အခန်း ၂၀၅
Vol. 9 Ch. 205
Chapter 205
ချောင်ထျန်းယွီ၏ နောက်လိုက်တွေက မျက်မှောင်ကြုတ်ကာ
"သခင်လေး တတိယသခင်လေးကို ရန်စမိတာနဲ့ပဲ အဆုံးသတ်သွားလိမ့်မယ်။ကျွန်တော်တို့ကသာ ဒါရဲ့နောက်ကွယ်ကလူဆိုတာ သူရှာတွေ့သွားရင် သူက ကျွန်တော်တို့နဲ့ မပူးပေါင်းရုံတင်မကဘဲ ကျွန်တော်တို့ကို ပြန်လှည့်ကိုက်မှာတောင် ကြောက်ရတယ်"
ချောင်ထျန်းယွီက သရော်လိုက်ပြီး
"ပြီးတော့ရော အဲ့ဒါက သူရှာတွေ့သွားမှသာ ဖြစ်မှာလေ"
"အရမ်းကောင်းတယ်"
"သွားတော့"
ချောင်ထျန်းယွီက အခန်းထဲမှာ တစ်ယောက်ထဲ ကျန်ခဲ့ပြီး သူ့မျက်လုံးတွေက ဖြည်းဖြည်းချင်း မည်းနက်လာသည်။ချောင်ထျန်းချန် မြိုတော်ကို ပြန်သရွေ့ သူနဲ့ပူးပေါင်းဖို့အတွက် ဖိအားပေးရန် နည်းလမ်းတွေ အများကြီးရှိသည်။
သူ့အစီအစဉ်ကို ယုံကြည်မှု အပြည့်ရှိတယ်။
မကြာခင်မှာပဲ လျှို့ဝှက်ချက်ကို တမင်တကာ ထုတ်ဖော်ပြီးတဲ့နောက် ချောင်ထျန်းယွီနောက်လိုက်တဲ့လူတွေက ချောင်ထျန်းချန်ဘယ်မှာနေလဲဆိုတာ သိသွားကြသည်။
တွေဝေခြင်းမရှိဘဲ သူတို့က ချောင်ထျန်းယွီကို ထားခဲ့ပြီး ချောင်ထျန်းချန်ဆီ သွားကြသည်။
သူတို့ရှေ့က လက်ရာမြောက်တဲ့ခြံဝင်းကိုကြည့်ပြီး အဲ့ဒီ အေးစက်တဲ့ချောင်ထျန်းချန်က တကယ်လက်ထပ်သွားပြီဆိုတာကို မယုံနိုင်ကြပေ။
ချောင်ကျန်းဟုန်သာ ဒီအကြောင်းကိုသိရင် သူ သေချာပေါက်ကို ဒေါသတကြီးနဲ့ ပျံချလာမှာ။အဆုံးမှာတော့ သူက တတိယသခင်လေးဆီကနေ အကျိုးအမြတ်လိုချင်ပြီး ချောင်မိသားစုရဲ့ အဆင့်အတန်းကိုမြှင့်ဖို့အတွက် လက်ထပ်ပွဲ စီစဉ်နေချင်တာ။
လူတွေက တံခါးကို တွန်းဖွင့်ပြီး အိမ်ထဲ ဝင်လာကြသည်။အဲ့ဒီလူတွေ သူ့အိမ်ထဲ ချိုးဖောက်ဝင်လာတာကို မြင်တော့ ချောင်ထျန်းချန်က ချက်ချင်း ကြောက်ဖို့ကောင်းအောင် မှုန်ကုပ်သွားသည်။သူ့အမူအရာက ချောင်ထျန်းယွီနဲ့တွေ့တုန်းကထက်တောင် ပိုပြီးတော့ မပျော်မရွှင်ဖြစ်သွားသည်။
"သခင်လေး ကျေးဇူးပြုပြီး မြို့တော်ကို ပြန်လာခဲ့ပါ"
သူတို့တွေက ချောင်ထျန်းချန်ရဲ့ မည်းနက်နေတဲ့မျက်နှာကို သတိပြုမိပုံမရပေ။သူတို့တွေက လေးလေးစားစား စကားဆက်ပြောနေခဲ့သည်။
"ချင်းရွှမ် မင်း သူတို့အားလုံးကို မောင်းထုတ်နိုင်လား"
အဲ့ဒီလူတွေကို ရိုက်နှက်လိုက်ရင် သူ့လက်ညစ်ပတ်သွားဖို့ပဲ ရှိတာမလို့ မလုပ်ချင်ပေ။
