← Chapters

အခန်း ၂၁၂

Vol. 9 Ch. 212

အခန်း ၂၁၂

Vol. 9 Ch. 212

Chapter 212

စောနတုန်းက သူ့ဆရာက သူ့ကို ရှောင်ကျီရွှမ်းရဲ့ကလေးကို ဖမ်းခိုင်းတော့မယ်လို့ ထင်ထားတာ........သူ အတွေးလွန်သွားပုံပဲ။

"ဆရာ ကျွန်တော်ပြီးအောင်လုပ်လိုက်မယ် ဒါပေမယ့် မရီးရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး........."

လင်းဇီရိုက ချောင်ထျန်းချန်ကို စိုးရိမ်စွာကြည့်လိုက်သည်။သူက အမှန်တကယ်ပဲ သူမဆီကနေ အမှန်တရားကို ဖုံးကွယ်ထားမလို့လား?သူမ နောက်ကျ သိသွားတဲ့အခါကျရင် ဘာဖြစ်မလဲဆိုတာ ဘယ်သူသိမှာလဲ?

ချောင်ထျန်းချန်က ခေါင်းငြိမ့်လိုက်ပြီး

"ယောင်ယောင်က အခု ကျန်းမာရေးမကောင်းသေးဘူး။ချောင်ထျန်းယွီက သူမထွက်မပြေးနိုင်အောင်လို့ မူးယစ်ဆေးတွေ အလွန်အကျွံသုံးခဲ့တယ်။သူမရဲ့ကျန်းမာရေးက ထိခိုက်ထားတာကြောင့် အားပြန်ဖြည့်ဖို့ လိုအပ်တယ်။သူမ သက်သာလာတဲ့အချိန်ကျရင် ငါပြောမှာပါ"

"ဆရာ သူမဆီကနေ အမှန်တရားကို အကြာကြီး မဖုံးကွယ်ထားတာ အကောင်းဆုံးပဲ။မဟုတ်ရင် သူမရှာတွေ့သွားတဲ့အခါ ဆရာ့အတွက် ကောင်းမှာမဟုတ်ဘူး"

"ငါသိတယ် မင်းကိစ္စကိုသွားလုပ်တော့"

လင်းဇီရို ထွက်သွားပြီးနောက် ရှောင်ချီထျန်းနဲရှောင်ချီဖုန်း ရောက်လာသည်။

"ထျန်းချန် မင်းပြန်လာပြီ"

"အင်း"

ချောင်ထျန်းချန်မှာ အများကြီး ပြောစရာမရှိပေ။အကူအညီမဲ့စွာနဲ့ ရှောင်ချီဖုန်းက သူ့ကို စိုးရိမ်မှုအပြည့်ဖြစ်နေတဲ့ မျက်လုံးတွေနဲ့ကြည့်ကာ

"ထျန်းချန် မင်းအဆင်ပြေရဲ့လား"

"အဆင်ပြေပါတယ် ဒါပေမယ့် ကျွန်တော် အဲ့ဒီမိသားစုသုံးစုကို အလွတ်ပေးမှာမဟုတ်ဘူး"

ချောင်ထျန်းချန်က ရှောင်ချီဖုန်းကိုကြည့်ပြီး သူ့အတွေးတွေကို ပြောနေတဲ့အတိုင်းပင်။

ရှောင်ချီဖုန်းက ခေါင်းငြိမ့်လိုက်ပြီး

"ငါသိတယ် ငါတို့ရဲ့ချစ်လှစွာသော ဦးရီးတော်နဲ့လင်းအိမ်တော်က ဒီနှစ်တွေထဲမှာ အတော်လေးရည်မှန်းချက်ကြီးလာကြတယ်။အခု ဒီအခွင့်အရေးကိုယူပြီး သူတို့ကို ထိန်းချုပ်လိုက်တာ ကောင်းတယ်"

"အင်း"

ချောင်ထျန်းချန်က သူ့နှလုံးသားရဲ့နက်ရှိုင်းတဲ့အောက်ခြေမှာ လက်စားချေချင်တာ တစ်ခုထဲရှိတဲ့အတွက် ဒီအကြောင်းကို ဆက်မပြောချင်တော့ပေ။

