အခန်း ၂၁၉
Vol. 9 Ch. 219
Chapter 219
ချောင်ထျန်းချန်က လှုပ်ရှားရုန်းကန်ခြင်း မပြုခဲ့ပေ။သူက နင်းမုန့်ယောင်ကို သူ့ကို ကိုက်ခွင့်ပေးထားပြီး သူမရဲ့ ရက်စက်တဲ့ခွန်အားက သူ့အသားကိုကိုက်ရရင် ပျော်ရွှင်သွားတဲ့အတိုင်းပင်။
သူမပါးစပ်ထဲ သွေးအရသာကို ခံစားမိလိုက်တဲ့အခါမှသာ နောက်ဆုံးတော့ အသိဝင်သွားပြီး ကြောင်အသွားသည်။
သူမလွှတ်ချလိုက်တာကို သတိထားမိတော့ ချောင်ထျန်းချန်က သူမကို ဂရုတစိုက်နဲ့ အိပ်ရာပေါ် လှဲပေးလိုက်သည်။သူက လှည့်ပြီးတော့ သူမအပေါ်ကနေ အုပ်မိုးထားကာ သူမရဲ့ နာကျင်မှုတွေ မျက်ရည်တွေနဲ့ ပြည့်နှက်နေတဲ့ မျက်ဝန်းကို စိုက်ကြည့်နေခဲ့သည်။
သူက ငုံ့ကာ သူမရဲ့ မျက်လုံးတွေအပေါ် အနမ်းပေးလိုက်ပြီး ဒီလိုရိုးရှင်းတဲ့လုပ်ဆောင်ချက်လေး တစ်ခုက သူ့ရဲ့ တုန်လှုပ်မှုနဲ့ကြောက်ရွံ့မှုကို နင်းမုန့်ယောင် ခံစားမိသည်။
"ယောင်ယောင် ကိုယ်မင်းကို မပြောချင်ခဲ့လို့ မဟုတ်ပါဘူး။ကိုယ် မင်းကို မပြောရဲလို့ပါ"
"ဘာလို့လဲ?ကျွန်မက ရှောင်တိုင်းပြည်ကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားအောင်လုပ်မှာ စိုးရိမ်လို့လား"
"အဲ့လိုမဟုတ်ဘူး မင်းအဲ့ဒါကို လုပ်ပစ်ချင်တော့ရော ဘာဖြစ်လဲ?ဒါပေမယ့် ဒါက ကိုယ်လုပ်ခဲ့ရတဲ့ အကြောင်းရင်းမဟုတ်ဘူး"
ချောင်ထျန်းချန်က သူမရဲ့ မိန်းမောတွေဝေပြီး ဗလာဖြစ်နေတဲ့ မျက်ဝန်းတွေနဲ့ပုံစံကိုကြည့်ကာ သူ့နှလုံးသား ပြင်းထန်စွာ နာကျင်သွားသည်။
"မင်းက ချောင်ထျန်းယွီဆီကနေ ကြွက်သားတွေမလှုပ်ရှားနိုင်အောင်လုပ်နိုင်တဲ့ ဆေးအပျော့စား အခတ်ခံခဲ့ရတာ ပြီးတော့ ကိုယ်ဝန်ပျက်သွားတယ်။မင်းရဲ့ကျန်းမာရေးက အခြေအနေမကောင်းတာကြောင့် ကိုယ်မင်းကို နောက်ထပ် စိတ်တုန်လှုပ်စေမယ့်အရာမျိုး မခံစားစေချင်ဘူး။ကလေးကမရှိတော့ဘူးဆိုပေမယ့် ကိုယ်မင်းကို ဆုံးရှုံးရအောင်အထိ မစွန့်စားရဲဘူး နားလည်ရဲ့လား"
သူ သူမကို ချီအိမ်တော်မှာ တွေ့တဲ့အချိန် သူမရဲ့ အသက်ရှူနှုန်းက ပျောက်ကွယ်သွားတော့မယ့်အတိုင်း အားနည်းနေခဲ့သည်။အဲ့ဒီနှစ်ရက်က သူ့အတွက် အခက်ခဲဆုံး နေ့ရက်တွေဖြစ်ပြီး ချင်းရွှန်းက ထိပ်တန်းဆေးဝါး အများအပြားကိုအသုံးပြုကာ သူမကို ကုသပေးခဲ့သည်။သူမစားတဲ့ စွပ်ပြုတ်တွေထဲမှာလည်း သူမကျန်းမာရေးပြန်သက်သာလာစေရန်အတွက် ဆေးဖက်ဝင်အပင်များစွာ ပါဝင်သည်။ထိုဟာကြောင့်ပဲ သူမရဲ့ ကျန်းမာရေးက တဖြည်းဖြည်းနဲ့ စတင်ကောင်းမွန်လာတာ ဖြစ်သည်။
"ဒါပေမယ့် ရှင် အဲ့ဒါကို ကျွန်မဆီကနေ ဖုံးကွယ်ထားလို့လည်း မရဘူးလေ။အဲ့ဒါက ကျွန်မကလေးပါ။ရှင်ဘာလို့ ဒီလောက် တစ်ကိုယ်ကောင်းဆန်ရတာလဲ"
နင်းမုန့်ယောင်က တိုးညှင်းစွာပြောပြီး ဒီသတင်းကနေ အသိပြန်မဝင်သေးတဲ့အတိုင်းပင်။
"ကိုယ်က မင်းကျန်းမာရေးပိုကောင်းလာတဲ့အချိန်ကျမှ ပြောပြချင်ခဲ့တာ ဒါပေမယ့် ဘယ်သူသိမှာလဲ........"
