အခန်း ၂၀၈
Vol. 9 Ch. 208
Chapter 208
နင်းမုန့်ယောင်က သူမရဲ့အားနည်းနေတဲ့လက်နဲ့ ရထားလုံးပြတင်းပေါက်ရဲ့အစွန်းကို ဆုပ်ကိုင်ထားလိုက်သည်။ရထားလုံးထဲမှာ သူမခန္ဓာကိုယ်ကို တည်ငြိမ်အောင် ရုန်းကန်ရင်တောင်မှ ရထားလုံးရဲ့ ဘေးဘက်ကို ပစ်ရောက်သွားပြီးတော့ ရထားလုံးနံရံနဲ့ကျောနဲ့ ဝင်ဆောင့်မိတာနဲ့ပဲ အဆုံးသတ်သွားသည်။
ဒီနာကျင်မှုက နင်းမုန့်ယောင်ကို မျက်မှောင်ကြုတ်သွားစေပြီး ရုတ်တရက် ချင်းရွှမ် သူမအတွက်ပြင်ပေးထားတဲ့ ဆေးတွေကို သတိရသွားသည်။
သူမရဲ့လည်ပင်းကို အားသွန်ခွန်စိုက် လှမ်းဆွဲပြီးတော့ ပစ္စည်းအသေးလေး ထုတ်လိုက်သည်။
ရထားလုံးက ကျောက်တုံးကြီးတစ်ခုပေါ်ကို ပြေးတိုက်မိသွားပုံရပြီး နောက်တစ်ကြိမ်ထပ်ပြီး လှုပ်ခါသွားသည်။နင်းမုန့်ယောင်လက်ထဲ ဆေးပစ္စည်းဘူးက လွတ်ကျသွားပြီး ဆေးတွေ ထွက်ကျကုန်သည်။
နင်းမုန့်ယောင်က ဆေးတစ်လုံးလောက်ရဖို့အတွက် သူမခန္ဓာကိုယ်ကိုဆန့်ကာ လက်လှမ်းသည်။သူမကိုယ်သူမ ကယ်တင်ဖို့ နည်းလမ်းရှာတွေပေမယ့် ကိစ္စတွေက မချောမွေ့ပေ။
ရထားလုံးက သူမအတွက် ကိစ္စတွေခက်ခဲအောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတဲ့အတိုင်းပင်။ဆေးလုံးကို သူမဆုပ်ကိုင်နိုင်တော့မယ့် အချိန်မှာပဲ ရထားလုံးက နောက်တစ်ကြိမ် ထပ်ခုန်ပြီး ဆေးလုံးက အဝေးကို ထပ်လှိမ့်သွားပြန်သည်။
ရထားလုံးက အထိန်းအကွပ်မဲ့စွာ ပြေးနှင်သွားတာတွေ့တော့ ချောင်ထျန်းယွီ မကောင်းတဲ့ခံစားချက် ရသွားသည်။အထဲကလူကို ကယ်တင်ဖို့အတွက် သူ တိုက်ပွဲကနေ ထွက်သွားမယ့်အချိန်မှာပဲ အနက်ရောင်ဝတ်စုံနဲ့လူတွေက သူ့ကို ဝိုင်းလာခဲ့သည်။
ထိုအချိန်မှာပဲ ဒီအနက်ရောင်လူတွေရဲ့ ပစ်မှတ်က နင်းမုန့်ယောင်ဆိုတာကို သူသိသွားသည်။သူတို့က နင်းမုန့်ယောင်ရဲ့အသက်ကို လိုချင်နေကြတာပဲ။နင်းမုန့်ယောင်သာ သူ့လူတွေလက်ထဲမှာ သေသွားရင် နင်းမုန့်ယောင်ရဲ့ သေဆုံးမှုက သူတို့နဲ့ ဆိုင်သည်ဖြစ်စေ မဆိုင်သည်ဖြစ်စေ ချောင်ထျန်းချန်က သေချာပေါက် သူတို့ကို စာရင်းရှင်းမှာပဲ။
