← Chapters

အခန်း ၂၂၃

Vol. 9 Ch. 223

အခန်း ၂၂၃

Vol. 9 Ch. 223

Chapter 223

ချောင်ထျန်းချန်က ဘယ်ဧကရာဇ်ကမှ သူတို့ရဲ့အရာရှိတွေကို ဆားမှောင်ခိုလုပ်တဲ့ထဲ ပါဝင်ပတ်သက်တာမျိုး မဖြစ်စေချင်ဘူးဆိုတာ ကောင်းကောင်း သိထားသည်။ချောင်ကျန်းဟုန်က ဒီလိုမျိုး လုပ်ရုံတင်မကဘူး ပမဏအများကြီးနဲ့လည်း လုပ်ထားသေးသည်။

ဧကရာဇ် ဒီကိစ္စကို သိတာနဲ့ ချောင်မိသားစု အဆုံးသတ်ပြီးတော့ နောက်ဆုံးကျရင် တစ်မိသားစုလုံး သေဒဏ်ပေးခံရနိုင်တယ်ဆိုတာ ချောင်ထျန်းချန် သိသည်။

ရှောင်ချီဖုန်း ဒေါသထွက်တာ နားလည်ပေးလို့ရသည်။သူ့ကို ဒီအကြောင်း ပြောပြပြီးတော့ ချောင်ထျန်းချန်က သူ့(ချောင်ထျန်းချန်)အတွက်လည်း အဆင်ပြေပြီးတော့ သဘောကျမှုရအောင် လုပ်ခြင်းဖြစ်သည်။

ချောင်ကျန်းဟုန်က ‌ရှန့်ကျန့်ကျွင်းအိမ်တော်ကနေ ပြန်လာပြီးတဲ့နောက် စိတ်မသက်မသာ ဖြစ်နေခဲ့သည်။သူက သူ့ရဲ့ အစေခံခေါင်းဆောင် ချောင်လင်းကို ခေါ်လိုက်တယ်။

ချောင်ကျန်းဟုန်ရဲ့ လူယုံတစ်ဦးဖြစ်တာနဲ့အညီ ချောင်လင်းက သူ့ရဲ့ ပြစ်မှုတွေ၊မကောင်းမှုလုပ်ထားတာတွေကို ကောင်းကောင်းသိသည်။

"သခင်ကြီး ဘာဖြစ်လို့လဲ"

ချောင်လင်းက ချောင်ကျန်းဟုန်ရဲ့ စိုးရိမ်ပူပန်မှုကြောင့် ပဟေဠိဖြစ်သွားသည်။ဒါက သူ့ရဲ့ ပုံမှန်ပုံစံ မဟုတ်ပေ။

ချောင်ကျန်းဟုန်က ချောင်လင်းကို ချောင်ထျန်းချန်က ချောင်မိသားစုရဲ့ ဆားမှောင်ခိုမှုမှာ ပါဝင်ပတ်သက်နေမှုကို သိထားတဲ့အကြောင်း ပြောပြလိုက်သည်။

ချောင်လင်း မျက်မှောင်ကြုတ်သွားတယ်။ဧကရာဇ်သာ ဒီအကြောင်းသိသွားရင် ကိစ္စတွေ ခက်ခဲသွားနိုင်တယ်။

"သခင်ကြီး ကျွန်တော်တို့ အခုလုပ်ရမှာက ဖြစ်နိုင်ချေရှိတဲ့ သက်သေတွေအားလုံးကို ဖျက်ဆီးပစ်ဖို့ပဲ"

ချောင်လင်းက ထိုအကြောင်းကို စဉ်းစားလိုက်တယ်။ချောင်ထျန်းချန်က ဒီအကြောင်းကို သိရုံသာသိထားပြီး သူ့လက်ထဲမှာ ဘာသက်သေမှ ရှိမှာမဟုတ်ဘူးဆိုတာ ယုံကြည်တယ်။မဟုတ်ရင် သူတို့တွေ ဒီလောက် လွယ်လွယ်နဲ့ လွတ်မှာမဟုတ်ဘူး။

"ငါလည်းပဲ တွေးမိတယ်။ဒါပေမယ့် ချောင်ထျန်းချန်က တကယ်ပဲ ငါတို့ရဲ့ ချောင်မိသားစုအပေါ်ကို ထိပါးလာမှာလားစိုတာ ငါစဉ်းစားနေတာ"

အခုချိန်ထိတောင် ချောင်ကျန်းဟုန်က သူက ချောင်ထျန်းချန်ရဲ့ ဖခင်ဖြစ်တာကြောင့် သူ သစ္စာမဲ့ပြီး ပုန်ကန်ပါစေ သူ့ကို ဘာမှမလုပ်ဘူးဆိုတဲ့ စိတ်ရှိနေတုန်းဖြစ်သည်။

