အခန်း ၂၂၆
Vol. 10 Ch. 226
Chapter 226
သူမဘာသာ ကလဲ့စားချေမှာဖြစ်ပြီးတော့ အခြားလူတွေ ဝင်ရောက်စွက်ဖက်ဖို့ မလိုအပ်ပေ။
ကောင်းကင်က တဖြည်းဖြည်း မှောင်လာသည်။ရှောင်ချီဖုန်းနဲ့သူ့ညီက ထွက်မသွားဘဲနဲ့ အမှောင်ထဲမှာ ပုန်းနေကြသည်။ညသန်းခေါင်အထိ ဘယ်လိုလှုပ်ရှားမှုမျိုးမှ မရှိတာကြောင့် ချောင်ထျန်းချန် ခန့်မှန်းတာ မှားပြီလားဆိုပြီး ရှောင်ချီဖုန်းကို အံ့အားသင့်သွားစေသည်။သူတို့တွေ လုံးဝ မလာတာ ဖြစ်နိုင်တယ်။
"ဆက်ပြီးစောင့်ကြည့်နေလိုက်ပါ"
ချောင်ထျန်းချန်က သူတို့ရဲ့ သံသယတွေကို ပြန်ပြီး အဖြေပေးလိုက်သည်။
ရှောင်ချီဖုန်းက မျက်ခုံးပင့်လိုက်ပြီးတော့ ဆက်မမေးတော့ပေ။ချောင်ထျန်းချန်က စောင့်ဖို့ပြောတယ်ဆိုမှတော့ သူ စောင့်ရမှာပေါ့။
သူတို့တွေနောက်ထပ် နှစ်နာရီလောက် ထပ်ပြီး စောင့်ခဲ့ရသည်။ဒီအချိန်မှာ အများစုက ပင်ပန်းပြီးတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ အချိန်ရှောင်ချီဖုန်းက သိမ်မွေ့တဲ့အသံတစ်သံကို ကြားလိုက်ရသည်။
သူက ချက်ချင်းပဲ သူ့ရဲ့ မောပန်းနွမ်းနယ်နေတဲ့ စိတ်အခြေအနေက နိုးကြားတက်ကြွလာခဲ့သည်။သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့ရဲ့ ပါးစပ်ထောင့်တွေမှာ အေးစက်တဲ့အပြုံးတစ်ခုရှိနေသည်။ကြည့်ရတာ သူတို့စောင့်နေတဲ့လူတွေက ဒီနေရာကိုလာပြီးတော့ သူတို့သေလမ်း လာရှာကြပြီနဲ့တူတယ်။
နင်းမုန့်ယောင်က ခေါင်မိုးပေါ်မှာထိုင်နေပြီးတော့ သူမရဲ့အသက်ရှူသံကို ချုပ်ထိန်းကာ ရှေ့ကိုကြည့်နေလိုက်သည်။မကြာခင်မှာပဲ သူမရဲ့ အေးစက်စက် မျက်လုံးတွေကြားက အပြုံးဖျော့ဖျော့တစ်ခု ပေါ်လာခဲ့သည်။
တခဏကြာပြီးနောက် အနက်ရောင်ဝတ်စုံနဲ့ လူတစ်စုက ခြံဝင်းထဲမှာ ပေါ်လာသည်။သူတို့ထဲက တစ်ယောက်က သူ့ဘေးနားက လူကို တိုးတိုးလေး ပြောလိုက်သည်။
"နင်းမုန့်ယောင်ကို ရှာပြီးတော့ မင်း တတ်နိုင်သလောက် အဝေးကို မြန်မြန်ခေါ်သွားလိုက်"
ချောင်ထျန်းချန်က အမှောင်ထဲကနေ သူတို့ပြောတာကို ကြားပြီးတော့ သူ့မျက်နှာက ချက်ချင်း အေးစက်သွားတယ်။ယောင်ယောင်က ထပ်ပြီးတော့ သူတို့ရဲ့ ပစ်မှတ်ဖြစ်နေပြန်ပြီ။
နင်းမုန့်ယောင်က ချောင်ထျန်းချန်ရဲ့ လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။သူမ မျက်နှာပေါ်က အပြုံးဖျော့ဖျော့နဲ့ နှုတ်ခမ်းတွေက အသာလေး လှုပ်ရှားသွားကာ အသံမထွက်ဘဲနဲ့ သူ့ကို နှစ်သိမ့်ပေးလိုက်သည်။
သူ့လက်မောင်းမောင်းပေါ်က အနွေးဓာတ်လေးက သူ့စိတ်ထဲက ဒေါသကို အများကြီး လျော့ကျသွားစေတယ်။ယောင်ယောင်က အရင်တုန်းကနဲ့မတူတော့ဘူးဆိုတာ သူမေ့တော့မလို့။အခုဆိုရင် သူမမှာ သူ့ကိုယှဉ်နိုင်တဲ့ ကိုယ်ခံပညာစွမ်းရည်ရှိနေပြီးတော့ သူမကိုယ်သူမ မထိခိုက်အောင် ကောင်းကောင်း ကာကွယ်နိုင်တယ်။
ရှောင်ချီဖုန်းက အစတုန်းကတော့ ချောင်ထျန်းချန်က သူတို့ရဲ့ အစီအစဉ်ကို ဖျက်ဆီးလိုက်မှာ စိတ်ပူနေခဲ့တယ်။နင်းမုန့်ယောင်က သူ့ကို ချက်ချင်းနှစ်သိမ့်ပေးလိုက်တဲ့ သူတို့ရဲ့ စိုးရိမ်မှုတွေအကုန်လုံး လုံးဝ ပြေလျော့သွားလိမ့်မယ်လို့ ဘယ်သူသိမှာလဲ?
