အခန်း ၂၃၂
Vol. 10 Ch. 232
Chapter 232
ချောင်ထျန်းချန်နဲ့ ကျန်တဲ့လူတွေက လက်စားချေဖို့အတွက် လာတယ်ဆိုတာ ထင်ရှားတယ်။ထုန်ပေါင်ကျိုက်ရဲ့ အကူအညီနဲ့ဆို မိသားစုသုံးစုက သူတို့ရဲ့ စီးပွားရေးတွေကို ကယ်တင်ဖို့အတွက် အစွမ်းအစ မရှိဘူး။
ဒါပေမယ့် အဲ့ဒီ ထုန်ပေါင်ကျိုက်က လူတွေနဲ့ ချောင်ထျန်းချန်နဲ့ ဘယ်လို ပတ်သက်နေတာလဲ?ဒါမှမဟုတ် သူတို့က နင်းမုန့်ယောင်နဲ့ အဆက်အသွယ် ရှိတာလား?အဲ့လိုသာဆိုရင် သူမ သူတို့ကို ဘယ်အချိန်တုန်းက တွေ့ခဲ့တာလဲ?သူကရော ဘာလို့ အဲ့ဒီအကြောင်းကို မသိရတာလဲ?
မေးခွန်းပေါင်းများစွာက တစ်ခုပြီးတစ်ခု ပေါ်လာပြီးတော့ မင်ဖန်းက မတတ်နိုင်ဘဲ ပြောလိုက်သည်။
"သခင်လေး ကိုယ်လုပ်တော်ရှောင်..........."
ရှောင်ကျီရွှမ်းရဲ့ နာမည်ကိုကြားတော့ လင်းလော်ရဲ့ မျက်လုံးတွေထဲ သိသိသာသာကို ရွံရှာမှု ဖြတ်သန်းသွားသည်။သူ့မိသားစုရဲ့ အမွေဆက်ခံသူ ဖြစ်လာဖို့အတွက် သူ နင်းမုန့်ယောင်ရဲ့ မျှော်လင့်ချက်အတိုင်း နေထိုင်ဖို့ ကျရှုံးခဲ့တယ်။အခု ရှောင်ကျီရွှမ်းရဲ့ မနာလိုစိတ်ကြောင့် သူမက သူတို့ကို လွတ်မြောက်ဖို့ခက်ခဲတဲ့ ချောက်ထဲကို တွန်းပို့ထားတယ်။
"ငါ အဖေ့ကို အရင်ဆုံးသွားတွေ့လိုက်ဦးမယ်။သူ့ကို စိတ်ပြင်ဆင်ခိုင်းထားရမယ်"
နောက်လာမယ့်ကိစ္စတွေအတွက် သူ့မှာ မကောင်းတဲ့ခံစားချက် ရနေတယ်။
ချောင်ထျန်းချန်က သူတို့ကို ဦးတည်ချက်တစ်ခုထဲနဲ့ ဖိနှိပ်လိမ့်မယ်လို့ သူ မထင်ဘူး။အဲ့လိုသာဆိုရင် ချောင်ထျန်းချန်က သူ့ရာထူးဆီကိုတောင် ပြန်လာမှာ မဟုတ်ဘူး။အခု သူပြန်လာပြီဆိုမှတော့ ဖြစ်နိုင်ချေ တစ်ခုပဲရှိတော့တယ်;တော်ဝင်ရုံးတော်ထဲမှာ ကြီးမားတဲ့အရာတစ်ခု ဖြစ်တော့မယ်။
လင်းလော် သိသလိုပဲ ရှောင်ရီလင်းကလည်း လူတွေလွှတ်ပြီးတော့ ထိုအကြောင်းကို စုံစမ်းခိုင်းခဲ့တယ်.......အဖြစ်အပျက်ကို သိပြီးတဲ့နောက် ရှောင်ရီလင်းရဲ့ မျက်လုံးတွေက ကြောက်ရွံ့မှုနဲ့ ပြည့်နှက်သွားသည်။
ချောင်ထျန်းချန်နဲ့သူ့ဇနီးက ထုန်ပေါင်ကျိုက်နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဆက်သွယ်မှုရှိနေတယ်။နောက်ဆုံးတော့ ထုန်ပေါင်ကျိုက်က သူတို့ကို ဘာလို့ အခုလို တိုက်ခိုက်နေရတာလဲဆိုတာ ရှောင်ရီလင်း သဘောပေါက်သွားပြီ။အခု သူ အကြောင်းပြချက်ကို သိသွားပြီဆိုပေမယ့် သူ့မှာ စိုးရိမ်မှုအချို့ ရှိနေတုန်းပဲ။
