← Chapters

အခန်း ၂၀၆

Vol. 9 Ch. 206

အခန်း ၂၀၆

Vol. 9 Ch. 206

Chapter 206

ချင်းရွှမ်နဲ့ကျန်တဲ့လူတွေ သူတို့ရဲ့သခင်မလေးကို တစ်နေ့လုံးစောင့်ကြည့်နေနိုင်ရင်တောင်မှ တစ်ခုခုဖြစ်ပြီးတော့ သူမတစ်ယောက်ထဲ ကျန်နေခဲ့တဲ့အခါကျရင် ကိစ္စတွေက ဒုက္ခများလာနိုင်တဲ့အတွက် အရေးပေါ် ပြင်ဆင်ထားရမည်။

နင်းမုန့်ယောင်က ရွေးချယ်ခွင့်မရှိဘဲ သူတို့ကို သူမနဲ့အတူ သယ်ကာ

"ငါ ဒီပစ္စည်းတွေသယ်ပြီး နေရာတိုင်းတော့ မသွားနိုင်ဘူးလေ ဟုတ်တယ်မလား"

"သခင်မလေး မစိုးရိမ်ပါနဲ့ အဲ့ဒါအတွက်လည်း ပြင်ထားတယ်"

ချင်းရွှမ်က ပြောပြီးတော့ တစ်စုံတစ်ခု ထုတ်ယူလိုက်သည်။၎င်းက တွဲဖက်ပစ္စည်းတစ်ခုဖြစ်ပြီးတော့ အလယ်တွင် ဘာမှမရှိပေ။

ချင်းရွှမ်က ပုလင်းတွေထဲက အမှုန့်တွေကို ရတနာထဲ ပြောင်းထည့်လိုက်ပြီး နင်းမုန့်ယောင်ကို အမှုန့်ရဲ့အသုံးပြုပုံအကြောင်း ရှင်းပြလိုက်သည်။တစ်ချိန်ထဲမှာပဲ သူမက နင်းမုန့်‌‌ယောင်အတွက် ဖြေဆေးအနည်းငယ်နဲ့ ဒဏ်ရာတွေကုသဖို့ ဆေးဝါးအချို့လည်း ပြင်ဆင်ထားခဲ့သည်။

ချင်းရွှမ်ရဲ့ ပြင်ဆင်မှုက ဘယ်လောက်အသေးစိတ်ကျတယ်ဆိုတာကြည့်ပြီး ချောင်ထျန်းချန် စိတ်သက်သာရာရသွားသည်။နင်းမုန့်ယောင်သာ ပြန်ပေးဆွဲခံရရင် သူမ အသက်အန္တရာယ်ရှိမှာ သူ စိတ်ပူစရာ မလိုတော့ဘူး။

"ယောင်ယောင် မင်း ဒါတွေကို တစ်ချိန်လုံးဆောင်ထားရမယ်နော်"

"သိပါတယ်" ကံကောင်းစွာနဲ့ အဲ့ဒီပစ္စည်းတွေက မလေးတာကြောင့် နင်းမုန့်ယောင် ငြင်းပယ်ခြင်း မလုပ်ခဲ့ပေ။

ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို တင်းကြပ်စွာ ဖက်ထားပြီး

"မင်းနဲ့ပတ်သက်ပြီး ကိုယ့်ကို စိုးရိမ်ရအောင် မလုပ်ပါနဲ့ကွာ"

"မစိုးရိမ်ပါနဲ့။ကျွန်မ ဘယ်ပဲသွားသွား ဝတ်သွားမှာပါ"

"ကောင်းတယ်"

စောနတုန်းက ချောင်ထျန်းချန်ရဲ့နေရာကို ချိုးဖောက်ဝင်ရောက်ခဲ့တဲ့ လူတွေက အမြန် ထွက်ခွာသွားကြပြီး ချောင်ထျန်းယွီဆီ ပြန်ရောက်လာသည်။ချောင်မိုက သူ့ကို လေးစားမှုမရှိကြည့်ပြီး အမိန့်ပေးလိုက်သည်။

"သခင်လေးကို အပြင်ထွက်လာအောင် လုပ်နိုင်မယ့် နည်းလမ်းစဉ်းစားစမ်း"

ချောင်ထျန်းယွီက သူ့ကို အသာလေး စိုက်ကြည့်ပြီး အဲ့ဒီနောက် ခေါင်းငြိမ့်ကာ

"ဘယ်လိုလုပ်ရမလဲဆိုတာ ငါသိတယ်"

ချောင်မိုက ကျေနပ်စွာ ခေါင်းငြိမ့်လိုက်ပြီး

"ကောင်းတယ် ဒါဆို ငါ မင်းရဲ့သတင်းကို ‌စောင့်နေမယ်"

