အခန်း ၂၁၅
Vol. 9 Ch. 215
Chapter 215
ချောင်ထျန်းချန် ချောင်မိုအပေါ် သုတ်လိမ်းလိုက်တာက တကယ်တော့ ပျားရည်ဖြစ်သည်။မြေအောက်အကျဉ်းတိုက်လိုနေရာမျိုးတွင် ပုရွက်ဆိတ်တွေက အပေါများဆုံးဖြစ်သည်။သူ့ပေါ်က ဒဏ်ရာတွေနဲ့ပျားရည်ကနေတစ်ဆင့် ပုရွက်ဆိတ်တွေက သူ့ဆီတွယ်တက်လာကြမှာဖြစ်သည်။
ချောင်ထျန်းချန်က သုတ်လိမ်းပြီးသွားတဲ့နောက် သူက ချောင်မိုရဲ့မေးစေ့ကို အဆစ်လွဲအောင် လုပ်ပစ်လိုက်သည်။ဒါဆိုရင် သူ့မှာ သေကြောင်းကြံဖို့ အခွင့်အလမ်း မရှိနိုင်တော့ချေ။
"ချောင်မို မင်းဒါကို ကောင်းကောင်း ပျော်ရွှင်ဖို့လိုတယ်။စိတ်မပူပါနဲ့ ငါမင်းကို အရမ်းလွယ်လွယ်လေးတော့ သေခိုင်းမှာမဟုတ်ဘူး။မဟုတ်ရင် ငါ့စိတ်ထဲက နာကျင်မှုကို သက်သာအောင် ဘယ်လိုလုပ်ရတော့မှာလဲ?ငါက ငါခံစားရတဲ့ နာကျင်မှုကို မင်းကို မျှပေးချင်တာ"
ချောင်ထျန်းချန်က ချောင်မိုရဲ့ချွေးတွေအပြည့် ဖြူဖျော့နေတဲ့မျက်နှာကိုကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
ချောင်ထျန်းချန်က ထိုင်ခုံပေါ်ပြန်ထိုင်ပြီးတော့ နောက်ဘာဖြစ်လာမလဲဆိုတာကို စောင့်နေခဲ့သည်။
သိပ်မကြာခင်မှာပဲ မြေကြီးပေါ်က ပုရွက်ဆိတ်များစွာကို လဲ့အန်း ဂရုပြုမိသွားသည်။
ထူထပ်စွာပေါင်းစည်းထားတဲ့ အရာသေးသေးလေးတွေကိုကြည့်ပြီး ကမ္ဘာပေါ်က အရာအားလုံးကို မြင်ဖူးနေကျဖြစ်တဲ့ လဲ့အန်းနဲ့လင်းဇီရိုတောင်မှ မတတ်နိုင်ဘဲ လည်ဂုတ်တစ်လျှောက် ကြက်သီးတွေ ထကုန်သည်။
ချောင်မိုကို တိတ်ဆိတ်စွာနဲ့ တစ်ချက်ကြည့်ပြီးမှ တည်တည်ငြိမ်ငြိမ် မတ်တပ်ရပ်လိုက်သည်။
သူတို့ဆရာ ပြောတာမှန်တယ်။သူခံစားခဲ့ရတဲ့ နာကျင်မှုက ချောင်မိုထက်အများကြီးပိုတယ်။၎င်းနဲ့ယှဉ်လိုက်ရင် ဒါက ဘာမှမဟုတ်ဘူး။
"အားး......"