"ထျန်းချန် မင်း မုန့်ယောင်ကို နည်းနည်းလောက် ဖြောင်းဖြနိုင်ဖို့ ငါမျှော်လင့်တယ်။မင်းတို့နှစ်ယောက် အဲ့ဒီမိသားစု၃စုကို ဘယ်လိုပဲ ကိုင်တွယ်ပါစေ ငါကန့်ကွက်စရာမရှိဘူး"

ရှောင်ချီဖုန်းက တိုင်းပြည်၏ ဧကရာဇ်ဖြစ်သည်။သူတို့ရဲ့နာကျင်မှုကို သူနားလည်နိုင်ပေမယ့်လည်း ရှောင်တိုင်းပြည်ကို လျစ်လျှူမရှုနိုင်ပေ။

"အင်း ကျွန်တော်သိတယ်။သူမက ကျန်းမာရေးမကောင်းသေးဘဲ ပြန်ပြီးအားဖြည့်ဖို့လိုသေးတာမလို့ အခုထိ ဒီအကြောင်း မပြောပြရသေးဘူး"

ချောင်ထျန်းချန်က ရှောင်ချီဖုန်းကို ခံစားချက်ကင်းမဲ့စွာ ကြည့်လိုက်သည်။

ရှောင်ချီဖုန်းက အံ့အားသင့်သွားပြီး မျက်လွှာချကာ

"တောင်းပန်ပါတယ်"

"တစ်ခြားဘာမှမရှိတော့ဘူးဆိုရင် ကျွန်တော်အခန်းထဲ ပြန်သွားတော့မယ်"

ချောင်ထျန်းချန်က ဒီအချိန်မှာ ဘယ်သူ့ကိုမှ မတွေ့ချင်ပေ။သူတစ်ယောက်ထဲပဲ နေချင်သည်။

ရှောင်ချီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် ရှောင်ချီထျန်းနှင့်အတူ ထွက်သွားသည်။သူတို့တွေ ခြံဝင်းရှေ့ကို ရောက်တဲ့အချိန် သူက ချောင်ထျန်းချန်ဘက်ကိုလှည့်ပြီး

"မင်းရဲ့ ဗိုလ်ချုပ်ကြီးအဆင့်အိမ်တော်က အသင့်ဖြစ်နေပြီ။မင်းနဲ့မုန့်‌ယောင် အဲ့ဒီမှာအချိန်မရွေးနေလို့ရတယ်"

"အင်း"

ချောင်ထျန်းချန်မှာ အခြားလူတွေကို လက်တစ်ကမ်းလောက်သာ ကြည့်တဲ့အကြည့်ရှိပေမယ့် ရှောင်ချီဖုန်း စိတ်မဆိုးပေ။သူ့ခေါင်းကိုသာရမ်းလိုက်ပြီး ထွက်သွားခဲ့သည်။

အရင်တုန်းက ချောင်ထျန်းချန် ဒီလောက်စိတ်ဓာတ်ကျနေတာမျိုး သူတစ်ခါမှ မမြင်ဖူးဘူး။

ဒါက သူ့ကို ဒီလိုမျိုးမြင်ရတာ ပထမဆုံးအကြိမ်ဖြစ်ပြီး အကြီးကြီး အံ့အားသင့်သွားစေတယ်။

ရှောင်ချီထျန်းက ရှောင်ချီဖုန်းနောက်ကလိုက်လာပြီး

"အစ်ကိုတော် မင်းဒီကိစ္စထဲ ဝင်မပါရဘူးနော်"

"ငါသိတယ်"

ဒီတစ်ခေါက် တစ်ယောက်ယောက်က သေချာပေါက် ပြန်ပေးဆပ်ရမှာဖြစ်ပြီး စုံတွဲရဲ့ဒေါသကို ‌ဖြေလျှော့ပေးလိုက်ရင် ကိစ္စတွေက ထပ်ပြီးကောင်းလာလိမ့်မယ်။

