အခန်း ၂၁၈
Vol. 9 Ch. 218
Chapter 218
ချောင်ထျန်းချန်က လဲ့အန်းကို လူကို သူ့ရဲ့အချုပ်ခန်းထဲ ပြန်ခေါ်သွားပြီး ချင်းရွှန်းကို သူ(ချောင်မို)စကားပြောနိုင်ရန်အတွက် မေးရိုးကို ကုသခိုင်းမလို့ ညွှန်ကြားမယ့် အချိန်မှာပဲ ချင်းရွှန်းက မျက်ဝန်းထဲမှာ ကြောက်ရွံ့စိုးရိမ်မှုအပြည့်နဲ့ ပြေးဝင်လာခဲ့သည်။
နင်းမုန့်ယောင် တစ်ခုခုဖြစ်သွားတယ်ဆိုတာ ကြားတော့ သူ ချောင်မိုကို ဂရုမစိုက်နိုင်တော့ပေ။သူက အမြန် မတ်တပ်ရပ်လိုက်ပြီး ချင်းရွှန်းရဲ့ လက်မောင်းတွေကို ဆွဲကာ
"သူမ ဘာဖြစ်လို့လဲ"
"သခင်လေး သခင်မလေးက အဲ့အကြောင်းကို သိသွားပြီ"
ချောင်ထျန်းချန် နှလုံးခုန်မြန်သွားတယ်။ထိုအကြောင်းနဲ့ပတ်သက်ပြီး သူ မကောင်းတဲ့ခံစားချက် ရနေတယ်။
ချင်းရွှန်းကို ဘေးသို့ တွန်းဖယ်လိုက်ပြီး သူ့ခြံဝင်းဆီ အမြန်သွားကာ အချိန်ကုန်သက်သာစေဖို့အတွက် သူ့ရဲ့ ကိုယ်ခံပညာကိုတောင် အသုံးပြုလိုက်သည်။
ချောင်ထျန်းချန် သူ့ခြံဝင်းကို ရောက်တဲ့အချိန် နင်းမုန့်ယောင် မေးနေတာကို ကြားလိုက်ရသည်။
"ချင်းရွှန်း ငါက ကိုယ်ဝန်ပျက်ကျထားတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ ငါ့ကို ရှင်းအောင် ပြောစမ်းပါ"
နင်းမုန့်ယောင်က ချင်းရွှန်းရဲ့လက်မောင်းတွေကို ဆွဲထားပြီး မရပ်မနား တုန်ယင်နေသည်။
ဒီနေ့ သူမ အိပ်ရာထဲမှာ လှဲနေရတာ ပျင်းလာတဲ့အတွက်ကြောင့် အိပ်ရာကထပြီးတော့ လမ်းလျှောက်ရန် စိတ်ကူးခဲ့သည်။ဒါပေမယ့် သူမ တံခါးနားရောက်တဲ့အချိန် ချင်းရွှန်းက အခုမှ ရောက်လာတဲ့ အဖွားချင်ကို ကိုယ်ဝန်ပျက်ကျမှုအကြောင်း ပြောနေတာ ကြားလိုက်ရသည်။
ဒါကြောင့် သူမက တံခါးကို တွန်းဖွင့်ပြီး အပြင်ထွက်ကာသူတို့တွေ ဘာကိုဆိုလိုတာလဲဆိုတာ မေးပေမယ့် ချင်းရွှန်းက သူမကို ဘာမှမပြောဘဲ အဲ့ဒီအစား ပြေးထွက်သွားခဲ့သည်။
"သခင်မလေး......ကျွန်မ.......ကျွန်မ........"
ချင်းရွှန်းက နင်းမုန့်ယောင်ကို မကြည့်ရဲပေ။သူမက အလွန် မချင့်မရဲ ဖြစ်နေခဲ့သည်။သူမ ဘာလို့များ ဒီလိုကိစ္စကို အခန်းနားမှာ ပြောလိုက်ရတာလဲ?
"ချင်းရွှန်း ငါ့ကိုရှင်းအောင်ပြောစမ်းပါ။ငါ ကိုယ်ဝန်ပျက်ကျထားတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ!ငါ့ကို ပြောလို့!"