ထုန်ပေါင်ကျိုက်ကသာ သူတို့ကို တိုက်ရိုက်ဖိနှိပ်တာဆိုရင် သူ ဒီလိုမျိုး စိုးရိမ်နေမှာ မဟုတ်ဘူး။ဒါပေမယ့် အခုက ကြောင်နဲ့ကြွက် ကစားပွဲလိုမျိုးဆိုတော့ သူ့ကို အလွန်အမင်း စိုးရိမ်စေတယ်။
နင်းမုန့်ယောင်က ယွီဖုန်းဆီကနေ သတင်းရပြီးတဲ့နောက် သူမမျက်ခုံးတွေ အသာလေး တွန့်ချိုးသွားသည်။
"ဘာဖြစ်လို့လဲ"
ချောင်ထျန်းချန် အပြင်ကနေ ဝင်လာတဲ့အချိန် နင်းမုန့်ယောင် မျက်မှောင်ကြုတ်နေတာကို သတိထားမိပေမယ့် သူမဘာတွေ စဉ်းစားနေလဲဆိုတာတော့ မသိပေ။သူက သူမဘေးနားကို လျှောက်သွားပြီး သူမခါးကို ပွေ့ဖက်လိုက်ကာ သူမ မတတ်နိုင်ဘဲ ပိုပြီးတော့ မျက်မှောင်ကြုတ်မိသွားတယ်။
နင်းမုန့်ယောင်က သက်ပြင်းချလိုက်ပြီး
"ခဲအိုနဲ့သူတို့ကြောင့်ပေါ့။သူတို့တွေက ရှောင်အိမ်တော်နဲ့လင်းအိမ်တော်ကို ကျွန်မတို့နဲ့သူတို့ရဲ့ပတ်သက်မှုအကြောင်း သိသွားအောင် လုပ်လိုက်တယ်လေ"
အခု အဲ့ဒီမိသားစုတွေက ထုန်ပေါင်ကျိုက်က သူတို့ကို ဘာလို့ တိုက်ခိုက်ရတာလဲဆိုတဲ့ အကြောင်းပြချက်ကို ခန့်မှန်းမိနေလောက်ပြီ။
သူမက ဖော်ထုတ်တာအတွက် ပြင်ဆင်ထားပေမယ့်လို့ ဒီလောက်အထိ မြန်မယ်လို့တော့ မမျှော်လင့်ထားဘူးလေ။
"ဘာမှမဖြစ်ပါဘူး အချိန်ကျလို့ပဲလေ"
ချောင်ထျန်းချန်က အေးစက်စက်ပြုံးလိုက်တယ်။သူတို့တွေ မနက်ဖြန်ဘာလုပ်မလဲဆိုတာ သူကြည့်ဦးမယ်။
နင်းမုန့်ယောင်က သူ့ကို မော့ကြည့်လိုက်ပြီး
"ရှင်အခု တိုက်ခိုက်တော့မှာလား"
"အင်း အချိန်ကျပြီ"
"ဒါဆို ကျွန်မ ခဲအိုနဲ့ကျန်တဲ့လူတွေကို မြန်မြန်လုပ်ဖို့ ပြောလိုက်မယ်"
နင်းမုန့်ယောင်က ခဏလောက် စဉ်းစားပြီးတော့ ပြောလိုက်တယ်။အခု အဲ့ဒီမိသားစုတွေ ခံစားနေရတဲ့ နာကျင်မှုက သူတို့တွေ ခံစားခဲ့ရတာနဲ့ ယှဉ်ရင် ဘာမှမဟုတ်ဘူး။
ချောင်ထျန်းချန်က ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်သည်။
နောက်တစ်နေ့မနက်စောစောတွင် နင်းမုန့်ယောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့အချိန် ချောင်ထျန်းချန်က တော်ဝင်ရုံးတော်တက်ဖို့အတွက် သူ့ရဲ့ အရာရှိဝတ်စုံကို ဝတ်ဆင်ထားပြီးပြီ ဖြစ်ပြီး ရုံးတော်တက်ဖို့အတွက် အသင့်ဖြစ်နေပြီ ဖြစ်သည်။
သူ မသွားခင် ချင်းရွှယ်နဲ့ကျန်တဲ့လူတွေက နင်းမုန့်ယောင်အတွက် ဆေးစွပ်ပြုတ် ပြင်ခိုင်းထားပြီးတော့ သူမဘာသာနိုးလာတဲ့အထိ အိပ်ခိုင်းထားဖို့ အမိန့်ပေးခဲ့သည်။
