← Chapters

အခန်း ၂၀၉

Vol. 9 Ch. 209

အခန်း ၂၀၉

Vol. 9 Ch. 209

Chapter 209

ရှောင်ချီထျန်း၏မျက်နှာ မည်းမှောင်သွားသည်။သူတို့ရဲ အထောက်အထားတွေနဲ့ပတ်သက်ပြီး သင်္ကာမကင်းမှုတွေရှိသည်။သူတို့အားလုံးက ကောင်းကောင်းလေ့ကျင့်ထားကြပေမယ့် လုပ်ကြံသူတွေ ဖြစ်ပုံမရပေ။အဲ့ဒီအစား သူတို့က သတ္တိရှိပြီး သေရမှာမကြောက်တဲ့ စစ်သည်တွေနဲ့တူနေပြီး လျှို့ဝှက်စစ်သည်တွေနဲ့ အများဆုံး တူနေသည်။

ဒါပေမယ့် ဘယ်သူက နင်းမုန့်ယောင်ကို ဒီလောက်အထိ မုန်းတီးနေလို့ သတ်ဖြတ်ဖို့ လူလွှတ်ရတာလဲဆိုတာ သူ စဉ်းစားမရပေ။

"တစ်ယောက်ယောက်ကိုလွှတ်ပြီး သူတို့နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာ စုံစမ်းခိုင်းလိုက်။ငါ ဒီနေ့ချက်ချင်း သိချင်တယ်"

"ဟုတ်ကဲ့ အရှင့်သား"

ချောင်ထျန်းယွီရဲ့ လက်အောက်ကလူတွေက ရှောင်ချီထျန်းရဲ့လူတွေ ဖမ်းခေါ်သွားတာ ခံလိုက်ရသည်။ချောင်ထျန်းယွီက သူ့ရဲ့လုပ်ရပ်တွေကို နက်နက်ရှိုင်းရှိုင်း နောင်တရနေပြီ ဖြစ်သည်။ကြည့်ရတာ သူတို့တွေကပဲ အပြစ်ခံရမယ့် လူတွေဖြစ်ပုံရသည်။

"ပြန်ကြမယ်"

သူက နင်းမုန့်ယောင်ကို သူ့ရဲ့အိမ်တော်ကို ပို့ပေးဖို့အတွက် မြင်းကို အရှိန်ပြင်းပြင်းစီးပြီးတော့ နင်းမုန့်ယောင် အသက်အန္တရာယ်မရှိဘဲ အခြေအနေတည်ငြိမ်စေရန်အတွက် တစ်ယောက်ယောက်ကို စေလွှတ်ကာ တော်ဝင်သမားတော်တစ်ယောက် ခေါ်ခိုင်းခဲ့သည်။

ရှောင်ချီထျန်းက သူ့အစ်ကိုကို ကြီးမားတဲ့ခေါင်းကိုက်မှုနဲ့ကြည့်လိုက်ပြီး

"အစ်ကိုတော် မင်း ဒီတစ်ခေါက်တော့ ပြဿနာအကြီးကြီးတက်ပြီ"

"ဘာဖြစ်လို့လဲ"

ရှောင်ချီဖုန်းအနေနဲ့ သူ့ညီလေးရဲ့ ဒီလိုဘက်ခြမ်းကို မမြင်ဖူးပေ။

"ကျွန်တော် နင်းမုန့်ယောင်ကို ရှာတွေ့ခဲ့ပေမယ့် အခြေအနေမကောင်းဘူး"

၎င်းက မကောင်းရုံတင်မဟုတ်ဘူး ဆိုးဝါးနေခဲ့တာ။သူမပေါ်တွင် ဒဏ်ရာများစွာရှိနေခဲ့ပြီး သွေးတွေအများကြီး ဆုံးရှုံးထားခဲ့သည်။

သူတို့သာ ခြေတစ်လှမ်းနောက်ကျသွားရင် အဆုံးကျ ဘယ်လိုဖြစ်မလဲဆိုတာ သူ မတွေးကြည့်ရဲဘူး။

ရှောင်ချီဖုန်းက သူ့လက်ထဲက စုတ်တံကို စုတ်တံခွက်ထဲချလိုက်ပြီး သူ့ညီငယ်ကို လေးနက်မှုအပြည့်နဲ့ကြည့်ကာ

"ဘာတွေဖြစ်နေတာလဲ?ငါ့ကို ရှင်းအောင်ပြောစမ်းပါ"