သူတို့က ထိုလူတွေ ခြံဝင်းထဲ တိတ်တဆိတ် ဝင်လာတာကို စောင့်နေကြပြီးတော့ ချောင်ထျန်းချန်က သူ့လက်ကို ဝှေ့ရမ်းကာ သူတို့ရဲ့ပတ်ဝန်းကျင်က လဲ့အန်းနဲ့အခြားလူတွေကို အချက်ပြလိုက်သည်။
ချောင်ထျန်းချန်နှင့်သူ့အဖွဲ့က ခြံဝင်းထဲကို ခုန်ထွက်သွားကြသည်။သူတို့ရှေ့က ဝတ်စုံနက်နဲ့လူတွေရဲ့ မျက်လုံးတွေထဲမှာ ထိတ်လန့်တုန်လှုပ်မှုကို တွေ့ရတော့ သူ့ပါးစပ်ထောင့်တွေက အသာလေး လှောင်ပြောင်တဲ့သဖွယ် ကွေးတက်သွားသည်။
"ဒီနေရာကို ဒီအချိန်ကြီး လာကြတဲ့ မင်းတို့အတွက် ငါ ဘာလုပ်ပေးရမလဲ"
ချောင်ထျန်းချန်က သူ့ရှေ့ကလူတွေကို မေးခွန်းထုတ်လိုက်သည်။
သူတို့နားကို လူတွေ ပိုပိုပြီးတော့ ဝိုင်းလာတာကို မြင်တော့ ဝတ်စုံနက်နဲ့ခေါင်းဆောင်က သူတို့တွေ ထပ်ပြီးတော့ ထောင်ချောက်ဆင်ခံလိုက်ရပြီဆိုတာကို ချက်ချင်း သဘောပေါက်သွားသည်။
"အခု နောက်ဆုတ်ကြ!"
ချောင်ထျန်းချန်က လှောင်လိုက်တယ်
"ဆုတ်ခွာတာလား။ဒီနေရာက မင်းတို့ ဆန္ဒရှိတိုင်း လာလို့ရတဲ့ နေရာမဟုတ်ဘူး။တစ်ယောက်ယောက်သာ လွတ်သွားရင် လဲ့အန်းနဲ့ကျန်တဲ့လူတွေ မင်းတို့တွေ အိမ်ပြန်ဖို့ ပြင်ထားကြ"
"ဟုတ်ကဲ့ ဆရာ!သူတို့ကို အရှင်ဖမ်းလိုက်မယ်"
လဲ့အန်းက လည်ပင်းကျုံ့သွားတယ်။သူ့ဆရာရဲ့ အိမ်ပြန်တော့ဆိုတာက စစ်တပ်စခန်းဆီကို ပြန်ဖို့ ရိုးရိုးလေးပြောတာ မဟုတ်ဘူးဆိုတာ သူ သဘောပေါက်တယ်။
လဲ့အန်းရဲ့အမိန့်အောက်မှာ ခြံဝင်းထဲက လူတွေက ချက်ချင်းပဲ ဝတ်စုံနက်နဲ့လူတွေကို တိုက်ခိုက်ကြသည်။သူတို့ကို ဦးဆောင်လာတဲ့ လူက ချောင်ထျန်းချန်နဲ့ တိုက်ခိုက်ပြီးတော့ သူ့ဘေးနားကလူကို အချက်ပြလိုက်သည်။
သူက အချက်ပြတာကို ကြည့်ကာ ခေါင်းငြိမ့်လိုက်ပြီး လင်းဇီရိုရဲ့ တိုက်ခိုက်မှုကို ရှောင်ကာ နင်းမုန့်ယောင်ရှေ့ကို ရောက်သွားပြီး သူ့လက်တွေကို သူမရဲ့လည်ပင်းတစ်ဝိုက် ညှစ်လိုက်သည်။
"ချောင်ထျန်းချန် မင်းရဲ့လူတွေကို ရပ်ဖို့ပြောလိုက်။မဟုတ်ရင် ငါ သူမကို သတ်ပစ်လိုက်မယ်!"
