အခန်း ၂၁၁
Vol. 9 Ch. 211
Chapter 211
ချောင်ထျန်းချန်က အစတုန်းကတော့ မလုပ်ချင်ပေမယ့် သူမ အလျှော့မပေးတာ မြင်တော့ သူ့လက်မောင်းကိုသာ ဆန့်ထုတ်ပေးလိုက်ရသည်။
ချောင်ထျန်းချန်၏သွေးကြောကို စမ်းသပ်ပြီးတဲ့နောက် သူ့ဒေါသက နှလုံးကိုထိခိုက်သွားစေပြီး သွေးအန်စေတယ်ဆိုတာကို သိလိုက်ရသည်။သူ့ရဲ့ အဆုတ်တွေလည်းပဲ ဒဏ်ရာရထားသည်။သူမက ဆေးတစ်ပုလင်းထုတ်ယူလိုက်ပြီး သူ့ကိုပေးလိုက်သည်။
"သခင်လေး သခင်မလေးနဲ့အသေးလေးအတွက် လက်စားချေချင်တယ်ဆိုရင် သခင်လေးရဲ့ ခန္ဓာကိုယ်ကို အရင်ဆုံး ဂရုစိုက်ရမယ်"
"နားလည်ပြီ။အခုတော့ ယောင်ယောင်ကို ဒီအကြောင်း မပြောနဲ့ဦး"
ချောင်ထျန်းချန်က နင်းမုန့်ယောင်ရဲ့ ဖြူဖျော့ဖျော့ မျက်နှာကို ပွတ်သပ်လိုက်သည်။သူမက အရင်ဆုံး ပြန်လည်ကုသဖို့ လိုအပ်သေးတဲ့အတွက်ကြောင့် ဒီအကြောင်းကြောင့် သူမကို ဒေါသမထွက်စေချင်ဘူး။
"ဟုတ်ကဲ့ သခင်လေး"
ချင်းရွှန်းက ချောင်ထျန်းချန်ရဲ့စကားတွေနောက်ကွယ်က အဓိပ္ပာယ်ကို ဘယ်လိုလုပ် နားမလည်ဘဲနေမှာလဲ?သူမလည်းပဲ ချောင်ထျန်းချန် ကိုင်တွယ်တဲ့နည်းလမ်းကို သဘောတူတယ်။သူသာ နင်းမုန့်ယောင်ကို ပြောပြလိုက်ရင် ၎င်းက သူမကို စိတ်သောကရောက်စေပြီး သူမရဲ့ ကုသမှုလုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်သည်။
ချင်းရွှန်း ထွက်သွားပြီးတဲ့နောက် ချောင်ထျန်းချန်က သူ့ရဲ့ အပေါ်ဝတ်ရုံကိုချွတ်ပြီး အိပ်ရာထဲ ဝင်သွားခဲ့သည်။သူက နင်းမုန့်ယောင်ကို သူ့ရင်ခွင်ထဲ ဖက်ထားလိုက်ပြီး ခေါင်းငုံ့ကာ သူမရဲ့နဖူးကို နမ်းလိုက်သည်။အိပ်တော့နော် ကိုယ်တို့ကလေးအတွက် လက်စားချေပေးမယ်။
နင်းမုန့်ယောင်က နှစ်ရက်တိတိ သတိမေ့နေခဲ့သည်။တတိယနေ့ မနက်ခင်းမှာ သူမရဲ့ မျက်လုံးတွေ ဖြည်းဖြည်းချင်း ပွင့်လာသည်။
ချင်းရွှန်းကသာ ဒီနှစ်ရက်တုန်းက ချောင်ထျန်းချန်ကို နင်းမုန့်ယောင်အဆင်ပြေတဲ့အကြောင်း ထပ်ခါတလဲလဲ ပြောနေခဲ့တာကြောင့်သာ မဟုတ်ရင် ချောင်ထျန်းချန် ရူးသွပ်သွားနိုင်တယ်။
နင်းမုန့်ယောင် သူမရဲ့မျက်လုံးတွေ ဖွင့်လိုက်တဲ့အချိန် ဘေးနားက ဖရိုဖရဲဖြစ်နေတဲ့ ချောင်ထျန်းချန်ကို တွေ့လိုက်ရသည်။သူမနိုးလာတာတွေ့တော့ ချောင်ထျန်းချန်က ပျော်ရွှင်စွာ အံ့အားသင့်သွားသည်။
"ထျန်းချန် ကျွန်မဘာဖြစ်သွားတာလဲ"
သူမ အချိန်အတော်ကြာ အိပ်ပျော်သွားသလို ခံစားရတယ်။သူမရဲ့ ခန္ဓာကိုယ်နဲ့ဝမ်းဗိုက်နှစ်ခုလုံး နာကျင်နေတယ်။
သူမ ချောင်ထျန်းယွီနဲ့လူအများစုဆီက အဖမ်းခံရတာကို မှတ်မိသည်။အဲ့ဒီနောက် သူတို့တွေ လုပ်ကြံသူတွေနဲ့ကြုံပြီး သူမ သတိလစ်မသွားခင် သစ်ပင်နဲ့ရိုက်ဆောင့်မိထားပုံရသည်။သူမ အခု ဘယ်မှာလဲ?