"အင်း"

ချောင်ထျန်းယွီ အကြံအစည်စဉ်းစားနေတဲ့အချိန် ချောင်မိုကလည်း သူ့ရဲ့ပြင်ဆင်မှု လုပ်နေသည်။ချောင်ထျန်းချန်ကို အောင်အောင်မြင်မြင်နဲ့ အပြင်ခေါ်ထုတ်နိုင်သရွေ့ သူတို့လူတွေက ချင်းရွှမ်ကို တစ်ခြားလမ်းကနေ ခေါ်ထုတ်သွားနိုင်သည်။ဒီနည်းလမ်းနဲ့ဆိုရင် သူတို့တွေ နင်းမုန့်ယောင်ကို ပြန်ပေးဆွဲဖို့ အခွင့်အရေးရပြီးတော့ သူမကို မြို့တော်သို့ ခေါ်သွားနိုင်သည်။

ချောင်ထျန်းယွီက လှောင်ပြုံးပြုံးလိုက်တယ်။အဲ့တော့ ဒါက သူတို့တွေ ကြံစည်ထားတာပေါ့။အဲ့ဒီမိန်းမသာ တစ်ခုခုဖြစ်သွားရင် ချောင်ထျန်းချန်က လက်စားချေမှာဖြစ်ပြီး သူ့ကို အပြစ်တင်လို့မရဘူး။ဒါပေမယ့် ချောင်ထျန်းယွီ မသိခဲ့တာက ဘုရားသခင်ရဲ့အစီအစဉ်က လူတွေကို အမြဲလွှမ်းမိုးထားတာ ဖြစ်သည်။

ချောင်ထျန်းယွီက ချောင်ထျန်းချန်ကို သွားရှာပြီးတော့ သူ့(ချောင်ထျန်းချန်)အိမ်ထဲ ဖောက်ဝင်လာတဲ့လူတွေ ဘယ်သူလဲဆိုတာ သူမသိတဲ့ပုံစံ ဟန်ဆောင်နေသည်။

"မင်း ဒီကို ထပ်ပြီးတော့ ဘာလာလုပ်ပြန်တာလဲ" ချောင်ထျန်းချန်က ချောင်ထျန်းယွီကို သည်းမခံနိုင်တော့ချေ။

"ငါ မင်းနဲ့ အလုပ်လုပ်ချင်တယ်" ချောင်ထျန်းယွီက စိတ်ဆုံးဖြတ်ထားခဲ့တယ်။

ချောင်ထျန်းချန်က ချောင်ထျန်းယွီကို မျက်စိမှေးကြည့်လိုက်သည်။တစ်ခုခုလွဲ‌မှားနေတာကို သူ ခံစားမိသည်။

"မင်းနဲ့ပူးပေါင်းဖို့ စိတ်မဝင်စားဘူးလို့ ငါ မင်းကို ပြောထားပြီးပြီ။မင်း ငါ့ကို နောက်ထပ် လာရှာဖို့ မလိုဘူး" အဲ့ဒီနောက် သူ့အိမ်ဘက်လှည့်ပြန်သွားသည်။

ချောင်ထျန်းချန် သူ့ကို ကျောပေးထားတဲ့အချိန် ချောင်ထျန်းယွီက သူ့(ချောင်ထျန်းချန်)ကို လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

နောက်က အန္တရာယ်ကို ခံစားမိပြီး ချောင်ထျန်းချန်က အလိုလျောက် နောက်ပြန်လှည့်ကာ လက်သီးကို အဝေးတွန်းထုတ်လိုက်ပြီး ချောင်ထျန်းယွီကို သူ့ဘာသာသူ ပြန်ပြီး ထိုးမိသွားစေသည်။

ချောင်ထျန်းယွီ၏ လည်ချောင်းတစ်ခုလုံး နာကျင်သွားပြီး မျက်စိထဲမှာ ကြယ်တွေမြင်သွားသည်။သူ ဒီနေ့အတွက် ကလဲ့စားပြန်ချေမှာ။

ချောင်ထျန်းယွီက ချောင်ထျန်းချန်ကို အသည်းအသန် တိုက်ခိုက်ဖို့ ကြိုးစားသည်။သူ့ရဲ့ ရူးသွပ်တဲ့လှုပ်ရှားမှုတွေနဲ့ အမူအရာတွေက အလွန်ရှက်စရာကောင်း၏။

"ဒီလိုဆိုမှတော့ ဒါဆို မင်း ဒီနေ့ ဒီနေရာမှာပဲ သေလိုက်တော့။သူ့ကိုသတ်!"

