← Chapters

အခန်း ၂၂၇

Vol. 10 Ch. 227

အခန်း ၂၂၇

Vol. 10 Ch. 227

Chapter 227

ချောင်လင်းရဲ့လက်ဖဝါးတွေ ချွေးပြန်လာတယ်။ဧကရာဇ်ရှောင်နဲ့မင်းသားရှောင်တို့ ဒီနေရာမှာ ရှိနေလိမ့်မယ်လို့ သူ မထင်ထားဘူး။သူတို့ရဲ့ အမူအရာတွေကို ကြည့်ပြီးတော့ သူတို့တွေ သေချာပေါက် ချောင်မိသားစု ကျူးလွန်ထားတဲ့ မကောင်းမှုတွေအကုန် သိနေလောက်ပြီ။သူတို့(ချောင်မိသားစု) ဒီတစ်ခေါက်တော့ အမှန်တကယ် အဆုံးသတ်ပြီ။

သူ့လက်ထဲက မိန်းမကို စိုက်ကြည့်ပြီးတော့ ချောင်လင်း အများကြီး စိတ်သက်သာရာ ရသွားသည်။

"တတိယသခင်လေး မင်း သူမကို မသေစေချင်ဘူးဆိုရင် ငါတို့ကို လွှတ်ပေးလိုက်"

သူတို့တွေ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်ရင် ဒါဆို သူ့ သခင်ကြီးကို အမြန် ပြန်ပြီးတော့ သတင်းပေးနိုင်ပြီး အချိန်ကျလာတဲ့အခါ ပြန်လာနိုင်မှာ ဖြစ်သည်။

ချောင်ထျန်းချန်က နင်းမုန့်ယောင်ရဲ့လည်ပင်းကို ဆွဲညှစ်ထားတဲ့ သူ့(ချောင်လင်း)ရဲ့ လက်တွေကို ကြည့်လိုက်သည်။သူ့မျက်နှာက အုံ့မှိုင်းပြီးတော့ ကြောက်စရာကောင်းသွားသည်။

"ယောင်ယောင် သူ မင်းလည်ပင်းကို ဆွဲထားတာကို ကိုယ်မကြိုက်ဘူး"

ချောင်ထျန်းချန်က သူမကို ရုတ်တရက် ပြောလိုက်သည်။

နင်းမုန့်ယောင်က သူမရဲ့လည်ပင်းကို ဆွဲထုတ်လိုက်ပြီး ရုတ်တရက် သူမရဲ့လက်တွေကို မြှောက်ကာ ချောင်လင်းရဲ့လည်ပင်းကို ဆွဲကိုင်လိုက်သည်။သူမလက်ထဲက ခွန်အားကနေ အရိုးတွေကျိုးသွားတဲ့အသံကို ကြားနိုင်သည်။

ချောင်လင်းရဲ့ မျက်နှာ ပြောင်းလဲသွားတယ်။သူ့နဖူးကနေ ချွေးတွေစီးကျလာပြီး အလိုအလျောက် နင်းမုန့်ယောင်၏ လည်ပင်းကို လွှတ်ပေးလိုက်သည်။

နင်းမုန့်ယောင်က ချောင်လင်း သူ့ရဲ့လည်ပင်းကို ကိုင်မကြည့်ခင် လုံခြုံတဲ့နေရာကို ခုန်‌လိုက်သည်။သူမကို ကြောက်လန့်တကြား ကြည့်နေတဲ့ ယောကျာ်းကို စိုက်ကြည့်ပြီး

"ကျွန်မက ခဏခဏ အနိုင်ကျင့်ခံရဖို့ အရမ်းလွယ်တဲ့ပုံ ပေါက်နေလား"

ချောင်လင်း နင်းမုန့်ယောင်ကို သိထားတာ သာမန်ပဲဖြစ်တယ်။သူမက ဘယ်လို ကိုယ်ခံပညာမျိုးကိုမှ မသိဘူးဆိုတာ သူ လုံးဝသေချာတယ်.....ဒါပေမယ့် ဘယ်လိုလုပ်........သူမသာ အမှန်တကယ် ကိုယ်ခံပညာတတ်ကျွမ်းတယ်ဆိုရင် ဒါဆို အရင်တုန်းက သူမဆီကို မကောင်းတာတွေ ဖြစ်မှာမဟုတ်ဘူးလေ။ဒါဆို အမှန်တကယ်ပဲ ဘာတွေဖြစ်နေတာလဲ?

