← Chapters

အခန်း ၂၂၀

Vol. 9 Ch. 220

အခန်း ၂၂၀

Vol. 9 Ch. 220

Chapter 220

တံခါးဖွင့်သံကြားတော့ ချောင်ထျန်းချန်က လှည့်ကြည့်လိုက်ပြီး တံခါးဝမှာရှိနေတဲ့ နင်းမုန့်ယောင်ကို တွေ့လိုက်ရသည်။သူမရဲ့မျက်နှာက ဖြူဖျော့နေပြီး သူမရဲ့မျက်လုံးတွေက ရှုပ်ထွေးမှု၊ဝမ်းနည်းမှုတွေနဲ့ ရောယှက်နေကာ တံခါးဘောင်ကိုကိုင်ထားရင်း သူ့ကို ကြည့်နေခဲ့သည်။

သူမကို ဒီလိုပုံစံနဲ့မြင်ရတော့ လန့်သွားပြီး ချောင်ထျန်းချန်က မတ်တပ်ရပ်ကာ သူမဆီသွားသည်။သူ့ခြေလှမ်းတွေက အချိန်အတော်ကြာ ထိုင်ထားတဲ့အတွက်ကြောင့် တောင့်ခဲနေသည်။

"ယောင်ယောင်.......မင်းကိုယ့်ကို စိတ်ဆိုးနေတုန်းပဲလား?"

သူမရဲ့အပြုအမူကြောင့် စိတ်လှုပ်ရှားသွားပြီး ချောင်ထျန်းချန်ရဲ့စိတ်ထဲ စိုးရိမ်မှုတွေနဲ့ ပြည့်နှက်သွားသည်။သူက စိုးရိမ်နေပြီးတော့ သူမ တစ်ခုခုဖြစ်နေသလားဆိုတာ မသိရပေ။

နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို ကြည့်လိုက်သည်။သူ့မျက်လုံးတွေထဲမှာ သူမရဲ့ ပုံရိပ်ကို ရှင်းရှင်းလင်းလင်း တွေ့နိုင်ပြီး အချိန်တော်ကြာ တိတ်ဆိတ်နေပြီးတဲ့နောက်

"ကျွန်မက ရှောင်တိုင်းပြည်ရဲ့ စီးပွားရေးအသက်သွေးကြောကို ဖျက်ဆီးပစ်ချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ" ဟု ပြောလိုက်သည်။

ချောင်ထျန်းချန်က သူ့လက်တွေကို ဆန့်ထုတ်ကာ နင်းမုန့်ယောင်ရဲ့ မျက်နှာကို ကိုင်လိုက်သည်။သူ့မျက်နှာပေါ်မှာ အလွန်ချစ်ခင်တဲ့ အပြုံးတစ်ခု ပေါ်လာပြီး

"ကိုယ်က သူတော်စင်မဟုတ်ဘူး၊လူတိုင်းအတွက် စိတ်ကျေနပ်စေမယ့် အဖြေတစ်ခုရဖို့ဆိုတာ မဖြစ်နိုင်ဘူး။ချီဖုန်းရဲ့ ညီနောင်တစ်ယောက်အနေနဲ့ ကိုယ်သူ့အတွက် စိတ်မကောင်းပေးလို့ရတယ် ဒါပေမယ့် မင်းက တစ်သက်လုံး ကိုယ်နားမှာနေပြီးတော့ ကိုယ်နဲ့အတူရှိသွားမယ့် ကိုယ့်မိန်းမလေ"

သူ့စကားတွေက နင်းမုန့်ယောင်ကို လှုပ်ရှားစေပြီးတော့ သူမက သူ့ကို မှင်သက်စွာနဲ့ စိုက်ကြည့်ကာ

"ဘာလို့လဲ"

ဒါက သူ့ရဲ့တိုင်းပြည်၊သူ့ရဲ့ အရာအားလုံးဖြစ်တယ်။သူ ဂရုမစိုက်တော့ဘူးလား?