၎င်းက ပေါက်ကြားသွားလိမ့်မယ်လို့ ဘယ်သူသိမှာလဲ?
နင်းမုန့်ယောင်က တိတ်ဆိတ်နေတယ်။အချိန်အတော်ကြာပြီးတဲ့နောက် မျက်လုံးဖွင့်ပြီး သူမရှေ့က လူကိုကြည့်ကာ
"ထွက်သွား"
"ယောင်ယောင် ကိုယ်......."
"ထွက်သွား။ကျွန်မ တစ်ယောက်ထဲ နေချင်တယ်"
နင်းမုန့်ယောင်က သူမခေါင်းကို တစ်ခြားဖက်ကို လှည့်လိုက်ပြီး ချောင်ထျန်းချန်ကို မကြည့်ပေ။
ချောင်ထျန်းချန်က ၎င်းကို သူမကောင်းဖို့အတွက် လုပ်တယ်ဆိုတာ သိရင်တောင်မှ၊ချောင်ထျန်းချန်ရဲ့စိတ်ထဲမှာ သူလည်း စိတ်မကောင်းဖြစ်နေတယ်ဆိုတာ သူမ သိရင်တောင်မှ သူ သူမဆီကနေ ၎င်းကို ဖုံးကွယ်ထားတဲ့အတွက် ဒေါသထွက်နေတုန်း ဖြစ်သည်။
ချောင်ထျန်းချန်က မျက်နှာပျက်သွားပြီး အဲ့ဒီနောက် ထကာ တိတ်တဆိတ် ထွက်သွားသည်။
သူထွက်သွားပြီးတဲ့နောက် တံခါးပိတ်လိုက်သည်။
ခြံဝင်းထဲမှာ ထိုင်နေပြီးတော့ သူဘာလုပ်ရမှန်းမသိ ဖြစ်နေတယ်။နင်းမုန့်ယောင်ရဲ့ဒီလိုမျိုးပုံစံက သူ့ကို တုန်လှုပ်ထိတ်လန့်စေတယ်။သူမက သူ့ကို အပြစ်တင်နေတယ်။အဲ့ဒီအကြောင်း သူမကို မပြောပြတဲ့အတွက် သူမက သူ့ကို အပြစ်တင်နေခဲ့တယ်။
သူက ၎င်းကို ရှောင်ချီဖုန်းနဲ့ရှောင်တိုင်းပြည်အတွက် လုပ်တယ်လို့ သူမက ထင်နေတယ်။ရှောင်ချီဖုန်းက သူ့ရဲ့ သူငယ်ချင်းကောင်းဆိုရင်တောင်မှ သူ(ရှောင်ချီဖုန်း)က သူ့(ချောင်ထျန်းချန်)ရဲ့ ဇနီးနဲ့ ယှဉ်နိုင်မှာတဲ့လား?ဒါအတွက်ကြောင့်နဲ့ သူက ဘာလို့ သူမကို တားရမှာလဲ?သူက သူမအတွက်ပဲ စိုးရိမ်နေခဲ့တာ။
နင်းမုန့်ယောင်က အိပ်ရာထဲမှာ မှင်သက်တွေဝေနေတယ်။သူမ ဒီလိုမျိုး ခံစားရတာ ဘယ်လောက်တောင် ကြာသွားပြီလဲ?
