အခန်း ၂၀၄
Vol. 9 Ch. 204
Chapter 204
ချောင်ထျန်းယွီက ချောင်ထျန်းချန်ကို တည်ငြိမ်စွာကြည့်ပြီး ကြောက်ရွံ့ခြင်းမရှိဘဲ
"ငါ ဘာအကြောင်းပြောနေလဲဆိုတာ သေချာသိတယ်။ငါ မင်းကို ခြိမ်းခြောက်ဖို့ မရည်ရွယ်ပါဘူး။ငါ မင်းနဲ့ ဆွေးနွေးချင်သေးတယ်"
ချောင်ထျန်းချန်က သူ့ကို တစ်ချက်ကြည့်ပြီး နင်းမုန့်ယောင်ဆီသွားကာ အသိပေးလိုက်သည်။အဲ့ဒီနောက် သူက ချောင်ထျန်းယွီကို တောင်အနောက်ဘက်သို့ ခေါ်သွားသည်။
"ပြော ဒီကိုလာရတဲ့ မင်းရဲ့ရည်ရွယ်ချက်က ဘာလဲ"
ချောင်ထျန်းချန်က သူ့ရှေ့က မြင်ကွင်းကို စိတ်မပါစွာ ကြည့်နေခဲ့သည်။ချောင်ထျန်းယွီ ပြောချင်တာ ဘာလဲဆိုတာ သူ စိတ်မဝင်စားပေ။
ချောင်ထျန်းယွီက ချောင်ထျန်းချန်ရဲ့ နောက်ကျောကိုကြည့်ပြီး
"မင်း တကယ်ပဲ အဲ့ဒီရွာငယ်လေးထဲမှာ တစ်သက်လုံး နေသွားချင်တာလား" ဟု မေးလိုက်သည်။
"ဒီနေရာမှာ မကောင်းတာ မရှိဘူး"
"ချောင်ထျန်းချန် ငါနဲ့ပူးပေါင်းလိုက်။မင်း မြို့တော် ပြန်လာတဲ့အခါကျရင် မင်း ချောင်ကျန်းဟုန်ကို ရင်ဆိုင်ဖို့အတွက် ငါ မင်းကို ကူညီပေးမယ်" ချောင်ထျန်းယွီက သူ့ရဲ့ရည်ရွယ်ချက်ကို ပြောလိုက်သည်။
ချောင်ထျန်းချန်က သူ မြို့တော်ပြန်လိမ့်မယ်လို့ သေချာနေပုံရတဲ့ ချောင်ထျန်းယွီကို တစ်ချက်လှည့်ကြည့်လိုက်သည်။
"ငါ စိတ်မဝင်စားဘူး။ပြီးတော့ သူနဲ့ရင်ဆိုင်ဖို့ ငါ့နည်းလမ်းတွေရှိတယ်။ငါ မင်းရဲ့ အကူအညီမလိုဘူး။ဘာပဲဖြစ်ဖြစ် ငါ ပြန်မသွားချင်ဘူး"
ချောင်ထျန်းချန်က ငြင်းပယ်လိုက်သည်။
ဒီနေ့ ချောင်ကျန်းဟုန်ဖြစ်လာတာ သူ့ကြောင့်ပဲ မဟုတ်ဘူးလား?ချောင်ကျန်းဟုန် ဒုက္ခရောက်အောင်လုပ်ဖို့ သူ့လက်တစ်ချောင်းတောင် မြှောက်စရာမလိုဘူး။အဲ့ဒါဆို သူက ဘာလို့ တစ်စုံတစ်ယောက်နဲ့ ပူးပေါင်းဖို့ လိုအပ်မှာလဲ?အဲ့ဒါက လုံးဝ မလိုအပ်ဘူး။
ချောင်ထျန်းယွီရဲ့ အမူအရာက အမှန်တကယ် ဆိုးရွားသွားသည်။ချောင်ထျန်းချန်ပြောတာ မှန်တယ်။သူ ဆန္ဒရှိသရွေ့ ချောင်ကျန်းဟုန်ကို ကိုင်တွယ်နိုင်ပြီး ဧကရာဇ်ကလည်း သူ့ကို ကူညီပေးမှာ?ဒီလို လေသံမျိုးနဲ့ သူ့(ချောင်ထျန်းချန်)ကိုပြောရအောင် သူက ဘယ်သူမလို့လဲ?
