာ ဖြစ်သည်။ချောင်ကျန်းဟုန်က သူ့ကို အဲ့လိုမျိုး မဆက်ဆံရရင် မပျော်မရွှင် ဖြစ်သလိုပင်။ဒါပေမယ့် အရေးအကြီးဆုံးက ချောင်ထျန်းယွီက ချောင်ကျန်းဟုန် သူ့ကို ဘာတွေပဲ လုပ်ခိုင်းပါစေ မငြင်းပယ်ဘဲနဲ့ ပြောတဲ့အတိုင်း လုပ်တာဖြစ်သည်။

"ဒါပေမယ့် သခင်လေး ပြင်ဆင်မှုတွေက အခုထိ အဆင်သင့်မဖြစ်သေးဘူး"

သူက ချောင်ထျန်းယွီရဲ့အခြေအနေကို ရှင်းရှင်းလင်းလင်း သိတာကြောင့် စိုးရိမ်မိသည်။သူတို့တွေသာ ချောင်ထျန်းယွီရဲ့ အစီအစဉ်နောက်ကိုလိုက်ရင် သူတို့ရဲ့ ဆုံးရှုံးမှုတွေက သေချာပေါက် ကြီးမားလိမ့်မယ်။

"အဲ့ဒါကြောင့် ဒီကိစ္စကို ခဏလောက် လျှို့ဝှက်ချက်အဖြစ် သိမ်းထားဖို့ ပြောတာပေါ့" ချောင်ထျန်းယွီ သရော်လိုက်သည်။

သူသာ ချောင်ထျန်းချန်နဲ့ ပူးပေါင်းနိုင်ခဲ့ရင် ချောင်ကျန်းဟုန်နဲ့ရင်ဆိုင်ဖို့အတွက် အင်အားအလုံအလောက် ရရှိမှာ ဖြစ်သည်။‌အဆုံးမှာတော့ ချောင်ကျန်းဟုန်က အခု သူ့ရဲ့အိမ်တော်ကလွဲရင် ဘာမှမရှိတော့ပေ။

တစ်ခြားတစ်ဖက်မှာတော့ ချောင်ထျန်းချန်က တိုင်းပြည်ရဲ့ ဗိုလ်ချုပ်ကြီးပဲဖြစ်တယ်။ချိန်ခွင်က ဘယ်ဘက်ကို အလေးသာနေလဲဆိုတာ ရှင်းနေတာပဲ။

လူတိုင်းက သူတို့ နားလည်ကြောင်း ပြတဲ့အနေနဲ့ ခေါင်းငြိမ့်လိုက်သည်။

ဒီအချိန်မှာ တစ်‌ယောက်‌ယောက်က သူ့ကို အသုံးချဖို့ ကြိုးစားနေတယ်ဆိုတာ ချောင်ထျန်းချန် မသိပေ။သူက နင်းမုန့်ယောင်ကို ကူညီပြီးတော့ ဝိုင်တွေနဲ့ အလုပ်ရုံကို ကိုင်တွယ်ပေးနေတာ ဖြစ်သည်။

"ယောင်‌‌ယောင် တစ်ချို့ဝိုင်တွေက ကုန်နေပြီ" ဟု ချောင်ထျန်းချန် ပြောလိုက်သည်။သူက စာရင်းစာအုပ်ကို ယူပြီးတော့ နင်းမုန့်‌‌‌ယောင်ဆီသွားကာ သူ့လက်ထဲက စာရင်းစာအုပ်ကို ကမ်းလိုက်သည်။

နင်းမုန့်ယောင်က တစ်ချက်ကြည့်ပြီး

"အဆင်ပြေပါတယ်။ကျွန်မတို့ ဒါတွေကို ဖြည်းဖြည်းချင်း နည်းနည်းဆီ ထုတ်လို့ရတယ်"

စပျစ်သီးတွေ မှည့်လုနီးပါး ဖြစ်နေတာကြောင့် ဝိုင်ချက်ရတော့မယ့် အချိန် ရောက်ခါနီးပြီ ဖြစ်သည်။ဒါကြောင့် အစပိုင်းတုန်းက ချက်ထားတဲ့ ဝိုင်တွေ ကုန်သွားတာက ကိစ္စမရှိပေ။

