← Chapters

အခန်း ၂၂၁

Vol. 9 Ch. 221

အခန်း ၂၂၁

Vol. 9 Ch. 221

Chapter 221

"ရှင်က သူ့ကို သူ့ဘာသာသူ ဖရိုဖရဲ ဖြစ်သွားစေချင်တာလား?"

ချောင်ထျန်းချန်ရဲ့ ရည်ရွယ်ချက်ကို သဘောပေါက်ရန် နင်းမုန့်ယောင်အတွက် အချိန်အနည်းငယ်သာ လိုသည်။ဒီယောကျာ်းက အမှန်တကယ်ကို လိမ္မာပါးနပ်တာပဲ။

ချောင်ထျန်းချန်က ခေါင်းငြိမ့်လိုက်ပြီး

"ဟုတ်တယ် ကိုယ် အဲ့လိုလုပ်ဖို့ စီစဉ်ထားတယ်။အဲ့ဒါမှသာ ကိုယ်လိုချင်တဲ့ရလဒ်ကို ရနိုင်မှာ"

"ရှင် ရှောင်ချီဖုန်းကို ကြိုပြီးပြောပြထားသင့်တယ်နော်"

သူမ မြို့တော်ထဲမှာရှိနေရတာ မကြိုက်ဘူးဆိုပေမယ့်လည်း အပြစ်မရှိတဲ့လူတွေ ပါဝင်ပတ်သက်တာမျိုး မဖြစ်သင့်ဘူးဆိုတာကို သူမ နားလည်သည်။

သူတို့ဘက်ကလူတွေကို သတိပေးထားတာ ပိုကောင်းတယ် ဒါဆိုရင် သူတို့တွေ ရှောင်ချီဖုန်းက ချောင်ထျန်းချန်ရဲ့သတင်းပေးမှုပျက်ကွက်တဲ့အပေါ် စိတ်ခုသွားမှာကို တားဆီးနိုင်သည်။

"စိတ်မပူပါနဲ့ အဆင်ပြေသွားပါလိမ့်မယ်"

ဂရုစိုက်ခြင်းမရှိဘဲ ချောင်ထျန်းချန်က နင်းမုန့်ယောင်ရဲ့ ပုခုံးကို ပုတ်လိုက်သည်။

သူတို့က ခြံဝင်းထဲမှာ စကားဆက်ပြောနေခဲ့ကြပြီး ချောင်ထျန်းချန်က သူမကို ခါးကနေ ပွေ့ချီကာ

"နောက်ကျနေပြီ၊နောက်ရက်မှ ဆက်ပြောကြတာပေါ့"

"ဟုတ်ပြီ"

နောက်တစ်နေ့နေ့မှာ ချောင်ထျန်းချန်က နန်းတော်ထဲကို သွားနေစဉ် နင်းမုန့်ယောင်က ချင်းရွှန်းကို ခေါ်လိုက်သည်။

ချင်းရွှန်းက နင်းမုန့်ယောင်ရဲ့ ခံစားချက်ကင်းမဲ့နေတဲ့ မျက်နှာကိုကြည့်ကာ စိတ်ဖိစီးသွားပြီး သူမကို ဘာကြောင့် လာဖို့ခေါ်တာလဲဆိုတာ သိချင်မိသည်။

"ချင်းရွှန်း ငါ့ခန္ဓာကိုယ်ထဲက အတွင်းအားချိတ်ပိတ်ထားတာကို ဖြည်ပေး"

ချင်းရွှန်းရဲ့အတွေးတွေ ဆက်ပြီး မကြီးမားသွားခင်မှာပဲ နင်းမုန့်ယောင်က ပြောလိုက်သည်။

ချင်းရွှန်းက နင်းမုန့်ယောင်ကိုကြည့်ကာ ရပ်တန့်သွားပြီး သူမကြားလိုက်တာ အမှန်ဟုတ်မဟုတ်ဆိုတာကို ဆုံးဖြတ်နေသည်။

"သခင်မလေး......"