"မင်း တကယ် ငါနဲ့မပူးပေါင်းချင်ဘူးလား" ချောင်ထျန်းယွီက ချောင်ထျန်းချန်ကို အေးစက်စက် မေးလိုက်သည်။
ချောင်ထျန်းချန်ရဲ့ နှုတ်ခမ်းတွေက လှောင်ပြောင်သလို တွန့်ချိုးသွားပြီး
"ဧကရာဇ်တောင်မှ ငါ့ကို မြို့တော်ပြန်လာဖို့ အမိန့်မပေးဘူး။ချောင်ထျန်းယွီ မင်းက ဘယ်လိုရာထူးမျိုးရှိလို့ ငါ့ကို အမိန့်ပေးတာလဲ?"
"မင်း........"
"ငါ မင်းနဲ့ပူးပေါင်းဖို့ စိတ်မဝင်စားဘူး။ပြီးတော့ မင်း ဘာလုပ်ချင်တာလဲဆိုတာကိုလည်း စိတ်မဝင်စားဘူး။ဒါပေမယ့် မင်း ယောင်ယောင့်ကို ထိခိုက်အောင် လုပ်ရဲရင် မင်းဘဝကို အခုထက်ပိုပြီး စုတ်ပြတ်သပ်သွားအောင် ငါလုပ်နိုင်တယ်"
ချောင်ထျန်းချန်၏ အသံက လေးနက်သည်။လုံးဝ စနောက်နေတာ မဟုတ်ပေ။
ချောင်ထျန်းယွီက ချောင်ထျန်းချန်ကို မျက်နှာသေနဲ့ အေးစက်စက် စိုက်ကြည့်နေခဲ့သည်။သူ့နှလုံးသားက ဖြည်းဖြည်းချင်း အေးစက်လာပြီး သူ့ကိုယ်သူ ပြန်တွေးလိုက်တယ်;ဒီလိုဆိုရင်တော့ ရက်စက်လို့ဆိုပြီး ငါ့ကို အပြစ်မတင်နဲ့။
ဒါပေမယ့် ချောင်ထျန်းယွီက သူလုပ်လိုက်မယ့်အရာကြောင့် သူ့ဘဝတစ်ခုလုံး ချောင်ထျန်းချန်လက်ထဲမှာ အဆုံးသတ်သွားမှာကို မသိခဲ့ပေ။
ချောင်ထျန်းယွီ၏ ထွက်ခွာသွားမှုကို ကြည့်ပြီး ချောင်ထျန်းချန် သူ့ဘာသာ စဉ်းစားလိုက်တယ်။ကိစ္စတွေကို သူအရင် ဖြေရှင်းထားတာ ပိုကောင်းမယ်။
ချောင်ထျန်းချန် ခြံဝင်းဆီ ပြန်လာတဲ့အချိန် နင်းမုန့်ယောင်က ခြံဝင်းထဲက ဒန်းပေါ်မှာ ထိုင်နေခဲ့သည်။သူမ အကြည့်ကို အဝေးပို့ပြီး ဘာတွေစဉ်းစားနေလဲဆိုတာ မသိပေ။ချောင်ထျန်းချန် သူမဆီ လျှောက်လာတာကိုတောင် သတိမထားမိပေ။
သူက ဒန်းဆီလျှောက်သွားပြီး ညင်ညင်သာသာ တွန်းလိုက်၏။
ရုတ်တရက်အားကြောင့် နင်းမုန့်ယောင် လန့်သွားပြီး ထခုန်လိုက်သည်။ဒါပေမယ့် သူမနောက်က ရင်းနှီးတဲ့ပုံစံကို ခံစားမိတော့ စိတ်အေးသွားသည်။
"ထျန်းချန် ပြန်လာပြီပေါ့"
"အင်း ကိုယ်ပြန်လာပြီ။စိတ်မပူနဲ့တော့နော်"
"သိပြီ ဒါပေမယ့် သူက ဒီကို ဘာအတွက်လာတာလဲ"
နင်းမုန့်ယောင်ယောင်က သိချင်စွာ မေးလိုက်သည်။
"သူက ကိုယ့်ကို သူနဲ့ ပူးပေါင်းစေချင်တာ။သူ ဒီနေ့လာတာက ကိုယ့်ကို မြို့တော်ပြန်သွားအောင် လုပ်ဖို့ပဲ"
ချောင်ထျန်းချန်၏ မျက်နှာပေါ်တွင် လှောင်ပြုံးပြုံးထားသည်။ဘယ်သူကမှ သူမလုပ်ချင်တဲ့အရာကို ဖိအားပေးပြီး လုပ်ခိုင်းလို့မရဘူး။
နင်းမုန့်ယောင်ရဲ့ မျက်ခုံးတွေက အသာလေး တွန့်ချိုးသွားပြီး
"အဲ့တော့....."