သူမ အသက်၁၀နှစ်အရွယ်လောက်မှာ ဒီကမ္ဘာကို ရောက်လာခဲ့တယ်။မကြာခင်မှာပဲ ရှေ့ဆက်ပြီးတော့ အသက်ရှင်သန်နိုင်ရန်အတွက် တိုက်ခိုက်ရင်း မိန့်ရိုလင်းနဲ့ တွေ့ဆုံခဲ့တယ်။သူမက အငယ်ဆုံးဖြစ်တဲ့အတွက်ကြောင့် သူတို့က သူမကို တုန်နေအောင်ချစ်ကြပြီးတော့ သူမကို ကာကွယ်ပေးကြတယ်။အဲ့ဒီနောက် သူမ လင်းလော်နဲ့ တွေ့ခဲ့တယ်။ထိုအချိန်တုန်းက သူကလည်းပဲ သူမကို အတော်လေးကာကွယ်ပေးခဲ့ပြီး မြို့တော်ကနေ ပိုင်ရှန်းရွာကို ထွက်လာတဲ့အချိန်ထိ ဖြစ်တယ်။
အဲ့ဒီ ပိုင်ရှန်းရွာမှာ သူမက သက်သောင့်သက်သာ ဘဝမျိုးနဲ့ နေနေတာကြောင့် သူမရောက်လာတဲ့ ဒီရှေးခေတ်ဘဝက အမှန်တကယ်တော့ မော်ဒန်ခေတ်နဲ့ အတူတူပဲဆိုတာကို သူမ မေ့သွားခဲ့တယ်။လူတွေက သူတို့မှာသာ လုပ်နိုင်စွမ်းတွေရှိရင် သူတို့လုပ်ချင်တာ ဘာမဆိုလုပ်လို့ရတယ်။မဟုတ်ရင် သူတို့တွေက တစ်ခြားလူရဲ့ ခြေဖဝါးအောက်မှာ အနင်းခံထားရမှာ။
ရှောင်ကျီရွှမ်းရဲ့ လုပ်ကြံမှုက တစ်ကြိမ်တည်းမဟုတ်ပေမယ့် ထိုအချိန်တုန်းက ချောင်ထျန်းချန်က ရှိနေခဲ့ပြီး သူမကို ကာကွယ်ပေးခဲ့ကာ သူမလုပ်ချင်တဲ့အရာမှန်သမျှကို ဂရုစိုက်လိမ့်မယ်ဆိုတာ သေချာသွားခဲ့သည်။သူမ သူ့ရင်ခွင်ထဲမှာ ပုန်းနေပြီး စိတ်သဘောထားရှိတဲ့ မိန်းမငယ်လေး လုပ်နေသရွေ့ အရာအားလုံး အဆင်ပြေသွားလိမ့်မယ်လို့ သူမ ထင်ခဲ့သည်။ဒါပေမယ့် ဒီလိုကိစ္စမျိုး သူမဆီမှာ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူသိမှာလဲ။
အခြားလူတွေရဲ့ အပြစ်လို့ ပြောနေမှာမယ့်အစား သူမကိုယ်သူမပဲ အပြစ်တင်ရမယ်။သူမရဲ့ ထောင်လွှားမှုက အရမ်း ထင်ရှားပေါ်လွင်ခဲ့တယ်။သူမကို ကာကွယ်ပေးနေတဲ့ လူတွေအများကြီးရှိတာကြောင့် သူတို့ သူမကို ဘာလုပ်နိုင်မှာလဲဆိုပြီး တွေးခဲ့တာ။အခု သူမအတိတ်တုန်းက လုပ်ခဲ့မိတဲ့ ဆုံးဖြတ်ချက်ကို အရမ်းနောင်တရနေပြီ။
ပြီးတော့ သူမရဲ့မာနကြောင့်လည်း အလွန်နောင်တရသည်။
နင်းမုန့်ယောင်က သူမမျက်လုံးကနေ မျက်ရည်တွေ စီးကျလာတာကြောင့် မျက်နှာကို လက်နဲ့အုပ်ထားလိုက်တယ်။သူမစိတ်ထဲမှာ ဒေါသတွေ နောင်တတွေနဲ့ ပြည့်နှက်နေတယ်။ဒါပေမယ့် သူမ အခုမှ နောင်တရနေတော့ရော ဘာထူးလဲ?သူမ ဘယ်လောက်ပဲ ဝမ်းနည်းနောင်တရပါစေ သူမရဲ့ ကလေးက ပြန်မလာနိုင်တော့ဘူး။သူမ ဘယ်လောက်ပဲ နောင်တတွေရနေပါစေ ဖြစ်ခဲ့တာက ဖြစ်ပြီးသွားပြီ။
နင်းမုန့်ယောင်က အိပ်ရာထဲကနေ နေရာလွတ်ကို ငေးကြည့်နေပြီး ချောင်ထျန်းချန်ကလည်း အပြင်ဘက်မှာထိုင်ကာ နေရာလွတ်ကို ငေးကြည့်နေခဲ့သည်။ချင်းရွှယ်က ဒီအခြေအနေကို အလွန် စိတ်ပူနေသည်။သခင်လေးနဲ့သခင်မလေးကြားမှာ ဘာမှမဖြစ်လောက်ဘူးမလား?
ညရောက်တဲ့အခါ နင်းမုန့်ယောင်က တံခါးဖွင့်ပြီး အပြင်ထွက်လာသည်။ချောင်ထျန်းချန်က ခြံဝင်းထဲက ကျောက်ထိုင်ခုံပေါ်မှာ အထီးကျန်မှုနဲ့ဝမ်းနည်းမှုအပြည့်ဖြင့် ထိုင်နေတာကို မြင်ရတော့ နင်းမုန့်ယောင်ကို မျက်မှောင်ကြုတ်သွားစေသည်။သူ့ကို အဲ့လိုမျိုးမြင်ရတာ သူမ သဘောမကျပေ။