← Chapters

အခန်း ၂၃၀

Vol. 10 Ch. 230

အခန်း ၂၃၀

Vol. 10 Ch. 230

Chapter 230

ဒါပေမယ့် သူ့လုပ်ရပ်တွေက အနည်းငယ် ရက်စက်တယ်ဆိုပေမယ့် ဘာပဲဖြစ်ဖြစ် အဲ့ဒါက သိပ်မဆိုးပါဘူးလို့ ရှောင်ချီထျန်းထင်တယ်။

ချောင်ကျန်းဟုန် နောက်ထပ်ဘာလုပ်မလဲဆိုတာ သူ သိချင်မိတယ်။

ချောင်လင်းကို သူ့လျှာကို ဒီအတိုင်းထားပေးလိုက်တာက ချောင်ကျန်းဟုန်က သတင်းသိသွားမှာ မဟုတ်ဘူးလား?ချောင်ကျန်းဟုန်က ချက်ချင်းထွက်ပြေးဖို့ ဘယ်လိုမျိုး ကြိုးစားမလဲဆိုတာ သူ သိချင်မိတယ်။

"တစ်ယောက်ယောက်ကိုလွှတ်ပြီးတော့ ချောင်ကျန်းဟုန်ကို စောင့်ကြည့်ထား ပြီးရင် သတင်းထူးတာရှိရင် ငါ့ဆီချက်ချင်း ပြန်တင်ပြ"

"ဟုတ်ကဲ့ သခင်လေး"

သတင်းပေး ထွက်သွားပြီးတဲ့နောက် ရှောင်ချီထျန်းက မတ်တပ်ရပ်လိုက်တယ်။ဒါပေမယ့် ထိုင်ခုံပေါ်မှာ တစ်ခေါက် ပြန်ထိုင်လိုက်တယ်။သူ့ဘေးနားက ခြုံထည်ကို ပေါ့ပေါ့ပါးပါး ဝှေ့ရမ်းပြီးတော့ သူ့ဘာသာသူ တွေးလိုက်တယ်;မကြာခင်မှာ ကြည့်လိုကောင်းတဲ့ ပြဇာတ်တစ်ခု ရောက်လာတော့မယ့်ပုံပဲ။

အခြားတစ်ဖက်မှာတော့ နင်းမုန့်ယောင်က သူမ ရရှိထားတဲ့ စာကို ကြည့်ပြီးတော့ ဖွဖွလေး ပြုံးကာ

"ထျန်းချန် ရှင့်တိုက်ခိုက်မှုကို အခုစလို့ရပြီ"

"ဟုတ်ပြီ"

ယွီဖုန်းရဲ့စာကို ရရှိပြီးတဲ့နောက် နင်းမုန့်ယောင်က ချင်းရွှမ်းကို ညွှန်ကြားချက် အတွဲလိုက် ပေးလိုက်သည်။လူတိုင်းက စတင် အလုပ်များလာကြသည်။

တိုတောင်းတဲ့ သုံးရက်တာအချိန်ကာလအတွင်းမှာပဲ ချောင်ထျန်းချန်က ထုန်ပေါင်ကျိုက်ရဲ့ အင်အားကို သိသွားရတယ်။သုံးရက်ထဲနဲ့ ချောင်မိသားစုရဲ့ ဈေးဆိုင်အများအပြား ပိတ်သိမ်းသွားရပြီး ရောင်းထုတ်ရတော့မှာ ဖြစ်သည်။

လင်းအိမ်တော်နဲ့ရှောင်အိမ်တော်အတွက်ကတော့ သူတို့ရဲ့ စီးပွားရေးတွေက ကောင်းမွန်နေဆဲဖြစ်ပြီး သူတို့ကို အနည်းငယ်သာ သက်ရောက်မှုရှိသည်။

လင်းလော်က သူ့ရဲ့ စာကြည့်ခန်းထဲမှာရှိနေပြီးတော့ မျက်မှောင်ကြုတ်ကာ မင်ဖန်းကို ကြည့်လိုက်ပြီး

"ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ?ဘာလို့ ထုန်ပေါင်ကျိုက်က ငါတို့ကို ထိပါးလာတာလဲ"

"ကျွန်တော် မသိပါဘူး ဒါပေမယ့် ထုန်ပေါင်ကျိုက်က လွန်ခဲ့တဲ့ သုံးရက်ကတည်းက ကျွန်တော်တို့ကို ဖိအားတွေပေးနေတာ။ရှောင်အိမ်တော်နဲ့ ချောင်အိမ်တော်လည်းပဲ ထိခိုက်သွားတယ်။ချောင်မိသားစုရဲ့ ဈေးဆိုင်တွေထဲက သုံးပုံနှစ်ပုံဆိုရင် ပိတ်ထားရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီ။ပြီးတော့ ထုန်ပေါင်ကျိုက်က သူတို့ကို ကူညီတဲ့ ဘယ်သူ့ကိုမဆို အလွတ်ပေးမှာ မဟုတ်ဘူး"

