← Chapters

အခန်း ၂၂၄

Vol. 9 Ch. 224

အခန်း ၂၂၄

Vol. 9 Ch. 224

Chapter 224

"သခင်ကြီး ကိစ္စတွေက ပိုပြီးတော့ ဒုက္ခများလာတော့မယ်။အခုဆို တတိယသခင်လေးလက်ထဲ စာရင်းစာအုပ်တွေ ရောက်သွားပြီ" ချောင်လင်းက မျက်မှောင်ကြုတ်ထားသည်။

အစတုန်းက သူတို့က သူတို့ရဲ့ပိုက်ဆံအားလုံးကို အိမ်တော်နဲ့ဝေးတဲ့ အခြားအိမ်တစ်အိမ်မှာ ဖွက်ထားတာဖြစ်သည်။ဘာကြောင့်လဲဆိုတော့ ပြဿနာတစ်ခုခုတက်မှာ စိုးရိမ်တဲ့အတွက် ဖြစ်သည်၊ရလဒ်က ဒီလိုဖြစ်လာလိမ့်မယ်လို့ ဘယ်သူသိမှာလဲ?

"ငါ အဲ့အကြောင်းကိုသိတယ်။ဒါဆို ငါတို့အခု ဘာလုပ်သင့်လဲ?ငါတို့က ရှန့်ကျန့်ကျွင်းရဲ့အိမ်တော်ကို ဝင်တိုက်လို့ရတာလည်း မဟုတ်ဘူး"

သူတို့(ချောင်ထျန်းချန်)က သူတို့ရဲ့အစောင့်တွေကို တိုးမြှင့်ထားမှာ မဟုတ်ဘူးဆိုပေမယ့် အရိပ်ထဲက အဲ့ဒီလူတွေက ပိုပြီးတော့ ခက်ခဲသည်။အဲ့လိုလုပ်လိုက်ရင် သူတို့(ချောင်ကျန်းဟုန်)ထောင်ချောက်ထဲသူတို့ပြန်ကျပြီးတော့ သူတို့ဘာသာပဲ ထိခိုက်ရလိမ့်မယ်။

ချောင်ထျန်းချန်နဲ့ အခြားလူတွေက သူတို့ရဲ့အပြန်လမ်းမှာ ဘယ်လိုပြဿနာမျိုးနဲ့မှ မကြုံပေ။စီးနင်းမှုကနေ အသက်ရှင်တဲ့ ထိုလူတွေကတော့ မေးရိုးအဆစ်တွေလွဲသွားပြီး ပိုက်ဆံနဲ့အတူ ရှန့်ကျန့်ကျွင်းအိမ်တော်သို့ ပြန်ပို့ခံရသည်။

နင်းမုန့်ယောင်က သူမရှေ့က စည်းစိမ်ဉစ္စာသေတ္တာတွေကြောင့် မျက်စိကန်းသွားသလို ခံစားရသည်။

"ဘယ်လောက်တောင် များလိုက်တဲ့ ပမာဏလဲ" နင်းမုန့်ယောင်က ပြုံးကာ

"ဧကရာဇ်က သူ့အရာရှိရဲ့ ပိုင်ဆိုင်ထားတဲ့ ချမ်းသာမှုတွေ ဘယ်လောက်ရှိလဲဆိုတာ ဒီနေရာမှာ လာကြည့်သင့်တယ်"

"ချီဖုန်းကို သတင်းပို့ဖို့ ကိုယ်တစ်ယောက်ယောက်ကို လွှတ်ပြီးသွားပြီ"

ချောင်ထျန်းချန်က အမှန်အတိုင်း ပြောလိုက်သည်။

နင်းမုန့်ယောင်က ရပ်တန့်သွားပြီး ချောင်ထျန်းချန်ရဲ့ တည်တင်းနေတဲ့မျက်နှာကို လှည့်ကြည့်ကာ ပြုံးလိုက်သည်။

ချောင်မိသားစုက သူတို့ကိုယ်သူတို့ ဒုက္ခအကြီးကြီးထဲ သက်ဆင်းမိသွားပုံဆိုပေမယ့် ဒါက သူမရဲ့ဒေါသကို ဖြေဖျောက်ရန်အတွက် မလုံလောက်ပေ။

တစ်နာရီကြာပြီးတဲ့နောက် ရှောင်ချီဖုန်းနဲ့ ရှောင်ချီထျန်း နှစ်ယောက်လုံး ရှန့်ကျန့်ကျွင်းအိမ်တော်သို့ ရောက်လာကြသည်။ရှောင်ချီဖုန်းက စည်းစိမ်ဉစ္စာတွေကို တွေ့တဲ့အချိန်မှာပဲ သူ့အမူအရာက ချက်ချင်း မဲမှောင်သွားသည်။

အဲ့ဒီ*******ချောင်ကျန်းဟုန်!