ဒါပေမယ့် ချောင်လင်းကတော့ အခြားဘက်ကနေ တွေးမိသည်။

"သခင်ကြီး သခင်ကြီးက တတိယသခင်လေးကို ထိပါးခဲ့တယ်လေ။သူ့မိန်းမက ပထမသခင်လေးနဲ့ချောင်မိုက သူမကို အတင်းပြန်ပေးဆွဲဖို့လုပ်တာကြောင့် ကိုယ်ဝန်ပျက်ကျသွားတယ်လို့ ကျွန်တော် သတင်းရထားတယ်။သူက ဒီကိစ္စကို ရိုးရိုးလေး လွှတ်ပေးလိုက်မယ်လို့တော့ ကျွန်တော်မထင်ဘူး"

ချောင်ထျန်းချန် ဘယ်လိုလူလဲဆိုတာ သူသိသည်။သူတို့တွေက သူနဲ ပတ်သက်မှုတွေကို ဖြတ်တောက်ထားပြီးပြီ ဖြစ်သည်။သူ့အတွက် သွေးသားပတ်သက်မှုကြောင့် ဒီကိစ္စကို မျက်စိတစ်ဖက်ပိတ်ပေးဖို့ဆိုတာ မဖြစ်နိုင်ပေ။

ချောင်ထျန်းချန်က သူ့လူတွေကိုလွှတ်ပြီးတော့ ဆားမှောင်ခိုအမှုကို စုံစမ်းခိုင်းတာက ထိုအဖြစ်အပျက်က သူ့ကို ဒေါသထွက်သွားစေတာကြောင့်ပဲ ဖြစ်သည်။သူ့ရည်ရွယ်ချက်က ချောင်မိသားစုကို ဆွဲချဖို့ဖြစ်ပြီး သူက ဒီအခွင့်အရေးကို လက်လွှတ်ခံပါ့မလား?

ချောင်ကျန်းဟုန်က ချောင်လင်းကို စိုးရိမ်စွာ ကြည့်လိုက်သည်။သူက ချောင်ထျန်းချန်ရဲ့ဇနီး ဖြစ်သွားတဲ့ကိစ္စကို ဒီနေ့မနက်မှ သိရတာဖြစ်သည်။သူ့အတွက်တော့ သားသမီးတွေက အရေးမပါပေမယ့် ချောင်ထျန်းချန်အတွက်ကတော့ အခြားအဓိပ္ပာယ်ပဲဆိုတာ အမူအရာကြည့်ရုံနဲ့ သိသည်။

"သခင်ကြီး ဘာလုပ်ဖို့ စီစဉ်ထားလဲ" ချောင်လင်း စိုးရိမ်နေတယ်။သူတို့တွေ အခု လုပ်ဆောင်မှရမယ် မဟုတ်ရင် ချောင်ထျန်းချန်ရဲ့လက်ထဲကို ဘာသက်သေပဲရောက်ရောက် အဲ့အချိန်ကျရင် သူတို့ ခက်ခဲသွားလိမ့်မယ်။

ချောင်ကျန်းဟုန်က သူ့လက်ကိုရမ်းပြီးတော့ သက်ပြင်းချကာ

"ဘာလုပ်ရမလဲဆိုတာ မင်းဆုံးဖြတ်လိုက်"

ချောင်လင်းက ခေါင်းငြိမ့်ပြီးတော့ သူတို့လူတွေကို ညွှန်ကြားဖို့ ထွက်သွားသည်။

ချောင်မိသားစုက သူတို့လူတွေလွှတ်ပြီးတော့ သက်သေတွေအားလုံးကို ဖျက်ဆီးခိုင်းတယ်ဆိုတဲ့ သတင်းရတာနဲ့ လင်းဇီရိုက လူအချို့ကို လွှတ်ပြီးတော့ သူတို့နောက်ကနေ ချောင်ကျတဲ့အိမ်တစ်လုံးဆီ လိုက်သွားသည်။

ထိုအိမ်ထဲတွင် ချောင်မိသားစုရဲ့ ဆားမှောင်ခိုမှုကနေ ရရှိထားတဲ့ အကျိုးအမြတ်အားလုံးကို သိမ်းဆည်းထားသည်။

တည်နေရာကို ရှာတွေ့တာနဲ့ ချက်ချင်းပဲ ချောင်ထျန်းချန်ဆီ သတင်းပို့လိုက်သည်။

ချောင်ထျန်းချန်က ရလဒ်နဲ့ပတ်သက်ပြီး အလွန်စိတ်ကျေနပ်သွားတယ်။၊သူက နင်းမုန့်ယောင်ကို အသိပေးလိုက်ပြီး သူ့လူတွေခေါ်ကာ ပြောထားတဲ့ အိမ်ဆီသို့ သွားသည်။