"မုန့်ယောင်ရဲ့ကလေး ပျက်ကျသွားတယ်။ကျွန်တော် ချောင်ထျန်းချန်ကို အကြောင်းကြားဖို့တောင် သတ္တိမရှိတော့ဘူး"

ရှောင်ချီထျန်းရဲ့စိတ်ထဲမှာ ပြင်းပြင်းထန်ထန် ခံစားနေရတယ်။ချောင်ထျန်းချန်က ဒီအကြောင်းကို အနှေးနဲ့အမြန် သိလာမှာပဲဆိုတာ သူသိတယ်။

ရှောင်ချီဖုန်းက မျက်မှောင်ကြုတ်ပြီးတော့

"နောက်ကွယ်က ဘယ်သူလဲဆိုတာ ရှာတွေ့ပြီလား"

ချောင်ထျန်းယွီနဲ့သူ့လူတွေက သူမကို ထိခိုက်ခြင်းမရှိ ခေါ်ဆောင်သွားဖို့ တင်းကြပ်တဲ့ညွှန်ကြားချက်တွေ ရှိသည်။သူတို့တွေက တိုက်ခိုက်မှုရဲ့နောက်ကွယ်ကလူတွေ လုံးဝမဟုတ်ပေ။အခြားတစ်ယောက်က ဝင်ရောက်စွက်ဖက်ခဲ့တယ်ဆိုတာ သေချာသည်။

ရှောင်ချီထျန်းက သူ့နှုတ်ခမ်းတွေကို စေ့ထားပြီး ခဏလောက် တိတ်နေကာ

"ဒါက ကျွန်တော်တို့ရဲ့ ချစ်လှစွာသောဦးရီးတော်နဲ့ တစ်ခုခုပတ်သက်နေလိမ့်မယ်။လူတွေက သူ့အိမ်တော်ကပဲ"

"ချောင်ထျန်းချန်ကို နင်းမုန့်ယောင် ဘာဖြစ်သွားလဲဆိုတာ ပြောရင်းနဲ့ ဒီသတင်းပါ အတူတူပြောလိုက်" ရှောင်ချီဖုန်းက ရှောင်ချီထျန်းကိုကြည့်ပြီး အမိန့်ပေးလိုက်သည်။

ချောင်ထျန်းချန်သာ ဒီအကြောင်းကိုသိတာနဲ့ သူ သေချာပေါက် ပြန်လာလိမ့်မယ်လို့ သူထင်တယ်။နင်းမုန့်ယောင်အတွက်‌ကတော့ သူမသတိရလာလို့ ထိုအကြောင်းကို သိသွားတဲ့အခါကျရင် သူမ ဘယ်လိုတုံ့ပြန်မလဲဆိုတာ ခန့်မှန်းရတာ မခက်ဘူး။သူတို့အခုလုပ်ရမှာက ဒီမီးကို သူတို့နဲ့ရှောင်တိုင်းပြည်ဆီကနေ ဝေးဝေးထားဖို့ပဲ။

နင်းမုန့်ယောင်က သတင်းသိသွားတဲ့အခါကျရင် ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုမူပြီး အပြစ်မရှိတဲ့လူတွေပါ ပါဝင်ပတ်သက်သွားမှာကို သူ အနည်းငယ် စိုးရိမ်သည်။

"ကျွန်တော် သိပြီ။သူပြန်လာပြီးတော့ နင်းမုန့်ယောင် သတိရလာတဲ့အခါကျရင် မြို့တော်ကတော့ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ရတော့မယ်"

ရှောင်ချီထျန်းက လေးနက်စွာ သက်ပြင်းချလိုက်သည်။ဒီကိစ္စက ချောင်မိသားစုနှင့် ရှောင်မိသားစုတို့ဖြင့် ဆက်စပ်နေသည်။လင်းအိမ်တော်ကလည်း ဒီကိစ္စပါ တစ်နည်းနည်းနဲ့ ပတ်သက်နေသေးတယ်။သူတို့တွေ ဒီထိတ်လန့်စရာကောင်းတဲ့ ကိစ္စကနေ ရုန်းထွက်နိုင်မလားဆိုတာကတော့ သူတို့အပေါ်မှာပဲ မူတည်တယ်။