နင်းမုန့်ယောင်က ချောင်လင်း ဘာတွေတွေးနေလဲဆိုတာ ဂရုစိုက်မနေဘဲ ချက်ချင်း တိုက်ခိုက်တော့သည်။

သူမ ခွန်အားရဲ့ ၇၀ရာခိုင်နှုန်းကို အသုံးပြုပြီး ချောင်လင်းကို တစ်ချက် ရိုက်ထုတ်ပစ်လိုက်တဲ့အခါ သူက နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်သွားရပြီး သွေးအန်သွားသည်။ဝတ်စုံအနက်နဲ့လူတွေရဲ့ အမူအရာတွေက ပြောင်းလဲသွားကြပြီး သူမကို တစ်ပြိုင်နက်ထဲ စတင်တိုက်ခိုက်ကြသည်။

"နင်တို့က နင်တို့ရဲ့လုပ်နိုင်စွမ်းကို အထင်ကြီးလွန်းနေတာပဲ"

သူမက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး သူတို့ကို မရှောင်ပေ။ဒါပေမယ့် အဲ့ဒီအစား တိုက်ရိုက်ဦးတည်ပြီး သွားသည်။

သူမရဲ့ လက်ဖဝါးတွေကိုသာ အသုံးပြုပြှး တတ်နိုင်သမျှ အသုံးဝင်တဲ့ သေးငယ်တဲ့ လှုပ်ရှားမှုတွေကိုသာ ပြုလုပ်ကာ ရဲရဲဝင့်ဝင့်နဲ့ ရှေ့ကိုတိုးသွားပြီး သူမပြိုင်ဘက်တွေကတော့ ခြေလှမ်းများစွာ နောက်ဆုတ်ကာ နောက်ဆုံးမှာတော့ သူတို့ရဲ့နေရာမှာပဲ အခိုင်အမာ ရပ်နေခဲ့ကြသည်။

ချောင်ထျန်းချန်က နင်းမုန့်ယောင်ရဲ့ ခွန်အားကို သိပြီးတော့ မြင်ကွင်းကို မြင်တဲ့အခါမှာ မအံ့ဩပေ။လင်းဇီရိုနဲ့ ကျန်တဲ့လူတွေကလည်း ခြွင်းချက်မဟုတ်ချေ။တစ်ဖက်မှာတော့ ရှောင်ချီဖုန်းနဲ့သူ့ညီက နင်းမုန့်ယောင်ကို အံ့အားသင့်စွာ ကြည့်နေခဲ့တယ်။သူမက သိမ်မွေ့နူးညံ့ပြီးတော့ အားနည်းတဲ့ အမျိုးသမီးတစ်ယောက်လေ ဒါပေမယ့် ဘယ်လိုလုပ် ညတွင်းချင်း ကိုယ်ခံပညာ ကျွမ်းကျင်တဲ့ပညာရှင်အဖြစ်ကို ပြောင်းလဲသွားတာလဲ?သူတို့ ဘယ်အရာတွေကို မြင်နေရတာလဲ?

"သူတို့ကို ဖမ်း"

ချောင်ထျန်းချန်က သိသာစွာပဲ နင်းမုန့်ယောင်ကို ရန်သူတွေအားလုံးကို သူမတစ်‌ယောက်တည်း ရင်ဆိုင်ခိုင်းမှာ မဟုတ်ပေ။သူက အလွန်လျင်မြန်စွာပဲ တိုက်ပွဲကို ဝင်ရောက်ဆင်နွှဲသည်။

ချောင်ထျန်းချန်နဲ့ကျန်တဲ့လူတွေရဲ့ အကူအညီဖြင့် ချောင်လင်းအပါအဝင် ဝတ်စုံနက်နဲ့လူတွေကို ဖမ်းမိသွားသည်။

နင်းမုန့်ယောင်က တစ်ညလုံး မဆုတ်မနစ်ကြိုးစားခဲ့ပြီး အချိန်တော်ကြာကတည်းက ပျင်းရိနေပြီ ဖြစ်သည်။လူတိုင်းကို ဖမ်းမိပြီးတဲ့နောက် ‌သူမက ချောင်ထျန်းချန်ကို နှုတ်ဆက်ပြီးတော့ အနားယူဖို့ အခန်းထိကို ပြန်သွားသည်။ရှောင်ချီဖုန်းရဲ့ သိချင်စိတ်အတွက်ကတော့ ချောင်ထျန်းချန်ပဲ သူ့ကို ရှင်းပြလိုက်တယ်။

ခန်းမထဲတွင် ရှောင်ချီဖုန်းက ချောင်ထျန်းချန်ကို ကြည့်ကာ

"ဘာတွေဖြစ်နေတာလဲ" သူမက ဘယ်လိုလုပ် ရုတ်တရက်ကြီး သန်မာလာရတာလဲ?

