အခန်း ၂၃၄
Vol. 10 Ch. 234
Chapter 234
တော်ဝင်ရုံးတော်ကနေ ထွက်လာပြီးတဲ့နောက် ချောင်ထျန်းချန်က တော်ဝင်စာကြည့်ဆောင်ကို သွားသည်။ရှောင်ချီဖုန်းနဲ့ရှောင်ချီထျန်းက အဲ့ဒီမှာ သူ့ကို စောင့်နေကြပြီ ဖြစ်သည်။
ချောင်ထျန်းချန် ဝင်လာတဲ့အချိန် ရှောင်ချီဖုန်းက ခေါင်းကိုက်နေတာဖြစ်ပြီး သူ့နဖူးကို ဖိပွတ်ကာ
"မင်း ဒီအပြစ်ဒဏ်ကို ကျေနပ်ရဲ့လား"
"ကျေနပ်တာပေါ့။ဒါပေမယ့် ချီဖုန်း အမတ်လင်း ဘယ်လောက်အထိ လောဘကြီးလဲဆိုတာကို မင်း မြင်ချင်လား"
ချောင်ထျန်းချန်က ခေါင်းငြိမ့်လိုက်ပြီးတော့ ရှောင်ချီဖုန်းကို အသာလေးပြုံးပြကာ လှောင်ပြောင်မှုအပြည့်ဖြစ်နေတဲ့ မျက်နှာဖြင့် ကြည့်လိုက်သည်။
(T/N;ဒီနားမှာပြောချင်တာက ချောင်ထျန်းချန်က အပေါ်ကစကားကိုပြောပြီးတော့ အမတ်လင်းကို လှောင်ပြောင်သရော်တဲ့မျက်နှာထားဖြစ်နေတာ။အဲ့မျက်နှာထားနဲ့ရှောင်ချီဖုန်းဘက်ကို လှည့်ပြီး ပြုံးပြလိုက်တာ)
ရှောင်ချီဖုန်းက အနည်းငယ် မျက်ခုံးတွန့်သွားပြီး
"မင်း ဘာကို ဆိုလိုတာလဲ"
"သိန်းနဲ့ချီတဲ့ စစ်တပ်တစ်ခုကို သူတို့ဘာသာ တည်ထောင်တာက အချိန်တိုအတွင်း သူတို့လုပ်နိုင်တဲ့ အရာမဟုတ်ဘူး။ငါးကြီးကြီးကို ဖမ်းမိဖို့ဆိုရင် သူတို့မိသားစုကို ဆန့်ကျင်တာမျိုး လုပ်လို့ မဖြစ်သေးဘူး"
အမတ်လင်းက သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် သာ သိန်းနဲ့ချီတဲ့စစ်တပ်တစ်တပ်ကို တည်ထောင်တယ်ဆိုတာ ချောင်ထျန်းချန် မယုံဘူး။အမှန်တကယ် အဲ့လိုသာဆိုရင် သူ ဒီလောက်အထိ စွန့်စားနေစရာ မလိုဘူး။ဒါကြောင့် ဖြစ်နိုင်ချေတစ်ခုပဲ ရှိတော့တယ်။သူ့မှာ မရှိသင့်တဲ့ ရည်မှန်းချက်တွေ ရှိနေတာပဲ။
"မင်း ဘာကို ထပ်ပြီး ရှာတွေ့ထားလို့လဲ"
"ဒါက စဉ်းစားမိတာသေးသေးလေးတစ်ခုပါ ငါ အဲ့ဒါကို အခုထိ မစုံစမ်းရသေးဘူး။အချိန်ကျလာတဲ့အခါကျရင် ငါ မင်းကို ပြောပါ့မယ်။ပြီးတော့ သေချာတာကတော့ ရလဒ်တွေက မင်းကို စိတ်ပျက်စေမှာ မဟုတ်ဘူး"
ချောင်ထျန်းချန်က သူ့ကို ရယ်ပြီးတော့ ပြောလိုက်သည်။
ရှောင်ချီဖုန်းက အားလုံးပြောင်းလဲသွားတဲ့ ချောင်ထျန်းချန်ကို ဆွံ့အစွာ ကြည့်နေမိသည်။သူက အကူအညီမဲ့စွာ ခံစားရပြီး