ချောင်ထျန်းယွီ သတိပြုမိသွားတုန်းမှာပဲ ရထားလုံးက ဘေးနားကသစ်ပင်ကို ဝင်တိုက်သွားသည်။ဒါကိုမြင်တော့ သူ့စိတ်ထဲမှာ အတွေးတစ်ခုပဲ ရှိတော့တယ်:သူတို့တွေ အဆုံးသတ်ပြီ။
ရထားလုံးက သစ်ပင်ကိုတိုက်မိပြီး တစ်စစီ ပြုတ်ထွက်သွားသည်။ရထားလုံးထဲမှာရှိနေတဲ့ နင်းမုန့်ယောင်က အပြင်ကိုပြုတ်ကျသွားပြီး သူမနောက်ကျောနဲ့ သစ်ပင်ပင်စည်နဲ့ ရိုက်မိသွားသည်။
နင်းမုန့်ယောင်ယောင် နာကျင်မှုကိုသာ ခံစားရတယ်။အမှန်တကယ့်ကို စူးရှတဲ့ နာကျင်မှုတစ်ခု။
သူမက အလိုအလျောက် သူမ ဗိုက်ကိုထိလိုက်သည်။သူမရဲ့မျက်နှာက ဖြူဖျော့နေပြီး နဖူးကနေချွေးတွေ လိမ့်ကျနေသည်။
နင်းမုန့်ယောင်က သွေးနံ့ကို ဖြည်းဖြည်းချင်း အနံ့ခံမိပြီး တစ်စုံတစ်ခုက သူမဆီကနေ ထွက်သွားသလို ခံစားရကာ ထိတ်လန့်သွားသည်။
သူမနောက်ကျောက ဒဏ်ရာက ဗိုက်ကတစ်ခုလောက် မနာကျင်ပေ။သွေးတွေက သူမရဲ့အဝတ်အစားကို ဖြည်းဖြည်းချင်း စွန်းပေလာပြီး နင်းမုန့်ယောင် မျက်နှာမကောင်းတော့ပေ။
အဝေးက ချောင်ထျန်းယွီကလည်း ဘာဖြစ်သွားလဲဆိုတာ သိနေသည်။
ရှောင်ချီထျန်း အမြန်ရောက်လာတဲ့အချိန် ဖြူဖျော့ပြီးတော့ အဝတ်အစားတွေ သွေးစွန်းနေတဲ့ နင်းမုန့်ယောင်က သစ်ပင်အောက်မှာ လဲနေတာကို မြင်လိုက်ရသည်။
"သွားပြီး တစ်ချက်ကြည့်ကြည့်"
ကံကောင်းစွာနဲ့ ရှောင်ချီထျန်းနောက်လိုက်လာတဲ့ လူတွေထဲက တစ်ချို့က ဆေးပညာတတ်သည်။မဟုတ်ရင် အခြေအနေက ပိုပြီးတော့ ဒုက္ခရောက်သွားလိမ့်မယ်။
သူတို့က နင်းမုန့်ယောင်ဆီပြေးသွားပြီး သူမရဲ့သွေးကြောကို စမ်းသပ်လိုက်သည်။သူတို့ရဲ့ အမူအရာတွေက ချက်ချင်းပြောင်းလဲသွားပြီး
"အရှင့်သား ကျွန်တော်တို့ သူမကို မြို့တော်ကို ချက်ချင်းပို့မှဖြစ်ပါမယ်"
"ဘာဖြစ်တာလဲ"
"ဒီသခင်မလေးက ကိုယ်ဝန်ပျက်ကျထားပါတယ်"
ရှောင်ချီထျန်းရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပြီး အလိုအလျောက် နောက်ကို အနည်းငယ်ဆုတ်မိသွားသည်၊သူကြားလိုက်တာကို မယုံနိုင်ပေ။
"မင်း သေချာရဲ့လား?သေချာ စစ်ပြီးပြီလား"
"ဟုတ်ကဲ့ သူမက ကိုယ်ဝန်ရှိနေတာ တစ်လလောက်ရှိပါပြီ ဒါပေမယ့် အခု........"
