← Chapters

အခန်း ၂၁၀

Vol. 9 Ch. 210

အခန်း ၂၁၀

Vol. 9 Ch. 210

Chapter 210

လင်းဇီရိုက လည်ပင်းကြုံ့သွားပြီး ဘေးကိုပြေးကာ စာရေးတော့သည်။ဒီတစ်ခေါက် အဲ့ဒီကျူးလွန်တဲ့လူတွေ ပြီးသွားပြီ။အဆုံးမှာတော့ သူတို့ဆရာရဲ့အကျင့်စရိုက်ကို ရှင်းရှင်းလင်းလင်းသိထားသည်။

မထင်မှတ်ထားစွာနဲ့ သူက တော်ဝင်ရုံးတော်ကို ပြန်သွားချင်တဲ့အခါ သူတို့ရဲ့မရီးကို ထိခိုက်အောင် လုပ်ခဲ့တဲ့လူတွေတော့ ပျက်စီးကိန်းဆိုက်ပြီပဲ။

ချင်းရွှန်းက ချောင်ထျန်းချန်ရဲ့ မျက်နှာအမူအရာကို တစ်ချက်ကြည့်ပြီး သူမစိတ်ထဲမှာလည်း အဲ့ဒီလူတွေကို အတော်လေး မုန်းတီးနေသည်။

"သခင်လေး သခင်မလေးကိုတွေ့ဖို့ မြန်မြန်သွားရအောင်"

"အင်း သွားကြမယ်"

ချောင်ထျန်းချန် ခေါင်းငြိမ့်လိုက်သည်။သူ အခု နင်းမုန့်ယောင်ကို တွေ့ချင်တဲ့ ဆန္ဒတစ်ခုထဲသာ ရှိသည်။အဲ့ဒီကျူးလွန်တဲ့လူတွေအတွက်ကတော့ သူတို့သူ့ကို အကြွေးတင်နေတာအတွက် ပြန်ပြီး ပေးဆပ်ခိုင်းမယ်။ဒါပေမယ့် သူတို့စောင့်နေရအောင်လုပ်ဖို့ သူ အလျင်မလိုဘူး။

အဖွဲ့က မြို့တော်သို့ အမြန်သွားသည်။

သူတို့တွေ မြို့တော်ထဲ မဝင်ခင်မှာ ရှောင်ချီဖုန်းက ချောင်ထျန်းချန် တော်ဝင်ရုံးတော်ကို ပြန်လာတော့မယ်ဆိုတဲ့ သတင်းကို ရရှိနေပြီ ဖြစ်သည်။၎င်းကို ရတဲ့အခါမှာ သူ မပျော်သွားပေ။အဲ့ဒီအစား ချောင်ထျန်းချန်က ဒီလိုအခြေအနေမျိုးမှာ ဘာလုပ်မလဲဆိုတာ သူမသိတာကြောင့် အလွန်စိုးရိမ်နေခဲ့သည်။

သတင်းကြားရရုံနဲ့တင် သူက ဒီလိုဆုံးဖြတ်ချက်နဲ့ ရောက်လာခဲ့ပြီ။နင်းမုန့်ယောင်ရဲ့ ခန္ဓာကိုယ်အနှံ့က ဒဏ်ရာတွေကိုသာ မြင်ပြီးသွားရင် သူရဲ့ဆုံးဖြတ်ချက်တွေ ဘယ်လောက်အထိ ပြင်းထန်သွားမလဲဆိုတာ ရှောင်ချီဖုန်း မသိပေ။

ချောင်ထျန်းချန်က သူ့လိုပဲဆိုတာ သဘောပေါက်တယ်။ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို သူ့ရဲ့ ကွန်းခိုရာအဖြစ်မြင်တာဖြစ်ပြီးတော့ သူတို့က ကလေးတစ်ယောက်လောက် မျှော်လင့်နေတယ်လို့လည်း ရှောင်ချီထျန်းဆီက ကြားရသည်။

သူက ကျောဆန့်လိုက်ပြီး ပင်ပန်းစွာနဲ့ မျက်ခုံးနှစ်ခုကြားကို နှိပ်လိုက်သည်။ဘယ်လိုပင်ဖြစ်စေကာမူ သူ ထိုဇနီးမောင်နှံကို ရှင်းပြချက်တစ်ပေးရမည်ဖြစ်ပြီး မဟုတ်ပါက ဒီကိစ္စက ရပ်တန့်သွားမှာ မဟုတ်ပေ။

ချောင်ထျန်းချန် ရောက်လာတဲ့အခါ ညသန်းခေါင် ဖြစ်နေပြီဖြစ်သည်။သူပြန်လာတဲ့ သတင်းရပြီးတဲ့နောက် ရှောင်ချီထျန်းက သူ့ကို အမြန်သွားပြီး ကြိုလိုက်သည်။