"ဒါတွေက စာရင်းစာအုပ်အပါအဝင် အဲ့ဒီအိမ်ဆီကနေ သိမ်းလာတဲ့ ပစ္စည်းတွေပဲ"

ချောင်ထျန်းချန်က စာရင်းစာအုပ်ကို ရှောင်ချီဖုန်းဆီသို့ ကမ်းပေးလိုက်သည်။

စာရင်းစာအုပ်ကို လှန်ကြည့်ပြီးတော့ ရှောင်ချီဖုန်း၏ အမူအရာက မဲမှောင်လာသည်။ချောင်ကျန်းဟုန်က အရမ်းရဲတင်းတယ်ဆိုတာ သူဝန်ခံရမယ်။ဘယ်နေရာကနေ သူက(ချောင်ကျန်းဟုန်) သတ္တိတွေ ရလာတာလဲ။

၎င်းက သူ့ရဲ့(ချောင်ကျန်းဟုန်) လုံခြုံရေးပိုက်ကွန်က တော်ဝင်အမိန့်ပြန်တမ်း ဖြစ်ပုံရတယ်။ဒါပေမယ့် အခု အဲ့ဒါက သုံးပြီးသွားပြီ၊ချောင်မိသားစုကို ဆက်ပြီးတော့ ကာကွယ်ပေးနိုင်တဲ့အရာ မရှိတော့ဘူး။

"မင်း ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ"

ရှောင်ချီဖုန်းက စာရင်းစာအုပ်ကို ဖတ်ပြီးတဲ့နောက် ချောင်ထျန်းချန်ဘက်ကို လှည့်ကာ မဲနက်နေတဲ့ မျက်နှာပုံစံနဲ့ ချောင်ထျန်းချန်ရဲ့ ထင်မြင်ချက်ကိုမေးလိုက်သည်။

"ကျွန်တော်တို့ လုံးဝ အလျင်မလိုပါဘူး"

"အလျင်မလိုဘူးလား"

ရှောင်ချီဖုန်း မျက်မှောင်ကြုတ်သွားတယ်။သူက သူတို့တွေ ချက်ချင်းအရေးယူလိမ့်မယ်လို့ ထင်ထားတဲ့အတွက် သတိလက်လွတ် ဖြစ်သွားသည်။

ချောင်ထျန်းချန်က ခေါင်းငြိမ့်လိုက်ပြီး

"ကျွန်တော်လုပ်ဖို့ စီစဉ်ထားတာက သူတို့ကို လုံးဝ ဖျက်ဆီးပစ်ဖို့ပဲ။ယောင်ယောင်က သူမဘက်ကနေ စပြီးတော့ လှုပ်ရှားတာနဲ့ ကျွန်တော်လည်း တော်ဝင်ရုံးတော်ထဲမှာ သူတို့ကို ဆန့်ကျင်တိုက်ခိုက်မယ်"

သူ့စကားတွေကိုကြားတော့ ရှောင်ချီဖုန်းနဲ့ ရှောင်ချီထျန်းက သူတို့မျက်လုံးတွေကို စုံတွဲကြားမှာ လျှပ်တပြတ်ကြည့်လိုက်ပြီး သူတို့ရဲ့ လက်စားချေတဲ့ အကြံအစည်က အရမ်းကြောက်ဖို့ကောင်းတဲ့အတွက် သူတို့ကို လုံးဝ ရန်မစမိတာ အကောင်းဆုံးပဲလို့ ကောက်ချက်ချလိုက်ကြသည်။

နင်းမုန့်ယောင် အရေးယူရင် ဘာတွေဖြစ်မလဲ?သူတို့ရဲ့ စီးပွားရေးလမ်းကြောင်းတွေ ပိတ်ဆို့သွားရုံတင်မကဘူး လူအများအပြားလည်း ဒုက္ခအကြီးအကျယ် ရောက်ရလိမ့်မယ်။

"ကျွန်မ ရှောင်တိုင်းပြည်ရဲ့ အခြေခံအုတ်မြစ်ကို မနှောင့်ယှက်ပါဘူး။ဒါပေမယ့် အဲ့ဒီမိသားစုသုံးစုနဲ့ ပတ်သက်နေတဲ့လူတိုင်းကို အလွတ်ပေးမှာ မဟုတ်ဘူး"

တစ်ချိန်လုံး တိတ်နေခဲ့တဲ့ နင်းမုန့်ယောင်က ရုတ်တရက် ပြောလိုက်သည်၊

သူမက ဒီအဖြစ်အပျက်ကို အပြစ်ပေးဖို့ အသုံးချပြီး ကျန်တဲ့လူတွေကို ဉပမာအနေနဲ့ ပြလိုတဲ့ ဆန္ဒရှိသည်။ဒါက သူတို့(နင်းမုန့်ယောင်)တွေက နှောင့်ယှက်လို့ရမယ့် လူတွေမဟုတ်ဘူးဆိုတာ သိအောင် လုပ်မှာဖြစ်သည်။

