အခန်း ၂၃၃
Vol. 10 Ch. 233
Chapter 233
ရှောင်မိသားစုရဲ့ အကြီးအကဲကတော့ မျက်လုံးထဲ သံသယတွေ ပြည့်နှက်နေပြီး မျက်မှောင်ကြုတ်ထားသည်။ဧကရာဇ်ရဲ့ အကြည့်တွေကနေ သန်းနဲ့ချီတဲ့ ငွေတွေ အလွဲသုံးစားလုပ်ထားတဲ့လူက သူ့ရဲ့ ရှောင်အိမ်တော်ကပဲ ဖြစ်ရမယ်။
"အရှင်မင်းကြီး ကျွန်တော်မျိုး စွပ်စွဲခံရတာပါ"
အခြားလူတွေ သူ့ကို ဘယ်လိုကြည့်နေလဲဆိုတာ ဂရုမစိုက်ဘဲ အမတ်လင်းက ကြမ်းပြင်ပေါ် ချက်ချင်းဒူးထောက်ကာ သူ့ရဲ့ နစ်နာမှုအတွက် ကြွေးကြော်အော်ဟစ်တော့သည်။
သူ အဲ့ဒါကို မဝန်ခံသရွေ့ ရှောင်ချီဖုန်းက သူ့ကို ဘာလုပ်နိုင်မှာလဲ?
ရှောင်ချီဖုန်းက အမတ်လင်းကို ဒေါသထွက်စွာ ကြည့်လိုက်ပေမယ့် သူ့မျက်နှာက အေးစက်နေဆဲဖြစ်ကာ
"မင်း မှားယွင်းစွပ်စွဲခံရတာ ဟုတ်လား မဟုတ်ဘူးလားဆိုတာကို ဘာမှမပြောခင် ဒါတွေကို အရင်ကြည့်လိုက်ဦး"
သူက ပြောပြီးတော့ သူ့လက်ထဲက စာအုပ်ကို ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။အမတ်လင်းက ၎င်းကို မြင်တဲ့အချိန် သူ့စိတ်ထဲ သံသယတွေ မြင့်တက်လာတယ်။သူတို့တွေ သက်သေရှာတွေ့သွားတာ ဖြစ်နိုင်လား?ဒါက မဖြစ်သင့်ဘူးလေ။
အမတ်လင်းက ရှောင်ချီဖုန်းက ဖြီးဖြန်းနေတယ်လို့ ယူဆထားတယ်။သူ(ရှောင်ချီဖုန်း)မှာသာ သူ့(အမတ်လင်း)ကို သက်သေပြစရာရှိတယ်ဆိုရင် သူ့(ရှောင်ချီဖုန်း)ရဲ့ အကျင့်စရိုက်အရ လှုပ်ရှားပြီးနေလောက်ပြီ။ဘာလို့ အခုချိန်ထိ စောင့်နေသေးမှာလဲ?