ချောင်ထျန်းယွီက သူ့နားကလူတွေကို အမိန့်ပေးလိုက်သည်။

သူ့နားကလူတွေက သူ့နောက်လိုက်တွေဖြစ်တာကြောင့် သူ့အမိန့်ကို နာခံကြသည်။သူ့အမိန့်ပေးလိုက်တဲ့အခါ လူတိုင်းက ချောင်ထျန်းချန်ဆီကို ဦးတည်သွားကြသည်။

လက်သီးနှစ်လုံးက လက်သီးလေးလုံးကို ဆန့်ကျင်တိုက်ခိုက်ဖို့ဆိုတာ ခက်ခဲတယ်။ချောင်ထျန်းချန်က ကိုယ်ခံပညာ ကျွမ်းကျင်ပေမယ့်လည်း အသေးစား ဒဏ်ရာလေးတွေ ရရှိသေးသည်။

အိမ်ထဲတွင် ချင်းရွှမ်က အပြင်က တိုက်ခိုက်နေတဲ့အသံတွေကို ကြားလိုက်ရသည်။သူမရဲ့မျက်ခုံးတွေက အသာလေး တွန့်ချိုးသွားပြီး အမူအရာ ပြောင်းလဲသွားသည်။သူမ အပြင်ကို ထွက်သွားတော့မယ့်အချိန်မှာပဲ ရပ်လိုက်တယ်။သူတို့ရဲ့ ရည်ရွယ်ချက်က နှစ်‌ယောက်လုံးကို နင်းမုန့်‌‌ယောင်‌နားကနေ အဝေးကို ထွက်သွားစေဖို့ဆိုရင် ဘယ်လိုလုပ်မလဲ?

"ချင်းရွှမ် အပြင်ထွက်ပြီးတော့ ထျန်းချန်ကို ကူလိုက်ပါ။ငါ ဒီမှာ အဆင်‌ပြေတယ်"

နင်းမုန့်‌‌ယောင်‌‌လည်းပဲ အပြင်ဘက်က တိုက်ခိုက်သံတွေကို ကြားသည်။ချောင်ထျန်းချန် တစ်ယောက်ထဲ ကိုင်တွယ်နိုင်မှာ မဟုတ်တာကြောင့် သူမ စိတ်ပူနေခဲ့သည်။

ချင်းရွှမ်က နင်းမုန့်‌‌ယောင်ကို အကူအညီမဲ့စွာ ကြည့်လိုက်ပြီး

"သခင်မလေး......."

"ငါ့ကို မစိုးရိမ်နဲ့ သွားသာသွားပါ။ငါက အိမ်ထဲမှာလေ ဘာဖြစ်နိုင်မှာမလို့လဲ"

နင်းမုန့်ယောင် ပြုံးလိုက်ပေမယ့် သူမစိတ်ထဲမှာတော့ အလွန် စိတ်လှုပ်ရှားနေသည်။

ချင်းရွှမ်က သူမပြောတာ မှန်တယ်လို့ စဉ်းစားပြီး ချောင်ထျန်းချန်ကို ကူညီဖို့ အပြင်ထွက်သွားသည်။ဒီအချိန်မှာပဲ အနက်ရောက်အဝတ်အစားနဲ့ လူတစ်စုက ရုတ်တရက် ဘယ်ကမှန်းမသိ ပေါ်လာပြီး ချောင်ထျန်းချန်ကို ပစ်မှတ်ထားကာ သူ့အသက်ကို လိုချင်သကဲ့သို့ အပြင်းအထန် တိုက်ခိုက်တော့သည်။

ချောင်ထျန်းချန်နဲ့ချင်းရွှမ် နှစ်ယောက်လုံးက အချင်းချင်း ကျောချင်းကပ်ထားကြပြီး သူတို့နားကလူတွေကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

"ဘယ်လောက်တောင် ကြီးလိုက်တဲ့ အင်အားလဲ။သူက ငါ့အသက်ကို လိုချင်တာလား?ဒါပေမယ့် အဲ့ဒါ သူလုပ်နိုင်ပါ့မလား" ချောင်ထျန်းချန်က နှာခေါင်းရှုံ့လိုက်၏။

သူတို့နှစ်‌ယောက်လုံး‌ယောက်လုံး တစ်ပြိုင်နက် တိုက်ခိုက်ကြသည်။အချိန်ခဏအကြာ တစ်ချို့က အသတ်ခံရပြီး တစ်ချို့က ဒဏ်ရာတွေနဲ့ ထွက်ခွာသွားကာ ချောင်ထျန်းချန်နဲ့ချင်းရွှမ်လည်း ဒဏ်ရာရကြသည်။

All Chapters