ရှောင်ချီဖုန်းက သူ့ညီတော်ရဲ့အိမ်တော်ကနေ ထွက်ခွာပြီး နန်းတော်ထဲကို တိုက်ရိုက်ပြန်သွားခဲ့သည်။

ပြီးတော့ အခုချိန်မှာ ရှောင်အိမ်တော်က ရှောင်ရီလင်းက စိတ်မချမ်းမြေ့စွာ မျက်မှောင်ကြုတ်ထားသည်။အမှန်အတိုင်းဆိုရင် သူလွှတ်လိုက်တဲ့လူတွေက ပြန်လာပြီးတော့ သူ့ကိုတင်ပြနေသင့်ပြီ။ဒါဆို ဘာလို့ တစ်ယောက်မှ ပြန်မလာသေးတာလဲ တစ်ခုခုဖြစ်နေတာလား?

ရှောင်ရီလင်းက မျက်ခုံးတွေကို ပွတ်လိုက်ပြီး တစ်ယောက်ယောက်ကို ခေါ်ကာ အခြေအနေ စစ်ဆေးခိုင်းလိုက်သည်။

ချောင်ထျန်းချန်က တော်ဝင်ရုံးတော်ကို ပြန်လာပြီဖြစ်ပြီး သူ့ဇနီးက ကိုယ်ဝန်ပျက်ကျသွားကာ လက်ရှိမှာ ချီရဲ့တော်ဝင်အိမ်တော်မှာ နေနေတယ်ဆိုတဲ့ သတင်းကိုသိရတော့ ရှောင်ရီလင်းရဲ့နှလုံးက ရပ်လုနီးပါးဖြစ်သွားသည်။

သူမ အသက်ရှင်နေသေးပေမယ့် ကလေးကပျက်ကျသွားခဲ့ပြီ။အစစကတည်းက ရှောင်ကျီရွှမ်းရဲ့စကားကို နားမထောင်ခဲ့သင့်ဘဲ သူတို့ကို ပြဿနာသွားရှာမိတာကို သူနောင်တရတယ်။

ချောင်ထျန်းချန်က သူ့ကို အလွယ်တကူ လွှတ်ပေးမှာမဟုတ်ဘူးဆိုတာ စဉ်းစားစရာတောင်မလိုဘူး။သူ(ချောင်ထျန်းချန်)က ဧကရာဇ်ရဲ့အယုံကြည်ဆုံးလူဖြစ်ပြီးတော့ သူဘာပဲလုပ်ပါစေ အဲ့ဒါနဲ့ပတ်သက်ပြီး ဧကရာဇ်က ကန့်ကွက်မှာ မဟုတ်ဘူး။

ချောင်ကျန်းဟုန်လည်းပဲ တူညီတဲ့သတင်းကို ရရှိသည်။ဒါပေမယ့် စိုးရိမ်ရမယ့်အစား သူက တကယ့်ကို စိတ်လှုပ်ရှားနေခဲ့သည်။ချောင်ထျန်းချန် ပြန်လာသရွေ့ သူ့မှာ အသာစီးပြန်ယူနိုင်ဖို့ အခွင့်အရေးရှိသည်။

သူ့သားအပါအဝင် သူလွှတ်လိုက်တဲ့ လူတွေအတွက်တော့ သူတို့တွေ သေလားရှင်လားကို သူဂရုမစိုက်ဘူး။ချောင်ကျန်းဟုန်ရဲ့စိတ်ထဲမှာ ချောင်ထျန်းချန်က သူ့ကို ဘာမှလုပ်မှာမဟုတ်ဘူးဆိုတာ သေချာတယ်။ဘာပဲဖြစ်ဖြစ် သူက အဖေပဲလေ။

သူ့အဖေကို ထိခိုက်အောင် လုပ်ရဲလား?

သို့ပေမယ့် ဒါက ချောင်ကျန်းဟုန်ရဲ့လုပ်ရပ်တွေကို နောက်ပိုင်းမှာ နောင်တရသွားစေတဲ့ အတွေးပင်ဖြစ်သည်။

All Chapters