"နင့်ကို ပြောတဲ့အတိုင်းသာ လုပ်ပါ"

သူမက ကိုယ်ခံပညာကို အတိုင်းအတာ တစ်ခုအထိ တတ်မြောက်ထားသည်။သူမက လင်းလော်နဲ့ ကိုယ့်ကိုကိုယ်ကာကွယ်တဲ့ တိုက်ခိုက်ရေးအကွက်တွေကို သင်ယူခဲ့ပြီးတော့ ယွီဖုန်းဆီကနေ သူမရဲ့ အတွင်းအားကို အသုံးချခဲ့သည်။သူမက အတွင်းအားအသုံးပြုနိုင်တယ်ဆိုတာကို ဘယ်သူ့ကိုမှ မသိစေချင်တဲ့အတွက် ချင်းရွှန်းကို ချိပ်ပိတ်ပေးရန် ညွှန်ကြားခဲ့တာဖြစ်သည်။

ဒီတစ်ခေါက် အဖြစ်အပျက်က သူမကို သင်ခန်းစာတွေ အများကြီး သင်ပေးလိုက်သည်။သူမသာ အတွင်းအားရှိနေခဲ့ရင် ကြွက်သားတွေမလှုပ်ရှားနိုင်အောင် လုပ်တဲ့ ဆေးမှုန့်ကို ခုခံနိုင်မှာ ဖြစ်သည်။

သူမက ဘယ်သူ့ကိုမှ မမှီခိုပဲ သူမကိုယ်သူမပဲ မှီခိုအားကိုးရမယ်ဆိုတာကိုလည်း သင်လိုက်ရသည်။ဘာကြောင့်လဲဆိုတော့ အခြားလူတွေက သူမနားမှာ တစ်ချိန်လုံးနေပြီးတော့ သူမကို ကာကွယ်ပေးဖို့ဆိုတာ မဖြစ်နိုင်ပေ။သူမကိုယ်သူမ ကာကွယ်ဖို့၊သူမရဲ့ ချစ်တဲ့လူတွေနဲ့ အခြားအရေးကြီးကိစ္စတွေကို ကာကွယ်ရန်အတွက် သူမဘာသာပဲ မှီခိုရမှာဖြစ်သည်။

ဒါကြောင့်ပဲ သူမရဲ့ သရုပ်မှန်ပေါ်သွားမှာကို ဆက်ပြီးတော့ ဂရုမစိုက်တော့တာဖြစ်သည်။အချိန်ကျလာတဲ့အခါ ကောလဟာလတွေထဲကနေ အမှန်တရားကို စုံစမ်းဖို့ ထွက်လာကြမှာဖြစ်ပြီး အဲ့ဒီအခါကျရင် သူမမှာ လုံလောက်တဲ့ အင်အားရှိနေရမှာ ဖြစ်သည်။

"သခင်မလေး ကျွန်မ စိုးရိမ်တယ်......."

"မစိုးရိမ်ပါနဲ့။ငါ အဲ့ဒါကို ထိန်းထားလိုက်မယ်"

နင်းမုန့်ယောင်က သူမခေါင်းကို ရမ်းလိုက်ပြီး ချင်းရွှန်းကို ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။

သူမရဲ့ အတွင်းအားကို ချိတ်ပိတ်ရတဲ့ နောက်ထပ်အကြောင်းအရင်း ရှိသေးသည်။သူမက ၎င်းကို ထိန်းချုပ်ဖို့ ခက်ခဲသည်။သူမကိုယ်သူမ အလွယ်တကူ နာကျင်စေရုံသာမကဘဲ သူမဘေးနားကလူတွေကိုပါ ထိခိုက်စေတာကြောင့် ယွီဖုန်းနဲ့အခြားလူတွေက ထိုအချိန်တုန်းက သူမရဲ့ အကြံပြုချက်ကို သဘောတူခဲ့တာ ဖြစ်သည်။

ချင်းရွှန်းက နင်းမုန့်ယောင်ရဲ့ အမူအရာကနေ သူမရဲ့လေးနက်မှုကို ခံစားမိပြီး နောက်ဆုံးမှာ ဝန်လေးစွာဖြင့်

"ကောင်းပြီ။သခင်မလေး ကိုယ့်ဘာသာ သွားပြီး ပြင်ဆင်ထားသင့်တယ်"

"ဟုတ်ပြီ"

တစ်နာရီကြာပြီးတဲ့နောက် နင်းမုန့်ယောင်က ကုတင်ပေါ်မှာ သူမရဲ့ အဖြူရောင်အတွင်းဝတ်နဲ့ ထိုင်နေလိုက်သည်။ချင်းရွှန်းက သူမရဲ့နောက်မှာ ထိုင်နေပြီး သူမ(ချင်းရွှန်း)လက်ထဲမှာ ငွေအပ်အချို့ ကိုင်ဆောင်ထားသည်။

ချင်းရွှယ်နဲ့အခြားလူတွေက အပြင်ကနေ စောင့်နေကြပြီး ချောင်ထျန်းချန် ပြန်လာလို့ သူအတင်းဝင်သွားတဲ့အခါ လုပ်ငန်းစဉ်ကျရှုံးသွားမှာကို ကြောက်လန့်နေကြသည်။

