အခန်း ၂၃၁
Vol. 10 Ch. 231
Chapter 231
အချိန်အတော်ကြာပြီးတဲ့နောက် လင်းလော်နဲ့ရှောင်အိမ်တော်က ထုန်ပေါင်ကျိုက်က ဘာလို့ သူတို့တွေကို ဆန့်ကျင်တိုက်ခိုက်ရတာလဲဆိုတဲ့ အကြောင်းပြချက်ကို မဖော်ထုတ်နိုင်သေးပေ။အဲ့ဒါတင်မဟုတ်ဘဲနဲ့ သူတို့ရဲ့ သခင်တွေကိုတောင်မှ ဘယ်နေရာမှာမှ ရှာမတွေ့ဘဲ သူတို့နဲ့ပတ်သက်တဲ့သတင်း တစ်ခုတစ်လေတောင် မရရှိပေ။
ဒါကြောင့် သူတို့ဒီလိုလုပ်ရတဲ့ အကြောင်းပြချက်က ဘာလဲဆိုတာ မေးပြီးတော့ ငြိမ်းချမ်းရေးယူဖို့ မဖြစ်နိုင်တာကြောင့် လင်းလော်ကို မှုန်ကုပ်သွားစေသည်။
လင်းလော်က စားပွဲပေါ်ကို သူ့လက်ဖဝါးနဲ့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပြီး စားပွဲမှာ အပေါက်ဖြစ်သွားသည်။ဒါက မင်ဖန်းကို စိုးရိမ်သွားစေသည်။
"သခင်လေး ကျွန်တော်တို့ ဘာလုပ်ကြမလဲ"
ထုန်ပေါင်ကျိုက်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ဒါပေမယ့် မင်ဖန်းက လင်းလော်ကို အုံ့မှိုင်းတဲ့စိတ်အခြေအနေမျိုး မဖြစ်စေချင်ပေ။
"မင်ဖန်း ထုန်ပေါင်ကျိုက်က ငါတို့ မိသားစုသုံးစုကို မတိုက်ခိုက်ခင် ဘာတွေဖြစ်ခဲ့တာလဲဆိုတာ လူတွေလွှတ်ပြီး တိတိကျကျ စုံစမ်းခိုင်းလိုက်"
လင်းအိမ်တော်နဲ့ရှောင်အိမ်တော်က ခမည်းခမက်တွေ ဖြစ်သည်။သူတို့နှစ်ဦးလုံးက တစ်ချိန်ထဲမှာ တိုက်ခိုက်ခံရတာကြောင့် တစ်ခုခု ဖြစ်ထားတာပဲ ဖြစ်ရမယ်။ဒါ့အပြင် ဒီကိစ္စက ချောင်မိသားစုနဲ့လည်း အများကြီး သက်ဆိုင်နေမှာ သေချာတယ်။
အခု မိသားစုသုံးစုလုံးက တစ်ပြိုင်နက်ထဲ တိုက်ခိုက်ခံရပြီး ဒါက မိသားစုသုံးစုလုံးက အဖြစ်အပျက်တစ်ခုထဲမှာပဲ ပါဝင်ပတ်သက်နေတယ်လို့ အဓိပ္ပာယ်ရတယ်။
လင်းလော်က တကယ့်ကို လိမ္မာပါးနပ်တယ်။သူက ၎င်းကို အချိန်တိုအတွင်း စဉ်းစားနိုင်တယ်။
"ဟုတ်ကဲ့သခင်လေး"
မင်ဖန်းထွက်သွားပြီးတဲ့နောက် လင်းလော်က မျက်မှောင်ကြုတ်နေသည်။လွန်ခဲ့တဲ့ရက်တွေအတွင်း ဖြစ်ပျက်သွားတဲ့ အကြီးမားဆုံးဖြစ်ရပ်က အချိန်အတော်ကြာ ပျောက်ဆုံးနေတဲ့ ဗိုလ်ချုပ်ကြီးပြန်ရောက်လာတာပဲ ဖြစ်တယ်။ပြီးတော့ ချောင်မိသားစုအကြီးအကဲက သူပြန်လာပြီးတဲ့နောက် ချက်ချင်းပဲ သွားရှာခဲ့တယ်။
ချောင်မျိုးရိုးအကြောင်းပြောတော့မှ လင်းလော်က ရုတ်တရက် လူတစ်ယောက်ကို စဉ်းစားမိသွားပြီး အဲ့ဒီလူက ချောင်ထျန်းချန် ဖြစ်သည်။
လင်းလော်မျက်လုံးပြူးသွားတယ်။သူ့မှာ သူအများကြီး မစဉ်းစားရဲတဲ့ အတွေးတစ်ခု ရှိနေတယ်။
ဒါပေမယ့် ခဏအကြာမှာပဲ သူ့လက်အောက်ငယ်သားတွေကို အဲ့ဒီဗိုလ်ချုပ်က ဘယ်သူလဲဆိုတာ စုံစမ်းခိုင်းလိုက်သည်။
ချောင်ထျန်းချန်ကသာ အမှန်တကယ်ပဲ အဲ့ဒီဗိုလ်ချုပ်ဖြစ်နေမယ်ဆိုရင် ဒါဆို သူက ထုန်ပေါင်ကျိုက်နဲ့ ပတ်သက်နေနိုင်လား?