"ကိုယ့်မိန်းမနဲ့‌ကလေးက တခြားအရာတွေထက်ပိုပြီး အရေးကြီးတယ်"

ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို ကြည့်လိုက်ပြီး ပြတ်ပြတ်သားသား ဖြေလိုက်သည်။

နင်းမုန့်ယောင်ရဲ့ လက်တွေ တုန်လှုပ်သွားတယ်။သူမ မေးခွန်းမေးလိုက်တဲ့အချိန်တုန်းက ချောင်ထျန်းချန်ကသာ သူမကို မလုပ်ဖို့တားမယ်ဆိုရင် သူမတို့နှစ်ယောက်ကြားက အရာအားလုံးကို စွန့်ပစ်ပြီး သူ့နားက ထွက်သွားမယ်လို့ သူမကိုယ်သူမ တွေးထားခဲ့တာ။ဒါပေမယ့် သူ မလုပ်ခဲ့ဘူး။သူက သူမကို လက်လွှတ်မယ့်အစား တစ်တိုင်းပြည်လုံးကိုပဲ စိတ်ပျက်သွားအောင် လုပ်လိမ့်မယ်။

"ကျွန်မ.....ကျွန်မ တောင်းပန်ပါတယ်"

နင်းမုန့်ယောင်က ထပ်ပြောချင်သေးပေမယ့် တောင်းပန်စကားသာ ထွက်လာခဲ့သည်။

ချောင်ထျန်းချန်က ခေါင်းရမ်းလိုက်ပြီး

"ကိုယ့်ကို ဘယ်တော့မှ မတောင်းပန်နဲ့။ကိုယ်တို့နှစ်ယောက်ကြားမှာ အဲ့လိုလုပ်ဖို့ မလိုဘူး"

"ဟုတ်ပြီ"

ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို ကျောက်ထိုင်ခုံဆီ ထိုင်ဖို့ ခေါ်သွားလိုက်သည်။သူက သူမကို ရင်ခွင်ထဲ ထွေးပွေ့ပြီးတော့ နူးညံ့စွာ မေးလိုက်သည်။

"အခု မင်းဘာလုပ်ဖို့ စီစဉ်ထားလဲ"

"အစီအစဉ်လား?ကျွန်မကလေးကို သတ်ခဲ့တဲ့ အဲ့ဒီလူတွေ သူတို့ရဲ့ဘဝတွေနဲ့ ပြန်ပြီး ပေးဆပ်ရမယ်"

နင်းမုန့်ယောင်ရဲ့ မျက်နှာက ရက်စက်မှုအပြည့်ပင်။သူမက ထိုအကြောင်းနဲ့ပတ်သက်ပြီး တစ်နေ့လုံး စဉ်းစားနေခဲ့တာ ဖြစ်သည်။နှိမ့်ချနေတာက သူမကိုယ်တိုင်နဲ့ သူမချစ်တဲ့လူတွေကို ထိခိုက်စေတယ်ဆိုရင် အဲ့ဒါကို တားဆီးဖို့အတွက် အခြားလူတွေကိုပဲ ထိခိုက်အောင် လုပ်လိုက်မယ်။

ချောင်ထျန်းချန်က နင်းမုန့်ယောင်ရဲ့ ပုခုံးကို ပုတ်ပြီးတော့

"ကိုယ် တော်ဝင်ရုံးတော်ထဲက ကိစ္စတွေကို ကိုင်တွယ်လိုက်မယ် မင်းဘာလို့ စီးပွားရေးနဲ့သက်ဆိုင်တဲ့ကိစ္စတွေကို မကိုင်တွယ်ရမှာလဲ"

နင်းမုန့်ယောင်က ၎င်းကို စဉ်းစားကြည့်ပြီးတော့ သဘောတူတဲ့အနေနဲ့ ခေါင်းငြိမ့်လိုက်သည်။

"ကောင်းပြီလေ"

သူမသာ လက်စားမချေရဘူးဆိုရင် စိတ်တည်ငြိမ်နိုင်မှာ မဟုတ်ဘူး။သူက အဲ့ဒီလူတွေကို မသေစေချင်ဘူး။ဒါပေမယ့် သူတို့ကို ‌သေတာထက်ပိုဆိုးတဲ့အရာကို ခံစားခိုင်းစေချင်တယ်။အထူးသဖြင့် ရှောင်ကျီရွှမ်းပဲ။အဲ့ဒီမိန်းမက သူမကို အလွတ်မပေးဘဲ သူမအမြှီးပေါ်ကို မရေတွက်နိုင်လောက်အောင် ဆက်တိုက် တက်နင်းနေခဲ့တယ်။သူမက(ရှောင်ကျီရွှမ်း)တကယ်ပဲ တွန်းထားနိုင်တယ်လို့ ထင်နေတာလား?