ချင်းရွှန်းက နင်းမုန့်‌ယောင်ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အဓိက အပ်စိုက်နေရာတွေကို ‌ငွေအပ်တွေ ထိုးစိုက်လိုက်သည်။အပ်တွေကို ထိုးသွင်းလိုက်တိုင်း နင်းမုန့်ယောင်၏အမူအရာက ပိုပြီး မည်းနက်လာခဲ့သည်။

သူမ ဒီလိုမျိုးခံစားခဲ့ရတာ အချိန်တော်ကြာပြီဖြစ်ပြီး သူမအတွင်းက တဟုန်ထိုး ထိုးတက်လာတဲ့ စွမ်းအားကို မထိန်းချုပ်နိုင်လုနီးပါးပင်။

"သခင်မလေး တောင့်ခံထားနော်"

နင်းမုန့်ယောင်ရဲ့မျက်နှာ ဖြူဖျော့လာတာနဲ့အမျှ ချင်းရွှန်းလည်း ပို၍စိုးရိမ်လာသည်။

နင်းမုန့်ယောင်က နာကျင်စွာ ခေါင်းငြိမ့်လိုက်သည်။သူမဘာသာ တစ်ယောက်ထဲပဲ ၎င်းကို သည်းခံရမှာ။ဒါပေမယ့် ကံကောင်းစွာနဲ့ လုပ်ဆောင်မှုက အချိန်သိပ်မကြာခဲ့ပေ။နင်းမုန့်ယောင်က သိပ်မကြာခင်မှာ သူမခန္ဓာကိုယ်တစ်လျှောက် စွမ်းအင်တွေ စီးဆင်းနေတာကို ခံစားမိပြီး သူမနှုတ်ခမ်းတွေက အပြုံးတစ်ခု ပေါ်ထွန်းလာသည်။

"ဟားဟား" နင်းမုန့်ယောင်က ဂရုမစိုက်စွာ ရယ်မောလိုက်သည်။

ဒီနေ့ကနေစပြီးတော့ သူမ ဂရုစိုက်တဲ့အရာမှန်သမျှကို ဘယ်သူမှ လက်ညှိုးထိုးရဲမှာ မဟုတ်တော့ဘူး။သူတို့သာလုပ်ရဲရင် သူတို့ရဲ့အသက်တွေနဲ့ ပြန်ပေးဆပ်ရမယ်။

ချောင်ထျန်းချန် အိမ်ပြန်လာတဲ့အချိန် သူက အခန်းထဲက နင်းမုန့်ယောင်ရဲ့ ပုံမှန်မဟုတ်တဲ့ရယ်သံကို ကြားလိုက်ရသည်။သူက သူမကို စစ်ဆေးဖို့အတွက် အခန်းထဲကို အမြန်တွန်းဝင်သွားသည်။

အခန်းထဲကိုဝင်လာတော့ နင်းမုန့်ယောင်က ကုတင်ပေါ်မှာ သူမရဲ့အတွင်းဝတ်ကိုသာ ဝတ်ထားပြီး သူမခန္ဓာကိုယ်ပေါ်မှာ ငွေအပ်တွေရှိနေကာ တင်ပျဉ်ခွေထိုင်နေတာကို မြင်လိုက်ရသည်။

"ချင်းရွှန်း ဘာတွေဖြစ်နေတာလဲ?မုန့်‌ယောင်ရဲ့ခန္ဓာကိုယ် တစ်ခုခု အဆင်မပြေတာ ဖြစ်လို့လား"

စိတ်ပူနေတဲ့ ချောင်ထျန်းချန်က စိုးရိမ်တကြီး မေးလိုက်သည်။နင်းမုန့်ယောင်ရဲ့ မျက်နှာက ဖြူဖျော့နေပေမယ့်လို့ သူမက နာကျင်ခံစားနေရတဲ့ပုံမပေါ်ပေ။

ချင်းရွှန်းက ချောင်ထျန်းချန်ကို တစ်ချက်ကြည့်လိုက်ပြီး အဲ့ဒီနောက် နင်းမုန့်ယောင်ကို တစ်ချက်ကြည့်ကာ နင်းမုန့်ယောင်ရဲ့ ခန္ဓာကိုယ်ပေါ်က ငွေအပ်တွေကို ဖယ်ပြီး

"သခင်လေး သခင်မလေးဆီကနေပဲ သူမပြောတာကို နားထောင်သင့်တယ်”

All Chapters