ဒီအတွေးက လင်းလော်ရဲ့ စိတ်ထဲကို အချိန်အတော်ကြာအောင် စိုးမိုးထားသည်။
ချောင်ထျန်းချန်က မျက်ခုံးပင့်လိုက်ပြီး လင်းဇီရိုကို ကြည့်ကာ
"အဲ့တော့ သူတို့က အခု အဲ့ဒီအကြောင်းကို စုံစမ်းနေတယ်ပေါ့"
"လင်းလော်ရဲ့စီးပွားရေးက အချိန်တစ်ခုအထိတော့ တောင့်ခံနိုင်သေးတယ် ဒါပေမယ့် ကိစ္စတွေသာ ကြာကြာ ဆက်ဖြစ်ရင် သူတို့တွေ သေချာပေါက် အကြပ်အတည်းနဲ့ရင်ဆိုင်ရတော့မှာ။သူ မစုံစမ်းဘူးဆိုတာကမှ ထူးဆန်းနေမှာပေါ့" လင်းဇီရိုက ထေ့ငေါ့ကာ ပြောလိုက်သည်။
သူ့ရဲ့ မရီးက ထုန်ပေါင်ကျိုက်နဲ့ ပတ်သက်နေတယ်ဆိုတာက မကြာသေးမီကမှ သူ သိထားတာ ဖြစ်သည်။သူ့ဆရာက ကြီးမားတဲ့ အားသာချက်ကြီးတစ်ခုကို ရရှိထားတာပဲလို့ သူ ခံစားရသည်။
"ဒီလိုဆိုမှတော့ ငါလည်းပဲ တိုက်ခိုက်မှုကို စရတော့မယ့်ပုံပဲ" ချောင်ထျန်းချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
သူတို့တွေ စုံစမ်းချင်တာလား?ရတယ်လေ ဒါပေမယ့် ငါ့တိုက်ခိုက်မှုပြီးလို့ သူတို့တွေမှာ စုံစမ်းဖို့ အချိန်ရှိသေးရင်ပေါ့။
လင်းဇီရိုက အစကတော့ အလွန်စိတ်လှုပ်ရှားနေတာဆိုပေမယ့် အလျင်အမြန်ပဲ ပျောက်ကွယ်သွားတယ်။သူ့ဆရာက တကယ့်ကို ထက်မြတ်တာပဲ။
မင်ဖန်းပြန်လာပြီးတဲ့နောက် သူ့မျက်ခုံးတွေက တွန့်ချိုးနေသည်။လင်းလော်ကို တွေ့တဲ့အချိန် ကူကယ်ရာမဲ့သွားပြီး တွန့်ဆုတ်နေခဲ့သည်။
"ဘာဖြစ်လို့လဲ"
မင်ဖန်းရဲ့အမူအရာကိုကြည့်ပြီးတော့ လင်းလော်က ဘာတွေဖြစ်နေလဲဆိုတာ ဘယ်လိုမှ မသိနိုင်ပေ။
"ကျွန်တော်တို့ကို မတိုက်ခိုက်ခင်တုန်းက ချောင်မိသားစုက ပိုင်ရှန်းရွာကို သွားပြီးတော့ မိန်းကလေးနင်းကို ပြန်ပေးဆွဲခဲ့ပေမယ့် သူတို့ပြန်လာတဲ့လမ်းမှာ လုပ်ကြံမှုတစ်ခုနဲ့ ကြုံခဲ့ရတယ်။အဲ့ဒီလုပ်ကြံမှုကို စီစဉ်တဲ့လူက ရှောင်အိမ်တော်ကပါ"
မင်ဖန်းက အဲ့ဒါပြောပြီးတော့ ခေါင်းငုံ့လိုက်တယ်။ လင်းလော်ဆီကဒေါသကို သူအရှင်းကြီး ခံစားမိနေတယ်။
လင်းလော်က မျက်မှောင်ကြုတ်သွားပြီး
"မင်းပြောတာက ဒါက ရှောင်ကျီရွှမ်းနဲ့ တစ်ခုခု သက်ဆိုင်နေတယ်ပေါ့လေ"