"ထျန်းချန် ငါတောင်းပန်ပါတယ်။ဒါတွေအားလုံးက ငါ့ရဲ့ ပေါ့ဆမှုကြောင့် ဖြစ်ရတာ"

ရှောင်ချီထျန်းက ချောင်ထျန်းချန်ရဲ့ ဖြူဖတ်ဖြူရော် မျက်နှာကိုကြည့်ပြီး အပြစ်မကင်းတဲ့စိတ်ဖြင့် ပြောလိုက်သည်။

ချောင်ထျန်းချန်က ရှောင်ချီထျန်းကို တစ်ချက်ကြည့်ပြီး တိတ်ဆိတ်စွာဖြင့်

"ကိစ္စမရှိပါဘူး။ဒါက မင်းနဲ့မှမဆိုင်တာ"

ဒီကိစ္စက ရှောင်ချီထျန်းနဲ့ ဘာမှမသက်ဆိုင်ဘူးဆိုတာ သူ ရှင်းရှင်းလင်းလင်း သိတယ် ပြီးတော့ ရှောင်ချီထျန်းသာ အချိန်မှီမရောက်ခဲ့ရင် နင်းမုန့်‌ယောင်က သေလုနီးပါး ဖြစ်သွားလောက်ပြီ။ဒါကြောင့် သူက ဘယ်လိုလုပ် သူ့(XQT)ကို အပြစ်တင်ရမှာလဲ?

"ငါ ယောင်ယောင့်ကို‌ တွေ့ချင်တယ်" ချောင်ထျန်းချန်က အက်ကွဲနေတဲ့အသံဖြင့် ပြောလိုက်သာ်။

ရှောင်ချီထျန်းက ချောင်ထျန်းချန်ကို နင်းမုန့်ယောင်နေတဲ့ ခြံဝင်းဆီ ခေါ်သွားပြီး

"သူမက အထဲမှာ သတိမေ့နေတုန်းပဲ"

"ဘာဖြစ်ခဲ့တာလဲ"

"ချောင်ထျန်းယွီနဲ့အခြားလူတွေက သူမထွက်ပြေးသွားမှာ ကြောက်ကြတာ ဖြစ်နိုင်တယ်။ဒါကြောင့် သူတို့က အကြောတွေမလှုပ်ရှားနိုင်တဲ့ အမှုန့်ကို အလွန်အကျွံသုံးခဲ့ကြတယ်။မုန့်‌ယောင်က အဲ့ဒါကြောင့် သူမကိုယ်သူမ မကယ်နိုင်ခဲ့တာနေမှာ"

နင်းမုန့်ယောင်က ကိုယ်ခံပညာအချို့ တတ်ကျွမ်းတယ်ဆိုတာ ရှောင်ချီထျန်း သိသည်။ခန့်မှန်းလို့မရတဲ့ အမှုန့်ပမာဏကို သူမအပေါ်မှာ သုံးစွဲခဲ့တာကြောင့် သူမကိုယ်သူမ မကယ်တင်နိုင်ခဲ့တာ ဖြစ်သည်။

ချောင်ထျန်းချန်က လက်သီးတွေဆုပ်ထားပြီးတော့ သူ့မျက်ဝန်းတွေက ဒေါသတွေ အပြည့်ပင်။

"ချင်းရွှန်း ငါနဲ့ အထဲဝင်ခဲ့"

"ဟုတ်ကဲ့ သခင်လေး"

နှစ်ယောက်က အခန်းထဲကို အတူတူဝင်သွားသည်။သူတို့ အခန်းထဲကို ဝင်လိုက်တဲ့အချိန်မှာပဲ နင်းမုန့်ယောင်က ကုတင်ပေါ်မှာ လှဲနေပြီး သူမခန္ဓာကိုယ်ကို စောင်ပါးပါး တစ်ထည်ဖြင့် ဖုံးအုပ်ထားကာ မျက်နှာက ဖြူဖျော့နေတာကို တွေ့လိုက်ရသည်။သူမ မျက်နှာပေါ်မှာ ဒဏ်ရာအချို့ရှိနေပြီး အထူးသဖြင့် အဖြူရောင်ပတ်တီးစနဲ့ ရစ်ပတ်ထားတဲ့ သူမနဖူးပေါ်မှာ ဖြစ်သည်။

"ချင်းရွှန်း ယောင်ယောင့်ကို ကြည့်လိုက်ဦး"