ပထမဆုံး ပုရွက်ဆိတ်က သူ့ဒဏ်ရာထဲကို သူ့ဒဏ်ရာထဲကို ထိုးကျသွားတဲ့အခါ နောက်ထပ်တစ်ကောင် လိုက်လာသည်၊ပြီးနောက် တတိယတစ်ကောင် လိုက်လာသည်။မကြာခင်မှာပဲ သူ့ဒဏ်ရာပေါ်မှာ များပြားတဲ့ ပုရွက်ဆိတ်တွေ ရောက်လာခဲ့သည်။
(Kikko:ကိုယ်တောင်ရေးရင်းနဲ့ ကြက်သီးထတယ်)
သူ့ဒဏ်ရာတွေပေါ်က ပျားရည်ကြောင့် အဲ့ဒီပုရွက်ဆိတ်တွေက သူ့ဒဏ်ရာထဲ ထိုးစိုက်နေတာကို မရပ်တန့်ကြပေ။ဒီနာကျင်မှုက ချောင်မိုကို အော်ဟစ်စေသည်။
သူ့ရဲ့သနားစရာကောင်းတဲ့ပုံစံကို ကြည့်ပြီး အကျဉ်းခန်းထဲက ကြည့်နေတဲ့လူတွေ တုန်လှုပ်သွားကြသည်။သူတို့တွေ သူတို့ကိုယ်သူတို့ အလွန်အထင်ကြီးပြီးတော့ တတိယသခင်လေးကို အထင်သေးမိခဲ့တဲ့ပုံပဲ။
ချောင်မို မချိမဆံ့ဝေဒနာ ခံစားနေရတာကိုကြည့်ပြီး ချောင်ထျန်းချန်ရဲ့ ပါးစပ်ထောင့်တွေက အသာလေး ကွေးချိတ်သွားသည်။
"လဲ့အန်း တစ်ယောက်ယောက်ကို သူ့ကို စောင့်ကြည့်ခိုင်းထား။သူ့ကို မသေစေနဲ့"
"ဟုတ်ကဲ့ ဆရာ"
"ပြီးတော့ တစ်ခြားလူတွေအတွက်ကတော့ သူတို့ထဲက တစ်ယောက်ယောက် သတ်သေသွားတယ်ဆိုတဲ့ သတင်းမျိုး ငါမကြားချင်ဘူး"
ချောင်ထျန်းချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး ချောင်ထျန်းယွီကို တွေ့ဖို့ လှည့်ထွက်သွားသည်။
"သခင်လေး စိတ်မပူပါနဲ့" လဲ့အန်းက တည်တည်ငြိမ်ငြိမ် ပြောလိုက်ပေမယ့် သူ့စိတ်ထဲမှာတော့ မျက်ရည်မထွက်ဘဲ ငိုနေပြီဖြစ်သည်။သူတို့တွေ ပြီးသွားပြီ။ဆရာက ဒီတစ်ခေါက်တော့ အမှန်တကယ်ကို ဒေါသထွက်နေတာ။
ချောင်ထျန်းချန်က ထွက်မသွားခင် ချောင်မိုကို ကြည့်လိုက်သည်။ဒါက အစပဲရှိသေးတယ်။အဲ့ဒီ ပြဿနာကိုဂြိုလ်မွှေတဲ့လူအားလုံး ကြောက်ဖို့ကောင်းတဲ့ တန်ဖိုးကို ပြန်ပေးဆပ်ရမယ်။
ချောင်ထျန်းချန် ထွက်သွားပြီးတဲ့နောက် လဲ့အန်းက သူ့ရင်ဘတ်ကို ပုတ်လိုက်ပြီး
"ဆရာ့ရဲ့ ဒီလိုမျိုးပုံစံက အရမ်းကြောက်ဖို့ကောင်းတာပဲ"
"မင်းပြောတာဟုတ်တယ်"
လင်းဇီရိုက ချောင်ထျန်းချန်၏ပုံရိပ်ကို စိတ်ပူစွာ ကြည့်လိုက်သည်။သူက အကျဉ်းခန်းထဲက အဲ့ဒီလူတွေကို စိတ်မပူပေ၊သူပိုပြီးတော့ စိတ်ပူတာက ချောင်ထျန်းချန်သာ သူ့ကိုယ်သူ ဒေါသမဖြေဖျောက်နိုင်ရင် ဘာဖြစ်လာမလဲဆိုတာကိုပဲ။
သူ စိတ်တောင်မကူးရဲဘူး။
ချောင်ထျန်းချန် မြေအောက်အကျဉ်းတိုက်ကနေ ထွက်သွားပြီးတဲ့နောက် ပေါက်ကွဲတော့မယ့် ဒေါသကို ထပ်ပြီးဖိနှိပ်ထားလိုက်သည်။