ချောင်ထျန်းချန် သူ့လူတွေနဲ့ ရောက်လာတဲ့အချိန် နှစ်ဖက်လုံးက တိုက်ခိုက်နေကြပြီဖြစ်သည်။

တိုက်ခိုက်မှုစတင်တာက ချောင်ကျန်းဟုန်ရဲ့လူတွေက သက်သေတွေအားလုံးကို ဖျက်ဆီးဖို့ ကြိုးစားကြတာကြောင့်ဖြစ်ပြီး ချောင်ထျန်းချန်ဘက်က လူတွေကလည်း ၎င်းတို့ကို အဖျက်ဆီးမခံနိုင်ပေ။

ချောင်ထျန်းချန်က သူ့လူတွေကို ခြံဝင်းထဲ ခေါ်သွားပြီး သက်သေတွေအားလုံးကို ရှာတွေ့ကာ ချောင်ကျန်းဟုန်ရဲ့ ‌ဆားမှောင်ခိုမှုကို မှတ်တမ်းတင်ထားတဲ့ စာရင်းစာအုပ်ကိုပါ တွေ့ခဲ့သည်။သူ့ရဲ့ စုံစမ်းမှုရလဒ်က တန်ဖိုးတွေက မမှန်ကန်ကြောင်းသိတဲ့အခါမှာ သရော်လိုက်သည်။စာရင်းစာအုပ်ထဲမှာ မှတ်တမ်းတင်ထားတဲ့ ဆားမှောင်ခိုပမာဏက ရှောင်တိုင်းပြည်ရဲ့ စုစုပေါင်း ဆားမှောင်ခိုလုပ်ငန်းရဲ့ သုံးဆယ်ရာခိုင်နှုန်းကို ယူဆောင်ထားတာဖြစ်သည်။

တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ချောင်ကျန်းဟုန်က ရှောင်တိုင်းပြည်က ဆားမှောင်ခိုမှုရဲ့ သုံးဆယ်ရာခိုင်နှုန်းကို ကိုင်ဆောင်ထားတာ ဖြစ်သည်။

ချောင်ထျန်းချန်က စာရင်းစာအုပ်ကို ရှာတွေ့ရုံတင်မကဘဲ ဆားမှောင်ခိုကနေ သူတို့ရရှိထားတဲ့ ပိုက်ဆံတွေကိုလည်း ရှာတွေ့ခဲ့သည်။

သူက သေချာပေါက် ထိုပိုက်ဆံအားလုံးကို လက်လွတ်ခံမှာ မဟုတ်ပေ။ထိုပိုက်ဆံအားလုံးကို သူ့အိမ်တော်ဆီ ပြန်သယ်သွားဖို့ သူ့လူတွေကို အမိန့်ပေးလိုက်သည်။

ချောင်ကျန်းဟုန်က သေချာပေါက် ဒီလောက်ကြီးမားတဲ့ ရုတ်ရုတ်သဲသဲ သတင်းကို ကြားသိပေမယ့်လည်း သူတစ်ခုခုလုပ်ချင်ရင်တောင်မှ ဘာမှမတတ်နိုင်ပေ။ချောင်ထျန်းချန်ရဲ့လူတွေအားလုံးက အတွေ့အကြုံရှိတဲ့ စစ်သားတွေဖြစ်ပြီးတော့ သူကိုယ်တိုင်သင်ပေးထားတာဖြစ်သည်၊ချောင်ကျန်းဟုန်ရဲ့လူတွေက ဘယ်လိုလုပ် သူတို့နဲ့ ယှဉ်နိုင်ပါ့မလဲ?

"****ပဲ ချောင်ထျန်းချန်က ငါ့ကို ပြဿနာတက်အောင် လုပ်နေတာပဲ"

ချောင်ကျန်းဟုန်က အခြေအနေကို နားမလည်သေးပါက သူ့ဘဝကြီး အချည်းနှီးနေထိုင်သွားရမှာ ဖြစ်သည်။

ချောင်ထျန်းချန်က ချောင်ကျန်းဟုန် စိုးရိမ်ပူပန်ပြီးတော့ သူ့ရဲ့ ဆားမှောင်ခိုလုပ်ငန်းက သက်သေတွေကို ဖြစ်နိုင်သမျှ ဖျက်ဆီးပစ်မှာကို လိုချင်သောကြောင့် သတင်းပေးခဲ့တာဖြစ်သည်။သက်သေတွေအားလုံး ဖျက်ဆီးမယ့်နေရာကို ရောက်သွားရင် သူက နောက်ကနေလိုက်သွားပြီးတော့ သူတို့ရဲ့အားနည်းချက်ကို ဆုပ်ကိုင်ရန် သက်သေတွေကို သိမ်းဆည်းထားလိုက်မှာ ဖြစ်သည်။

All Chapters