ချောင်ထျန်းချန်ရဲ့ လက်က အနည်းငယ် တုန်ယီနေသည်။သူမ ကုတင်ပေါ်မှာ ငြိမ်သက်ပြီးတော့ အသက်မဲ့စွာ လှဲလျောင်းနေတာကိုကြည့်ပြီး ချောင်ထျန်းချန်ရဲ့နှလုံးသားက သူမအတွက် ပြင်းပြင်းထန်ထန် နာကျင်ရသည်။သူမကို ထိခိုက်အောင်လုပ်တဲ့ အဲ့ဒီလူတွေကို သူ လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး။သူတို့ရဲ့ မွေးဖွားမလာသေးတဲ့ ကလေးကို ထိခိုက်အောင် လုပ်ခဲ့တဲ့လူတွေရဲ့ ဘဝတွေ သေတာထက်ဆိုးဝါးသွားအောင် သူလုပ်ပြမယ်။

ချင်းရွှန်းက ကုတင်ဘေးကို လျှောက်သွားလိုက်ပြီး နင်းမုန့်‌ယောင်ရဲ့ ဒဏ်ရာတွေကို စစ်ဆေးလိုက်သည်။သူမရဲ့ခန္ဓာကိုယ်ပေါ်မှာ အစိမ်းရောင်နဲ့ခရမ်းရောင် ဒဏ်ရာတွေကိုကြည့်ပြီး ချောင်ထျန်းချန်ရဲ့စိတ်ထဲ အလွန်နာကျင်နေရသည်။အဲ့ဒါ သူ့အမှားပဲ သူသာ နည်းနည်းလောက် ပိုမြန်ခဲ့ရင် ကိစ္စတွေက ဒီလိုဖြစ်မှာ မဟုတ်ဘူး။

ချောင်ထျန်းချန်က သူ့လည်ချောင်းထဲက ထူထူစေးကပ်ကပ် အရသာကို ချုပ်ထိန်းထားပေမယ့် သူ့ပါးစပ်ထောင့်က သွေးစတွေက သူ့ရဲ့အခြေအနေမကောင်းဘူးဆိုတာကို အခြားလူတွေ သတိပြုမိသွားစေသည်။

ချင်းရွှန်းက အမှတ်မထင်မော့ကြည့်လိုက်တော့ ချောင်ထျန်းချန်ရဲ့ ပါးစပ်ထောင့်က သွေးစတွေကို တွေ့သွားသည်။သူမရဲ့ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး

"သခင်လေး"

"ငါ အဆင်ပြေတယ်။ယောင်ယောင့်ကိုသာ အရင်ကြည့်ပေး"

ချောင်ထျန်းချန်က သူ့ပါးစပ်ထောင့်က သွေးတွေကို သုတ်ပစ်လိုက်ပြီး ကုတင်ပေါ်မှာ လှဲနေတဲ့ နင်းမုန့်ယောင်ကို ကြည့်လိုက်သည်။

ချင်းရွှန်းက သူ့စိတ်ထဲမှာ နာကျည်းချက်အချို့ ရှိခဲ့ပေမယ့်လည်း ချောင်ထျန်းချန်ရဲ့ လက်ရှိအခြေအနေကို ‌မြင်ပြီးတဲ့နောက် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။အခု သူမက သူ့အတွက် အလွန်ပဲ စိုးရိမ်မိသည်။

နင်းမုန့်ယောင်ရဲ့ ဒဏ်ရာတွေကို သေသေချာချာ စစ်ဆေးပြီးတဲ့နောက်

"ရှေ့ကလာသွားတဲ့ တော်ဝင်သမားတော်က သခင်မလေးရဲ့ ကိုယ်ပေါ်က ဒဏ်ရာတွေကို ကုပေးပြီးသွားပြီ။အဲ့ဒါ‌ကြောင့် ကျန်းမာရေးဂရုစိုက်လိုင်ရင် ခဏအတွင်း ပြန်ကောင်းသွားမှာပါ။မျက်နှာပေါ်က ဒဏ်ရာတွေ အတွက်တော့ ကျွန်မမှာ အမာရွတ်ပျောက်လိမ်းဆေးရှိတယ်။သူမရဲ့အနာတွေကျက်သွားတဲ့အခါကျ ဒီလိမ်းဆေးကို လိမ်းပေးလိုက်ရင် ပျောက်သွားလိမ့်မယ်။ဒါပေမယ့် သခင်မလေးရဲ့ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာ အဲ့တော့ သူမ သေချာဂရုစိုက်ဖို့ လိုအပ်တယ်"

မဟုတ်ရင် အနာဂတ်ကျရင် သူမကိုယ်ဝန်ရဖို့ အလွန်ခက်ခဲသွားနိုင်သည်။ချင်းရွှန်း ဒါကို မပြောပေမယ့်လည်း ချောင်ထျန်းချန်က အနည်းနဲ့အများတော့ ခန့်မှန်းမိသည်။

"ငါ နားလည်ပြီ။မင်း အခု ထွက်သွားလို့ရပြီ"

"သခင်လေး ကျွန်မ သခင်လေးကိုလည်း ကြည့်ပေးပါရစေ"

All Chapters