စကားဆုံးအောင်မပြောခင်မှာပဲ ဘာအဓိပ္ပာယ်လဲဆိုတာ ရှောင်ချီထျန်း သိသွားပြီ။
"သူမ သွေးထွက်နေတာကို ရပ်အောင်အရင်လုပ် ပြီးရင် သူမကို နန်းတော်ကို ချက်ချင်းသယ်သွားလိုက်။နောက်တစ်ခုက ဒီနေရာက လူတိုင်း တစ်ယောက်မှ လွတ်သွားလို့မရဘူး။သူတို့အားလုံးကိုဖမ်းပြီးတော့ ငါတို့နဲ့ပြန်ခေါ်လာခဲ့"
နင်းမုန့်ယောင်က အခု သတိမေ့နေတယ်။သူမရဲ့ ကလေးမရှိတော့တာကို သူမသိသွားခဲ့ရင် ဘယ်လိုတုံ့ပြန်မလဲ ပြီးတော့ ချောင်ထျန်းချန်ရောပဲ?
သူ နင်းမုန့်ယောင်နဲ့ လက်ထပ်ပြီးတဲ့နောက် ကလေးတစ်ယောက်လိုချင်ကြောင်း မရေတွက်နိုင်အောင်ကို ပြောခဲ့ဖူးတယ်။သူ့မိသားစုက ကလေးတွေနဲ့ဆို ပြည့်စုံသွားပြီလို့ ပြောခဲ့တယ်။
အခု ကလေးက အဲ့ဒီလူတွေကြောင့် မရှိတော့ဘူး။ရှေ့ဆက်ပြီးတော့ ချောင်မိသားစုနဲ့ အဲ့ဒီအနက်ရောင်ဝတ်လူတွေအတွက် အကျိုးဆက်တွေ ဘယ်လိုဖြစ်မလဲဆိုတာ ရှောင်ချီထျန်း တွေးတောင် မတွေးကြည့်ချင်ဘူး။
သူ သူတို့ကို အလွတ်ပေးမှာမဟုတ်ဘူး၊မဟုတ်ရင် သူ ချောင်ထျန်းချန်ကို ဖြေရှင်းချက် မပေးနိုင်ဘဲ နေလိမ့်မယ်။
သူ ခြေတစ်လှမ်းနောက်ကျသွားခဲ့တယ်။သူသာ နည်းနည်းစောရောက်ခဲ့ရင် ကိစ္စတွေက ဒီအခြေအနေထိ ရောက်သွားမှာ မဟုတ်ဘူး။
"ဟုတ်ကဲ့ အရှင့်သား"
ချောင်ထျန်းချန်က ရှောင်ချီထျန်းကို သတင်းပို့ပြီးတဲ့နောက် သူက သူ့ရဲ့ကိုယ်ပိုင် လျှို့ဝှက်စစ်သားတွေကိုခေါ်ပြီး နှောင့်နှေးခြင်းမရှိအောင် အမြန်လာခဲ့ပေမယ့် ခြေတစ်လှမ်း နောက်ကျသွားခဲ့သည်။
ရှောင်ချီထျန်းရဲ့ လျှို့ဝှက်စစ်သားတွေက အနက်ရောင်ဝတ်လူတွေကို တိုက်ခိုက်ကြသည်။အနက်ရောင်ဝတ်လူတွေက မကြာခင်မှာပဲ တိုက်ပွဲမှာ လဲကျသွားခဲ့သည်။ရှောင်ချီထျန်းနဲ့မယှဉ်နိုင်မှန်း သိတဲ့လူတွေက သူတို့ကိုယ်သူတို့ အဆိပ်ခတ်ထားကြသည်။
(Kikko:ဒီအခန်းရေးရင်းမျက်ရည်တောင်ဝဲတယ်)