"သူမက သူမရဲ့ ခဲအိုဆီကနေ ကိုယ်ခံပညာသင်ထားတာ ဒါပေမယ့် သူမရဲ့ ခန္ဓာကိုယ်ထဲက အတွင်းအားကို မထိန်းချုပ်နိုင်လို့ ချိတ်ပိတ်ထားခဲ့တာ။အဲ့ဒါက ဒီနေ့ပဲ ချိတ်ပိတ်တားတာ ဖြည်လိုက်တာ"

ချောင်ထျန်းချန်က သူ့ပုခုံးတွေကို တွန့်ကာ မသဲမကွဲ ရှင်းပြလိုက်သည်။

ရှောင်ချီဖုန်းက စိတ်ရှုပ်ထွေးနေတုန်း ဖြစ်ပြီး

"သူမရဲ့ ခဲအိုလား"

"ယွီဖုန်း ယောင်ယောင်ရဲ့ ခဲအို"

ရှောင်ချီထျန်းက သူ့လက်ဖက်ရည်ကို တိတ်တဆိတ်သောက်နေပြီး ထိုနာမည်ကို ကြားတဲ့အချိန် သီးသွားသည်။

"ထျန်းချန် သူမရဲ့ ခဲအိုက ဘယ်သူလို့ မင်းပြောလိုက်တာလဲ"

"ယွီဖုန်း"

"ယွီလင်တောင်ခန်းမရဲ့ ပိုင်ရှင်လား"

ရှောင်ချီထျန်းက မျက်လုံးပြူးသွားပြီး မယုံနိုင်စွာ မေးလိုက်ကာ သူ့အသံက အနည်းငယ် တင်းမာနေသည်။

ချောင်ထျန်းချန်က ခေါင်းငြိမ့်လိုက်ပြီး

"ဟုတ်တယ်။ငါတို့လက်ထပ်တဲ့အချိန်တုန်းက မင်းသူနဲ့ဆုံဖူးတယ်လေ ငါမှတ်မိပါတယ်"

ရှောင်ချီထျန်းက ချောင်ထျန်းချန်ကို စိုက်ကြည့်လိုက်တယ်။သူ ယွီဖုန်းနဲ့ဆုံခဲ့တယ်ဆိုတာ မှန်တယ် ဒါပေမယ့် ယွီဖုန်းက ယွီလင်တောင်ခန်းမရဲ့ ပိုင်ရှင်ဖြစ်နေလိမ့်မယ်လို့ မသိခဲ့ဘူးလေ။

သူလည်းပဲ နာမည်ကြားတဲ့အချိန်တုန်းက ရင်းနှီးတယ်လို့ ထင်ပေမယ့် အဲ့ဒါနဲ့ပတ်သက်ပြီး အများကြီး မတွေးခဲ့ပေ၊အခု သူ ချက်ချင်း ပြန်စဉ်းစားကြည့်တော့ ဒါက ထိတ်လန့်အံ့ဩဖို့ကောင်းတဲ့ သတင်းတစ်ခုဖြစ်နေတာ သဘောပေါက်သွားတယ်။

ရှောင်ချီဖုန်းလည်းပဲ အနည်းငယ် အံ့အားသင့်သွားသည်။နင်းမုန့်ယောင်က ယွီလင်တောင်ခန်းမရဲ့ ပိုင်ရှင်နဲ့ ပတ်သက်နေလိမ့်မယ်လို့ မထင်ထားခဲ့ပေ။

သူက သူ့မျက်လုံးတွေကို မှေးကျဉ်းလိုက်ပြီး သူ သေချာပြန်စဉ်းစားကြည့်မယ်ဆိုရင် ယွီလင်တောင်ခန်းမ ပိုင်ရှင်ရဲ့ ဇနီးက "လင်"တိုင်းပြည်က ဩဇာလွှမ်းမိုးမှုအရှိဆုံး မိန့်မိသားစုရဲ့ အကြီးဆုံးသမီး ဖြစ်သည်။

ကြည့်ရတာ နင်းမုန့်ယောင်မှာ သူတို့ထင်ထားတာထက် ပိုပြီးတော့ အင်အားကြီးတဲ့ နောက်ခံရှိနေတာပဲ။

"ထျန်းချန် သူမက ဘယ်လိုလုပ် ဒီလိုလူမျိုးတွေနဲ့ သိလာခဲ့တာလဲ"

သူမလို မိန်းမပျိုလေးက ဒီလိုမျိုး အရေးကြီးတဲ့ပုဂ္ဂိုလ်တွေနဲ့ သိကျွမ်းပြီးတော့ သူတို့ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာတာကို ရှောင်ချီဖုန်း ဘယ်လိုမှ စဉ်းစားလို့ မရသေးဘူး။

"ငါထင်တာတော့ လွန်ခဲ့တဲ့ ၇နှစ်၈နှစ်တုန်းက အသက်ရှင်ဖို့အတွက် သူတို့နဲ့ သိလာတာ ထင်တယ်။ဒါပေမယ့် ငါလည်း အသေးစိတ်ကို သေချာမသိဘူး"

အရင်တုန်းက သူ နင်းမုန့်ယောင်ကို အသေးစိတ် မမေးထားပေ။

သူက သူမသာ သူ့ကိုပြောပြချင်ရင် နားထောင်ပေးမှာဖြစ်ပြီး သူမ မပြောပြချင်ဘူးဆိုရင်လည်း မေးမှာမဟုတ်ပေ။ဘာပဲဖြစ်ဖြစ် သူမကို ယုံကြည်တယ်။

All Chapters