"ချီထျန်းက မင်းကို အမြန်ကယ်နိုင်ခဲ့လို့ပေါ့ မဟုတ်ရင်......"
ချောင်ထျန်းချန်က သူ့စကားကို အဆုံးထိ မပြောရဲပေ။သူက နင်းမုန့်ယောင်ကို သူ့ရင်ခွင်ထဲ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။
"နာတယ်"
သူ့ရဲ့ ခွန်အားအလွန်အကျွံသုံးမှုက သူမနောက်ကျောက ဒဏ်ရာကို ညှစ်လိုက်သလိုဖြစ်ပြီး ငိုမိမတတ် နာကျင်သွားစေသည်။
ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို အမြန်လွှတ်လိုက်ပြီး
"ဘယ်လိုနေသေးလဲ?ကိုယ် နာအောင်လုပ်မိသွားတာလား"
"အဆင်ပြေပါတယ် မစိုးရိမ်နဲ့နော်"
ချောင်ထျန်းချန်က သူမအတွက် အရူးအမူး စိုးရိမ်နေတာကိုကြည့်ပြီး နင်းမုန့်ယောင်က သေးငယ်တဲ့အပြုံးလေး ပြုံးပြလိုက်သည်။
ချောင်ထျန်းချန်က သူမ အဲ့လိုပြောတာကြားရတော့ အနည်းငယ် စိတ်သက်သာရာရသွားသည်။ဒါပေမယ့် မတတ်နိုင်ဘဲ သူမခေါင်းကို ဖွနေမိသေးသည်။
"မင်း နှစ်ရက်တောင် အိပ်ပျော်ထားတာ။ဗိုက်ဆာနေပြီလား?ကိုယ် မင်းအတွက် စားစရာတစ်ခုခု သွားပြင်ပေးမယ်"
ချောင်ထျန်းချန်က နူးညံ့စွာ မေးလိုက်သည်။
"ဗိုက်ဆာတယ်" နင်းမုန့်ယောင်က ခေါင်းငြိမ့်လိုက်သည်။
ချောင်ထျန်းချန်က ချင်းရွှန်းကို နင်းမုန့်ယောင်ရဲ့ဒဏ်ရာတွေ လာပြီးစစ်ဆေးပေးဖို့ ညွှန်ကြားပြီးတဲ့နောက် ခြံဝင်းထဲက မီးဖိုချောင်ငယ်လေးဆီ ထွက်သွားသည်။
သူက နင်းမုန့်ယောင်အတွက် ရိုးရိုးဆန်ပြုတ်တစ်ပွဲ ပြုလုပ်ခဲ့သည်။သူ အခန်းထဲဝင်လာတဲ့အချိန်မှာ ချင်းရွှန်းကနင်းမုန့်ယောင်ကို သူမ သတိထားပြီး ဂရုတစိုက်ရှိဖို့ လိုအပ်တဲ့အကြောင်း ပြောနေတာကြားလိုက်ရသည်။
"ယောင်ယောင် အရင်ဆုံး ဆန်ပြုတ်လေး လာသောက်လိုက်။ကိုယ်ပြီးတော့မှ တစ်ခုခုလုပ်ပေးမယ်"
ချင်းရွှန်းက သူမသခင်မလေးရဲ့ ကိုယ်ဝန်ပျက်ကျမှုက ခန္ဓာကိုယ်ကို ထိခိုက်သွားတာကြောင့် အားဖြည့်စာတွေ စားဖို့လိုအပ်ကြောင်း ပြောထားသည်။
ချောင်ထျန်းချန်က ဒါနဲ့ပတ်သက်ပြီးတော့ အိမ်စာများစွာလုပ်နေခဲ့တာ ဖြစ်သည်။
"အရသာရှိတယ်" နင်းမုန့်ယောင်က ဆန်ပြုတ်ကို အမြန်သောက်ပြီးတော့ အိပ်ရာပေါ်ပြန်လှဲကာ ဆက်ပြီး စားချင်စိတ်မရှိတော့ပေ။