နင်းမုန့်ယောင်ကို ဖမ်းပြီးတဲ့နောက် သူက သူ့ကိုယ်သူစိတ်အေးသွားပြီး ခြံဝင်းထဲကို အော်လိုက်သည်။
ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို လှည့်ကြည့်လိုက်တယ်။သူမက ကောင်းကောင်း ရှိနေပြီးတော့ အဖမ်းခံထားရရုံပဲဆိုတာ တွေ့မှ သူ စိတ်အေးသွားတယ်။
ဝတ်စုံနက်နဲ့ခေါင်းဆောင်က သူတို့ရဲ့ ပစ်မှတ် အဖမ်းခံရတာကို မြင်တော့ မတတ်နိုင်ဘဲ ကျယ်လောင်စွာ အော်ရယ်လိုက်တယ်။အံ့ဩဖို့ကောင်းတယ်။
"ချောင်ထျန်းချန် မင်း မင်းရဲ့မိန်းမကို လိုချင်ရင် အဲ့ဒီပစ္စည်းတွေ ပြန်ပေး"
"ချောင်လင်း ရောက်လာမယ့်လူက မင်းလို့ ငါ မထင်ထားခဲ့ဘူး"
ချောင်ထျန်းချန်က တုံ့ပြန်လိုက်ပြီးတော့ သူ့ရှေ့မှာရှိနေတဲ့ ချောင်လင်းကို နားမလည်နိုင်တဲ့ အတိုင်းပင်။
ချောင်လင်းက သူ့ရဲ့သရုပ်မှန်ကို အသိအမှတ်ပြုခံလိုက်ရတဲ့အခါမှာ ပျာယာခတ်ခြင်းမရှိပေ။သူက သူ့မျက်နှာပေါ်က အနက်ရောင်မျက်နှာဖုံးကို စုတ်ဖြဲလိုက်ပြီး
"တတိယသခင်လေးမှာ အမြင်ကောင်းရှိတာပဲ။မင်း ပစ္စည်းတွေကို ပြန်ပေးသရွေ့ တတိယမိန်းမပျိုလေး ဘာမှဖြစ်မှာ မဟုတ်ဘူး"
ချောင်ထျန်းချန်က ချောင်လင်းကို အပြုံးတစ်ခုနဲ့ စိုက်ကြည့်ကာ သူ့မျက်နှာက လှောင်ပြောင်မှု အပြည့်ဖြင့်
"အိုး...ချောင်လင်း ဒီည ငါတို့နဲ့အတူတူ ဘယ်သူရှိနေလဲဆိုတာ မင်း ဘာလို့ မကြည့်ကြည့်တာလဲ"
ချောင်လင်း ထိုအရာနဲ့ပတ်သက်ပြီး ခံစားချက်မကောင်းတော့ပေ။သူက အလိုအလျောက် သူ့ခေါင်းကို လှည့်ကြည့်လိုက်ပြီး မျက်နှာတွေ မည်းနက်ကာ ဒေါသထွက်နေတဲ့ ရှောင်ချီဖုန်းနဲ့ရှောင်ချီထျန်း နှစ်ယောက်လုံးကို တွေ့လိုက်ရသည်။
အခုလေးတင် သူတို့က နင်းမုန့်ယောင်ကို ဖမ်းဖို့သာ အာရုံစိုက်နေခဲ့ပြီးတော့ ကြည့်နေတဲ့လူတွေကို အာရုံမစိုက်ခဲ့မိပေ။အခု သူတို့တွေ ရှောင်ချီဖုန်းနဲ့ ရှောင်ချီထျန်းကို ရုတ်တရက် မြင်လိုက်ရတော့ သူတို့ရဲ့ အစီအစဉ် ကျရှုံးသွားပြီဆိုတာ သိလိုက်သည်။ထိုနှစ်ယောက်က အရာအားလုံးကို သိထားတယ်။
"အရှင်မင်းကြီး......."
ချောင်လင်းက ရေရွတ်လိုက်ပြီး သူ့အသံက တိုးလွန်းတာကြောင့် သူတစ်ယောက်ပဲ ကြားနိုင်တယ်။
"ဘယ်လောက်တောင် အထင်ကြီးဖို့ကောင်းလိုက်တဲ့ ချောင်မိသားစုလဲ”