အဲ့ဒီအကြောင်းကို သူ ပိုပြီးစဉ်းစားလေ ဖြစ်နိုင်ချေရှိတယ်လို့ သူ ပိုပြီး ခံစားရလေပဲ။သူက သူ့ကိုယ်သူ အမြန် စိတ်တည်ငြိမ်အောင်လုပ်ပြီးတော့ ကြမ်းပြင်ပေါ်က စာအုပ်ကို ဖတ်ကြည့်ဖို့အတွက် ကောက်ယူလိုက်သည်။အစတုန်းကတော့ အကြောင်းအရာတွေကို အကြမ်းဖျင်းဖတ်နေရင်း သူ တည်ငြိမ်နေသေးတယ်။ဒါပေမယ့် စာအုပ်နောက်ဆုံးကိုကြည့်ပြီး သူ့အမူအရာက ချက်ချင်း ပြောင်းလဲသွားတယ်။သူ့မျက်လုံးတွေက မယုံနိုင်စွာနဲ့ ပြူးကျယ်သွားသည်။
အမတ်လင်းရဲ့ အမူအရာကို ကြည့်ပြီးတော့ ချောင်ထျန်းချန်က မတတ်နိုင်ဘဲ သရော်လိုက်သည်။
"အမတ်လင်း ခင်ဗျားက မှားယွင်းစွပ်စွဲခံရတာလို့ အခိုင်အမာပြောချင်သေးရင် ကျွန်ဝောာ် လူဘယ်နှယောက်ရှာတွေ့ထားတယ် ပြီးတော့ အဲ့ဒီလူတွေကို ဘယ်နေရာမှာ တွေ့လာတာလဲဆိုတာပါ ကျွန်တော် ပြောပေးနိုင်တယ်"
အမတ်လင်းသာ ဆက်ပြီးတော့ ငြင်းနေဦးမယ်ဆိုရင် ဒါဆို သူက ဒီနှစ်တွေမှာ အလကားနေလာခဲ့တာပဲ။
အမတ်လင်းဝူက ကြမ်းပြင်ပေါ်ကို ချိနဲ့စွာ လဲကျသွားပြီး သူ့လက်ထဲက စာအုပ်လည်း လွတ်ကျသွားကာ ငေးတိငေးကြောင် ဖြစ်နေသည်။
မြို့စားမင်းကရှောင်က သက်သေကို တွေ့တဲ့အထျိန် သူ့မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။ဒါက တကယ်ဖြစ်ခဲ့တဲ့ ကိစ္စဖြစ်ပြီးတော့ အဲ့ထက်ပိုတာက ပြုလုပ်တဲ့လူက သူ့ရဲ့သား ရှောင်မုန့်ရန်ပဲ။
သူက သူ့လက်ထဲကစာအုပ်ကို ဒေါသတကြီး တောက်လောင်နေတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်ကာ မှုန်ကုန်ပြီးတော့ အလွန်ကြောက်စရာကောင်းသည်။သူ(ရှောင်မုန့်ရန်)က အိမ်မှာ အရမ်းအေးချမ်းနေတယ်ထင်လို့ သူတို့အတွက် ပြဿနာရှာပေးလာတာလား?
လူတိုင်းက ဒီသတင်းနှစ်ခုကို ကြားလိုက်ရလို့ ဂနာမငြိမ် ဖြစ်နေတဲ့အချိန် ချောင်ထျန်းချန်က ရုတ်တရက်
"ချောင်မိသားစုက သူတို့ကိုယ်ပိုင်စစ်တပ်ကို တည်ထောင်ထားပြီးတော့ ဆားမှောင်ခိုလုပ်တဲ့နေရာမှာ ကျွန်တော်တို့တိုင်းပြည်ထဲက ဆားမှောင်ခို လှုပ်ရှားမှု ၇၀ရာခိုင်နှုန်းအထိကို ပါဝင်နေပါတယ်။အရှင်မင်းကြီး ကျေးဇူးပြုပြီးတော့ သူတို့အတွက် ပြင်းထန်တဲ့ အပြစ်ဒဏ် ချမှတ်ပေးပါ"
ချောင်ထျန်းချန်ရဲ့ စကားလုံးတွေက အေးစက်နေပြီး ဆောင်းရာသီမှာ တိုက်ခတ်တဲ့ လေအေး အတိုင်းပင်။ချောင်ထျန်းချန်က တကယ်ကြီး ချောင်မိသားစုကို ထိတယ်ဆိုတာ သူတို့လုံးဝ မယုံကြည်နိုင်ဘူး။
တစ်ချိန်ထဲမှာပဲ လူတိုင်းက အန္တရာယ်ကို ခံစားမိတဲ့အချိန် လင်းအိမ်တော်၊ရှောင်အိမ်တော်နဲ့ချောင်အိမ်တော်ဆို့က ရှန့်ကျန့်ကျွင်းကို အပြစ်လုပ်မိထားတာလားဆိုတာ သူတို့ သိချင်မိသွားသည်၊မဟုတ်ရင် သူက ဘာလို့ သူပြန်လာတဲ့အချိန်မှာပဲ သူတို့ကို ပြဿနာရှာမှာလဲ?ဒါက ရှင်းရှင်းလင်းလင်း လွယ်လွယ်ကူကူ မြင်နိုင်တဲ့အရာပဲ မဟုတ်ဘူးလား?