ရှောင်ချီဖုန်းက သူ့ကို ရှုပ်ထွေးမလာသရွေ့ ဒီအကြောင်းကို လုံးဝဂရုမစိုက်ပေ၊ပြီးနောက် ၎င်းက သူ့ကိစ္စမဟုတ်ပေ။အဆုံးမှာတော့ လွန်ခဲ့တဲ့နှစ်တွေမှာ ရှောင်မိသားစုက လွတ်လပ်မှုတွေ တအားရထားတာကြောင့် အခုက သူတို့ကို သင်ခန်းစာပေးရမယ့် အချိန်ပဲ။

ရှောင်ချီထျန်းက နန်းတော်ထဲမှာ ကြာကြာမနေခဲ့ပေ။သူက အိမ်တော်ကို ပြန်ရောက်တာနဲ့ ချောင်ထျန်းချန်ကို စာပို့လိုက်သည်။

မြို့တော်ကို အမြန်လာနေတဲ့ ချောင်ထျန်းချန် သတင်းရသွားခဲ့သည်။စာကိုဖတ်လိုက်တဲ့အချိန် သူ့မျက်လုံးပြူးသွားပြီး နီရဲလာခဲ့သည်။ထိုအခြေအနေက မကောင်းဘူးဆိုတာ ဘယ်သူမဆို ပြောနိုင်သည်။

"သခင်လေး သခင်မလေး တစ်ခုခုဖြစ်လို့လား"

ချင်းရွှန်းနဲ့ကျန်နဲ့လူတွေက သူ့မျက်နှာပေါ်က ကြောက်စရာကောင်းတဲ့ပုံစံ သူ့ရဲ့ သွေးနီရောင်မျက်လုံးတွေနဲ့ နတ်ဆိုးလိုပုံစံကိုကြည့်ပြီး မေးလိုက်ကြသည်။သူမစိတ်ထဲ အပြင်းအထန် စိုးရိမ်နေပြီး သူမဘာသာ တွေးလိုက်တယ်;သခင်မလေး တစ်ခုခုဖြစ်လို့လား။

လင်းဇီရိုနဲ့ကျန်တဲ့လူတွေကလည်း ချောင်ထျန်းချန်ကို ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးတာကြောင့် စိုးရိမ်သွားကြသည်။

"ဆရာ အဆင်ပြေရဲ့လား"

"မရှိတော့ဘူး"

ချောင်ထျန်းချန်က ဆုံးရှုံးမှု၊နာကျင်မှုနဲ့ ဒေါသတွေခံစားနေရကာ တိုးတိတ်စွာ ရေရွတ်လိုက်သည်။

သူပြောတာနားထောင်ပြီး လူတိုင်း တုန်လှုပ်သွားကာ

"ဆရာ.....မခြောက်.....ကျွန်တော်တို့ကို မခြောက်နဲ့လေ ဘာဖြစ်တာလဲ အတိအကျပြောပါဦး"

သူက မရှိတော့ဘူးပြောပေမယ့် ဘာမရှိတော့တာလဲ?သူ့ဇနီးလား?သူဘာတွေ စဉ်းစားနေတာလဲ?

"ကလေးမရှိတော့ဘူး"

သူက အမြဲတမ်း သူတို့ရဲ့ကလေးလေး မွေးဖွားလာဖို့ကို စိတ်ကူးယဉ်ခဲ့တာ ဒါပေမယ့် အခု သူမျှော်လင့်နေခဲ့တဲ့ကလေးက မရှိတော့ဘဲ အဲ့ဒီလူတွေကြောင့် သေဆုံးသွားခဲ့ပြီ။

လင်းဇီရိုနဲ့ အခြားလူတွေက ထိတ်လန့်သွားကြတယ်။သခင်လေးရဲ့ဇနီးက ကိုယ်ဝန်ရှိနေခဲ့ပေမယ့် ပျက်ကျသွားခဲ့တယ်။

ဒီသတင်းက လင်းဇီရိုနဲ့အခြားလူတွေကို အနည်းငယ် စိုးရိမ်သွားစေသည်။ချောင်ထျန်းချန်ပုံစံက ကြောက်ဖို့ကောင်းနေတာ မထူးဆန်းတော့ပါဘူး။

"ဇီရို ငါ့ကိုယ်စား ဧကရာဇ်ဆီကို စာတစ်စောင်ရေးလိုက်။ငါ တော်ဝင်ရုံးတော်ကို ပြန်လာတော့မယ်လို့ သူ့ကို ပြောလိုက်”

All Chapters