မင်ဖန်းလည်းပဲ ဘာတွေဖြစ်နေလဲဆိုတာ သေချာမသိပေ။

လင်းအိမ်တော်နဲ့ထုန်ပေါင်ကျိုက်က ဘယ်တုန်းကမှ စီးပွားရေးပတ်သက်မှုတွေ မရှိခဲ့ဘူးပေ။သူတို့တွေက အဲ့လိုကြီးမားတဲ့အဖွဲ့အစည်းကို အပြစ်ပြုမိဖို့လည်း မလုပ်ရဲပေ။ဒါပေမယ့် ထုန်ပေါင်ကျိုက်က အခု လင်းအိမ်တော်ကို တိုက်ခိုက်လာတာက မမျှော်လင့်ထားတာ ဖြစ်သည်။

"သွားပြီးတော့ ဘာတွေဖြစ်နေတာလဲဆိုတာ တိတိကျကျ စုံစမ်းခဲ့"

လင်းလော်မှာ စီးပွားရေးကို အများကြီး မထိခိုက်စေဘဲ အလုပ်ဆက်လုပ်လို့ရမယ့် နည်းလမ်းအချို့ရှိပေမယ့် အဲ့ဒါတွေက ဘယ်လောက်ကြာကြာ ခံနိုင်မှာလဲ?အချိန်ကြာလာတာနဲ့အမျှ သူတို့တွေ ထိပ်တိုက်ရင်ဆိုင်ရမှာ။သူတို့က ထုန်ပေါင်ကျိုက်နဲ့ အတူတူ အလုပ်မလုပ်ဘူးဆိုရင်တောင်မှ အဲ့ဒီနေရာမှာ အရည်အချင်းရှိတဲ့လူတွေ အများကြီးရှိတယ်ဆိုတာ လင်းလော်သိတယ်။စီးပွားရေးဉာဏ်ကြီးရှင် တစ်ယောက်တောင် ရှိနေနိုင်တယ်။

ထုန်ပေါင်ကျိုက်ကို ဆန့်ကျင်တာက ဒေဝါလီခံရခြင်းကိုသာ ဦးတည်သွားမှာဖြစ်ပြီး သူက သူတို့ကို ဘယ်တုန်းကမှ အပြစ်မလုပ်ဖူးပေ။

ရှောင်ရီလင်းလည်းပဲ တူညီစွာ တွေးနေတာ ဖြစ်သည်။

ရှောင်ရီလင်းက ချောင်ထျန်းချန် ကလဲ့စားချေမှာကို ကြောက်နေခဲ့ပေမယ့် ကလဲ့စားချေမှုက လုံးဝ ရောက်မလာခဲ့ဘူး။အဲ့ဒီအစား ထုန်ပေါင်ကျိုက်ရဲ့ ဖိနှိပ်မှု ရောက်လာခဲ့တယ်။

လွန်ခဲ့တဲ့ သုံးရက်တုန်းက ထုန်ပေါင်ကျိုက်က ရှောင်အိမ်တော်ရဲ့ စီးပွားရေးကို စတင်ဖိနှိပ်ပေမယ့် ၎င်းက သူတို့အတွက် ကြီးမားတဲ့ ရိုက်ချက်တစ်ခု မဟုတ်ပေ။၎င်းက ထုန်ပေါင်ကျိုက်က သူတို့တွေနဲ့ ကစားနေတဲ့အတိုင်းဖြစ်ပြီး ကြောင်က ကြွက်ကို လိုက်ဖမ်းနေသလိုပင်။

"ရှောင်ချန်း ထုန်ပေါင်ကျိုက်က ဘာလို့ ငါတို့ကို တိုက်ခိုက်နေရတာလဲဆိုတာ သွားပြီး စုံစမ်းချည်"

"ဟုတ်ကဲ့ သခင်ကြီး"

မိသားစုနှစ်စုက အစွမ်းကုန်ကြိုးစား စုံစမ်းနေကြပြီးတော့ ရှောင်ချီထျန်းက ၎င်းကို အရင်ဆုံးသိသွားတယ်။

ချောင်မိသားစုကို သုံးရက်ထဲနဲ့ လက်ဝါးကြီးအုပ်တာတောင် ဒီလောက် အကျိုးသက်ရောက်မှုရှိနေရင် သူတို့တွေ အပြည့်အဝ အင်အားသုံးပြီး လုပ်တဲ့အခါကျရင် ဘယ်လိုဖြစ်သွားမလဲ?