ညီအစ်ကိုနှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ပြီး သက်ပြင်းချကာ

"အဲ့ဒါ ကောင်းတယ်"

နင်းမုန့်ယောင်က မျက်ခုံးပင့်လိုက်တယ်။သူမမှာ သူတို့နှစ်ဦးအတွက် အမြင်သစ်တစ်ခု ရှိသွားတယ်၊ကြည့်ရတာ ချောင်ထျန်းချန်ရဲ့ ညီနောင်တွေက အမှန်တကယ်ကို လူကောင်းတွေ ဖြစ်ပုံပဲ။

"အခြားမိသားစုနှစ်ခုရဲ့ စုံစမ်းမှုရလဒ်တွေကရော ဘာတဲ့လဲ"

ရှောင်ချီဖုန်းက မျက်ခုံးတွန့်ပြီး ချောင်ထျန်းချန်ကို ကြည့်လိုက်သည်။သူတို့တွေ အချိန်ကျလာလို့ ရုံးတော်ထဲမှာ ထိုမိသားစုသုံးစုနဲ့ မရင်ဆိုင်ခင် အဲ့ဒီလူတွေရဲ့ အားနည်းချက်တွေကို သိထားမှ ဖြစ်မယ်။

ချောင်ထျန်းချန်ရဲ့ နှုတ်ခမ်းတွေက အပြုံးတစ်ခုလို ကွေးတက်သွားပြိး

"လင်းအိမ်တော်က သူတို့ရဲ့ ကိုယ်ပိုင်စစ်တပ်ကို တည်ထောင်နေပြီးတော့ ရှောင်အိမ်တော်က တစ်သန်းထက်ပိုတဲ့ ငွေပမာဏ အလွဲသုံးစားလုပ်မှုပါ ပါဝင်ပတ်သက်နေတယ်"

ရှောင်ချီဖုန်းက မယုံနိုင်စွာ အံ့အားသင့်သွားသည်။လင်းဝူအိမ်တော်က စစ်တပ်ကြီးတစ်ခုကို တည်ထောင်ဖို့ ကြိုးစားနေတာလား?ဒါပေမယ့် သူ့ကို ပိုပြီး ထိတ်လန်အံ့ဩစေတာက ရှောင်မိသားစုရဲ့ တစ်သန်းထက်ပိုတဲ့ပမာဏကို အလွဲသုံးစားလုပ်ထားမှုပဲဖြစ်တယ်။

တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် ပြည်သူတွေအတွက် အသုံးပြုပေးရမယ့် ပြည့်သူ့အခွန်‌တွေက သူတို့ရဲ့ အိတ်ထောင်တွေထဲ ရောက်သွားတာပဲ။အဆုံးမှာတော့ ပြည်သူတွေအတွက် ဘယ်လောက်ပဲ ကျန်တော့လဲ?

ရှောင်ချီဖုန်း ထီးနန်းဆက်ခံပြီးကတည်းက တိုင်းပြည်က သဘာဝဘေးအန္တရာယ် သုံးခုဖြစ်တဲ့;ရေဘေး၊မိုးခေါင်မှုနဲ့ နှင်းမုန်တိုင်းတို့ကို ကြုံတွေ့ခဲ့ရသည်။အားလုံးက တိုင်းပြည်ရဲ့ ကြီးမားတဲ့ ဒေသကို ထိခိုက်စေခဲ့သည်။တိုင်းပြည်ရဲ့ဘဏ္ဍာတိုက်ကနေ ငွေစသုံးသန်းထုတ်ယူပြီးတော့ စားစရာတွေနဲ့ ဆေးဝါးပစ္စည်းတွေ ထောက်ပံ့ပေးခဲ့သည်။အလွဲသုံးစားမှုအကြောင်းကို သိတော့ ရှောင်ချီဖုန်းက‌ နောက်ဆုံးတော့ သူ့ရဲ့ ချစ်လှစွာသော ဦးရီးတော်က ဘယ်လောက်လောဘကြီးလဲဆိုတာကို သိသွားသည်။

တော်ဝင်ရုံးတော်ထဲမှာ အကျင့်ပြက်ခြစားတဲ့အမတ်ရော အကျင့်ပျက်ခြစားခြင်းမရှိတဲ့ အမတ်ရော နှစ်ခုလုံးရှိပြီးတော့ သူက အသေးစား အဂတိလိုက်စားမှုမှာ ပါဝင်တဲ့လူတွေကို အမြဲတမ်း မျက်လုံးတစ်ဖက်ပိတ်ထားပေးခဲ့ပေမယ့် သူ့ဦးရီးတော်က ဒီလိုမျိုး ကြီးမားတဲ့ အလွဲသုံးစားမှုကြီးထဲမှာ ပါဝင်နေလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ?

All Chapters