"ကိုယ် ဇီရိုကိုလွှတ်ပြီးတော့ သူတို့ရဲ့ စီးပွားရေးဖြန့်ဖြူးမှုကို စုံစမ်းခိုင်းထားတယ်။ရုံးတော်ထဲမှာ သူတို့ကို ရင်ဆိုင်ဖို့အတွက် ကိုယ် သက်သေတွေလည်း စုပြီးသွားပြီ"

သူတို့ရဲ့ ကလဲ့စားချေမှုက အဲ့ဒီလူတွေ အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်မယ့် ဘာအခွင့်အရေးမှ မရှိစေရဘူးဆိုတာ သေချာရမည်။

အလွန်အံ့အားသင့်သွားပြီး နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို လှည့်ကြည့်ကာ

"ကျွန်မကို အဲ့အကြောင်း ထပ်ပြီး ပြောပြပါဦး"

"လင်းအိမ်တော်က သူတို့ရဲ့ ကိုယ်ပိုင်စစ်တပ်ကို တည်ထောင်နေပြီးတော့ ရှောင်အိမ်တော်က အလွဲသုံးစားလုပ်မှုထဲမှာ ပါဝင်ပတ်သက်နေတယ်။ချောင်အိမ်တော်အတွက်တော့ သူတို့က စစ်တပ်တည်ထောင်နေရုံတင်မကဘူး ဆားမှောင်ခိုလုပ်တာပါ ပါဝင်နေတယ်"

ချောင်ထျန်းချန်က နင်းမုန့်ယောင်ရဲ့ နားထဲကို တိုးတိုးလေး ပြောလိုက်သည်။

စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ယောက်အနေနဲ့ နင်းမုန့်‌ယောင်က ဆားမှောင်ခိုလုပ်တာရဲ့ အကျိုးဆက်တွေကို ကောင်းကောင်း သိတယ်။ချောင်အိမ်တော်က အဲ့လောက်ရဲတင်းလိမ့်မယ်လို့ ဘယ်သူသိမှာလဲ!

"သူတို့တွေက သေဖို့တောင်းဆိုနေကြတာလား"

သူမ မုန်းတီးနေပေမယ့်လည်း မတတ်နိုင်ဘဲ ပြောမိသွားသည်။

"သူတို့ရဲ့သေခြင်းက ကိုယ်တို့နဲ့မဆိုင်ပါဘူး၊ကိုယ်လိုချင်တာက သူတို့တွေ ရန်သူတွေ ပတ်ပတ်လည်ဝိုင်းနေစေဖို့ပဲ"

သူတို့ရဲ့ ကိုယ်ပိုင်အရေးကိစ္စတွေ ရုံးတော်မှာ ပေါ်ပေါက်လာခဲ့ရင် သူတို့ အဲ့ဒါကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ ချောင်ထျန်းချန် ကြည့်ချင်သေးတယ်။

နင်းမုန့်ယောင်က ‌အကြည့်အောက်ဆိုက်ကာ သေချာစဉ်းစားနေခဲ့သည်။သူမက ချောင်ထျန်းချန်ကို နားလည်တာ‌ကြောင့်

"ကောင်းပြီ"

သူမ ထိုမိသားစုသုံးစုကို အာဏာမဲ့ဖြစ်စေရန်အတွက် သူမရဲ့ စီးပွားရေးစီမံခန့်ခွဲနိုင်မှုကို ယုံကြည်မှုအပြည့်ရှိသည်။

"မင်း လှုပ်ရှားတာနဲ့ ကိုယ်လည်းပဲ ရုံးတော်မှာ ကိုယ့်ဟာကို လုပ်လိုက်မယ်။ဒါပေမယ့် ကိုယ့်ဘက်မှာ သက်သေတွေ နည်းနည်းထပ်လိုနေသေးတယ်"

"ဟမ်"

"ကိုယ်က ချောင်အိမ်တော်ရဲ့ ဆားမှောင်ခိုအကြောင်းကို သိထားပေမယ့် အခုထိ ဘာသက်သေမှ မရှိသေးဘူး။ဒါပေမယ့် ချောင်ကျန်းဟုန် ဒီနေ့ ကိုယ့်ကိုလာရှာတော့ သူ အဲ့ဒါကို သိအောင် လုပ်လိုက်တယ်"

နင်းမုန့်ယောင်က ချောင်ထျန်းချန်ရဲ့ စကားတွေ‌ကြောင့် ကြောင်အသွားပြီး သူ့ကို လှည့်ကြည့်လိုက်တယ်။သူက ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်တာလား?ချောင်ကျန်းဟုန်ကို ထိုအကြောင်း ပေးသိလိုက်ပြီး သူ(ချောင်ကျန်းဟုန်)က အဲ့ဒါကို ဖုံးကွယ်ဖို့အတွက် ဘာမဆို လုပ်မှာပဲ။

All Chapters