ချောင်ထျန်းချန်က ခေါင်းငြိမ့်လိုက်ပြီး ၎င်းနဲ့ပတ်သက်ပြီး မမေ့အောင်လို့ စာရင်းမှာ မှတ်သားထားလိုက်သည်။

သူတို့တွေ လုပ်ကိုင်လို့ပြီးတဲ့နောက် ချောင်ထျန်းချန်က အနားယူဖို့ နင်းမုန့်ယောင်ဆီသွားပြီးတော့ သူမ သူ့အတွက် အဝတ်တွေချုပ်ပေးနေတာကို တွေ့လိုက်ရသည်။သူမက သူမအတွက် တစ်ခါမှ မချုပ်ပေမယ့် သူ့အတွက်တော့ အဝတ်အစားတွေ အများကြီး ချုပ်ပေးသည်။

"မင်းအတွက်လည်း တစ်ခုခု ချုပ်သင့်တယ်။ကိုယ့်အတွက်ချည်းပဲ အဝတ်တွေ ချုပ်မနေပါနဲ့" ချောင်ထျန်းချန်က အကူအညီမဲ့စွာ ပြောလိုက်၏။

"စိတ်မပူပါနဲ့။ကျွန်မအတွက် လုပ်ပေးဖို့ ချင်းကျူးရှိတယ်"

နင်းမုန့်ယောင်က သူမလက်ထဲက အပ်ကို အာရုံစိုက်ထားပြီး သူ့ကို ဖြေဖို့ ခေါင်းမမော့ပေ။

ချောင်ထျန်းချန်က ပိုပြီးတော့တောင် အကူအညီမဲ့စွာ ခံစားလိုက်ရတာကြောင့် တိတ်တိတ်လေးပဲ သူမကို အဖော်ပြုပေးနေလိုက်တယ်။အချိန်အတော်ကြာပြီးတဲ့နောက် သူက သူမကို အနားယူဖို့ပြောပြီး သူမကိုယ်သူမ အလုပ်များနေအောင်လုပ်ဖို့ ခွင့်မပြုချေ။နင်းမုန့်ယောင်က ဘာမှမလုပ်ရတာကြောင့် အလွန်နွမ်းနယ်သလို ခံစားရသည်။

ချောင်ထျန်းယွီက မြို့ထဲမှာ အချိန်ခဏလောက် နေခဲ့သည်။ဒီအချိန် အတောအတွင်း သူက ချောင်ကျန်းဟုန် လွှတ်လိုက်တဲ့လူတွေကို ချောင်ထျန်းချန်ကို ဆက်ရှာခိုင်းထားပြီး သူကတော့ ချောင်ထျန်းချန်ရဲ့ ခြံဝင်းငယ်ဆီ သူ့လူယုံနဲ့ သွားခဲ့သည်။

တံခါးကလူကို နောက်တစ်ခါ ထပ်မြင်လိုက်ရတော့ ချောင်ထျန်းချန် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။

"ငါ မင်းနဲ့ ဆွေးနွေးစရာရှိတယ်" ချောင်ထျန်းယွီက ချောင်ထျန်းချန် မပြောခင် ပြောလိုက်သည်။

ချောင်ထျန်းချန်က လက်ပိုက်ထားပြီးတော့ သူ့ရှေ့က ချောင်ထျန်းယွီကို ကြည့်ကာ

"ငါ့မှာ မင်းနဲ့ဆွေးနွေးစရာ ဘာမှမရှိဘူး"

"အဲ့ဒါက နင်းမုန့်ယောင်နဲ့ တစ်ခုခု ပတ်သက်နေရင်တောင်လား"

ချောင်ထျန်းယွီက ချောင်ထျန်းချန်ရဲ့ လေသံနဲ့ မကြည်သာတဲ့ မျက်နှာထားကို လျစ်လျှူရှုထားခဲ့သည်။သူက သူ့ကို တည်ငြိမ်စွာနဲ့ပဲ ကြည့်လိုက်သည်။

ချောင်ထျန်းချန်၏ အမူအရာ ပြောင်းလဲသွားပြီး ချောင်ထျန်းယွီကို အေးစက်စက် စိုက်ကြည့်ကာ

"မင်း ဘာအကြောင်းပြောနေလဲဆိုတာ မင်းသိလား"

သူ့စကားလုံးတွေက ချောင်ထျန်းချန် သူ့ကိုသတ်ဖို့ လုံလောက်တယ်။

All Chapters