အခန်း ၂၂၅
Vol. 9 Ch. 225
Chapter 225
ကပ်ဘေးဒေသကို ပေးပို့တဲ့ ငွေအားလုံးကို ကောင်းကောင်း တွက်ချက်ထားသည်။ထိုငွေစသန်းအနည်းငယ်မရှိဘဲ ထိုဒေသကလူတွေ ဘယ်လိုဖြတ်သန်းမလဲ?ရှောင်ချီဖုန်း အဲ့ဒီအကြောင်းကို တွေးတောင် မတွေးရဲဘူး။
"****သူတို့တွေက ဘယ်လိုလုပ် ဒါကို လုပ်ရဲတာလဲ"
ရှောင်ချီဖုန်းက သူ့လက်ထဲကသက်သေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူ့မျက်နှာတစ်ခုလုံး မည်းမှောင်နေသည်။
ဒါပေမယ့် ရယ်စရာကောင်းတာက ရှောင်မိသားစုရဲ့ ထိုအလွဲသုံးစားလုပ်မှုက ရှောင်ရီလင်းကြောင့် မဟုတ်ဘဲ သူတို့ရဲ့ အမွေဆက်ခံသူ ရှောင်မင်ရန်က ၎င်းရဲ့နောက်ကွယ်က ပြုလုပ်ခဲ့တဲ့လူဖြစ်သည်။
ရှောင်အိမ်တော်ရဲ့ အမွေဆက်ခံသူက ရှောင်ကျီရွှမ်းရဲ့အစ်ကိုဖြစ်ပြီးတော့ သူ့အနေအထားနဲ့နည်းလမ်းတွေက မဆိုးပေမယ့် သူ့စိတ်ကတော့ လောဘကြီးလွန်းသည်။ဘာပဲဖြစ်ဖြစ် သူ့လုပ်ရပ်တွေက ရှောင်အိမ်တော်တစ်ခုလုံးကို ဒုက္ခရောက်အောင် လုပ်လိုက်တာ ဖြစ်သည်။
"ထျန်းချန် ငါ ဒီကိစ္စကို မင်းဆီလွှဲထားလိုက်မယ်။ငါ မင်းနဲ့ ပူးပေါင်းပေးမယ်" ရှောင်ချီဖုန်းက မှုန်ကုပ်စွာဖြင့် ပြောလိုက်သည်။
ရှောင်ရီလင်းနှင့် ပတ်သက်သည်ဖြစ်စေ မပတ်သက်သည်ဖြစ်စေ ဒါက သူ့ရဲ့ ညံ့ဖျင်းတဲ့ပျိုးထောင်မှုကြောင့် ဒီလိုရလဒ်မျိုး ဖြစ်လာတာ ဖြစ်သည်။
ရှောင်မင်ရန် ဘာကြောင့် ဒီလိုအရာမျိုးကို လုပ်နိုင်တာလဲဆိုတဲ့ အကြောင်းပြချက်က သူ့မှာ ဧကရာဇ်ရှောင်ဆိုတဲ့ ကျောထောက်နောက်ခံ ရှိနေလို့ပဲ မဟုတ်ဘူးလား?
ချောင်ထျန်းချန်က ခေါင်းငြိမ့်လိုက်ပြီး ခြံဝင်းထဲက သေတ္တာတွေကို လက်ညှိုးထိုးပြကာ
"မင်းအတွက် တဝက်"
"အဲ့ဒါက ဒီလိုပဲ ဖြစ်သင့်တာ မဟုတ်ဘူးလား"
ရှောင်ချီဖုန်းက မျက်ခုံးတွေ ပင့်သွားတယ်။သူ အဲ့ဒါကို ရည်ရွယ်ချက်ရှိရှိ ပြောတာလား?
ချောင်ထျန်းချန်က ရှောင်ချီဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး သူ့ခေါင်းကို တိတ်တဆိတ် လှည့်လိုက်တယ်။သူ တကယ်တော့ သူ့(ရှောင်ချီဖုန်း)ကို မပေးနိုင်ဘူး။
"နောက်ထပ် စကားတစ်လုံးပြောကြည့်လိုက် ငါ မင်းကို ဒင်္ဂါးပြားတစ်ပြားတောင် ပေးမှာ မဟုတ်ဘူး"
ဒါက သူတို့တွေ ရရှိလာတာဖြစ်လို့ သူ ဘာမှမပေးဘူးဆိုရင်တောင်မှာ ဘာမှမပြောနိုင်ပေ။
ရှောင်ချီဖုန်းက ချောင်ထျန်းချန်ကို နစ်နာသလို ကြည့်ပြီးတော့
"မင်းက ပိုက်ဆံပြတ်နေသေးတာလား"
သူ့မှာ ချမ်းသာတဲ့မိန်းမတစ်ယောက်ရှိနေပြီကို ဘယ်လိုလုပ် ပိုက်ဆံပြတ်နေနိုင်မှာလဲ?