ရှောင်ချီထျန်းက ၎င်းက နင်းမုန့်ယောင် စိတ်ပျော့ညံ့တာလို့ မထင်ပေ၊အဲ့ဒီအစား သူမက အဲ့ဒီမိသားစုသုံးစုရဲ့ သူတို့နောက်ဆုံး အသက်ရှူခွင့်ကို မြင်ချင်တာဖြစ်သည်။

အခု လင်းအိမ်တော်နဲ့ရှောင်အိမ်တော်က ၎င်းရဲ့ နောက်ကွယ်မှာ ဘာဖြစ်တာလဲဆိုတာ စတင်စုံစမ်းနေကြပြီ။နောက်ကွယ်ကလူက ဘယ်သူလဲဆိုတာ သူတို့တွေ သိသွားတဲ့အခါကျရင် သူတို့ရဲ့ ပြသလာမယ့် မျက်နှာအမူအရာတွေကို သူ ကြည့်ချင်မိတယ်။

အထူးသဖြင့် လင်းအိမ်တော်ပဲ။၎င်းက လုံးဝကို မထင်မှတ်ထားတဲ့ ကပ်ဆိုးတစ်ခုဖြစ်ပြီးတော့ ဒါက အစသာ ရှိသေးတယ်။

ယွီဖုန်းနဲ့မုချန်းက လင်းအိမ်တော်ကလူတွေက သူတို့ကို ရှာနေတယ်ဆိုတဲ့ သတင်းရတာနဲ့ သူတို့ရဲ့မျက်လုံးတွေက အေးစက်မှုတွေနဲ့ ပြည့်နှက်သွားသည်။သူတို့က ယောင်အာလေးကို အနိုင်ကျင့်ရဲမှတော့ သေဖို့တောင်းဆိုနေကြတာပဲ။

နင်းမုန့်ယောင်ကသာ လုပ်ဆောင်မှုတစ်ခုလုံးကို ကြီးကြပ်ချင်တယ်လို့ မပြောခဲ့ဘူးဆိုရင် အဲ့ဒီမိသားစုသုံးစုကို သူတို့ လက်ဖျောက်တစ်ချက်တီးရုံနဲ့ ချက်ချင်း ဖျက်ဆီးပစ်လို့ရတယ်။

"မုချန်း ငါတို့ ဘာလို့ ယောင်အာလေးကို သွားမတွေ့ရမှာလဲ"

ယွီဖုန်းက ကုလားထိုင်ပေါ်မှာ မှီလိုက်ပြီး သူ့ဘေးနားက မုချန်းကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

သူတို့ရဲ့ တူလေးက အဲ့ဒီမိသားစုသုံးစုကြောင့် သေဆုံးသွားခဲ့ရတာ။သူတို့စိတ်ထဲဲက ဒေါသတွေက စကားလုံးတွေနဲ့ ဖော်ပြဖို့တောင် ခက်ခဲတယ်။ပြီးတော့ သူတို့တွေ ချောင်ထျန်းချန်ကိုလည်းပဲ အတော်လေး စိတ်ပျက်မိတယ်။ယောင်အာ‌လေးကို ကောင်းကောင်း ကာကွယ်ပါ့မယ်လို့ သူ မပြောခဲ့ဘူးလား?ကိစ္စတွေက ဒီလိုဖြစ်လာပြီဆိုမှတော့ ယောင်အာလေးကို ထိခိုက်နာကျင်စေမှုအတွက် နောက်ဆက်ဆွဲ အကျိုးဆက်တွေကို သူ သိသွားအောင်လို့ တွေ့တဲ့အခါကျရင် သင်ခန်းစာ ပေးရမယ်။

မုချန်းက ယွီဖုန်းကို ကြည့်ပြီးတော့ "အခု မဟုတ်သေးဘူး......."

"အိုင်း......ယောင်အာလေးကလည်း အရမ်းလွန်တာပဲ"

မုချန်းပြောတဲ့အဓိပ္ပာယ်ကို ယွီဖုန်း ဘယ်လိုလုပ် မသိဘဲနေမှာလဲ?၎င်းက တကယ့်ကို သူတို့တွေ သွားပြီးတော့ သူမကို ‌တွေ့ဖို့ အချိန်မဟုတ်သေးဘူး။

ယောင်အာလေးရဲ့ သရုပ်မှန်ကို အဲ့ဒီလူတွေကို မြန်မြန်ရှာတွေ့ခွင့်ပေးလိုက်ရင် အရမ်း ပျင်းဖို့ကောင်းသွားလိမ့်မယ်။တကယ်တော့ သူမမှာ အခြားလူတွေက ကြောက်လန့်စိုးရိမ်နေတာကို ကြည့်ပြီးတော့ သူတို့ရဲ့ မျှော်လင့်ချက်ပျက်သုဉ်းသွားတဲ့အထိကို ဖြည်းဖြည်းချင်း နင်းလျှောက်သွားတတ်တဲ့ အကျင့်ဆိုးလေးရှိတယ်။

All Chapters