သူတို့ဘာတွေတွေးနေလဲဆိုတာ ဘယ်သူမှမသိပေမယ့် ရှောင်ချီဖုန်းကတော့ ချောင်ထျန်းချန်က ဒီကိစ္စကို ဒီအတိုင်းအဆုံးသတ်သွားမှာ မဟုတ်ဘူးဆိုတာ သိတဲ့အတွက်ကြောင့် ရှောင်ချီဖုန်းက ပြောလိုက်သည်။
"အမတ်လင်း သင့်ရဲ့အကျိုးပြုမှုတွေကြောင့် ငါ သင့်အသက်ကို ချမ်းသာပေးမယ်။သင့်ရဲ့ သေဒဏ်ကနေ ကင်းလွတ်ခွင့်ရပေမယ့် အပြစ်ပေးခံရတာကနေ လွတ်မြောက်ဖို့ကတော့ ခက်ခဲတယ်။ငါ သင့်ကို နောက်ကျောကို ကြိမ်ဒဏ် အချက်တစ်ရာ ပြင်းပြင်းထန်ထန် အရိုက်ခံဖို့ အပြစ်ပေးမယ်။ပြီးရင် သင့်ရဲ့ မှူးမျိုးမတ်နွယ် အဆင့်အတန်းကို ဖယ်ရှားပစ်မယ်။နောက်တစ်ခါဆိုတာ ရှိလာခဲ့ရင် သင် လွတ်မှာမဟုတ်တော့ဘဲ ခေါင်းဖြတ်ခံရမယ်။ရှောင်အိမ်တော်က ရှောင်မင်ရန်က ကပ်ဘေးအတွက် အသုံးပြုထားတဲ့ ငွေတွေကို အလွဲသုံးစားလုပ်ခဲ့တယ်။သူ့ကို ချက်ချင်းကွပ်မျက်ပစ်ရမယ်"
(ဒီနေရာက ဖတ်ရတာအဆင်မပြေခဲ့ရင် ကိုယ်ဘာသာပြန်တာ အားနည်းလို့ပါ)
ရှောင်ချီဖုန်းက အောက်က အမတ်လင်းနဲ့ရှောင်ရီလင်းကိုကြည့်ကာ အေးစက်တဲ့လေသံနဲ့ အမိန့်ပေးလိုက်သည်။
အဲ့ဒီနောက် သူ့ပါးစပ်ကို ထပ်ဖွင့်လိုက်ပြီး
"ချောင်မိသားစုက သူတို့ကိုယ်ပိုင်စစ်တပ်ကို တည်ထောင်ပြီးတော့ ဆားမှောင်ခို လုပ်ခဲ့တယ်။မျိုးဆက်သုံးဆက် ခေါင်းဖြတ်ခံရမယ် ပြီးရင် နောက်ပိုင်းမျိုးဆက်တွေကို ပြည်နှင်ဒဏ်ပေးမယ်"
ဆားမှောင်ခိုမှုက မျိုးဆက်ကိုးဆက်အထိ ခေါင်းဖြတ်သတ်ခံရမယ့် ကြီးလေးတဲ့ ပြစ်မှုဖြစ်ပြီးတော့ ဒီပြစ်ဒဏ်က ပေါ့လျော့တယ်လို့ သတ်မှတ်လို့ရသည်။ဒါပေမယ့် ဒီတစ်ခေါက် အပြစ်ဒဏ်ကို မျိုးဆက်သုံးဆက်အထိပဲ ခေါင်းဖြတ်ဖို့ ချမှတ်ခဲ့တာကြောင့် ၎င်းက ကောင်းကင်ဘုံရဲ့ ကျေးဇူးတော်ပင် ဖြစ်သည်။
ပြီးတော့ သူ့ကိုယ်ပိုင်စစ်တပ်ကို တည်ထောင်တဲ့အမတ်လင်းကို မှုးမျိုးမတ်နွယ်အဆင့်အတန်း ဖယ်ရှားလိုက်တဲ့ပြစ်ဒဏ်ကလည်းပဲ အတော်လေး ပေါ့လျော့ထားတာ ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"