အဲ့ဒီနောက် သူ့ မြင်းကိုစီးကာ နန်းတော်ဆီကို သွားသည်။
သူပြန်လာတဲ့အချိန်ကတည်းက တော်ဝင်ရုံးတော်မှာ ပေါ်မလာတဲ့ ချောင်ထျန်းချန်ကို ရှောင်ချီဖုန်း တွေ့တဲ့အချိန်က မနက်ခင်း အစောကြီးဖြစ်သည်။ဒါပေမယ့် သူ့ရဲ့ ရုတ်တရက် ပေါ်လာမှုကို မြင်ပြီးတော့ သူက အခု တိုက်ခိုက်ဖို့ စီစဉ်နေပြီဆိုတာကို ရှောင်ချီဖုန်း သဘောပေါက်သည်။
"ဧကရာဇ်ကို တင်ပြတဲ့အခါမှာ အားလုံးရှိနေပြီးတော့ အစည်းအဝေးမပြီးသေးဘဲနဲ့ တစ်ယောက်မှ တော်ဝင်ရုံးတော်ကနေ ထွက်သွားလို့မရဘူး"
အခြားလူတွေ သူတို့ရဲ့ လုပ်ငန်းကိစ္စတွေ အားလုံးကို တင်ပြပြီးတဲ့နောက် ချောင်ထျန်းချန်က ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ကြမ်းပြင်ပေါ် ဒူးတစ်ဖက်ထောက်ကာ
"အရှင်မင်းကြီး ကျွန်တော့်မှာ အရှင်မင်းကြီးကြည့်သင့်တဲ့ သတင်းအချို့ရှိပါတယ်"
ရှောင်ချီဖုန်းက တိတ်နေပြီးတော့ မိန်းမစိုးကို လက်နဲ့အမူအရာ လုပ်ပြလိုက်သည်။မိန်းမစိုးက ချောင်ထျန်းချန်ဆီ လျှောက်လာပြီး သူ့လက်ထဲက မှတ်စုစာအုပ်ကို ယူလိုက်သည်။ယူလိုက်သည်။
လူတိုင်းက အနည်းငယ် ထူးဆန်းတယ်လို့ ခံစားရတယ်။ရှန်ကျန့်ကျွင်းက ဘာလို့ ဒီနေ့ ဒီနေရာမှာ ရှိနေရတာလဲ?ပြီးတော့ သူက ဘာလို့ ဒီလိုပုံစံနဲ့ ပေါ်လာရတာလဲ?
လူတိုင်းက ပဟေဠိဖြစ်နေကြပြီး သူ့ရဲ့ နဂါးပုလ္လင်ပေါ်မှာ ထိုင်နေတဲ့ ရှောင်ချီဖုန်းရဲ့ မျက်နှာက ကြောက်စရာကောင်းလောက်အောင်ကို အုံ့မှိုင်းလာခဲ့သည်။
သိထားတာနဲ့ သက်သေကို အမှန်တကယ် မြင်တွေ့ရတာနဲ့က လုံးဝ ကွာခြားတယ်။
"ကောင်းတယ်။အရမ်းကောင်းတယ်။မိသားစုတွေက ဘယ်အချိန်ကတည်းက သူတို့ရဲ့ ကိုယ်ပိုင်စစ်တပ်ကို တည်ထောင်ပြီးတော့ သန်းနဲ့ချီတဲ့ အခွန်ငွေတွေကို အလွဲသုံးစားလုပ်လို့ရသွားတာလဲဆိုတာ ငါ မသိရပါ့လား"
ရှောင်ချီဖုန်းက လင်းနဲ့ရှောင်မိသားစုရဲ့ အကြီးအကဲတွေကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
ဧကရာဇ်ဆီကနေ စိုက်ကြည့်ခံရတာကြောင့် ယောကျာ်းနှစ်ယောက်လုံးရဲ့ အမူအရာက ချက်ချင်းပြောင်းလဲသွားပြီး အထူးသဖြင့် အမတ်လင်းဖြစ်သည်။သူ လုံးဝကို ထိတ်လန့်အံ့ဩသွားတာ။သူ အဲ့ဒါကို လုပ်ထားတယ်ဆိုတာ မှန်တယ် ဒါပေမယ့် သူ လျှို့ဝှက်ပြီးတော့ လုပ်ထားတာလေ။ချောင်ထျန်းချန်က အဲ့အကြောင်းကို ဘယ်လိုလုပ် ရှာတွေ့သွားတာလဲ?