"ဟုတ်ပါတယ် မိန်းကလေးနင်းကို ချောင်မိသားစုကနေ မြို့တော်ကို ခေါ်သွားတယ်ဆိုတာ သိရတော့ သူမက အဲ့ဒီအခွင့်အရေးကိုသုံးပြီးတော့ မိန်းကလေးနင်းကို သတ်ချင်တာပါ။မိန်းကလေးနင်း ဘာမှမဖြစ်သွားပေမယ့် အဲ့ဒါကြောင့် သူမ(နင်းမုန့်ယောင်)ရဲ့ ကလေးကတော့ ပျက်ကျသွားခဲ့တယ်"မိန်းကလေးနင်းကို ချောင်မိသားစုကနေ မြို့တော်ကို ခေါ်သွားတယ်ဆိုတာ သိရတော့ သူမက အဲ့ဒီအခွင့်အရေးကိုသုံးပြီးတော့ မိန်းကလေးနင်းကို သတ်ချင်တာပါ။မိန်းကလေးနင်း ဘာမှမဖြစ်သွားပေမယ့် အဲ့ဒါကြောင့် သူမ(နင်းမုန့်ယောင်)ရဲ့ ကလေးကတော့ ပျက်ကျသွားခဲ့တယ်"
မင်ဖန်းက အခြားတစ်ခုကို တွေးမိသွားပြီး ဆက်ပြောလိုက်တယ်
"တစ်ခုရှိသေးတယ်။မိန်းကလေးနင်း လက်ထပ်တဲ့အချိန်တုန်းက ယွီလင်တောင်ခန်းမရဲ့ ပိုင်ရှင်နဲ့သူ့ဇနီး ပြီးတော့ သခင်မငယ်လေး မုနဲ့ သခင်လေးမုတို့လည်း သူတို့ရဲ့ မင်္ဂလာဆောင်မှာ ပေါ်လာခဲ့တယ်ဗျ။လက်ထပ်ပွဲပြီးသွားမှ သူတို့ ပြန်သွားကြတာ"
လင်းလော်က နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး သူ့မျက်လုံးတွေက မယုံနိုင်ဖြစ်နေတယ်။ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?
လင်းလော်ရဲ့ စိတ်က ရှုပ်ထွေးသွားပြီးတော့ ခဏလောက် ဘာကိုမှ မစဉ်းစားနိုင်ပေ။
"ချောင်ထျန်းချန်က ရှန်ကျန့်ကျွင်းလား" ဟု လင်းလော်က ကျယ်လောင်စွာ မေးလိုက်သည်။
"ဟုတ်ပါတယ် သူပါ.......သူ မြို့တော်ကို ပြန်လာပြီးတော့ သူ့ရာထူးကို ပြန်ယူတာကလည်း မိန်းကလေးနင်း ကိုယ်ဝန်ပျက်ကျသွားတယ်ဆိုတာ သိသွားတာကြောင့်ပါ"
မင်ဖန်းက သူ စုံစမ်းလို့ရခဲ့တဲ့ အရာအားလုံးကို လင်းလော်ကို ပြောပြလိုက်သည်။
လင်းလော်က နင်းမုန့်ယောင်ရဲ့ ကိုယ်ဝန်ပျက်ကျမှုအကြောင်း ကြားတဲ့အချိန် သူ့မျက်လုံးတွေက စိုးရိမ်မှုတွေ ဖြတ်သန်းသွားသည်။
မင်ဖန်း စောနတုန်းက ပြောသွားတဲ့လူတွေက ထုန်ပေါင်ကျိုက်ရဲ့ အရှင်သခင်တွေပဲ။သူတို့တွေက နင်းမုန့်ယောင်နဲ့ချောင်ထျန်းချန်ရဲ့ မင်္ဂလာဆောင်ကို တက်ခဲ့တယ်ဆိုမှတော့ သူတို့အချင်းချင်း ဆက်ဆံရေးကောင်းတဲ့ သဘောပဲ။ငါ အခု ဘာလုပ်သင့်လဲ?