"မင်းနဲ့မင်းမိန်းမကို ရန်စတာက တကယ့်ကို တုံးအတဲ့ ဆုံးဖြတ်ချက်တစ်ခုပဲနော်။အဲ့တော့ ငါ့ကို ပြောပါဦး မင်း ဒီကို ဘာကိစ္စနဲ့လာတာလဲ"
ချောင်ထျန်းချန်က ဒါလေးပဲ ပြောဖို့အတွက်နဲ့တော့ ဒီနေရာကို လာတယ်ဆိုတာ သူ မယုံပေ။
"ခေါင်းဖြတ်တာကို ငါ့ကို ကြီးကြပ်ခွင့်ပေးပါ"
ရှောင်ချီဖုန်းနဲ့ရှောင်ချီထျန်းရဲ့ မျက်နှာအမူအရာတွေက အနည်းငယ် ပြောင်းလဲသွားပြီး ချောင်ထျန်းချန်ကို ကြက်သေ,သေပြီး ကြည့်နေမိတယ်။
"မင်း ဒီကိစ္စကို အတည်ကြီး ပြောနေတာလား?ငါတို့ကို နောက်နေတာမဟုတ်ဘူးဆိုတာ သေချာပါတယ်နော်"
"ငါက စနောက်နေတဲ့ပုံနဲ့ တူလို့လား?တစ်လောကလုံးကို ချောင်မိသားစု လုပ်ထားတဲ့အရာတွေကို အသိပေးပြီးတော့ ငါနဲ ခေါင်းဖြတ်တာကို ကြီးကြပ်လိုက်ရင် လူတွေက ငါက တစ်မိသားစုလုံးထဲမှာ ဖြောင့်မတ်တဲ့လူပဲလို့ ပြောကြလိမ့်မယ်"
ချောင်ထျန်းချန်က ဂရုမစိုက်ဘဲ သူတို့ကို ပြောပြလိုက်သည်။
အဲ့တော့ တစ်ယောက်ယောက်က သူ့ကို သွေးအေးတယ်လို့ ပြောတော့ရော ဘာဖြစ်လဲ?သူက သူ့ကို ကောင်းကောင်းဆက်ဆံတဲ့လူတွေကိုသာ နွေးထွေးတာဖြစ်ပြီး အခြားလူတွေကို ကောင်းကောင်းဆက်ဆံဖို့ မလိုပေ။
"အရမ်းကောင်းတယ် ဒီကိစ္စကို မင်းဆီ လွှဲလိုက်မယ်"
၎င်းကို အချိန်ခဏလောက် စဉ်းစားပြီးတဲ့နောက် အဆုံးမှာတော့ ရှောင်ချီဖုန်းက ချောင်ထျန်းချန်ကို လှုပ်ရှားဖို့ ခွင့်ပြုပေးလိုက်သည်။
"တစ်ခြားမိသားစုနှစ်စုအတွက်ကတော့........."
"အမတ်လင်းက သူတို့ ဒီနေ့ဖြစ်လာတဲ့ ကိစ္စတွေက ရှောင်ကျီရွှမ်းကြောင့်ပဲဆိုတာသိသွားရင် ဘာလုပ်လိမ့်မယ်လို့ ထင်လဲ"
ရှောင်ကျီရွှမ်းက အလွန်ကို တစ်ကိုယ်ကောင်းဆန်တဲ့ မိန်းမဖြစ်သည်။အဲ့ဒါတင်မဟုတ်သေးဘဲ သူမက အရမ်းလည်း တုံးအသေးတယ်။အမတ်လင်းသာ သူမကို အကွက်ရွှေ့လိုက်ရင် သူမက ရှောင်အိမ်တော်ရဲ့ အပေါင်ခံပစ္စည်းပဲ ဖြစ်သည်။
ပြီးတော့ သူမကြောင့်ပဲ ရှောင်အိမ်တော်က အခု ကြီးမားတဲ့ ဆုံးရှုံးမှုတွေကို ခံစားနေရတာ ဖြစ်သည်။မြို့စားမင်းရှောင်နဲ့သူ့ဇနီးက သူမကို ဘယ်လောက်ပဲ ချစ်မြတ်နိုးနေပါစေ သူတို့လည်းပဲ ပြိုကွဲသွားလိမ့်မယ်။သူတို့(ချောင်ထျန်းချန်)ကတော့ ဘာလာမလဲဆိုတာ စောင့်ကြည့်နေဖို့ပဲ လိုတယ်။
ရှောင်ချီထျန်းက ချောင်ထျန်းချန်ကို မျက်လုံးပြူးကာ ကြည့်လိုက်ပြီး
"မင်းက ဒါကိုလည်း စီစဉ်ပြီးပြီပေါ့လေ!"
