← Chapters

အခန်း ၂၂၂

Vol. 9 Ch. 222

အခန်း ၂၂၂

Vol. 9 Ch. 222

Chapter 222

ချင်းရွှန်းထွက်သွားပြီးတဲ့နောက် ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို ကြည့်ပြီး

"ယောင်ယောင် ဘာဖြစ်နေတာလဲ" ဟု မေးလိုက်သည်။

နင်းမုန့်ယောင်က ပြန်မဖြေပေ။အဲ့ဒီအစား သူမ စောနတုန်းက ချွတ်ပြီးတော့ ဘေးချထားတဲ့ အဝတ်အစားတွေကို ယူဝတ်လိုက်သည်။အဲ့လိုပြုလုပ်တဲ့အခါ သူမရဲ့ အမူအရာက ချက်ချင်းပြောင်းလဲသွားပြီး ချောင်ထျန်းချန်ကို လှမ်းကြည့်ကာ

"ထျန်းချန် သတိထား!"

အစတုန်းက ဆက်ပြီးတော့ မေးချင်နေတဲ့ ချောင်ထျန်းချန်က သူမရဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းရင်း သူ့စိတ်ထဲက မေးခွန်းတွေအကြောင်းကို မေ့သွားသည်။

သူက ရှောင်တိမ်းပြီးတဲ့နောက် သူ့မေးခွန်းတွေကို ဆက်မေးချင်ပေမယ့် နင်းမုန့်ယောင်ရဲ့ နောက်ထပ်တိုက်ခိုက်မှုက သူ့ကို အဲ့လိုလုပ်ဖို့ အချိန်မပေးပေ။

သူက အခန်းထဲကနေ အမြန်နောက်ဆုတ်လိုက်ပြီး သူတို့နှစ်ယောက်လုံး ခြံဝင်းထဲမှာ အပြန်အလှန် တိုက်ခိုက်ကြသည်။မကြာ‌သေးခင်ကမှ သူတို့ရဲ့ စုံစမ်းမှုရလဒ်တွေကို သတင်းပို့ဖို့ရောက်လာတဲ့ လင်းဇီရိုနဲ့လဲ့အန်းက တိုက်ခိုက်တာကို ကြောင်ကြည့်နေမိသည်။

သူတို့မြင်နေရတာကို မယုံနိုင်တာကြောင့် သူတို့ရဲ့မျက်လုံးတွေကို ပွတ်လိုက်ပြီး သူတို့မြင်နေရတာကို သေချာပြန်ကြည့်သည်။သူတို့ရဲ့ ပျော့ညံ့ပြီးတော့ အားနည်းတဲ့မရီးက တကယ်ကြီး သူတို့ဆရာနဲ့ တိုက်နေတာပေါ့လေ!!

တကယ်တော့ အံ့အားအသင့်ရဆုံးလူက ချောင်ထျန်းချန်ပဲ ဖြစ်သည်။သူက နင်းမုန့်ယောင်ကို မယုံနိုင်စွာ ကြည့်လိုက်တယ်။သူမမှာ ဘယ်လိုလုပ် ဒီလိုပြင်းထန်တဲ့ အတွင်းအားရှိနေရတာလဲ။တကယ်ပဲ ဘာတွေဖြစ်နေတာလဲ?

တစ်နာရီကြာပြီးတဲ့နောက် နင်းမုန့်ယောင်က နောက်ဆုံးတော့ ချောင်ထျန်းချန်နဲ့ တိုက်ခိုက်နေတာကို ရပ်လိုက်သည်။သူမက ပြုံးကာ သူ့ကိုကြည့်ပြီး

"ကျွန်မ ဘယ်လိုနေလဲ"

"ယောင်ယောင် မင်းဘယ်လိုလုပ်........."

သူမမှာ အတွင်းအားတွေရှိဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး!

"တကယ်တော့ ကျွန်မရဲ့ ကိုယ်ခံပညာအရည်အချင်းတွေက ခဲအိုသင်ပေးထားတာ ဒါပေမယ့် အတွင်းအားက အရမ်းပြင်းထန်တဲ့အတွက် ကျွန်မ ချင်းရွှန်းကို ချိတ်ပိတ်ခိုင်းခဲ့တာ။ကျွန်မက သူမကို အဲ့လိုလုပ်ဖို့ ညွှန်ကြားတဲ့လူပဲ ပြီးတော့ ကျွန်မ အဲ့ဒါကို တကယ်နောင်တရတယ်"