နင်းမုန့်ယောင် မကြာခင်မှာပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။
သူမ အိပ်ပျော်သွားတဲ့နောက် ချောင်ထျန်းချန်က အခန်းထဲကနေ တိတ်တိတ်လေး ထွက်လာခဲ့သည်။သူ အပြင်ထွက်လာတော့ လင်းဇီရိုနဲ့လဲ့အန်းက သူ့ကို စောင့်နေကြသည်။
"ဆရာ မရီးဘယ်လိုနေသေးလဲ"
"အခုတော့ နိုးလာပြီ။မင်းတို့နှစ်ယောက် စကားကို ကြည့်ပြောစေချင်တယ်။ငါတို့ကလေးပျက်ကျသွားတယ်ဆိုတာ ယောင်ယောင်မသိသွားစေနဲ့"
ချောင်ထျန်းချန်က ထိုနှစ်ယောက်ကိုကြည့်ပြီး သတိပေးလိုက်သည်။
လင်းဇီရိုနဲ့လဲ့အန်းက ၎င်းရဲ့နောက်ကွယ်က အကြောင်းပြချက်ကို အပြည့်အဝ နားမလည်ပေမယ့် ခေါင်းငြိမ့်လိုက်သည်။
"ကျွန်တော်တို့ သဘောပေါက်တယ်"
"ငါ မင်းတို့ စုံစမ်းခိုင်းထားတဲ့ ကိစ္စကရော ဘယ်လိုအခြေအနေရှိလဲ" ချောင်ထျန်းချန်ရဲ့ မျက်နှာအမူအရာက ဖြည်းဖြည်းချင်း အေးစက်လာခဲ့သည်။သူက ဘယ်တုန်းကမှ သူတော်စင်တစ်ယောက် မဟုတ်ပေ။တစ်ယောက်ယောက်က သူ့ဇနီးနဲ့ကလေးကို ထိခိုက်အောင်လုပ်ခဲ့တဲ့အတွက် ပြန်ပြီး အကျိုးခံစားရအောင် လုပ်မှာဖြစ်သည်။
"မရီးကို ပြန်ပေးဆွဲခဲ့တာ ချောင်မိသားစုပဲ ပြီးတော့ လမ်းတစ်ဝက်ကနေ တိုက်ခိုက်တာက ရှောင်အိမ်တော်က လျှို့ဝှက်စစ်သည်တွေ။ရှောင်အိမ်တော်က မရီးကို အကွက်ရွှေ့ပြီး တိုက်ခိုက်ချင်ရတဲ့ အကြောင်းပြချက် ရှောင်ကျီရွှမ်းက သူမကိုမုန်းပြီး သေစေချင်လို့ပဲ" လင်းဇီရိုက စုံစမ်းမှုကနေ ရရှိလာတဲ့ အချက်အလက်တွေကို ပြောပြလိုက်သည်။
"ရှောင်ကျီရွှမ်းက သားတစ်ယောက်မွေးထားတယ်လို့ ငါကြားသလားလို့"
ချောင်ထျန်းချန်က ရာသီဉတုဘယ်လောက်ကောင်းတဲ့အကြောင်း မှတ်ချက်ပြုတာနဲ့ တူညီတဲ့ပုံစံ မေးလိုက်သည်။
လင်းဇီရိုရဲ့လက်တွေ လေထုထဲမှာ ရပ်တန့်သွားတယ်။အဲ့ဒါက တကယ့်ကို အမှန်ပဲ။
"ချောင်မိသားစု၊ရှောင်အိမ်တော်နဲ့လင်းအိမ်တော်ကို စုံစမ်းဖို့ တစ်ယောက်ယောက် လွှတ်ထားလိုက်"
ချောင်ထျန်းချန်ရဲ့ ရှောင်ကျီရွှမ်းရဲ့ကလေးအကြောင်း ဆက်မပြောပေ။အဲ့ဒီအစား စကားဝိုင်းကို ခေါင်းစဉ်ပြောင်းလိုက်သည်။
လင်းဇီရိုက စိတ်သက်သာစွာ သက်ပြင်းရှည်ကြီး ချလိုက်တယ်။အခု သူ့ဆရာရဲ့အမူအရာက ကြောက်စရာကောင်းလွန်းလို့ သူတကယ်ကြောက်သွားခဲ့ဝာာ။