နင်းမုန့်ယောင်က ချင်းရွှန်းရဲ့လက်မောင်းတွေကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သူမ မျက်ဝန်းတွေကိုမကြည့်ဘဲ တမင်မေးလိုက်သည်။
ချောင်ထျန်းချန်က အခြေအနေကို မြင်တော့ နင်းမုန့်ယောင်ဆီ ချက်ချင်းသွားပြီး ချင်းရွှန်းရဲ့လက်မောင်းတွေကို ဆုပ်ကိုင်ထားတဲ့ သူမလက်တွေကို ဆွဲယူကာ သူမကို သူ့ရင်ခွင်ထဲ ထွေးပွေ့ထားလိုက်သည်။
"ယောင်ယောင် အားလုံးအဆင်ပြေတယ်နော်။အားလုံးအဆင်ပြေတယ်"
သူက နင်းမုန့်ယောင်ရဲ့ကျောကို အသာလေးပုတ်ပေးပြီး သူမကို နှစ်သိမ့်ပေးသည်။
"ထျန်းချန် ကျွန်မကို ပြောစမ်းပါ။ရှင် ကျွန်မဆီကနေ တစ်ခုခု ဖုံးကွယ်ထားတာလား?"
နင်းမုန့်ယောင်က သူမကို ရစ်ပတ်ထားတဲ့ သူ့လက်တွေကနေ ရုန်းထွက်ပြီး ခေါင်းမော့ကာ သူ့ကို ပြင်းထန်စွာ မေးလိုက်သည်။
ချောင်ထျန်းချန် တိတ်ဆိတ်သွားတယ်။ချင်းရွှန်းလိုပဲ သူလည်း သူမကို မပြောပြချင်ဘူး။
"ထျန်းချန် ကျွန်မရှင့်ကို တောင်းပန်ပါတယ်။ကျေးဇူးပြုပြီး ကျွန်မကို ပြောပြပါနော်။သူတို့တွေက ပြောတယ် ကျွန်မက ကိုယ်ဝန်ပျက်ကျထားတာတဲ့။သူတို့က ဘာကိုဆိုလိုတာလဲ?ရှင် ကျွန်မကို ကျေးဇူးပြုပြီး ပြောပြပေးပါနော်"
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို တောင်းပန်လိုက်တယ်။လူတိုင်းက သိနေကြပြီးတော့ သူမတစ်ယောက်ထဲ အမှောင်ထဲမှာ ရှိနေရတဲ့ ခံစားချက်မျိုးကို မကြိုက်ဘူး။
ချောင်ထျန်းချန်က သူမကို ရင်ခွင်ထဲသို့ ထပ်ပြီး ဆွဲသွင်းလိုက်သည်။သူက သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး သူမ ဘယ်လောက်ပဲ ရုန်းနေပါစေ လွှတ်မပေးချေ။
"ယောင်ယောင် မင်းသာ စိတ်မလှုပ်ရှားဘူးလို့ ကိုယ့်ကို ကတိပေးရင် ကိုယ်ပြောပြမယ် ဟုတ်ပြီလား"
ဒီလိုမျိူး သူမ နာကျင်နေတာကို မြင်ရတော့ သူ့နှလုံးသား နာကျင်ရတယ်။
"အင်း ရှင်ပြောပြမယ်ဆို ကျွန်မကတိပေးတယ်"
နင်းမုန့်ယောင်က သူ့ရင်ခွင်ထဲ မှီလိုက်ပြီး ရက်ရက်ရောရော ခေါင်းငြိမ့်လိုက်သည်။သူ သူမကို ပြောပြနိုင်သရွေ့ပဲ။
ချောင်ထျန်းချန်က ချင်းရွှန်းနဲ့ကျန်တဲ့လူတွေကို ထွက်သွားရန် အချက်ပြလိုက်သည်။
ချင်းရွှန်းက နင်းမုန့်ယောင်ကို စိုးရိမ်စွာ ကြည့်လိုက်ပြီး တိတ်တဆိတ် ထွက်သွားသည်။