မြို့စားမင်းရှောင်က စက္ကန့်အနည်းငယ်အတွင်း အသက်ကြီးရင့်(အိုစာ)သွားပုံရသည်။ရှောင်မင်ရန်က သူ့ပထမဇနီး၏သားဖြစ်သလို သူ့ရဲ့ အချစ်ဆုံးကလေးလည်း ဖြစ်သည်။များသောအားဖြင့် သူက ဒီလိုမျိုး စိတ်မချရတာမျိုးမဟုတ်တောင်မှ အခု ဒီလိုလုပ်ရပ်မျိုးတွေ ကျူးလွန်ခဲ့တယ်။
"ရုံးတော် သိမ်းပြီ" ရှောင်ချီဖုန်းက လေးလေးနက်နက်ပြောလိုက်ပြီး အေးစက်တဲ့မျက်နှာထားနဲ့ ထွက်သွားသည်။
(ဒီနေရာမှာကdismissedကိုသုံးထားတာပါ၊ကီကိုတို့စာတွေမှာဆိုရင်class dismissedဆိုရင် အတန်းဆင်းပြီအဲ့လိုမျိုးသုံးတယ်လေ ဒါကျတော့ဆင်းပြီလို့သုံးလို့အဆင်မပြေလို့ အလုပ်သိမ်းမယ် အစည်းအဝေးသိမ်းမယ် အဲ့လိုမျိုးအနေနဲ့သိမ်းကိုသုံးလိုက်ပါတယ်၊မဟုတ်ဘူး မှားနေတယ်ဆိုရင် လာပြောပေးပါနော်)
ချောင်ထျန်းချန်က မတ်တပ်ရပ်လိုက်ပြီး ရှောင်ရီလင်းနားကနေ ဖြတ်သွားတဲ့အချိန် သူ့နှုတ်ခမ်းတွေက ချိတ်တွဲသွားပြီး သွေးဆာပြီးတော့ရက်စက်ယုတ်မာတဲ့ အပြုံးကို ဖော်ပြကာ
"အဲ့ဒါက နောက်ဆုံးထွက်သက်အထိ တိုက်ခိုက်နေရတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ" ဟု ပြောပြီး ထွက်သွားသည်။
ထိုစကားတွေကို ကြားလိုက်ရတော့ မြိုစားမင်းရှောင်ရဲ့အမူအရာက သူဘယ်လောက်အထိ စိတ်ပျက်အားလျော့သွားတယ်ဆိုတာ ချက်ချင်းဖော်ပြလာခဲ့သည်။နောက်ဆုံးတော့ အရှင်မင်းကြီးက လင်းမိသားစုနဲ့ရှောင်မိသားစုကို ဘာလို့ ပေါ့လျော့တဲ့ အပြစ်ဒဏ်ပေးလဲဆိုတာ သူ သဘောပေါက်သွားပြီ။ချောင်ထျန်းချန်နဲ့သူ့ဇနီးက သေချာပေါက် သူတို့ကို မြန်မြန်သေခွင့်ပေးမှာ မဟုတ်ဘူး။
ရှောင်ရီလင်း ခန့်မှန်းတာ မှန်တယ်။ချောင်ထျန်းချန်က တကယ်လည်း သူနဲ့အခြားလူတွေကို မြန်မြန် မသေစေချင်ဘူး။သူတို့တွေသာ တအားမြန်မြန် သေသွားမယ်ဆိုရင် လက်စားချေရတဲ့အရသာကို ဘယ်လိုလုပ် ရပါတော့မလဲ?