သူမရဲ့လုပ်ရပ်ကို နောင်တရတယ်။သူမသာ အဲ့လိုမရွေးချယ်ခဲ့ရင် သူမ အဆင်ပြေနေနိုင်တယ်။

ချောင်ထျန်းချန်က မှင်သက်အံ့ဩသွားသည်။ခဏလောက်ကြာပြီးတဲ့နောက် နင်းမုန့်ယောင်ကို နောက်တစ်ကြိမ် စိုက်ကြည့်ပြီး

"အဲ့တာကြောင့်ကိုး။ဒါလည်းပဲကောင်းပါတယ်။ဘာလို့ဆို ကိုယ်က မင်းဘေးနားမှာ တစ်ချိန်လုံး မရှိပေးနိုင်ဘူးလေ။ဒီလိုမျိုး သန်မာတဲ့ အတွင်းအားနဲ့ဆို မင်းဘာသာမင်း ကာကွယ်နိုင်ပြီ"

"ဟုတ်တယ် အဲ့ဒါကြောင့်ပဲ ချင်းရွှန်းကို ချိတ်ပိတ်ထားတာ ဖြည်ခိုင်းခဲ့တာလေ" နင်းမုန့်ယောင်က ရယ်လိုက်သည်။

ချောင်ထျန်းချန်က သူမရဲ့ ရှုပ်ပွနေတဲ့ အဝတ်အစားတွေကို ကြည့်ပြီး ခေါင်းရမ်းလိုက်သည်။သူက သူမရဲ့ဆံပင်ရှည်တွေကို သပ်ရပ်သွားအောင် လုပ်ပေးလိုက်သည်။

"မင်း ခံစားရတာ အဆင်ပြေရဲ့လား"

"အင်း ကျွန်မအဲ့ဒါကို မထိန်းချုပ်နိုင်ဘူးလို့ ခံစားနေရတယ်"

"တစ်ခုခုဖြစ်ရင် ကိုယ့်ကို အသိပေးရမယ်နော်" ချောင်ထျန်းချန်က စိတ်ပူနေတုန်းဖြစ်သည်။

"မှတ်ထားပါ့မယ်"

လင်းဇီရိုနဲ့အခြားလူတွေက နောက်ဆုံးတော့ အသိပြန်ဝင်လာကြပြီး ထိုနှစ်ယောက်နားကို ကပ်လိုက်သည်။နင်းမုန့်ယောင်ကို အပေါ်ကနေအောက်အထိ လေ့လာပြီးတော့

"မရီး မင်းက အရမ်းအံ့ဩဖို့ကောင်းတာပဲ" ဟု အော်လိုက်သည်။

"မင်းတို့ ကိစ္စရှိလို့လား" နင်းမုန့်ယောင် ပြန်မဖြေနိုင်ခင် ချောင်ထျန်းချန်က အေးစက်စွာ မေးလိုက်သည်။

လင်းဇီရိုက သူ့အမြှီးကိုထိုးသိပ်¹ပြီးတော့ သူတို့သယ်ဆောင်လာတာမှန်သမျှကို ချောင်ထျန်းချန်ကို ပေးလိုက်သည်။

"ကျွန်တော်တို့ ဆရာတောင်းထားတဲ့ စုံစမ်းမှုကို ရလာခဲ့ပြီ။

ချောင်ထျန်းချန်က ၎င်းကို ယူလိုက်သည်။သူက ၎င်းကို တစ်ချက်ကြည့်လိုက်ပြီး နင်းမုန့်ယောင်ကို လှမ်းပေးလိုက်သည်။

နင်းမုန့်ယောင်က ၎င်းကို ဖတ်ကြည့်ပြီးတော့ မျက်ခုံးပင့်ကာ

"မဆိုးပါဘူး။ထျန်းချန် သူတို့ရဲ့ ပိုက်ဆံတွေအားလုံးကို ယူကြရအောင်"

မိသားစုသုံးစုထဲတွင် လင်းအိမ်တော်က ချမ်းသာပြီးတော့ ပိုင်ဆိုင်မှုအများဆုံးဖြစ်သည်။အထူးသဖြင့် လင်း‌လော်၏အမည်အောက်တွင် ပိုင်ဆိုင်မှုများစွာရှိသည်။

၎င်းက မျှော်လင့်ထားသလိုပင်။ဘာပဲဖြစ်ဖြစ် လင်းလော်က မော်ဒန်‌ကမ္ဘာကဖြစ်ပြီးတော့ သူ့မိသားစုက စီးပွားရေးလုပ်တာဖြစ်သည်။သူ စီးပွားရေး ကောင်းကောင်းလုပ်နိုင်တာ အံ့ဩစရာမဟုတ်ပေ။