"ရတာပေါ့" ချင်းရွှမ်က ပြန်ဖြေလိုက်ပြီး သူမက အဲ့ဒီလူတန်းကြီးဆီ လျှောက်သွားသည်။သူမလက်တွေကို အသုံးမပြုဘဲ သူတို့အားလုံးကို ခြေတစ်ဖက်ထဲနဲ့ ကန်ပစ်လိုက်သည်။
"တတိယသခင်လေး ကျေးဇူးပြုပြီး မြို့တော်ကိုပြန်လာပါ"
ချောင်ထျန်းချန်က တံခါးဆီသွားပြီး ဒူးထောက်နေတဲ့လူတွေကို ကြည့်လိုက်သည်။သူက လှောင်လိုက်ပြီး
"မင်းတို့သေချင်တယ်ဆိုရင် ဒီမှာ လွတ်လွတ်လပ်လပ်နေနိုင်တယ်။ချောင်ကျန်းဟုန်ရဲ့ ရည်ရွယ်ချက်ကို ငါနားလည်တယ် ဒါပေမယ့် သူ အတွက်အချက်မှားသွားပြီ။ငါ ချောင်ထျန်းချန်က လွန်ခဲ့တဲ့အချိန်တွေထဲက အဲ့ဒီလူနဲ့ ဘာမှမဆိုင်တော့ဘူး။လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက လူတိုင်းသတင်းကို ကောင်းကောင်းသိထားတယ်ဆိုတာ ငါ သေချာသိတယ်။ဒီနေရာလာပြီး မင်းတို့ကိုယ်မင်းတို့ အရှက်ခွဲမနေနဲ့။မင်းတို့တွေ ဒီနေရာကို ထပ်လာရဲရင် နောက်တစ်ခါကျ ရိုးရိုးလေး ကန်ထုတ်လိုက်ရုံနဲ့ ပြီးသွားမှာ မဟုတ်ဘူး"
ချောင်ထျန်းချန်က လှည့်ထွက်သွားပြီး သူတို့ရဲ့ အုံ့မှိုင်းနေတဲ့ မျက်နှာတွေကို လျစ်လျှူရှုထားခဲ့သည်။
"ခေါင်းဆောင် ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ"
အဖွဲ့က ချောင်ထျန်းချန် တံခါးပိတ်သွားတာကို ကြည့်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။
"သခင်လေးက သူ့မိန်းမနဲ့ပတ်သက်ပြီး အရမ်းဂရုစိုက်တယ်မလား?သူ့မိန်းမကို ပြန်ပေးဆွဲရအောင်။သူ့မိန်းမသာ မြို့တော်မှာရှိနေရင် သူပြန်မလာဘူးဆိုတာ ငါ မယုံဘူး" ခေါင်းဆောင်က လှောင်သလို ပြောလိုက်သည်။
သူတို့တွေ ဒီနေ့လာတာက ချောင်ထျန်းချန်ကို အသိပေးဖို့ဖြစ်ပြီး သူ့အမြင်ကို မေးဖို့မဟုတ်ပေ။
"ဒါပေယ့် ခေါင်းဆောင် တတိယသခင်လေးကို ရန်စတာ မကောင်းဘူးနော် ပြီးတော့ အဲ့ဒီ အစေခံ ချင်းရွှမ်ရောပဲ"
လူတွေက ချင်းရွှမ်ရဲ့ ကိုယ်ခံပညာက သူတို့အထက်မှာရှိတာကြောင့် စိုးရိမ်နေကြသည်။တတိယသခင်လေးနဲ့တွဲလိုက်ရင် သူတို့ကို တိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
ခေါင်းဆောင်က ပြောလိုက်တဲ့လူရဲ့ ခေါင်းကို ဗြန်းကနဲ ရိုက်လိုက်သည်။သူက စိတ်ရှုပ်စွာနဲ့
"မင်းက ငတုံးလား ဒါမှမဟုတ် တစ်ခုခုလား?"