"ရှောင်အိမ်တော်က ငါတို့တိုင်းပြည်နဲ့ပတ်သက်နေတဲ့ လျှို့ဝှက်ချက်တွေကို ဆုပ်ကိုင်ထားတယ်။အမတ်လင်းမှာသာ အမှန်တကယ် ရည်ရွယ်ချက်တွေ ရှိနေတယ်ဆိုရင် အဲ့ဒီအချိန်ကျရင် လင်းလော်နဲ့အခြားလူတွေ စိတ်ကျေနပ်စေဖို့အတွက် ရှောင်ကျီရွှမ်းက သေချာပေါက် ဒီအစီအစဉ်ကို ဖျော်ဖြေမှာပဲ။သူမသာ အမှန်တကယ် ဒီလိုလုပ်ခဲ့တယ်ဆိုရင် ငါတို့က အဲ့ဒါကို ငါတို့ရဲ့ အားသာချက်အနေနဲ့ အသုံးချပြီး အချိန်ကျတဲ့အခါ ကိစ္စတွေကို ငါတို့ထိန်းချုပ်ထားလို့ရတယ်"
ချောင်ထျန်းချန်က သူ့အတွေးတွေကို ရှောင်ချီဖုန်းကို ထုတ်ပြောလိုက်သည်။
သူက လူတိုင်း သူ့ကို ထင်ထားသလို အဆင်အခြင်ကင်းမဲ့တဲ့လူ မဟုတ်ဘူး။ဒါပေမယ့် ကိစ္စတွေကို ခရေစေ့တွင်းကျ တွေးတတ်တာဖြစ်တယ်။ရလဒ်အသေးစိတ်နဲ့ပတ်သက်ပြီးတော့ ရှောင်ချီဖုန်းက အဲ့အကြောင်းကို သူ့ကို အခြေခံအားဖြင့် ပြောပြီးပြီဖြစ်သည်။
သူ ရှောင်ချီဖုန်းကို ရှောင်အိမ်တော်ကို ပေါ့လျော့တဲ့အပြစ်ဒဏ်ပေးခွင့်ပြုတာကလည်း ဒါကြောင့်ပဲ ဖြစ်တယ်။ဒါက လောင်စာတစ်ခုဖြစ်ပြီးတော့ ၎င်းက အဆုံးကျရင် ဘယ်လောက်အထိ အကျိုးသက်ရောက်မှာကြီးမားမလဲဆိုတာ ရှောင်ကျီရွှမ်း ဘယ်လောက်အထိ လုပ်နိုင်စွမ်းရှိလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။
ရှောင်ချီဖုန်းစိတ်ထဲ ကြက်သီးထသွားတယ်။သူက အခု ချောင်ထျန်းချန်က သူ့ညီနောင်ဖြစ်နေတာကို ပြောမပြတတ်လောက်အောင်ကို ဝမ်းသာနေပြီ။သူ(ချောင်ထျန်းချန်)လုပ်တဲ့အရာတိုင်းမှာ သူ့အတွက် ထည့်သွင်းစဉ်းစားပေးတယ်။မဟုတ်ရင် ဒီလိုလူမျိုး သူ့ဘေးနားမှာ ရှိနေတာက အလွန်အန္တရာယ်များတယ်။
"သူတို့တွေ အဲ့လိုလုပ်မယ်ဆိုတာ သေချာရဲ့လား" ရှောင်ချီထျန်းက မတတ်နိုင်ဘဲ မေးလိုက်သည်။
ရှောင်ရီလင်း လက်ထဲမှာရှိတဲ့ လျှို့ဝှက်ချက်အတွက်ကတော့ သူတို့က ပြန်ယူမယ်ဆိုတဲ့အတွေးမျိုး မတွေးခဲ့ပေမယ့် ရိုးရှင်းစွာနဲ့ပဲ အဲ့လိုလုပ်ဖို့ ဘယ်တုန်းကမှ အခွင့်အရေး မရခဲ့ဘူး။ဒီအတွက်ကြောင့်ပဲ ဧကရာဇ်က ရှောင်အိမ်တော်ကို ဦးညွှတ်ထားရတာ ဖြစ်သည်။သူတို့သာ အမှန်တကယ် ၎င်းကို ပြန်ယူချင်ရင် ဘာတစ်ခုမှ ကောင်းတာ ဖြစ်မလာနိုင်ဘူး။
"သူတို့တွေ အဲ့ဒါကို လုပ်မလား မလုပ်ဘူးလားဆိုတာက အမတ်လင်း ရှောင်ကျီရွှမ်းကို ဘယ်လောက်အထိ မုန်းနေလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ငါတို့တွေ အမတ်လင်း ဘယ်လောက်အထိ စိတ်သဘောထားကြီးလဲဆိုတာ ကြည့်ကြတာပေါ့"
ဒါပေမယ့် ရှောင်ချီထျန်းက ဒီအကြောင်းနဲ့ပတ်သက်ပြီး တကယ်ကို မစိုးရိမ်ပေ။သိန်းနဲ့ချီတဲ့စစ်တပ်ကို တည်ထောင်နိုင်တဲ့ လူတစ်ယောက်အတွက် သူ့မှာ တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်တွေမရှိဘူးဆိုတာ မဖြစ်နိုင်ဘူး။
ဒါကြောင့် သူ လုံးဝ မစိုးရိမ်ဘူး ပြီးတော့ အဲ့ဒါအတွက် တစ်ချိန်လုံး စောင့်နေနိုင်တယ်။
ရှောင်ချီထျန်းနဲ့သူ့အစ်ကိုက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးတော့ နှစ်ယောက်လုံးရဲ့ မျက်ဝန်းတွေထဲမှာ အံ့ဩထိတ်လန့်နေကြတယ်။
"ထျန်းချန် ငါ အခုတော့ ငါတို့က ညီနောင်တွေဖြစ်နေတာကို တကယ့်ကို လုံးဝ ဝမ်းသာသွားပြီကွာ"
ရှောင်ချီဖုန်းက သူ့ခံစားချက်တွေကို ဖုံးကွယ်မထားဘဲ ချောင်ထျန်းချန်ကို ပြောလိုက်သည်။