"မစိုးရိမ်ပါနဲ့။ကိုယ်ပြန်သွားမှာ မဟုတ်ဘူးဆိုတာ သူ့ကို ပြောပြီးသွားပြီ"
ချောင်ထျန်းချန်က ဒန်းလွှဲနေတာကို ရပ်လိုက်သည်။သူက ကုန်းပြီးတော့ နင်းမုန့်ယောင်ကို ဖက်လိုက်သည်။သူ့မျက်နှာပေါ်တွင် အပြုံးကြီးတစ်ခု ရှိနေသည်။
နင်းမုန့်ယောင်ယောင်က ချောင်ထျန်းချန်ရဲ့လက်ပေါ် သူမလက်တင်လိုက်ပြီး သူ့ကိုကြည့်ကာ
"ကျွန်မ ရှင့်ကို ယုံပါတယ်"
မြို့ထဲက စားသောက်ဆိုင်ဆီ ချောင်ထျန်းယွီ ပြန်ရောက်လာတဲ့အခါ သူ့မျက်နှာက အုံ့မှိုင်းနေပြီး ဆိုးရွားနေတဲ့ အမူအရာက ပြောင်းလဲမသွားတာကြောင့် သူ့နောက်လိုက်တွေကို စိတ်ပူသွားစေသည်။
"သခင်လေး"
"ချောင်ထျန်းချန် ဘယ်မှာရှိလဲဆိုတာ သူတို့ကို သတင်းပေးဖို့ နည်းလမ်းရှာလိုက် ပြီးတော့ ချောင်ထျန်းချန်က သူ့ဇနီးကို အရမ်းဂရုစိုက်တယ်ဆိုတဲ့အကြောင်းပါ သူတို့ကို သတင်းပေးလိုက်" ချောင်ထျန်းယွီက အေးစက်စက် အမိန့်ပေးလိုက်သည်။
မင်းက ပြန်မလာချင်ဘူးဆိုမှတော့ မင်းရဲ့ချစ်လှစွာသောဇနီး ပြန်ပေးဆွဲခံရပြီး မြို့တော်အခေါ်ခံသွားရတဲ့ အချိန်ကျရင် မင်းဘာလုပ်မလဲဆိုတာ ကြည့်တာပေါ့။မင်း ငြင်းနိုင်ဦးမလား?
"သခင်လေး တတိယသခင်လေးကို မြို့တော်ပြန်ဖို့ ဖိအားပေးနေတာလား"
နောက်လိုက်တွေက ချောင်ထျန်းယွီနဲ့ အချိန်အတော်ကြာ ရှိနေခဲ့တာကြောင့် သူဘာကိုဆိုလိုလဲဆိုတာ မပြောပဲနဲ့ သိသည်။
"ဟုတ်တယ် ချောင်ထျန်းချန် ခေါင်းမာနိုင်ဦးမလားဆိုတာ ငါကြည့်ချင်သေးတယ်”