အဲ့နှစ်ယောက်ကို ခွဲထားလို့ရတယ်ဆိုတာ သူတို့မသိဘူးလား။
ထိုလူနှစ်ယောက် ဝေးကွာနေသရွေ့ ကျန်တဲ့လူတွေက ပြဿနာမဟုတ်ပေ။အခု သူတို့လုပ်ဖို့ လိုအပ်တာက ချောင်ထျန်းချန်နဲ့ ချင်းရွှမ်ကို အပြင်ထွက်လာအောင် မျှားခေါ်ဖို့ပဲ။ဒါပေမယ့် သူတို့တွေ အစီအစဉ်ချဖို့ လိုအပ်တယ်။
"အရင်ဆုံး ပြန်ကြမယ်"
ချောင်ထျန်းချန်က ခြံဝင်းထဲပြန်လာပြီး နင်းမုန့်ယောင်ကို ဖက်ကာ
"ယောင်ယောင် ဒီနေ့ကနေစပြီးတော့ မင်းဘယ်သွားသွား ချင်းရွှမ်ကို ခေါ်သွားရမယ်နော် ဟုတ်ပြီလား"
နင်းမုန့်ယောင်ရဲ့ လုံခြုံရေးကို သူအရမ်း စိတ်ပူတယ်။
"မစိုးရိမ်ပါနဲ့ ကျွန်မ သဘောပေါက်တယ်"
နင်းမုန့်ယောင်က စောနတုန်းက မြင်ကွင်းကို သူမမျက်လုံးတွေနဲ့ မြင်ပြီးပြီ။အဲ့ဒီလူတွေက ချောင်ထျန်းချန်ရှေ့မှာ အရမ်းရိုသေလေးစားပြတဲ့ပုံ ပေါက်နေပမယ့် သူတို့တွေ သရုပ်ဆောင်နေတယ်ဆိုတာ သိသာတယ်။သူတို့တွေက ချောင်ထျန်းချန်ကို မျက်လုံးထဲမထည့်ဘူး။
သူတို့တွေ ဒီနေ့ အရှက်ရသွားတာကြောင့် သေချာပေါက်ပြန်လာကြမှာဖြစ်ပြီး သူမကို ပြန်ပေးဆွဲဖို့ နည်းလမ်းရှာကြမှာ ဖြစ်သည်။
အဲ့ဒါကြောင့်ပဲ သူ အရမ်းစိတ်ပူနေတာ။
ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို သူ့လက်မောင်းတွေထဲမှာ တင်းကြပ်စွာ ဖက်ထားပြီး
"မင်းကို တစ်ယောက်ယောက်က ထိခိုက်အောင်လုပ်မှာမျိုးကို ကိုယ် လုံးဝ အဖြစ်မခံဘူး။ချင်းရွှမ် ဒီနေ့ကနေစပြီးတော့ ဘာကိစ္စပဲဖြစ်ပါစေ ယောင်ယောင့်ဘေးကနေ ထွက်မသွားနဲ့"
"ဟုတ်ကဲ့ သခင်လေး"
သူတို့တွေက ငတုံးတွေ မဟုတ်တာကြောင့် ချောင်ထျန်းချန် ပြောတာ ဘာအဓိပ္ပာယ်လဲဆိုတာ နားလည်သည်။
ချင်းရွှမ်က မှင်သက်နေပြီး ခဏလောက် စဉ်းစားနေကာ သူမအခန်းထဲ ဝင်သွားခဲ့သည်။ခဏကြာပြီးတဲ့နောက် သူမကလက်ထဲမှာ ပုလင်းတွေနဲ့ပုံးတွေယူကာ ထွက်လာခဲ့သည်။
"သခင်မလေး အရေးပေါ်အခြေအနေကျရင် သုံးလို့ရအောင် ဒီပစ္စည်းတွေကို တစ်ချိန်လုံးဆောင်ထားလိုက်”