ချောင်ထျန်းချန်က ရှောင်ချီဖုန်းကို အထင်သေးစွာ ကြည့်လိုက်ပြီး
"မင်း ဘဏ္ဍာတိုက်ထဲက ပိုက်ဆံတွေက အရမ်းများနေပြီလို့ ထင်နေတာလား"
ရှောင်ချီဖုန်းက သူ့စကားတွေကြောင့် နင်သွားပြီး တိတ်ဆိတ်သွားသည်။
တိုင်းပြည်ရဲ့ ဧကရာဇ်တစ်ပါးအနေနဲ့ သူ့ဘဏ္ဍာတိုက်ထဲက ပိုက်ဆံတွေ တိုးပြီးရင်းတိုးလာဖို့ မျှော်လင့်တာပေါ့။
ဒီနေရာမှာရှိတဲ့ ရွှေတွေနဲ့ငွေတွေအားလုံးကို ပေါင်းလိုက်မယ်ဆိုရင် လျန်း သန်းအနည်းငယ်ခန့်ရှိသည်။သူတို့ကို တစ်ဝက်ရတာက အတော်လေး များနေပြီဖြစ်သည်။သူ ကျေနပ်သင့်တယ်။
"ငါ တစ်ယောက်ယောက်ကို လွှတ်ပြီးတော့ ဒါတွေကို ရွှေ့ခိုင်းလိုက်မယ်"
"လာမယ်ဆိုရင် လျှို့ဝှက်ပြီးတော့ လာခဲ့။ကြီးကြီးကျယ်ကျယ် လုပ်မနေနဲ့၊တစ်ယောက်ယောက် ထောင်ချောက်ထဲကျသွားဖို့ သေချာအောင် ငါဒါတွေကို သိမ်းထားရဦးမယ်" ချောင်ထျန်းချန်က နှာခေါင်းရှုံ့လိုက်သည်။
ချောင်ကျန်းဟုန်က သူတို့ကို ဒီအတိုင်း လွှတ်ထားလိမ့်မယ်လို့ မထင်ပေ။ဒါဆို သူ့ဘေးနားမှာ ချောင် င်းလို တွက်ချက်တတ်တဲ့ လူတစ်ယောက် ရှိနေရင်ရော?အဲ့ဒါက လူတစ်ယောက်ပဲ ဖြစ်ပြီးတော့ သူ လုံးဝ စိတ်မပူပေ။
"သူတို့တွေ လာမယ်ဆိုတာ သေချာလား"
"မင်း နေပြီးတော့ စောင့်ကြည့်ပေါ့" ချောင်ထျန်းချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ရှောင်ချီဖုန်းက ချောင်ထျန်းချန်ကို မျက်လုံးမှေးကြည့်လိုက်ပြီး သူ့ကို တဖြည်းဖြည်းနဲ့ နားမလည်နိုင်တော့ဘူးဆိုတာ သဘောပေါက်သွားသည်။ချောင်ထျန်းချန်က သူ့ဘာသာသူ ဆက်နေ,နေပြီးတော့ သူဘာတွေစဉ်းစားနေလဲဆိုတာ သူ့ညီအပါအဝင် ဘယ်သူမှ မသိဘူး။
ချောင်ထျန်းချန်က သူ့ကို သစ္စာမဖောက်ဘူးလို့ ယုံကြည်ထားတာကြောင့်သာ မဟုတ်ရင် သူ ချောင်ထျန်းချန်ကို သံသယဝင်နေလောက်ပြီ။
"ထျန်းချန် မင်း........."