"မင်း ပျော်နေ‌သရွေ့ပဲ"

ချောင်ထျန်းချန်မှာ ဘယ်လို ကန့်ကွက်မှုမျိုးမှ မရှိပေ။သူ့ဇနီးက ချမ်းသာပေမယ့်လည်း ဘယ်သူကမှ သူတို့အိတ်ထောင်ထဲ ပိုက်ဆံနည်းနည်းလောက် ထပ်ရောက်လာမှာကို မငြင်းကြဘူးလေ ဟုတ်တယ်မလား?

"မရီး ကျွန်တော်တို့ကို မမေ့နဲ့နော်" လင်းဇီရိုက အရှက်မရှိစွာ ပြောလိုက်သည်။

နင်းမုန့်ယောင်က လင်းဇီရိုကို တွန့်ဆုတ်စွာကြည့်လိုက်ပြီး နောက်ဆုံးမှာတော့ သူမခေါင်းကိုငြိမ့်ကာ သူတို့တွေက ကူညီထားတာဖြစ်တဲ့အတွက်ကြောင့် ပိုက်ဆံကို ဝေမျှပေးမယ်လို့ သဘောတူလိုက်သည်။

နင်းမုန့်ယောင်က ချင်းရွှမ်ကို မှင်နဲ့စုတ်တံယူလာရန် ပြောလိုက်သည်။သူမဘေးနားက စားပွဲခုံမှာ ထိုင်လိုက်ပြီး စာစောင်အချို့ရေးကာ ချောင်ထျန်းချန်၏ စုံစမ်းမှုရလဒ်တွေကို အပိုင်းသုံးပိုင်း ခွဲလိုက်သည်။အဲ့ဒီနောက် သူတို့ကို စာအိတ်တစ်အိတ်ဆီမှာ အသီးသီး ထည့်လိုက်သည်။

"ချင်းရွှမ် ဒီစာသုံးစောင်ကို ခဲအိုရယ် အစ်ကိုမုချန်းရယ် အစ်ကို နျိုရန်ရယ်ဆီကို ပို့လိုက်"

နင်းမုန့်ယောင်က သူမလက်ထဲက စာတွေကို ချင်းရွှမ်းဆီ ပေးလိုက်သည်။

ချင်းရွှမ်းက စာတွေနဲ့အတူ ခြံဝင်းထဲကနေ ထွက်သွားသည်။ဒါပေမယ့် သူမထွက်သွားပြီးတဲ့နောက် ချောင်ထျန်းချန်က မျက်မှောင်ကြုတ်သွားသည်။

သူက ယွီဖုန်းနဲ့မုချန်း နှစ်ယောက်လုံးကို တွေ့ဖူးတယ် ဒါပေမယ့် ဒီ နျိုရန်ဆိုတာက ဘယ်သူလဲ?

သူမက ချောင်ထျန်းချန်စိတ်ကို ဖတ်နိုင်တဲ့အတိုင်း ရှင်းပြလိုက်သည်။

"အစ်ကိုနျိုရန်က ကျွန်မကို အရမ်းကောင်းကောင်းဆက်ဆံပြီးတော့ နည်းလမ်းတွေအများကြီးနဲ့ ကူညီပေးခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်ပဲ"

"သိပြီ"

"ထျန်းချန် ခဲအိုနဲ့ကျန်တဲ့လူတွေ ကျွန်မကို အကြောင်းပြန်လာတာနဲ့ ကျွန်မစလုပ်တော့မယ်"

"အဲ့ဒါဆိုကိုယ်လည်း အဆင်သင့်ပြင်ထားမှာပေါ့"

ချောင်ထျန်းချန်က အေးစက်စွာပြုံးပြီးတော့ ပြန်ဖြေလိုက်သည်။

သူ ဒီနေ့ ရှောင်ချီဖုန်းကို သွားရှာပြီးတော့ စုံစမ်းမှုရလဒ်တွေကို တင်ပြခဲ့သည်။ရှောင်ချီဖုန်းက ရလဒ်တွေ‌ကြောင့် ဒေါသဖြစ်သွားပြီး ဒီကိစ္စကို ကိုင်တွယ်ရန်အတွက် သူ့ကို အခွင့်အာဏာ အပြည့်အဝ ပေးခဲ့သည်။

(1.သိချင်စိတ်ကို မြိုသိပ်လိုက်သည်)

All Chapters