သူတို့ ထွက်သွားပြီးတဲ့နောက် ချောင်ထျန်းချန်က သူမကို ခါးကနေပွေ့ချီပြီး သူတို့အခန်းထဲ ပြန်သွားသည်။သူက သူမကို အိပ်ရာပေါ် ချပေးလိုက်ပြီး စောင်ခြုံပေးလိုက်သည်။
နင်းမုန့်ယောင်က ကောင်းကောင်းနာခံနေပြီး သူ့ကိုခွင့်ပြုထားသည်။အဲ့ဒီနောက် သူမက သူ့ကို မော့ကြည့်ပြီး
"ထျန်းချန် ရှင်ကျွန်မကို ပြောပြမယ်လို့ ပြောထားတယ်နော်။ရှင့်စကားကို ပြန်ရုတ်သိမ်းလို့ မရဘူး"
"ကိုယ်သိပါတယ်။ကိုယ်ပြောပြီးသားစကားကို ပြန်ရုတ်သိမ်းမှာ မဟုတ်ပါဘူး"
ချောင်ထျန်းချန်က သူမကို ဖက်လိုက်ပြီး သူမရဲ့ပုခုံးပေါ် သူ့မေးစေ့တင်ကာ သူ့လက်ကို သူမရဲဗိုက်ပေါ် တင်လိုက်ပြီး
"အရင်က ဒီနေရာမှာ ကလေးလေးတစ်ယောက်က တစ်လနီးပါး ရှိခဲ့တယ်"
နင်းမုန့်ယောင်က သူမဗိုက်ကို ငုံ့ကြည့်လိုက်ပြီး ထိုအကြောင်းနဲ့ပတ်သက်ကာ မကောင်းတဲ့ခံစားချက် ရနေသည်။
"ချင်းရွှန်း.......သူတို့......သူတို့တွေက ကျွန်မက ကိုယ်ဝန်ပျက်ကျထားတယ်လို့ပြောတယ် အဲ့ဒါ အမှန်ပဲလား?ကလေးက မရှိတော့ဘူးလား" နင်းမုန့်ယောင်၏အသံက တုန်လှုပ်နေသည်။
သူမ သတိရလာတဲ့အချိန် သူမဗိုက်ထဲက နာကျင်မှုခံစားရတာ မထူးဆန်းတော့ဘူး။သူတို့တွေက သူမကို ၎င်းက သူမရထားလုံးပေါ်က ပြုတ်ကျတဲ့အချိန် ဝမ်းဗိုက်နဲ့မြေကြီးနဲ့ ရိုက်မိထားတာကြောင့်လို့ ပြောကြသည်။သူတို့တွေက သူမကို မီးဖွားထားသလိုမျိုး ဆေးဖက်ဝင်စွပ်ပြုတ်အမျိုးမျိုး တိုက်ကျွေးတာကလည်း အံ့ဩစရာမကောင်းတော့ပေ။
အဲ့ဒါကြောင့်ပဲ ချောင်ထျန်းချန်က ထူးထူးဆန်းဆန်း ပြုမူနေတယ်လို့ သူမအမြဲတမ်း ခံစားနေရတာ ဖြစ်မယ်။သူတို့တွေ တကယ်ပဲ အရမ်းကြီးမားတဲ့ ကိစ္စကို သူမဆီကနေ ဖုံးကွယ်ထားကြတယ်။
"ရှင် ဘာလို့ ကျွန်မကို မပြောပြရတာလဲ?ရှင့်မှာ ကျွန်မဆီကနေ ဒါကို ဖုံးကွယ်ထားခွင့် ဘာရှိလို့လဲ"
နင်းမုန့်ယောင်က သူမရဲ့ ခွန်အားကို အသုံးပြုပြီး သူ့ရင်ခွင်ထဲက ရုန်းထွက်ရန်ကြိုးစားသည်။
ဒါပေမယ့် ချောင်ထျန်းချန်က ဘာပဲဖြစ်ဖြစ် သူမကို သူ့ရင်ခွင်ထဲမှာ တင်းကြပ်စွာ ဖက်ထားပြီး
"ယောင်ယောင် စိတ်အေးအေးထားပြီး ကိုယ်ပြောတာ နားထောင်"
"ကျွန်မ နားမထောင်ဘူး!ကျွန်မ နားမထောင်ချင်ဘူး!ရှင်က ဘယ်လိုလုပ် ကျွန်မဆီကနေ ဖုံးကွယ်ထားနိင်ရတာလဲ!"
နင်းမုန့်ယောင်က လွတ်အောင်ကြိုးစားနေပြီး မရတာကြောင့် သူ့လက်မောင်းကို ကိုက်ပစ်လိုက်သည်။