"ချီဖုန်း ငါ ဘာပဲလုပ်လုပ် မင်းနဲ့တိုင်းပြည်ကို ထိခိုက်အောင် လုပ်မှာမဟုတ်ဘူး"
ရှောင်ချီဖုန်းက သူ့ကို တစ်ခုခုမေးချင်ပေမယ့် ဘယ်လိုမေးရမှန်းမသိတဲ့အတွက် ရှုပ်ထွေးစွာကြည့်နေတာကို ချောင်ထျန်းချန်က အတည်ပြုပေးလိုက်သည်။
ရှောင်ချီဖုန်းက အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။သူက ချောင်ထျန်းချန်ကို ရှုပ်ထွေးတဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး
"ငါအဲ့ဒါကို စိုးရိမ်တာ မဟုတ်ဘူး ငါ မင်းကို ယုံတယ်။ဒါပေမယ့် ငါ မင်းအတွက် ပိုပြီးတော့ စိုးရိမ်တယ်"
ဒီစုံတွဲက တစ်ပုံစံတည်း ပြုမူနေကြတာပဲ။ချောင်ထျန်းချန်က အရင်တုန်းက ဒေါသကို ထိန်းထားနိုင်ပေမယ့် ဒီတစ်ကြိမ်မှာတော့ ဘာတစ်ခုမှ မရှိတော့ပေ။၎င်းက ဘာမှမဖြစ်သလို ဖြစ်ပြီးတော့ ထိုဟာကပဲ ရှောင်ချီဖုန်းကို စိုးရိမ်စေသည်။
သူ အဲ့ဒါကို ထိန်းထားနိုင်တဲ့ တစ်ခုတည်းသော အကြောင်းအရင်းက သူ့ခံစားချက်တွေအားလုံးကို ထိန်းထားတာကြောင့် ဖြစ်သည်။နင်းမုန့်ယောင်ကို ကြည့်ပြီးတော့ သူမ အခု အရာအားလုံးကို သိထားတယ်ဆိုတာ သူ သိနေတာကြောင့်သာ မဟုတ်ရင် သူမရဲ့ မျက်မှာပေါ်က ဘာမှမဖြစ်သလို ပြုံးနေတဲ့အပြုံးက ဘယ်လောက်အထိ ရူးသွပ်နေလဲဆိုတာ ရှောင်ချီဖုန်း လုံးဝ ယုံမှာမဟုတ်ဘူး။
"ဒီနည်းလမ်းက မကောင်းဘူးလား"
ဘယ်လို ခံစားချက်ကိုမှ မဖော်ပြဘဲ သူ့ထင်မြင်ချက်တွေက ငရဲကိုရောက်တဲ့အခါမှာ သက်ရောက်မှုမရှိပေ။(ဒီနားလေးကို ကိုယ်လည်းမရှင်းဘူး)အဆုံးမှာတော့ ဒေါသတွေအပြည့်နဲ့ ဖုံးလွှမ်းနေတဲ့ စိတ်တစ်ခုက ကိစ္စတွေပြီးမြောက်စေရန်အတွက် အကျိုးမရှိပေ။
ရှောင်ချီဖုန်းက မငြင်းပယ်နိုင်ပေ။သူက သူတို့နှစ်ယောက်ကိုသာ စိုးရိမ်စွာနဲ့ ကြည့်လိုက်သည်။
ကြည့်ရတာ သူတို့နှစ်ယောက်က ဒေါသကြောင့် အကြင်နာကင်းမဲ့လာပုံရပြီးတော့ သူတို့ရဲ့ စိတ်နေစိတ်ထားတွေတောင်မှ ပြောင်းလဲသွားပုံရကာ အဲ့ဒါက တကယ့်ကို စိုးရိမ်စရာဖြစ်သည်။
ရှောင်ချီထျန်းက နင်းမုန့်ယောင်ကို လေ့လာပြီးတော့ အနည်းငယ် ခေါင်းကိုက်စွာဖြင့်
"မုန့်ယောင် မင်း ငါ့အကူအညီလိုတာရှိရင် ဘာဖြစ်ဖြစ် ပြောနော်" ဒီအရာက အခုချိန်မှာ သူ သူမကို ပြောပေးနိုင်တဲ့ တစ်ခုတည်းသောအရာ ဖြစ်ပုံရသည်။
နင်းမုန့်ယောင်က ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။သူမက ရှောင်ချီထျန်းရဲ့ ရည်ရွယ်ချက်ကောင်းတွေကို မငြင်းပယ်ပေမယ့် သူ့အင်အားကို အသုံးပြုဖို့လည်း ရည်ရွယ်ချက်မရှိပေ။သူမသာ ဒါကို မမြင်နိုင်ရင် သူတို့တွေ စောစောရပ်လိုက်တာ အကောင်းဆုံးဖြစ်သည်။
(ဒီအပိုင်းက တော်တော်လေးရှုပ်တယ်)
(ချောင်ထျန်းချန်ရယ် ရှောင်ချီဖုန်းရယ် ရှောင်ချီထျန်းရယ်က သူငယ်ချင်းကောင်းတွေလို့ ပြောထားတာဆိုတော့ သူငယ်ချင်းအချင်းချင်းပြောရင် ကျွန်တော်ဆိုတာက ထောက်နေလို့ ငါနဲ့မင်းပဲ သုံးလိုက်ပါတယ်။ကိုယ်ထင်တာတော့ သူတို့ပဲရှိတဲ့အချိန်ဆိုရင် လွတ်"လပ်"ပြောပြီးတော့ လူတွေရှေ့ကျရင်တော့ တလေးတစားပြောတယ်လို့ ထင်တယ်)