"ချင်းရွှန်း စာတစ်စောင်ရေးပြီးတော့ အဖွားချင်ကိုလာဖို့ပြောလိုက် ပြီးတော့ ဦးလေးကျန်းကို ဝိုင်တွေနဲ့အလုပ်ရုံကို ကိုင်တွယ်ထားဖို့ပါ ပြောလိုက်ဦး"
ချောင်ထျန်းချန်က ပြန်မလာခင် အနီးနားက ခြံဝင်းဆီသွားပြီးတော့ သူ့ကိုယ်ပေါ်က သွေးနံ့တွေကို ဆေးကြောကာ အဝတ်အစားအသစ် လဲလှယ်ဝတ်ဆင်ပြီးတော့မှ သူ့ခြံဝင်းဆီပြန်သွားသည်။
ချင်းရွှန်းက ခေါင်းငြိမ့်ပြီးတော့ ချက်ချင်းထွက်သွားသည်။သို့သော်ငြားလည်း ချောင်ထျန်းချန်က ဒီဆုံးဖြတ်ချက်ကြောင့် သူ့စိတ်ထဲက ဖုံးကွယ်ထားတဲ့ အရာအားလုံးကို လွှတ်ပေးမိလိုက်တာကို သတိမထားမိပေ။အဲ့ဒီနောက် နင်းမုန့်ယောင်က သူလုပ်ခဲ့တဲ့ဆုံးဖြတ်ချက်အတွက် သူ့ကို နောင်တရအောင် လုပ်ခဲ့သည်။
ချောင်ထျန်းချန်က အခန်းထဲကိုပြန်လာပြီး နင်းမုန့်ယောင်က ကုတင်ပေါ်မှာ လှဲနေကာ မျက်နှာကျက်ကို အသက်မရှိစွာ စိုက်ကြည့်နေခဲ့သည်။
"မင်း ဘာလုပ်နေတာလဲ" ချောင်ထျန်းချန်က သူမကို ရွှင်မြူးစွာ ကြည့်လိုက်သည်။
နင်းမုန့်ယောင်က သူမခေါင်းကိုလှည့်ပြီးတော့ ချောင်ထျန်းချန်ကို လေးတွဲ့စွာကြည့်ကာ
"ကျွန်မတော့ ချင်းရွှန်းက ဘာဖြစ်နေမှန်းကို မသိဘူး။ကျွန်မက အရှင်းကြီးနေကောင်းနေပြီကို ကျွန်မကို အိပ်ရာထဲမှာပဲ နားစေချင်နေတယ် ပြီးတော့ ကျွန်မ ဘာမှတောင် မလုပ်ရဘူး"
သူမနိုးလာတဲ့အချိန် ချောင်ထျန်းချန်က အလုပ်များနေပြီး နေရာမှာ မရှိပေ။သူမက ဒီလိုဆိုမှတော့ အပြင်ထွက်ပြီး လမ်းလေးဘာလေးလျှောက်မယ်ဟု စဉ်းစားခဲ့တာဖြစ်သည်။ဒါပေမယ့် အထဲဝင်လာတဲ့ ချင်းရွှန်းက သူမကို အိပ်ရာထဲ ပြန်ခေါ်သွားလိမ့်မယ်လို့ ဘယ်သူသိမှာလဲ။ချင်းရွန်းက သူမကို အိပ်ရာကနေမထခိုင်းဘဲ တစ်ခုခုလုပ်တာကို ကန့်သတ်ထားပြီး ဘေးကနေ စောင့်ကြည့်နေခဲ့သည်။
ချင်းရွှန်းထွက်သွားတဲ့အချိန်မှာပဲ သူမတော့ အိပ်ရာထဲကနေထွက်လို့ရပြီလို့ ထင်လိုက်ပေမယ့် ချောင်ထျန်းချန်က ဝင်လာတယ်။
"ဒီတစ်ခေါက် မင်းရဲ့အဓိကစွမ်းအင်တွေက ထိခိုက်သွားတာလေ အဲ့ဒါကြောင့် ကောင်းကောင်းအနားယူဖို့ လိုအပ်တယ်။မထခင် ရက်နည်းနည်းလောက် ပိုပြီးအနားယူလိုက် ဟုတ်ပြီလား"
ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို စိုးရိမ်မှုအပြည့်နဲ့ ကြည့်နေခဲ့သည်။
နင်းမုန့်ယောင်က ချောင်ထျန်းချန်ရဲ့အမူအရာကြောင့် ဘာမှမလုပ်နိုင်တော့ဘဲ အကူအညီမဲ့စွာနဲ့ ခေါင်းငြိမ့်လိုက်သည်။
"ဒါဆိုလည်း ကောင်းပြီလေ"
"လိမ္မာလိုက်တဲ့ကောင်မလေး”